WowFebruary 13, 20134min46864
‘ခင်ဗျားဒီကိစ္စဘယ်လိုရှင်းမလဲ ‘ ဒေါသပေါက်ကွဲနေသောမျက်နှာနှင့် တစ်ရုံးလုံးကြားလောက်သော အသံနှင့် အော်ဟစ်နေသော စီမံဌာနမန်နေဂျာ… ‘ဒီခရီးထွက်ရမယ်လို့ ကြိုပြီးလဲ ရီပို့တင်မထားဘူး။ အခုတက်လာတဲ့ အသုံးစရိတ်တွေကို ကျွန်တော် ဘယ်လိုအကြောင်းပြချက်နဲ့ ထုတ်ပေးရမှာလဲ..’ ‘ဒါ Head Office က special request ပါ…… သူမစကားမဆုံးခင်… ‘ခင်ဗျားတို့ လုပ်ချင်ရာလုပ်လာခဲ့ပြီးမှ ဒါပဲဆိုပြီးလာချပြတာမျိုး လုံးဝလာမလုပ်နဲ့… ဒါကျွန်တော့်ဘောင်ထဲမှာ…’ မျက်နှာကြီးမဲပြီး ပေါက်ကွဲနေသော စီမံမန်နေဂျာကို ကြည့်ပြီး.. စိတ်မထိမ်းနိုင်လိုက်တာဟု… ‘Calm down.. calm down…’ အသံကြားလို့ လှည့်ကြည့်လိုက်တော့… အခန်းထဲဝင်လာသော မြန်မာရုံး ဌာနေကိုယ်စားလှယ်… ‘ဘာဖြစ်ကြတာလဲ’ ‘You know what… ဒီ နိုင်ငံခြားရုံးချုပ်က special request, special project တွေ ချက်ချင်းလုပ်ဆို ငါ […]


WowNovember 2, 20121min30346
Broken Family တဲ့…. အင်မတန်ဇတ်နာစရာကောင်းတာပေါ့ ဦးသုခရဲ့ “ဂုဏ်ရည်မတူ” ကို မျက်ရည်ပေါက်ပေါက်ကျရင်း ချိုတကူးတစ်ယောက် ဆူးတောင်တွေအပြည့်ပေါက်လာခဲ့…. ဘဝကြောင့်လား.. ပတ်ဝန်းကျင်ကြောင့်လား.. တောက်ကျင့်တန်တဲ့ ကိုယ်ပိုင် gene ပဲလား… အော်ကြော့လန် တစ်ရွာလုံးနဲ့တစ်ယောက်ပေါ့… အမေမေတ္တာဘွဲ့တွေကို မခံစားတတ်တဲ့ ငါလားဟဲ့ အဇာတသတ်…. ဦးသာဓုရဲ့ အတာကို ရယ်တာပေါ့… ဘာတဲ့ နို့တစ်လုံးဖိုး… ဘာတဲ့ မိခင်ခြေဖဝါးအောက်က Nirvana မသင်ဘူးတဲ့စာတွေ လာမမေးကြပါနဲ့ တကယ်မသိလို့ပါ… ဆုံးရှုုံးရတာတွေများလွန်းလို့ ကိုယ်ဘာပိုင်ဆိုင်မှန်းတောင်မသိတော့တာ… တရားစခန်းဝင်စရာမလို ‘ငါ’ ဆိုတာဘာမှန်း ‘ငါ’ မသိတော့တာ… ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့… Civilization တွေ Society တွေ…. လူရာမဝင်ဘူးဆိုချင်ဆို.. ဝေးလေကောင်းလေပေါ့… ဘာကိုလိုချင်ရမှန်းမသိတော့တဲ့.. ထုံပေပေခံစားချက်တစ်ခုနဲ့… ကိုယ်ချင်းစာတယ်လို့မပြောကြပါနဲ့…. သနားတယ်လို့ပြောမဲ့အစား… မုန်းစရာကောင်းတယ်ဆို… ငါ့ကိုဂုဏ်ပြုတာပါပဲ။ ။


