.အိမ်နီးချင်း အိမ်တစ်အိမ်က လွန်ခဲ့တဲ့ တစ်လခွဲတုန်းက သိန်း ၁၀ဝ ထီပေါက်ပါတယ်။ စိတ်ထဲ ခြောက်လတော့ ခံမှာပေါ့လေလို့ ထင်လိုက်မိတယ်။ ထီပေါက်တဲ့လူတွေ သိပ် မကြာခင် ဒုံရင်းပြန်ရောက်သွားတာ မကြာခဏ ကြုံ ခဲ့ဖူးလို့ပါ။ တစ်ရက်ကမှ သိလိုက်ရတာကတော့ ထီပေါက်တဲ့အိမ်ဟာ တစ်လခွဲနဲ့ သိန်း ၁၀ဝ ပြောင်သွားပြီ ဆိုတဲ့ သတင်း၊ ဝတ်ထားတာ အတုတွေပါတဲ့။ အစစ်တွေကို ပြန်ရောင်းပြီး အရှက်သိပ် မကွဲအောင် အတုတွေ ဝတ်ထားတာပါတဲ့။ မြန်မာတွေ အသုံးကြီးတယ်၊ အကြွားသန်တယ် စသဖြင့် မပြောလိုတော့ပါဘူး။ .ဒါနဲ့ ဆက်စပ်ပြီးတွေးမိတာက မိမွေဖမွေကိစ္စ။ မြန်မာလူမျိုး နဲ့ တရုတ်လူမျိုး သားသမီးကို အမွေပေးပုံချင်း မတူပါဘူး။ တရုတ်တွေဟာ သားသမီးကို မိဘလက်ငုပ်လက်ရင်းပဲဖြစ်ဖြစ်၊ သီးသန့်စီးပွားပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုထောင်ထား ပေးပြီး […]


 .ပန်းချီက အချစ်ဦး။  .ကဗျာကတော့       .တိတ်တခိုးချစ်သူ။ .စာပေနဲ့ တရားဝင်ချစ်သူတွေ     . ဖြစ်သွားပေမယ့် . . . . .တစ်ဖက်သတ်ချစ်သူဟာ      .ဂီတဖြစ်နေဆဲ . . . . ။ —————- .ကိုယ့်ကိုရက်စက်ခဲ့တဲ့    .သီချင်းလေးတွေ . . . . .ကိုယ့်ကို စိမ်းကားခဲ့တဲ့    .တေးနုနုလေးတွေ . . . . .သံစဉ်တွေ ပျောက်ရှသွားတဲ့ အခါမှာ . . . .     .စိတ်တေလေ စေရာအတိုင်းသာ . . . . ။ .ဝင်ပြုံးမြင့်။ .သံစဉ်သံလှိုင်း […]


.ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ဆိုတာ ပါရမီပါမှ ဖြစ်တယ်။ .ဒီစကား ကြားခဲ့ဖူးတာ ကြာလှပါပြီ။ —- .ကလေးတစ်ယောက်ကို ပုံမှန်အတိုင်း အတန်းပညာ မှန်မှန်သင်ပေးသွားရင် သူ့အတန်းအလိုက် သီဝရီတွေ၊ လောတွေ၊ ဥပမာ F=ma ကစလို့ အာကာသထဲမှာ ဘလက်ဟိုးကြီးတွေ ရှိတဲ့အကြောင်းထိ သူလက်သင့်ခံသွားမှာပဲ။ ဘာလို့ဆို အမှန်တရားတွေ ဖြစ်နေတဲ့အတွက်ကြောင့်။ .ဒါပေမယ့် ကမာ္ဘကြီးကို ဖန်ဆင်းထားတာ ဘုရားသခင်လို့ သင်ကြားတော့မယ်ဆိုရင် ဒါက အမှန်တရားမဟုတ်တော့ ဘာမှ မသိနားမလည်တဲ့အရွယ်ကစပြီး ဘရိန်းဝပ်လုပ်ရတယ်။ ဘုရားကို ကြည်ညို သဒ္ဓါစိတ်ဝင်အောင် ငယ်ကတည်းက ဘာသာသွေးကို မွေးမြူ ရတယ်။ .အစ္စလာမ်မှာ ဆိုရင်လည်း အလာဟ်ကို ယုံဖို့ ကလေးတွေကို ငယ်ကတည်းက ကိုရန်ကျမ်း သင်ပေးရတယ်။ .ကမာ္ဘကြီး ဒီလောက် ဒုက္ခရောက်နေတာတောင် ဘယ်ဘုရားမှ ဆင်းမလာပါဘူးဆိုမှ […]


