winterkoeApril 24, 20121min31824
စင်္ကာပူတွင် နေထိုင်သော မြန်မာအလွန်ဆန်လှသူ မြန်မာအမျိုးသမီးချောလေးတဦးမှ အဝတ်အစားဝတ်ဆင်မှုနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မြန်မာအမျိုးသမီးများအား မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြရန် ဆုံးမထားပါတယ်။ သူမလေးအနေနဲ့ မယဉ်ကျေးဘူးလို့ယူဆထားတဲ့ မြန်မာအမျိုးသမီးတွေကို အခုချိန်ကစပြီး ယဉ်ယဉ်ကျေးကျေးဝတ်ဖို့ဆုံးမထားတဲ့ Youtube က  ဆုံးမဩဝါဒဗီဒီယိုမိန့်ခွန်းကို တုံ့ပြန်ထားတဲ့ Video Clip တခုထွက်လာအပြီးမှာ အခြေအနေမကောင်းလို့ သူမလေးအနေနဲ့ သူမရဲ့မူရင်းဗီဒီယိုကိုပြန်ဖျက်လိုက်အပြီးမှာ အဲဒါကိုပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးပါ။ အပျင်းပြေကြည့်ရှုနိုင်ပါတယ်။ (သူမလေးရဲ့မူရင်းဗီဒီယိုကတော ပိုင်ရှင်ဖြစ်တဲ့သူမလေးက ဖျက်လိုက်တယ်လို့ဆိုပါတယ်) http://www.youtube.com/watch?feature=player_embedded&v=4ymeJwFIfGY   ဖြစ်ချင်တော့ မိန်းကလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုလေးမှာ စင်္ကာပူက Sentosa Beach ကိုရောက်နေတဲ့ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှုလေးလဲပါပါတယ်။ မိန်းကလေးက အင်္ဂလိပ်လိုတွေပြောထားပါသေးတယ်။ အဲဒီအပိုင်းကတော့ Climax ပါပဲ။ ကြည့်လိုက်ရင်ရှင်းသွားမှာပါ။ အဲဒီ Response Video Clip ထွက်လာအပြီးမှာ မိန်းကလေးရဲ့ မူရင်းဆုံးမစာရော၊ Youtube Account,  […]

CPI-2011-Map-600x424.jpg

winterkoeApril 18, 20123min33070
မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။ မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။ အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။ နိုင်ငံပေါင်း […]


winterkoeApril 16, 20121min50544
ဘာပဲဝတ်ဝတ်ပါ။ မြန်မာတွေလူအချင်းချင်းလေးစားမှုရှိကြပါစေ ။ပြည်ပတိုင်းပြည်တွေမှာမိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုတွေကို ဘယ်သူမှမကဲ့ရဲ့မရှုံ့ချကြပါဘူး။ မြန်မာပြည်မှာလူလူချင်းဘာလို့များအဲဒီလောက်တောင်ကဲ့ရဲ့ရှုံ့ချနေကြတာလဲဆိုတာ ဒီသင်္ကြန်မှာထူးထူးခြားခြားသတိထားမိလာတယ်။ အထူးသဖြင့်ယောက်ျားကြီးတန်မဲ့တွေနဲ့ အီရန်တို့၊ အာဖဂန်နစ္စတန်တို့၊ ဆော်ဒီတို့လို အကျင့်ပျက်အစ္စလာမ်မစ်နိုင်ငံတွေက Salafist တွေလိုလေသံနဲ့ တခြားမိန်းကလေးတွေကိုချိုးချိုးဖဲ့ဖဲ့ပြောဆိုနေလိုက်ကြတာ တော်တော်လေးရှက်စရာကောင်းလှပါတယ် ။ယောက်ျားတွေအပြင် မိန်းမတွေပါ သံယောင်လိုက်လာကြတာယ်။ သူတို့နှစ်သက်တာသူတို့ဝတ်တာ သူတို့အခွင့်အရေး Individual Right ပါ။ နောက်တခုက အဝတ်အစားကိစ္စတို့၊ အရက်သေစာကိစ္စတို့ဆိုတာက ပညာရေးကိုဆွဲတင်လိုက်တာနဲ့ အလိုလိုထိန်းချုပ်ပြီးသားပါ။ နိုင်ငံကိုမထိခိုက်စေပါဘူး ။မြန်မာနိုင်ငံကိုအောက်ဆုံးရောက်အောင် တွန်းချခဲ့တာ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓါတ်၊ တကိုယ်ကောင်းစိတ်ဓါတ်တွေနဲ့ ဂါတယ်ဆိုတဲ့ အကျင့်ပျက်ချစားမှုတွေကြောင့်… အဲဒါကိုထိန်းချုပ်နိုင်မှ နိုင်ငံ့စီးပွားရေးတက်လာမှာ၊ စီးပွားရေးတက်မှ ထိရောက်တဲ့ပညာရေးဘတ်ဂျက်သုံးပြီး ခေတ်မှီပညာရေးစနစ်နဲ့ အချိန်ယူလေ့ကျင့်လာမယ်ဆိုရင် ဘာဝတ်ရမလဲတင်မဟုတ်ဘူး၊ ဘာလုပ်သင့်သလဲဆိုတာအားလုံးကို သိလာလိမ့်မယ်။ နိမ့်ကျနေတဲ့ လက်ရှိပညာရေးစနစ်ကြောင့်၊လူငယ်တွေကဘယ်သိနိုင်ပါ့မလဲ၊ ပျော်စရာမရှိတဲ့နိုင်ငံမှာ ပျော်လို့ရသလောက်လေးတွေ ပျော်ရွှင်နေကြတာအားပေးပံ့ပိုးကြရမယ့်အစား ဆဲဆိုရှုံ့ချနေကြတယ်။ စင်္ကာပူတက္ကသိုလ်တွေမှာ ကျောင်းသူတွေဝတ်စားတာဟော့လွန်းပေမယ့် စင်္ကာပူတက္ကသိုလ်တွေက ကမာ္ဘ့အဆင့် (၃၀) […]


