လင်းဝေJune 7, 20121min15911
လူမျိုးရေး ပြဿနာတွေ မြန်မာပြည်မှာ ဘယ်အချိန်က စတင်ပြီး ဖြစ်ပွားခဲ့ပါသလဲ။ မင်းတုန်းမင်းလက်ထက်မှာ ဖြစ်ပြီလား။ ဦးပိန်တံတား ဆောက်တဲ့ မြို့စာရေးမောင်ပိန် က ဘာလူမျိုးလဲ သိသူများ ဖြေပေးစေချင်ပါတယ်။ သူ့ဆရာကတော့ လူမျိုးခြားမှန်းသိပါတယ်။ ကုန်းဘောင်ရှာပုံတော်ထဲမှာတော့ တင်တင်စီးစီးနာမည်ပဲတွေ့တယ်။ ဘိုင်ဆပ်တဲ့။ တစ်ယောက်စ နှစ်ယောက်စတော့ ရှိနေပါပြီလို့ပြောရပေမယ့် လူမျိုးရေး အဓိကရုဏ်းတွေ ဘာတွေဖြစ်လောက်အောင် အရေအတွက်မများသေးဘူးထင်ပါတယ်။ နောက် ရခိုင်ပြည်နယ်ဘက်မှာလည်း အဲဒီအချိန်အထိ ပန်းဝါ တို့ စစ်တကောင်း တို့ဆိုတာ မြန်မာဘုရင့် အာဏာစက်အောက်က နယ်မြေတွေပါ။ စစ်သူကြီး မဟာဗန္ဓုလ သွားတိုက်ရတဲ့ “ပန်းဝါ” တိုက်ပွဲ ဆိုတာ အဲဒီ အခု“ကော့က်ဘဇား” ပေါ့။ သိန်းဖေမြင့် ရဲ့ စစ်အတွင်း ခရီးသည် စာအုပ်မှာလည်း သူတို့ ရခိုင်ကိုကျော်ပြီး အိနိ္ဒယ(အခု ဘင်္ဂလားဒေ့ရှ်) […]


လင်းဝေMay 23, 20121min81230
မြန်မာလူထုကြီးမှာ လူထု ခေါင်းဆောင် ရှိတယ်။ ( မရှိဘူး ဆိုရင် လည်း မရှိကြောင်း ပြောနိုင်ပါတယ် ) လူထုခေါင်းဆောင် ဆိုတာ လူထုကို မှန်ကန် သင့်လျော်ရာကို ဦးဆောင်လမ်းပြပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုမူမှုကို ညွှန်ပြတဲ့သူဖြစ်တယ်။ လူထုအကြိုက် လူကြိုက်များတာ မဟုတ်လည်း လူထုကို မှန်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ မီးတွေပျက်တယ်။ မီးမလာဘူး။ လာတဲ့အချိန်တောင် မှန်အောင်မလားဘူး။ အိပ်ရေးကပျက်။ ညကြီးထပြီး မီးပြောင်းရတယ်။ အင်ဗာတာ အားသွင်းရတယ်၊ ရေတင်ရတယ်၊ ရေချူရတယ်၊ မီးလာတုန်း ဖုန်းအားသွင်းဖို့ သတိထားရတယ်။ ညကြီးမင်းကြီး စိတ်တိုလိုက်တာဆိုတာ စိတ်ထဲ ရှိရှိသမျှ အပြင်းအထန်ဆုံးစကားလုံးတွေနဲ့ အတင်းမာဆုံးလေသံကို သုံးပြီး လျှပ်စစ်ဌာန ကိုဖုန်းဆက်ပြီး မင်းတို့ သောက်ရှက်နည်းနည်းမှ မရှိဘူးလား။ မီးမပေးနိုင်ရင် အခုချက်ချင်း […]