.ကျမ စာအုပ်သစ်ထွက်ပါပြီ။ စာအုပ်နာမည်က နှစ်ဘဝ နှစ်ကနာ္တ ပါ။ မူရင်းစာအုပ် က ခြကိုက်သွားလို့ ဒီရွာသူ etone (တုန်တုန်) ကို အကူအညီတောင်းပြီး ကိုကြောင်ကို အပူကပ်ခဲ့ကြတယ်။ ဒီလိုနဲ့ မူရင်းစာအုပ် Two Solitudes ကို စိတ်ချမ်းသာစွာ ရခဲ့ပါတယ်။ ကိုကြောင်နဲ့ တုန်တုန်ကို ခုထိ တစိမ့်စိမ့် ကျေးဇူးတွေ တင်နေရတုန်း။ . ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျမက နယ်မှာနေတာဆိုတော့ ရန်ကုန်က စာပေအသိုက်အဝန်းနဲ့ ကင်းကင်းကြီး ဖြစ်နေတယ်။ အဆက်အသွယ်မရှိ ဘာမရှိပေါ့။ ဒီရွာထဲရောက်လာတော့မှ ကျမကို ထုတ်ဝေတိုက်တွေ ဆက်သွယ်ကြတယ်။ ဒီဂဇက်ရွာထဲ ဝင်ဖတ်ကြပြီး လူရှာကြတာပေါ့။ အဲဒီ ထုတ်ဝေတိုက် အသစ်နဲ့ အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်။ ဒါကြောင့် ဒီရွာကြီးတစ်ရွာလုံးနဲ့ ရွာပိုင်ရှင် […]


.အလှူ ဒါန၊ ပရဟိတ နဲ့ပတ်သက်လို့ ဝိဝါဒတွေကွဲပြားမှု ရှိနေတာ တကယ်တော့ စကားလုံး ပြ၁သနာများလားလို့ ကျမ တွေးနေမိပါတယ်။ .ဘယ်စာအုပ်တွေလဲလို့ အတိအကျ စာရင်းချမပြနိုင်တော့ပေမယ့် ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ အလှူ အတမ်း များတဲ့ တိုင်းပြည်တွေ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးကြတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ အီရတ် စတဲ့ အစ္စလာမ် နိုင်ငံတွေဟာ လှူ တဲ့တမ်းတဲ့ နေရာမှာ မြန်မာတွေနဲ့ တော်တော်တူပါတယ်။ မြန်မာတွေက ထမင်းရေချောင်းစီး လှူ ကြသလို သူတို့ကလည်း သွေးရည်ချောင်းစီးလှူ ကြတယ်။ လှူ တဲ့လူတွေ လှူ နေလျက်ကပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက လျော့ကျ မသွားဘူး။ အစိုးရ […]