winterkoeApril 16, 20121min19114
၁။ စစ်အာဏာသိမ်းတာလား… ၂။ မဲခိုးမဲလိမ်တာလား… ၃။ ပြည်တွင်းဖြစ်ဆိုရင်ဘာမှမသုံးတဲ့ (သင်္ကြန်မှာတောင်ပါတိတ်တွေတပြောင်ပြောင်နဲ့) လက်နက်ကိုင်ပညာမဲ့လူတန်းစားက နိုင်ငံကိုအုပ်ချုပ်တာကိုပြောတာလား… ၄။ ဂါရဝေါစ နိဝါတောစ ဆိုပြီး လာဘ်ပေးလာဘ်ယူလုပ်တာလား… ၅။ မဟုတ်တာအကုန်လုပ်… ငွေရှိတဲ့၊ အာဏာရှိတဲ့လူတွေကို အမြဲတမ်းကာကွယ်ပေးပြီး ဆင်းရဲသားတွေကိုမတရားဖိနှိပ်တာလား… ၆။ သယံဇာတတွေရှိလျက်နဲ့ အကျင့်စာရိတ္တကသူခိုးစာရိတ္တဖြစ်နေပြီး ကိုယ့်အတွက်ခိုးနေကြလို့ လူတွေဆင်းရဲဒုက္ခပင်လယ်ဝေကြရတာလား… ၇။ လူသိန်းနဲ့ချီသေတာတောင်မကူညီတဲ့အပြင် သူများကူညီတာကိုပိတ်ပင်၊ သူများလှူတဲ့ပစ္စည်းကိုခိုးတဲ့ အစိုးရမျိုးကိုပြောတာလား… ၈။ ဆရာ၊ ဆရာမကိုရိုသေသလိုနဲ့ရှိခိုးပြီး အဲဒီဆရာ၊ဆရာမတွေအများစုကြီးခမျာ ကျူရှင်သင်၊ မုန့်ရောင်း၊ ပုဆိုး၊ထမီ လပေးရောင်း၊ ငတ်ပြတ်ဆင်းရဲပြီး၊ ပင်စင်ယူပြီးလို့ သားသမီး၊ ထောက်ပံ့မယ့်သူမရှိရင် သူတောင်းလုပ်၊ ဂုဏ်သိက္ခာမရှိပဲနေကြရတာကိုပြောတာလား… ၉။ မိဘကိုရိုသေတယ်ဆိုပြီး သက်ကြီးထောက်ပံ့ကြေးပေးဖို့မစီစဉ်ပဲ တတ်နိုင်တဲ့သားသမီးမရှိလို့ သက်ကြီးရွယ်အိုဖြစ်လာရင် လမ်းဘေးမှာသူတောင်းစားလုပ်ရတာကိုပြောတာလား… ၁၀။ အရေးပေါ်လူနာတင်ကားခေါ်လို့မရတာကိုပြောတာလား… ၁၁။ ဆေးရုံတွေမှာ ငွေမပေးရင်ဆေးမကုပေးပဲ […]