WowSeptember 7, 20121min20014
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး) “အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို တွေ့ရလေသည်” (ကာနယ် ချစ်ကောင်း) မိုးသီး ပြောပြီးသား စကားပဲ ပြန်ပြောရတော့မယ်။ အိမ်လွမ်းစိတ်ဆိုတာလည်း ဓားလှံ လက်နက်လိုပဲ အမြဲ ထက်နေအောင် သွေးနေရတယ်။ မင်းဓား ထက်တာလည်း အစ်ကို သိတယ်။ အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း မင်းသိတယ်။ ဒါပေမဲ့ အခုတော့ ဒို့ဓားတွေ တံတွေးဆွတ် ခံလိုက်ရပြီ။ မိုးသီးရေ မင်းပြန်ခဲ့တော့။ မင်းရဲ့အိမ်ပြန်လမ်းကို ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့ မင်းပြန်ခဲ့တော့။ ၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့ အဝေးရောက် သားတယောက်ရဲ့ အိမ်ပြန်လမ်းဟာ အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။ ဒါပေမဲ့ ခုတော့ […]


WowSeptember 3, 20121min20415
အလိုရှိသည် ဝတ္တု၊ ဇတ်ညွှန်း စာရေးအတွေ့အကြုံရှိသူတစ်ဦး အချိန်ပိုင်း လုပ်ငန်းအတွက် အလိုရှိသည်။ ကြော်ငြာ၊ ဘာသာပြန် မြန်မာစာများကို စာချောအောင် ပြန်လည်ရေးပေးရမည်ဖြစ်သည်။ လစာညှိနှိုင်း… Pls contact to 09 4200 959 06


WowAugust 20, 20122min41136
အပိုင်း (၇) ရန်ကုန်လေဆိပ်ဆိုက်ရောက်ရာ ရွှီ… ကနဲလေချွန်လိုက်လူလုပ်ကြီးဘက် ဘာရယ်မဟုတ်မျက်စိကစားလိုက်တော့ စက္ကူဖြူကိုင်ထားတဲ့ အလန်းစားတစ်ယောက်က မျက်စိထဲဝင်လာသည်။ Company ဝန်ထမ်းတစ်ယောက် အဲ့သည်လာကြိုတာထင်တယ်။ ဟဲ့… မြင်ဘူးသလိုပါလား… အသေအချာထပ်ကြည့်လိုက်တော့ …”ဂျီမ” အထက်တန်းကျောင်းတုံးက သူငယ်ချင်း၊ သူ့မိဘတွေက မြို့မျက်နှာဖုံးတွေ၊ အခု Company ဝန်ထမ်းလုပ်နေတာလား၊ ဘာလဲ စီးပွားပျက်သွားပြီလား.. ရယ်ဟဟ တွေးလိုက်ရင်း သူမဆီ အပြေးလေးသွားလိုက်သည်။ “Oh..my sexy!” သူမကိုတွေ့လိုက်တိုင်း ဘုန်းကျော်သွေးတွေ ဖျဉ်းကနဲ ဖြစ်သွားသလို… “ဟေး နင် ဂျီမ မဟုတ်လား” အူကြောင်ကြောင်မျက်လုံးလေးဖြင့် ပြန်ကြည့်ရင်း မှတ်မိသွားသလို ဂျီမ မျက်လုံးလေး ဝင်းသွားသည်။ “ဟဲ့…’၀’ … ဘုန်းကျော်” မိဘမဲ့ကျားကျောင်းက ‘၀’ ကလေး ဘုန်းကျော် အထက်တန်းကျောင်းတက်တုံးက ကျောင်းတွင် ဂျီမတို့ […]


WowJuly 28, 20121min35928
မန်းဂေဇက်ကိုတည်ထောင်ခဲ့တဲ့ အူးခိုင်ကိုလဲမုန်းတယ်… အုပ်စုဖွဲ့ပြီး ဗိုလ်ကျတတ်တဲ့ သူတွေကိုလဲမုန်းတယ်… လူမျိုး၊ဘာသာ အစွန်းကျလွန်းတဲ့ သူတွေကိုလဲမုန်းတယ်… စည်းကမ်းချက်တွေ လာရွတ်ပြတဲ့ သူတွေကိုလဲမုန်းတယ်… Civilization ဘောင်တွေ လာခတ်ချင်တဲ့ သူတွေကိုလဲမုန်းတယ်… စေတနာမပါ ဗလာ လောကွတ်စကားတွေကိုလဲ မုန်းတယ်… မမြင်ရတဲ့ အွန်လိုင်းပေါ်မှာ စကားကြီးကြီးရွတ်ပြတတ်တဲ့သူတွေဆို ပြေးဖားတတ်တဲ့ သူတွေကိုလဲမုန်းတယ်… ဘာမှလူကောင်မမြင်ရတဲ့အင်တာနက်မှာ ငါကဘာမို့ ငါ့ကိုလေးစားရမယ် ဆိုတဲ့သူတွေကိုလဲမုန်းတယ်… တော်ချင်ရောင်ဆောင်တဲ့သူတွေကိုလဲ မုန်းတယ်…. ဖေါ်ရွေချင်ရောင်ဆောင်တဲ့သူတွေကိုလဲ မုန်းတယ်….. မုန်းတယ်…မုန်းတယ်…မုန်းတယ်… မန်းဂေဇက်က မခွာနိုင်သေးတဲ့ ငါ့ကိုငါလဲမုန်းတယ်…. ဟီ…ဟိ… ပြောချင်ဒါဒွေပြောပြီး ပေါ့ပါးသွားလိုက်တာများ ဆေးနှစ်ထုတ်လောက်သောက်ပြီး ရေချိုးခန်းဝင် လိုက်ရသလိုပဲ….. အားလုံးဝိုင်းဆဲဂျစေသတည်း……..