.အာဏာရှင်စနစ်ဆိုတာ စစ်တပ်အားကိုး၊ လက်နက်အားကိုးနဲ့ နိုင်ငံသားတွေကို မတရားဖိနှိပ်ချ ုပ်ချယ်ထားခြင်း ဖြစ်တယ်လို့ ယေဘုယျယူဆထားပါတယ်။ နိုင်ငံရေးပညာရှင် ဂျော့အိုဝဲ ပြောတာကတော့ တိုင်းပြည်တွင်းက လူတွေကို အရူးလုပ်၊ မဟုတ်မဟပ် စိတ်ကူးယဉ်တိုင်းပြည်ကြီး တည်ဆောက်၊ သတင်း အချက်အလက်မှန်သမျှ၊ အတိတ်ဖြစ်ရပ်မှန်သမျှ အလုံးစုံကို အမှန်မဖြစ်အောင် အတုလုပ်နိုင်မှ အဲဒီ တိုင်းပြည်ကလူတွေကို အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ရမှာပါတဲ့။ ဒါကို သူက စကားလုံးတစ်လုံး တီထွင်ဆန်းသစ်ပြီး သုံးသွားခဲ့တယ်။ brainwash ပါ။ လူထုဟာ မဟုတ်တာကို ယုံကြည်ထားရမယ်။ အဲသလို ယုံကြည်ထားမှ အာဏာရှင်စနစ် အဓွန့်ရှည်တည်တံ့မှာပါတဲ့။ .ဂျော့အိုဝဲရဲ့ ၁၉၈၄ မှာ အဲဒီလို စိတ်ကူးယဉ် ကမာ္ဘကို တည်ဆောက်ပြထားတယ်။ BB လို့ခေါ်တဲ့ Big Brother အစ်ကိုကြီးက တိုင်းပြည်ကို အုပ်ချ […]


.ရွာသူ ကောင်းကင်ပြာ ရဲ့ အန်တီ ဒေစီ ပို့စ်လေးက ဟာသလေးစွက်ပြီး ရေးသွားတာ ဖတ်ရတာချောလို့။ ရွာထဲက အော်မေ့ဂိုဏ်းဝင်တွေရောက်လာပြီး မန်းမှုတ်ထည့်လိုက်တော့ အပျိုကြီး လုပ်တာ မှန်တယ် အိုကေတယ်ဆိုတဲ့ အနေအထားဖြစ်သွားပါရောလား။ ကွန်မင့်တွေထဲမှာ အပိုလို ပြောတာလည်း မှားမနေဘူးလေ။ ခုဆို မိသားစုတိုင်းလိုလိုမှာ အပျိုကြီး တစ်ဦးတလေကို တွေ့နေရတော့ ချဲ့တွေးမယ်ဆိုလည်း အများကြီးပေါ့။ တရုတ်မှာက ကလေးတစ်ဦးပဲ ယူခွင့်ရှိပေမယ့် သူတို့က မျိုးဆက်ကပ်တယ်။ မိန်းကလေးတွေကို အသက် ၂၅ အကျော်ကို မခံဘူး။ .သို့ပေမယ့် ဒီပို့စ်က အကြောင်းအရာကိစ္စလည်း မဟုတ်၊ သတင်းအချက်အလက်လည်း မဟုတ်၊ မိန်းမတစ်ယောက်ရဲ့ စိတ်တွင်း ပဋိပက္ခကို ခပ်ရိုးရိုးရေးပြတာသာ ဖြစ်တဲ့အပြင် အရှိတရားနဲ့ ဒက်ထိတွေ့ရတဲ့ အကြမ်းထည် သဘောထက် စိတ်ကူးလေး တငြိမ့်ငြိမ့်ယဉ်ပြီး […]


.တိမ်ယံထက်က ကွန်ရက်ရွာလေးထဲ ကွန်ပျူတာ ပျက်နေတာနဲ့ အလည်မရောက်တာတောင် နည်းနည်း ကြာသွားပါပေါ့။ ဆိုင်မှာလာသုံးရင်း ရောက်တုန်းရောက်ခိုက် ရွာရိုးကိုးပေါက် လျှောက်ကြည့်တော့ ရွာကလေးက ခြောက်ကပ်ကပ်။ တွေ့ဆုံပွဲမှာ စာရင်းပေးသူတွေထဲ ကိုယ်လွမ်းနာကျရသူတွေ မပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ရွာလေးထဲ ခြေချမိစဉ်တုန်းက ရွာခံလူတချို့ကို မှတ်မိနေသေးတော့တယ်။ .လူဟောင်းတွေထဲ ကျမ အကြီးအကျယ်မျှော်မိသူကတော့ တခြားလူ ဟုတ်ပါရိုးလား။ တရွာလုံးရဲ့ အသည်းကျော် ဆြာမိုက်ကယ်ဂျော်နီအောင်ပု။ ဒီလူကြီး ဘယ်ပျောက်နေပါလိမ့်။ ရွာထဲ ကြွေးတွေထူ လို့ ပြေးပြီလား မသိဘူး။ .နောက်တစ်ဦးကတော့ ကျမရဲ့ သဲညှာဆိုင်တွေကို ကိုင်ကိုင်လှုပ်ပြသွားတဲ့ အဘ ဘိုးမင်းခေါင် … အဲလေ ဆြာခေါင်။ .ပြီးတော့ ကိုဂျွန်နီသမင်။ သူကတော့ ရွာထဲဝင်စမှာပဲ ဆိုင်ကယ်နောက်ကထိုင်ပြီး လိုက်တဲ့ မိန်းမတွေရဲ့ […]


