Kyi LwinMarch 13, 20121min481
အေးဗျာ။ ဒီလို သတင်းတွေ ရေးတင်နေတော့ ပြည်သူတွေလည်း သိရတာပေါ့။ ခက်နေတာက ကျွန်တော့အစ်ကိုအရင်း စစ်မှုထမ်းဆဲ အရာရှိ ခင်မျာ တာဝန်ကျ လေတပ်စခန်းမှာ စအဖတွေက စုံစမ်းစစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားခြင်းခံရတာ ခုဆိုရင် နှစ်လခွဲကျော်နေပေမယ့် ဘာသတင်းမှ တရားဝင်မရသေးပါ။ အတည်ပြုပေးဖို့ ငြင်းဆန်မှာ ဖြစ်တဲ့ သတင်းဇာစ်မြစ်တွေ အဆိုအရတော့ သူ့ခင်မျာ စည်းလုံးခြင်းသည် အင်အားလို ဝက်ဘ်ဆိုက်မျိုးမှာ သက်ဆိုင်ရာ လက်ရုံးတပ်ရဲ့ သတင်းတွေ ပေးပို့နေတဲ့အထဲ ပါနေလို့ ရာထူးချ၊ အကျဉ်းချခံနေရတယ်လို့သိရတယ်ဗျ။ သူ့ရဲ့ မိသားစုအနေနဲ့လည်း လစာမရတာ နှစ်လရှိနေပါပြီဗျာ။ နေဖို့ ပေးထားတဲ့လိုင်းခန်းကလည်း ဆင်းပေးလိုက်ရပါပြီ။ အင်တာနက်မရတဲ့ လေတပ်စခန်းကို အပို့ခံထားရတုန်းကတောင် ခင်ဗျားတို့ ဝက်ဘ်ဆိုက်မှာ သတင်းတွေ တက်နေတာမို့လို့ ကျွန်တော့အစ်ကိုခင်မျာ တကယ်လုပ်နေသူအစား အစွပ်စွဲခံနေရတယ်လို့ပဲ မိသားစုုက မှတ်ယူပါတယ်ဗျာ။ […]


Kyi LwinMarch 12, 20121min1127
ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု By: မောင်ဆောက်-ကျောက်ကာ (စုဆောင်းတင်ဆက်သည်) ငတက်ပြားအစ ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ဝဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ဝဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။ ဦးအောင်သောင်းဟာ OTS – 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။နဝတခေတ် မကွေးတိုင်း တဝတ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ဝန်ကြီး ဖြစ်သွားချိန်တွင် […]


Kyi LwinMarch 12, 20124min668
ဒီ ဘလော့ကို ဌာနတွင်းလူမှ ပြောပြ၍ အများပြည်သူသိအောင်တင်လိုက်ခြင်းဖြစ်ပါတယ်။ နေပြည်တော်တွင် ဦးသန်းရွှေ ၏ သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊ အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။ အသုံးမကျသော အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးအပါအဝင် အင်ဂျင်နီယာများကိုလည်း ရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကို်င်နေသော စည်းပွားရေးလုပ်ငန်းများဖြစ်သည့်—- ၁။ မြတ်မင်္ဂလာဟိုတယ်တွင် 1000 KVA Transfer (၁)လုံး ၂။ ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊ ၃။ မြေကွက်အမှတ် (၄၃) (ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး စုစုပေါင်း (၃)လုံးအား ၎င်းတို့ဖခင်အရှိန်အဝါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးအပါအဝင် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော) အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ […]