WowJuly 27, 20121min38612
အပိုင်း(၆) အရာဝတ္တုတစ်ခု ကို မိမိကစွဲလမ်းတပ်မက်နေသောအခါ ထိုအရာဝတ္တု၏တန်ဖိုးမှာ မူလရှိရင်းစွဲတန်းဖိုးထက် မြင့်တက်နေသယောင် အဖိုးမဖြတ်နိုင်သယောင် ထင်ရသည်။ စွဲလမ်းတပ်မက်မှုကိုဖယ်ရှားလိုက်သောအခါ ထိုအရာဝတ္တုသည် သာမန်မျှသာ ဖြစ်သွားတော့သည်။ ရင့်ကျက်လာတဲ့တစ်နေ့တော့ ဦးခိုင်တို့ ဂျီမတို့ နားလည်သဘောပေါက်ပြီး ခံစားချက် ကိုထိမ်းညှိနေထိုင်သွားတတ်ကြမှာပါ။ ဒါပေမဲ့ သိဖို့လွယ်ပြီး ရှိဖို့ခက်တဲ့ အမှန်တရား တွေကို ဘယ်တော့များမှ…… At Myanmar Embassy in USA “မင်းတို့ကဘာကောင်တွေလဲကွ သမ္မတကြီးကိုယ်ကတိုင်က ပြန်လာပါဆိုလို့ ဒို့တွေက အနစ်နာခံ အခွင့်အရေးတွေစွန့်လွတ်ပြီး ပြန်ရမှာ… ” “ခင်ဗျားတို့ပြန်မယ်ဆိုတို်င်း တန်းပြီး စီစဉ်ပေးရလောက်အောင်မလွယ်ဘူးဗျ။ ခင်ဗျား တို့က ဒီမှာဘာလုပ်ခဲ့တယ် ရာဇဝတ်မှုတွေ မကျူးလွန်ခဲ့ဘူးလို့ ဘယ်သူအာမခံနိုင်လဲ ပြီးတော့ အကြမ်းဖက် ဖောက်ခွဲဖို့ အကြံတွေမပါဘူးလို့ကော…” “အဲဒါတွေပါမှတော့ ဒီလိုလမ်းနဲ့ကမ်းနဲ့မင်းတို့ဆီလာမလားကွ ဘယ်အပေါက်ကတိုး တိုး” […]


WowJuly 24, 20121min33530
အပိုင်း(၃) ဂီဂီ သို့ ဂျီမနဲ့ ဦးခိုင် အဲဒီတုံးက ဂျီမက နှစ်ဆယ်စွန်းစွန်း၊ နယ်ကောလိပ်မှာတက်နေရင်း ကျောင်းတွေ ပိတ်သွားတော့ အိမ်ကအဒေါ်တွေနဲ့ရန်ဖြစ် ရန်ကုန်က အဖေ့အမျိုးတွေအိမ်ကို ရောက်လာပြီး သင်တန်းများတက်ဖို့လုပ်နေချိန်။ ဦးခိုင်က ဒေါ်လေးအငယ်ဆုံးရဲ့ ကျောင်းနေဘက်သူငယ်ချင်း၊ ဂျီမထက် ၁ဝ နှစ်လောက်တော့ကြီးမှာပေါ့။ ကျောင်း အပြီး ရန်ကုန်မှာ အိမ်ထောင်ကျနေတဲ့ အမတစ်ယောက်အိမ်မှာကပ်နေရင်း နိုင်ငံခြား အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေသူ။ ရန်ကုန်မှာမကျွမ်းသော ဂျီမကို သင်တန်းတွေ လိုက်အပ်ပေး၊ ဟိုဟိုဒီဒီသွားချင်ရင်လိုက်ပို့ပေးဖို့ နယ်က အဒေါ်က အပ်ထားတာပါ။ “ဦးခိုင် သမီးကို ဒီနေ့ ကွန်ပျူတာသင်တန်းအသစ်တစ်ခု လိုက်ပို့ပေးဦးနော်” “ဟိုနေ့က ပို့ပေးတဲ့သင်တန်းမှာ တက်နေပြီမဟုတ်လား ဂီဂီရယ်။ တစ်ခုပြီးမှ တစ်ခုတက်လေ။” “အဲဒါပြောတာ နောက်တစ်နေ့သွားတက်တော့ အဲဒီက စာရေးမက သိပ်အချိုးမပြေဘူး။ သမီးကို […]