.နှလုံးသားဝယ် ဘုရားတည် ဆိုတာ မိမိ နှလုံးသားထဲမှာ သတိနဲ့ ဘုရားကို အာရုံဖော်ပြီးတော့ နေတတ်တာပါ။ အဲလိုနေလို့ရှိရင် မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ ရတနာ ခန္ဓာကိုယ်ကြီး ဖြစ်လို့ ဘုရားရဲ့သား ဘုရားရဲ့သမီး ဖြစ်လို့ ဘယ်ခါမဆို ဘယ်နေရာပဲရောက်ရောက် စိတ်စွမ်းအားတွေကလည်း ခမ်းခမ်းနားနားဖြစ်နေမယ် တဲ့။ .နောက်တစ်မျိုးက ဘုရားတစ်ဆူတည်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ .၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ .၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးကို ရည်ညွှန်းကြောင်း၊ .၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ […]


…..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မဂ္ဂဇင်းထဲမှာ နိုင်ငံကျော် အမျုးိသမီး အဆိုတော်တစ်ဦးဟာ သူ့ဘဝဇတ်ကြောင်း အတ္ထုပ္ပတ္တိလေးတွေကို လစဉ်အခန်းဆက် ရေးခဲ့ပါတယ်။ တိုင်းသိပြည်ကျော် လူချမ်းသာစာရင်းဝင်တွေ ဆိုတော့ လူစိတ်ဝင်စားမှုလည်း များခဲ့တယ်။ အသက်ကွာဟမှုကြောင့်  မိဘတွေ သဘောမတူတဲ့အကြောင်း၊ ဆံပင်ရှည်ကြီးဖားလျားနဲ့ ခိုးရာလိုက်ပြေးခဲ့ရတဲ့အကြောင်း၊ ချွေးမတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံတွေ စသည်ဖြင့် မိမိမိသားစု၊ ယောက္ခမမိသားစုကို ကြွားရာမကျစေဘဲ မသိမသာလေး ဗန်းတင်ပြီး ရေးပြသွားခဲ့တယ်။ မိမိမိသားစု၊ မိမိလင်သားကို ဗန်းတင်ပြီးရေးရင်းနဲ့ မိမိကိုယ်တိုင်ကလည်း သူတို့နဲ့ တစ်ပါတည်း ရေမြင့်တော့ ကြာတင့်သွားခဲ့တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်း၊ အမျိုးသမီးတွေရဲ့ ဘဝ။ (စာရေးဆရာနဲ့ သူ့စာကို ဝေဖန်လိုရင်း မဟုတ်ပါ) …..တချို့ အမျိုး သမီးတွေကလည်း မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာန (မိန်းမမာန) ကို အလေးပေးရေးသားရင်း […]