လင်းဝေMay 18, 20121min19312
နွေရာသီ ကျောင်းပိတ်ရက်တွေမှာ များသောအားဖြင့် အိမ်ကိုပြန်မနေပဲ အဆောင်မှာပဲ နေဖြစ်တယ်။ အဓိကတော့ အဆောင်မှာ နေရင် ကိုယ်နေချင်သလို နေလို့ရတယ်။ အရက်မူးပြီး ပြန်လာလဲ အဆင်ပြေတယ်။ မနက် အိပ်ယာက ထချင်တဲ့အချိန်ထလို့ရတယ်။ မနက်အိပ်ယာက စောစောထပြီး “ကမာ္ဘဦးက နေ့လိုပဲ နွေနံနက်ခင်းရဲ့ လှပုံထူး” တို့ဘာတို့ ထလုပ်ပြီး လမ်းထလျှောက် မုန့်သွားစား၊ ပြီးရင် အိပ်ယာထဲပြန်ဝင်အိပ် ။ ညဖက် စာဖတ်ချင်ရင် အေးအေးဆေးဆေးဖတ်ပေတော့။ သူငယ်ချင်းတွေနဲ့လည်း ညဖက်အထိ ထိုင်ပြီး စကားပြောချင်ပြော လဘက်ရည်ဆိုင်ထွက်ထိုင်ချင်ရင် ထိုင်လို့ရတယ်။ အဲဒီတုန်းက လှည်းတန်းမှာ ရွှေနှလုံးသား လက်ဖက်ရည်ဆိုင်ဆိုတာ တစ်ညလုံးဖွင့်တယ်။ ထမင်းကြော် အလွန်ကောင်း။ အသားမပါ ငြုပ်သီးကြော်နဲ့ဆိုရင် အာလူးဟင်းကလေးနဲ့မှ ၁၂ကျပ်ရယ်။ ဆိုင်နံရံမှာ ကဗျာလေးတွေ ရေးထားသေးတာ။ ဆာတိုရီ တို့ဘာတို့ […]


လင်းဝေMay 18, 20121min18511
The presumption is that our oil and gas companies, our mining companies, our financial services companies are all now free to look for investments that can be mutually beneficial to Burma and to them. SECRETARY CLINTON ခွင့်ပေးလိုက်ပြီ ဖွင့်ပေးလိုက်ပြီ လျှော့ပေးလိုက်ပြီ ဘာတွေဖြစ်လာနိုင်သလဲ။ လောလောဆယ် စပြီး ဖြစ်လာနိုင်တာတွေက ခရတ်ဒစ်ကဒ်တွေ သုံးလို့ရလာတော့မှာပါ။ Today, I am also announcing new steps to permit American […]


လင်းဝေMay 10, 20121min21816
စာအုပ်ကြော်ငြာ ပါ။ ဘားရက် အိုဘားမားရဲ့ ဆီနိတ်တာဘဝ က ရေးသားခဲ့တဲ့စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထားတာပါ။ ဒီမိုကရက်ဆီနိတ်တာ အနေနဲ့ ရီပတ်ဘလီကန် အစိုးရ လက်ထက်မှာ ရေးထားတဲ့အမြင်ဖြစ်ပါတယ်။ ပွင့်လင်းပြီး တိုင်းပြည်တည်ဆောက်ရေး တိုးတက်ရေးအတွက် အမြင်တွေအပြင် အမေရိကန် လွှတ်တော်ထဲမှာ ဘယ်လို အလုပ်တွေလုပ်ကြသလဲ။ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်အလုပ်ဘယ်လိုလုပ်ပြီး အမြင်ဘယ်လို ရှိတယ်ဆိုတာတွေပါ ဖတ်ခွင့်ရတဲ့ စာအုပ်ပါ။ စာအုပ်တန်ဖိုးက ၃၀၀ဝကျပ်တည်းနဲ့ အသိအမြင်များစွာရစေနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားဆိုသူများ၊ လသား တစ်နှစ်သား နှစ်နှစ်သား အမတ်မင်းအသစ်ကျပ်ချွတ်များ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လို့ မြင်မိပါတယ်။ ဒါ့အပြင် ရင့်ကျက်တဲ့ မဲဆန္ဒရှင်များလည်း ဖတ်သင့်ပါတယ်။ အောက်မှာ ဘာသာပြန်သူရဲ့ အမှာကို ပြန်ရိုက်တင်ပေးလိုက်ပါတယ်။ ဒီမိုကရေစီ ရဲ့ သဘောကတော့ နိုင်ငံသားများရဲ့လက်ထဲသို့ ရွေးချယ်ခွင့်ကို အပ်နှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ […]