WowJuly 21, 20121min36228
အပိုင်း (၁) ဟီး…ဟီး…ဟီး… “နင်စဉ်းစားကြည့်ပါ” “အေးအေးစဉ်းစားမယ်…ဘာလဲပြော” ရီချင်စိတ်ကိုအသာမြိုသိပ်ရင်း မနော ပြန်ပြောလိုက်သည်။ ဂီမခေါ် ဂျီမကတော့မသိရှာ။ ရှိပေ့စေ… သူ့အရှိန်နဲ့သူ… ဟီး။ နေပါဦး မျက်နှာပိုးသတ်ထားမှ တော်ကြာသူအသဲကွဲနေတာကို စာနာစိတ်မရှိဘူး ရယ်လို့ ဂျီမတို့ သတိရတိုင်းတိုင်ပတ်လို့ ဆုံးမှာမဟုတ်။ သူမကျေနပ်ပြီဆို မမူးဘဲ စကားတစ်ခွန်းထဲကို အပ်ကြောင်းတွေထပ်ခါ ထပ်ခါ သူတော့မသိနားထောင်သူ ကတော့ ကြာတော့ ရူးချင်စိတ်ပေါက်လာသည်။ ဒင်းဒါကြောင့် ရုပ်လေးသနားကမား နဲ့ ကြိုက်တဲ့သူတိုင်းကထားခဲ့ပြီး အခုထိယောက်ကျားမရနိုင်တာ။ “ငါ့မှာတော့ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ထဲက အော်သူတော့ ဘရိတ်ဖတ်စ် ကလေးဘယ်လိုစားမလဲဟဲ့ သူကဘာလေးကြိုက်တတ်တာ။ ရုံးရောက်တာနဲ့ သူရောက်နေပြီလား မရောက်သေးဘူးလား။ ဒီနေ့မျက်နှာမကောင်းဘူး။ ဒီနေ့တော့ ပျော်နေပုံရတယ်။ အဲလို အသေးစိတ် တစ်နေ့လုံးကို သူ့စိတ်ကိုဝင်ကြည့်ပေးနေ တာပါဟယ်။” “အင်း အဲဒါကြောင့်လဲ […]


WowJuly 2, 20121min20011
အခုတစ်လော လေထဲမှာမာန်ဟုန်ပြင်းပြင်းနဲ့ ပျံသန်းခရီးနှင်နေတဲ့ ငှက်လေးတစ်ကောင်ကိုယ်စား ရင်မောနေမိပါရဲ့။ မျိုးနွယ်စုရဲ့တာဝန်ကြီးကိုု ပုခုံးသေးသေးလေးပေါ်မှာ အနစ်နာခံမှုများစွာနဲ့ ထမ်းပိုးထားရရှာသူ။ သူမရဲ့မျိုးနွယ်စုကြီးကကော သူမမျှော်လင့်ထားသလို ဖြစ်ပါ့မလား။ နောင်နှစ်ပေါင်းများစွာကြာလို့ သူမ မရှိတော့တဲ့အခါ သူမလုပ်ဆောင်ချက်တွေဟာ ငှက်၏ခြေရာလို လေမှာရှာမတွေ့တော့ရင်….. ဟီး…ဟီး နဲနဲ ကဗျာဆန်ဆန်ပြောကြည့်ဒါ….. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)နဲ့ ၈၈မျိုးဆက်များက ဦးဆောင်ပြုလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို ယခုလ ၁ရ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂ဝ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ဝန်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃ဝ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ Photo & […]


WowJuly 2, 20121min42020
အခုတစ်လော အရမ်းဟော့နေတဲ့ ကြောင် band တေးဆို …မောင်ကြောင် စန္ဒယား ….မောင်ကြွက် အသံဖမ်း …မောင်လူကလေး အခုတစ်လော ဟိုကိစ္စ၊ ဒီကိစ္စတွေနဲ့ ရင်မောနေတဲ့သူများအတွက် အဖေ့ဘုတ်အုပ်က ချစ်စရာပုံလေးတွေကို ကြည့်ပြီး အမောပြေစေချင်လို့ပါ…..