ပထမပုံက ကိုကြောင်ဝယ်ပေးတဲ့ စာအုပ်ပါ။ ဒုတိယပုံကတော့ ကျမဘာသာပြန်ထားတဲ့ စာအုပ်အဟောင်းပါ။ ခြ ကိုက်သွားပေမယ့် နှမျောလို့ ဆက်သိမ်းထားမိနေတုန်းပဲ။ စာအုပ်မျက်နှာဖုံးက နာမည်ကျော် ပန်းချီကားတစ်ကား။ လူတစ်ဦးချင်းစီရဲ့ အသွင်သဏ္ဍာန်ကို ဖျောက်ထားတဲ့ လှေကားအတက်အဆင်းခရီးသည်တွေပုံပါ။ —– ကျမ ဘာသာပြန်ပြီးသား မူရင်းစာအုပ်တွေနဲ့  လက်ရေးမူတွေကို မအူပင်အိမ် မကောင်းတော့ ရန်ကုန်က အမေ့အိမ် ပို့ထားတတ်တယ်။ အမေ့အိမ်ကလည်း စာအုပ်ဂိုဒေါင်ကြီးလို ဖြစ်နေတယ်။ အဲဒါနဲ့ အရေးကြီး မူရင်းစာအုပ်ဖြစ်တဲ့  Two  Solitudes စာအုပ် ခြ ကိုက်ခံရပါလေရော။ စာအုပ် မထိန်းသိမ်းနိုင်တဲ့ ကိစ္စက အိမ်ရဲ့ ထာဝရ ပြဿ      နာပါ။ —– ကျမ သဘောက တန်ဖိုးမရှိတဲ့ အဟောင်းအမြင်းတွေကို စွန့်ထုတ်ပစ်လိုက်မှ  တန်ဖိုးရှိစာအုပ်တွေကို ထိန်းသိမ်းနိုင်မယ်။ […]


ရွာ့အရေးအတွက် မေးတဲ့သူတွေ မေးကြတဲ့အခါ သဘောထားတွေပါမေးတော့  ဖိုရမ်လုပ်ပြီးမေးတာမျိုး ဒါမှ မဟုတ် ပို့စ်တစ်ပုဒ်အဖြစ် ခွဲထုတ်ပြီးမေးသင့်ကြောင်း ဦးဦးပါလေရာ ရဲ့ အကြံပေးချက် ကောင်းမွန်တာမို့  မေးပြီးသားလေးကိုပဲ အစပြန်ထုတ်ပြီးရေးတင်လိုက်ပါရစေ။ ကောင်းကင်ပြာနောက်က လိုက်တာပါ။ ကျမမေးထားတာက = အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။ ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊ ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။ အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။ သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။ ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။ အဲဒီမှာ ယောက်ျားက […]


-အိပ်ယာထက်မှာ စကားမဆိုနိုင်တော့ဘဲ သေမင်းလာအခေါ်ကို စောင့်နေတဲ့ ဖေဖေ့ကိုကြည့်ရင်း ကျမမှာ ကြေကွဲဝမ်းနည်းရတာတွေထက် တွေဝေအံ့ဩမှုက အလေးပိုသာတဲ့ ခံစားချက်တစ်မျိုး ရင်ထဲဖြတ်ပြေးနေတယ်။ ဪ … ဘဝဆိုတာ သိပ်ကိုဖွယ်လွန်းလှပါကလား။ တကယ့်ကို သမုဒ္ဒရာရေမျက်နှာပြင်ထက်က ရေပွက်ကလေးလို မျက်စိရှေ့တင် ပွဲသိမ်းတော့မယ်။ -ဖေဖေ အသက် ၈၄။ အမည်တပ်ပြစရာ ရောဂါမယ်မယ်ရရ မရှိ။ ဝေဒနာ အလူးအလဲခံစားနေရ ခြင်း မရှိ။ မီးစာကုန်ဆီခန်းအရွယ်မို့ နောက်ဆုံးမီးကလေး ငြိမ်းသွားဖို့ စောင့်မျှော်နေရရုံ။ ကျမ မှာတော့ အတိတ်ပုံရိပ်တွေ အာရုံထဲဝင်မလာအောင် စိတ် စိတ်ချင်း စီးချင်းထိုးနေရတယ်။ – လူ့ဘဝဆိုတာ ကံကြမ္မာက ကြိုတင်ပြဌာန်းထားပြီးသားလေလား။ ဒါမှမဟုတ် ဘဝနေထိုင်မှု နည်းစနစ်ကသာ အခရာ ကျတာများလား။ ဖေဖေ့ရဲ့ ဘဝဇာတ်ကြောင်းကတော့ ဒီလိုပဲ ရောက်လာ ထွက်သွား […]