လင်းဝေMay 9, 20121min24916
ဒီနေ့ နေ့လည် တက္ကသိုလ်ရိပ်သာလမ်းပေါ် တက္ကသိုလ်ဓမ္မာရုံရှေ့နဲ့ အဓိပတိအပေါက်နား မှာဖြတ်နေတုန်း အက်ဖ်အမ်ရေဒီယိုကနေပြီး ခိုင်ထူးနဲ့တွေ့ဆုံခန်းလုပ်နေတယ်။ ရုတ်တရက် ခိုင်ထူးက စစ်ကိုင်းလမ်းသီချင်းအကြောင်းပြောရင်း ကျောင်းသီချင်းတွေအကြောင်းဆက်ပြောနေတုန်း ကိုယ်လည်း သထုံလမ်းလေးကနေပြီး သထုံဆောင် ဘက်ကို လှမ်းငေးရင်း လွမ်းမိတယ်။ သထုံလမ်း ရဲ့အစ အဲဒီဘက်ခြမ်း လမ်းတိုလေး ဘေးတစ်ဘက်တစ်ချက်မှာတော့ သစ်တိုပင်ကြီးတွေ က အေးမြနေဆဲ။ ခိုင်ထူးက ကျောင်းသီချင်းတွေ အကြောင်းပြောတော့ တစ်ချိန်တုန်းက အဲဒီ သထုံလမ်းလေး ဘေးကွပ်လပ်မှာ သထုံဆောင် နှစ်လည်ညစာစားပွဲတွေလုပ်ခဲ့တာ။ အဆိုတော်ပေါက်စတွေ နဲ့ နာမည်ကြီးတွေ အလကား လာဆိုပေးကြတာ တွေက စလို့ တွေးမိရင်း တစ်ချိန်တုန်းက နွေရာသီကျောင်းပိတ်ရက်တောင် အိမ်မပြန်ဖြစ်ပဲ အဆောင်မှာ နေရင်း နွေညတွေကို ဖြတ်သန်းခဲ့ဖူးတာ ကို တမ်းတမ်းတတနဲ့ ဖြစ်လာမိတယ်။ လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ […]


လင်းဝေMay 3, 20121min30425
မနေ့က ကြေးမုံသတင်းစာ ရှေ့မျက်နှာ သတင်းခေါင်းစဉ်ကြီးက မိုက်တယ်။ သို့သော် ဘယ်သူမှ သတိထားမိကြမယ် မထင်သလို သတိထားမိရင်တောင် ဘယ်လိုမှ ခံစားမိကြပုံလည်း မရဘူုးထင်ပါရဲ့။ ဘယ်သူမှ ဘာမှ ပြောသံကို မကြားမိလို့ပါ။ သတိထားမိသူများကလည်း ဘယ်လိုမှ ဖြစ်နိုင်ချေမရှိသော အရာကို ပြောနေတယ်များ မှတ်ယူကြလေသလားမသိပါဘူး။ ဘာသတင်းခေါင်းစဉ်များလဲဆိုတော့….. “ နိုင်ငံသား အားလုံး အကျုံးဝင်စေမည့် လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေသစ်တစ်ရပ်ပြဌာန်းရေးကြိုးပမ်းနေ ” တဲ့။ လားလား တကယ့်အကြီးကြီးနော်။ ကိုယ်လည်း မသိပါဘူး အဲဒါကြီးကို မနေ့ကလည်း သတင်းစာမဖတ်ဖြစ်ဘူး။ ဒီနေ့ ထမင်းစားပြီးချိန်လေး သတင်းစာတစ်စောင် ကို စားပွဲတစ်ခုပေါ်မှာတွေ့လို့ မျက်စိကစားကြည့်တော့ တွေ့မိတဲ့ခေါင်းစဉ်ပါပဲ။ ဒီအကြောင်းကြီးကို ဘောင်းဘီချွတ်အခက် တိုင်းရင်းသား အချက် နဲ့ ဒုသမ္မတ တက်ဖြစ်နေသူက အလုပ်သမားနေ့အခမ်းအနားမှာ […]