Sarkozy11-600x251.jpg

winterkoeApril 4, 20122min2973
ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သော ဧပြီလ (၂) ရက်၊ တနင်္လာနေ့၌ အကြမ်းဖက်မွတ်စလင် (၂) ဦးအားစတင်နှင်ထုတ်ခဲ့ပြီး၊ နောက်ထပ် (၃) ဦးအား ထပ်မံနှင်ထုတ်ဦးမည်ဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှင်ထုတ်မှုများသည် နိုင်ငံခြားသားမွတ်စလင်အစွန်းရောက်များအား အရှိန်အဟုန်မြှင့်၍ နှင်ထုတ်ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းလေးတခုသာ ရှိသေးသည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဖြစ်သူ ကလော့ဒ်ဂွီးရဲန့် မှ လတ်တလောထုတ်ပြန်လိုက်သော ကြေငြာချက်တွင်ဖေါ်ပြထားသည်။ ယခင်အပတ်ကလည်း အကြမ်းဖက်မှုနှင့်ပတ်သက်နေသည်ဟု သံသယရှိသော မွတ်စလင်ဘာသာရေးဆရာ (၄) ယောက်အား လေဆိပ်တွင်ဝင်ခွင့်မပေးပဲ ပြင်သစ်လူဝင်မှုကြီးကြပ်ရေးမှနှင်ထုတ်ခဲ့ပြီးဖြစ်သည်။ (၁၉၉၄) ခုနှစ်တွင် မော်ရိုကိုနိုင်ငံ၊ မာရာကက်ရှ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အယ်လ်ဂျီးရီးယားနိုင်ငံသား မွတ်စလင်စစ်သွေးကြွ တဦးဖြစ်သော အလီဘဲလ်ဟာဒက အား တနင်္လာနေ့တွင် ပြည်နှင်ခဲ့ပြီး၊ ဂျူးဆန့်ကျင်ရေးနှင့် ပြင်သစ်နိုင်ငံတွင် တရားမဝင်သည့် ခေတ်နှင့်မလျော်ညီပဲအမျိုးသမီးများအားနှိမ်ချသော ခေါင်းမြီးခြုံဝတ်စုံဝတ်ခြင်းကို အားပေးမှု၊ အနောက်နိုင်ငံများအား […]


winterkoeFebruary 20, 2012136min8310
အိုင်ပက်ဒ်တမ်းချင်း လွန်ခဲ့တဲ့ ၂ ပတ်လောက်က Toilet ထဲမှာစာဖတ်ရင်းနဲ့ အိုင်ပက်ဒ်ပြုတ်ကျတယ်။ နိမ့်နိမ့်လေးပါ.. ကာဗာပါတော့ဘာမှတော့ဒဏ်ရာမရဘူးလေ။ ကံဆိုးချင်တော့ Touch Screen ကနည်းနည်းထစ်ချင်သလိုတော့ ဖြစ်သွားတယ်။ စိတ်ထဲမှာလည်း ဖီးလ်နည်းနည်းငုပ်သွားမိတာနဲ့ ဆားဗစ်စင်တာသွားပြဖြစ်တယ်။ Apps တွေအားလုံးကို Wipe-off လုပ်မယ်ဆိုတော့ချီတုံချတုံဖြစ်သွားမိတယ်။ အဲလိုနဲ့ စိတ်ကမပြတ်မသားဖြစ်မိတော့ အိမ်ပဲပြန်လာမိတယ်။ တပတ်လောက်နေတော့ ဖီးလ်ကငုပ်နေတုန်း…အဲဒါနဲ့ စင်တာကိုပြန်ချီတက်ရပြန်ရော.. ဟိုရောက်တော့ ပြင်တာဘယ်လောက်ကြာမလဲဆိုတော့ ဝန်ထမ်းအမျိုးသမီးလေးက တချက်ကြည့်ပြီး ပြောလေရဲ့.. iPad 2 အတွက် Apple ရဲ့ Policy ကအသစ်တလုံးပြန်လဲပေးတယ်ဆိုပဲ.. သူမလေးအပြောမှာ အံ့အားသင့်သွားမိတယ်။ သူမလေးက အပြောချိုချိုလေးနဲ့ နူးနူးညံ့ညံ့လေးလေ။ အဲဒါနဲ့ ငါးရက်စောင့်ပါတဲ့။ ဘယ်တတ်နိုင်မလဲ…စောင့်ပေါ့.. ဒီကြားထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်သူများတွေ အိုင်ပက်ဒ်သုံးနေတာကို အားကျသလိုတောင်ဖြစ်မိသေးတယ်။ ရှိတုန်းကမသိသာပေမယ့် မရှိတော့လဲ တမ်းတမိတယ်လေ.. သွားရွေးဖို့ကလဲ […]