Kyi LwinMarch 9, 20121min1645
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းပြည့်ကျော်၂ ရက် သောကြာနေ့   မန္တလေးဂေဇက် ရွာသူကြီးနဲ့တကွ ရွာသားများကျန်းခန့်သာလို့မာပါစ။ မင်္ဂလာချိန်ခါ ဖြစ်စေသောဝ်။ ပြီးခဲ့တဲ့ တပတ်က ဆွေတော်ရှစ်ကောင်ဘိုးတော်ကြောင်တို့အကြောင်းရေးလိုက်ပြီးသကာလမှာ စုဖုရားတွေးမိတာက တော်ကြာ ကိုယ်ရေးတဲ့စာကလေး ( ငှက်မဟုတ်ပါ) သူကြီးရဲ့ကတ်ကျေးစာပဲမိမလား။ဒါမှမဟုတ် ခဲဖျက်စာပဲကျွေးမလားနဲ့တွေးလိုက်တာစက်တော်ခေါ်ဖို့ရာမြှေးလို့မှ    မရအောင် ပူပန်မိရဲ့ရှင်။ ဘာလို့လဲဆိုတော့ တို့ရွာမှာ ဘယ်က မိုးကျရွှေကိုယ်နန်းတွင်းရူးတယောက်လာရှုပ်ရသလဲရယ်လို့များ မြင်ပြင်းကတ် ပုဒ်မ တပ်လေမလားရယ်လို့…..။ စုဖုရားတို့ မင်းနေပြည်တော်ကြီးထက် ကြီးကျယ်ခန်းနားအောင် အကျယ်ချဲ့ငွေကုန်ခံထားတဲ့ ကြပ်ပြေးနေပြည်တော်ကြီးဆီအလည်တခေါက်ရောက်ခဲ့ပြန်တော့ ဖေါက်သည်ချချင်စိတ်တွေက ရင်ထဲ ကလိကလိနဲ့ အူယားလှသရှင်။ အင်း ခုတော့ရောက်ဖူးသူတွေရောက်ဖူးကြ၊ နေတဲ့သူတွေလည်းနေ နေကြလေတော့ အကြားအမြင်များနေကြပေမယ့် ရောက်တဲ့အခိုက်တွေ့လိုက်တာလေးတော့ မရောက်ဖူးသေးတဲ့ရွာကအမျိုးများရှိခဲ့ရင်သိစေချင်သပ။   မဟာရန်ကုန်မြို့ရယ်လို့ လောကနိဗ္ဗာန်လူတို့ဖန်တဲ့ နတ်ဘုံနတ်နန်းကို ဖြတ်လမ်းကနေ အလစ်သုတ်၊ အရှင်မွေးလို့နေ့ချင်းကြီး ၊ […]


Kyi LwinMarch 1, 20121min19415
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းဆန်း ၉ ရက် ကြာသာပတေး မန္တလေးဂေဇက်မှ မောင်မင်းများ မင်္ဂလာဆောင်ကြစေ( အဲလေ) မင်္ဂလာအချိန် ကောင်းဖြစ်ကြစေ။ စုဖုရားကတော့ ယနေ့မှ ကမ္ဘာပြားကြီးထဲမှာ စုဖုရားတို့ ရတနာပုံမန္တလေးဂေဇက် အောင်မြင်ကျော်ကြား လူကြိုက်များတာသိရသမို့ အသိနောက်ကျလေခြင်းလို့ရွှေစိတ် တော်တို အလိုမကျဖြစ်မိကြောင်း မောင်မင်းတို့ မန္တလေးဂေဇက်အားသိစေတော်မူသည်။ ယနေ့တော့ မောင်မင်းတို့ကို စုဖုရားအကြောင်းမိတ်ဆက်ပေးမှမောင်မင်းများသိချိမ့် မည်မို့ ကိုယ့်ကိုယ်ကိုယ်ဖေါ်မသူတော်လုပ်ရပေမယ်မောင်မင်းတို့ရဲ့။ စုဖုရားမည်ကား မောင်မင်းတို့မန္တလေးဂေဇတ်လို့အမည်မှတ်ရာ ရတနာပုံမြို့တည် ရွှေနန်းကျော့ရှင်မင်းတုန်းမင်းကြီး၏ ဖခမည်းတော် အလောင်းမင်းတြားကြီးရဲ့ ၄၅ ဝမ်းကွဲတော်စပ်သူ ရဲ့ ၉ ဝမ်းကွဲမြေးတော်ဖြစ်တော့သတည်း။ မယုံက ဘိုးတော်အလောင်းမင်းတရား၏ ၉ဝ ဝမ်းကွဲမြေးတော်၏၁ဝ ဝမ်းကွဲ သားတော်ရဲ့ငယ်ကျွန်ကြီး ဘဘရွှေနှင့် ကြီးတော်ကြိုင်တို့အားမေးမြန်းလေ။ သို့သော်  ယင်းဆွေတော်ရှစ်ကောင် ဘိုးတော်ကြောင်တို့ကား ပျောက်ခြင်းမလှပျောက်နေသည်မှာ နှစ်နှစ်ပတ်လည်ရှိတော့ မည်မို့ […]