WowJune 27, 20121min35627
အခုတစ်လော ကြာဘီ တစ်လလောက်ရှိဘီ။ အရင်းရှင်ဒွေများရက်စက်ချက် ပရောဂျက်သုံးခုလောက်ကို သာမီးတစ်ယောက်ထဲ လုပ်ခိုင်းဒယ်… ဟီး…ဟီး…ဟီး (ငိုနေဒါ) အင်တာနက်လဲ နပ်မှန်အောင်မသုံးရ။ အဖေ့ဘုတ်အုပ် ထဲလဲ မသွားရ။ အကျယ်ဂျုပ် ကျနေသလိုဘဲ။ ရွာထဲဆိုဒါတော့ ဝေးရော… ဟီးဟီး..ဒါလဲခပ်ကောင်းကောင်း အဲဒီဒုံးက ရွာထဲလဲ ပွဲကြမ်းနေသလားလို့… ပြောပြချင်တာက မိုးလင်းမိုးချုပ် အဲဒီ့သုံးခုဂျီးကိုပဲခေါင်းထဲထဲ့ထားရဒါ။ အခု နှစ်ခုလောက်လဲ ပြတ်သွားရော လူကဘာဖြစ်နေလဲဆိုတော့ နဲနဲ ရူးကြောင်ကြောင် ပြောမလား။ I lost my mind ကို တိုက်ရိုက်ကြီးပြန်လိုက်တော့ ငါ့စိတ်ပျောက်သွားဒယ်ပေါ့နော်။ ဘာကိုမှအာရုံစိုက်လို့မရတော့သလိုဖြစ်သွားတာ။ သူများတွေ ဘေးနားက လာပြောနေတာ ကြားတယ်။ ခေါင်းထဲမဝင်ဘူး။ အဲလိုပဲ စာဖတ်လဲ ဖတ်တာပဲရှိတာ ခေါင်းထဲဘာမှရောက်မလာဘူး။ အူကြောင်ကြောင်နဲ့ ခေါင်းထဲမှာ ဘလာကြီးလိုဖြစ်နေတာ။ တခြားသူတွေဖြစ်ဘူးလားတော့မသိဘူး…. အခုပြန်ကောင်းတာ နှစ်ရက်လောက်ပဲရှိသေးတယ်။ […]


WowApril 22, 20121min18246
ကျမရဲ့ အလုပ်ကတော့ ကန်ပနီမှာ Liaison သဘောမျိုးပါပဲ။ ကန်ပနီတွေရဲ့ Image လို့လဲပြောလို့ရတာပေါ့။ ရွာထဲက ဂီဂီတို့လို မာကတ်တာတွေရဲ့ အခြေခံသဘောတရားလေးတွေကို သိထားရသလို ပီအာ လို့ပြောကြတဲ့ Public Relation ၊ ပြီးတော့ လူတွေရဲ့ Psychology ကိုလည်း တီးမိခေါက်မိရှိထားရပါတယ်။ အဲဒီမှာအဓိကက ဘာတွေ့ရသလဲဆိုတော့ မြန်မာလူမျိုးတော်တော်များများက သူများပြောတာကို နားမထောင်တတ်တာပါပဲ။ အရှေ့တိုင်းသားတစ်ချို့လဲ အဲဒီလိုအကျင့် ရှိတတ်ကြပါတယ်။ သူများပြောတာကို နားမထောင်သူတော်တော်များများက စကားတွေအများကြီးပြောလေ့ပြောထရှိပါတယ်။ သူတို့ဘာလိုချင်တယ်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာထင်တယ် စသည်ဖြင့်ပေါ့။ အဲဒီတော့ သူတို့ရဲ့ ခံစားချက်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာလိုအပ်တယ် ဆိုတာကို ကျမတို့ကမြင်အောင် ကြည့်ရပါတယ်။ လူတော်တော်များများက Needs နဲ့ Wants ကို မဆုံးဖြတ်နိုင်ကြပါဘူး။ သူတို့ဘာလိုချင်လို့ လိုချင်မှန်းမသိတဲ့သူတွေ တော်တော်များများတွေ့ဖူးပါတယ်။ […]