လင်းဝေMarch 22, 20121min23125
ဒီဆိုက်ပေါ်မှာလည်း မန္တလေးက မစ္စတာပေါက် ရဲ့ ကင်မရာနှိပ်ချက်များနဲ့ တက်လာဖူးတဲ့ ပုံတွေရှိပါတယ်။ ကောင်းမှုတော် ဘုရားကြီး ရွှေရောင်ဝင်းပပ နဲ့ သပ္ပါယ်နေပုံများ။ ဒီကောင်းမှုတော် ဘုရားကြီး ကို ရွှေဆေးသင်္ကန်း ကပ်လှူမယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာတော့ အမြင်တွေအမျိုးမျိုးပေးကြတာလည်းမှတ်မိကြပါဦးမယ်ထင်ရဲ့။ အဖြူရောင်ထုံးသင်္ကန်းနဲ့သာ တင့်တယ်ပါတယ် ဆိုတာမျိုး။ ရှေးက ပုံစံအတိုင်း သူ့မူသူ့ဟန်နဲ့ ရှိနေတဲ့ ကောင်းမှုတော် စေတီကြီးကို ရွှေရောင် သဘောင်္ဆေးတွေသုတ်တာ မသင့်တော်ပါဘူး ဆိုတာတို့ပေါ့။ ကိုယ် ကိုယ်တိုင်လည်း အင်း ….. မူလ ထုံးသင်္ကန်းအဖြူရောင်နဲ့ ဗိသုကာပုံထူးခြားတဲ့ ကောင်းမှုတော်ဘုရားကြီးကို မူလအတိုင်း မူလပုံရိပ်အတိုင်းသာ ကြည်ညိုဖွယ်လို့ တွေးထင်မိပါတယ်။ အဲဒီကိစ္စကို မြစ်ဆုံလို မကန့်ကွက်ကြပေမယ့် အသံလေးတွေတော့ ထွက်လာခဲ့ကြသေးတာပါပဲလေ။ ဘုရားဂေါပက ကိုလည်း နားမလည်နိုင်ဖြစ်မိပါတယ်။ ဘာဖြစ်လို့များ […]


လင်းဝေMarch 1, 20121min34437
ဒီနေ့ MRTV-4 ကနေတိုက်ရိုက်လွှင့်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသော သမ္မတ မိန့်ခွန်းကို ကြည့်ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ ကျန်းမားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ အစိုးရစနစ်စီမံခန့်ခွဲမှုပြင်ဆင်နေပုံ (အဂတိ တိုက်ဖျက်ရေး )၊ ဝန်ထမ်းလစာ (မတိုး)ရေး နဲ့ စတဲ့အပိုင်းတွေ ပြောတာ ကြားမိ မှတ်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြဖို့ ဆိုတဲ့သဘောကိုပြောပါတယ်။ တစ်ချိန်က သေနတ်ကိုင်ခဲ့တဲ့သူတွေ လက်ပ်တော့ ကိုင်ပြီး ထည်ဝါခန့်ငြားစေချင်ပါတယ်တဲ့။ (နောက်ဆိုရင် လက်နက်နဲ့ လက်ပ်တော့ လဲလှယ်ရေး လုပ်ကြတော့မယ်ထင်တယ် ) ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကြပါစို့တဲ့။ ( DKBA နဲ့တော့ ပြန်ဆော်နေကြပြန်တယ် နော်။ အောက်ခြေမြေပြင်မှာ နှစ်ဖက်စလုံးက […]


