268312_1409191926690_1739248331_648350_5557193_n.jpg

winnmyoJune 24, 20111min834
ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ပြင်းထန်သော   ပေါက်ကွဲမှုကြောင့် အဆိုပါကားမှာ လုံးဝပျက်စီးသွားသည်။ သေဆုံးမှု့မရှိသော်လည်း ဒဏ်ရာရရှိသူရှိတယ်လို့သိရပါတယ်ရှင်။ လုပ်နေကြတာရှင်….လူမဆန်စွာသတ်ဖြတ်ဖို့ အကြမ်းဖက်ဖို့ပဲ။   ဒီလောက်ဗုံးခွဲချင်နေကြရင်  တပ်ထဲမှာသွားခွဲပေါ့။ ဘာမဆိုင်ညာမဆိုင် ပြည်သူကြားမှာလာခွဲနေတယ်။ ပြီးရင်တော့ပြောကြအုံးမယ်……လွတ်လပ်ပြီးတရားမျှတ တဲ့ဒီမိုကရေစီရဖို့တိုက်ပွဲဝင်နြေ့ကတာ   ပေါ့။ အရှက်မရှိအော်ကြအုံးမှာပါ။ ကြောက်ပါပြီ….


winnmyoJune 18, 20111min876
ကျွန်မတို့သံတွဲမြို့ကြီးသည်ယနေ့နံနက် ဝ၂:၀ဝ ချိန်မှစတင်ရေကြီးနေခဲ့ရာယခုဝ၉:00အချိန်တွင်ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နေရ သည့်အခြေအနေသို့ရောက်ရှိလာပါသည်။ မြို့ပေါ်ရပ်ကွက်များဖြစ်သော ၁ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်၊ ၂ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေ၆လက်မ ခန့်၊၄ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်၊၅ရပ်ကွက် တွင်လမ်းပေါ်ရေ ၂ပေခန့်၊ ၆ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်နှင့် ရရပ်ကွက် တွင်လွက်မ်းပေါ်ရေ    ၄ပေခန့် ထိမြင့်တက်လျှက်ရှိပါတယ်။ ရေကြီးမှု့ကြောင့်ဘေးဖြစ်နေသူများအား ခရိုင်အုပ်ချုပ်ရေးမှုးမှဦးစီးပြီး ခလရ(၅၅)မှတပ်ရင်းမှုးနှင့်အတူ   ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်းသတင်းရရှိပါတယ်။ ရေနစ်သေဆုံးသူတစ်ဦးရှိကြောင်းကိုလည်းသိရှိရပြီး ရ ရပ်ကွက်ကဟုသိရပါတယ်။   ရေကြီးမှု့အများဆုံးနေရာတွေဖြစ်တဲ့ ၄ရပ်ကွက် စည်ပင်ပန်းခြံနီးရှိ၃၅ဦးအား ခရိုင်ထွေ/ အုပ်ရုံးနှင့် ၄ရပ်ကွက် ညောင်ပင်ဈေးအနီးရှိ ၃ဝဦးအား   ဆံတော်တောင်တွင်ပြောင်းရွှေ့နေရာချပေးထားသည်ဟုသတင်းရပါတယ်။ မိုးကလည်းဆက်တိုက်ရွာသွန်းနေတဲ့အတွက် ရေဆက်ကြီးနိုင်လာပါတယ် လို့လည်းခန့်မှန်းနေကြပါတယ်။ ရေကြီးမှု့မှတ်တမ်းဓတ်ပုံတွေကတော့ မိုးသည်းထန်နေ လို့မရိုက်နိုင်သေးတဲ့အတွက်ရ ရချင်းဆက်တင်ပေးသွားပါမယ်။ ရေနစ်သေဆုံးသူမှာ ရ ရပ်ကွက်မှ ဆိုက်ကားနင်းတဲ့   မောင်မောင်တာ […]