လင်းဝေFebruary 28, 20121min24217
မန္တလေးမြို့တော်ဝန် ဘာဖြစ်သွားတာတုန်း။ ဦးဖုန်းဇော်ဟန် ဟာ အရင်တုန်းက အလွန်အစားကြမ်းလို့ သတင်းတွေထဲမှာ နာမည်ဆိုးနဲ့ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲဒီလို ခိုးထားလို့ ဖြုတ်ပစ်တာလား။ မကင်းရင်ကောင်းအောင်နေ မကောင်းရင် ကင်းအောင် နေဆိုတာ ဒါမျိုးကို ဆိုလိုတာလား မသိပါဘူးကွယ်။ ဒေါ်စုရဲ့ မန္တလေးခရီးစဉ်အတွက် ဟောပြောဖို့နေရာကို ဗထူးကွင်းမှာမလုပ်ဖြစ်ဖို့ မျက်နှာပုပ်သိုးသိုးထားတတ်တဲ့ ကန်ထရိုက်ကနေ ဝန်ကြီးတက်ဖြစ်လာသူ မဲ့ပုပ်သိုး ဦးတင်ဆန်း က ခွင့်မပြုလို့ ဟောပြောဖို့နေရာအခက်အခဲကြောင့် မန္တလေးခရီးစဉ်ကို ဘွားတော် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲသလို ဖြစ်နေခိုက်မှာ မန်းတလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်က မန်းမြို့ စည်ပင်ပိုင် ကွင်း တစ်ခုကို ဟောပြောတဲ့နေရာ လုပ်ဖို့ ကူညီခွင့်ပြုတယ် လို့ သတင်းတွေ တက်လာပြီးနောက် ဒီနေ့ သတင်းစာတွေမှာ မန်းတလေးမြို့တော်ဝန်ကြီးကို နေရာ ရွှေ့လိုက်ပါသတဲ့။ ဘာကြောင့်ပါတုန်းဗျား။ နားလည်သလိုတွေးမိရင် […]


လင်းဝေFebruary 17, 20121min19514
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မရိုးသားမှုဆိုပြီး စာရောက်လာတော့ ဒီစာကို ၅၀၀ဝတန်ဖုံး အတွက် အပြန်အလှန် တွယ်နေကြတဲ့ စာထဲက တစ်စောင်ပဲလို့ ထင်မိလိုက်ပါတယ်။ ဖတ်ကြည့်တော့မှ လားလား တော်တော်ဆိုးပါလား လို့သိလိုက်မိတယ်။ သူ့ဖုန်းခေါ်ခတွေက ဈေးကြီးလွန်းလို့ မစ်စကော ပေးနေကြတဲ့ လူတွေကို လုပ်ရက်တာပါလား လို့ တွေးရင်း တကယ်ဟုတ်ရဲ့လား လို့လည်း စဉ်းစားမိပါတယ်။ ဒါနဲ့ ၇၃ ဖုန်းရှိရာ ကို သွားပြီး ကိုယ့်ဖုန်းကို ဆက်ကြည့် ငွေလက်ကျန်တွေကို စစ်ကြည့်လုပ်တော့မှ အောက်က အတိုင်း တကယ်ဖြစ်နေတာပါပဲ။ မူရင်းစာသားကို ဖတ်ကြည့်ပါဦး။ ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မရိုးသားမှု by Shwepyisoe Gold on Tuesday, February 14, 2012 at 1:45pm · ဒီကိစ္စ […]


လင်းဝေFebruary 16, 20121min1446
တစ်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ တစ်ယောက်ကတင်ထားတဲ့ အာခေါင်ကွဲကလေးငယ်ကို ကူညီပေးပါဆိုတဲ့ပုံတွေ့မိတယ်။ အခြေအနေတော်တော်ဆိုးတဲ့ အာခေါင်ကွဲအမျိုးအစားပဲဗျာ။ အတော်သနားဖို့ကောင်းတဲ့ကလေး။ အဖေအမေ အစားအသောက်အနေအထိုင် လွဲမှားမှုကြောင့်ဖြစ်ရတယ်လို့ နားလည်ထားတာပဲ။ အဲဒီကလေး ဓါတ်ပုံမှာတော့ အမေက ဒီကလေးကို ထားပစ်ခဲ့ပြီး အဘွားလုပ်သူက ကြည့်ရှုနေရတဲ့အကြောင်း နဲ့ ကူညီပေးကြဖို့ ရေးထားတယ်။ ဘယ်ကို သွားကူညီရမယ်မှန်းလဲမသိပါဘူး။ စိတ်ထဲမကောင်းတော့ဖြစ်မိတယ်။ အဲဒါနဲ့ ခဏနေ အပြင်ထွက်လာတော့ ဟာမစ်တစ်မီးပွိုင့် မှာ မီးပွိုင့်မိနေတုန်း ကမာ္ဘအေးလမ်းပေါ်က ကြော်ငြာဘုတ်တွေကို ဖတ်မိတော့မှ အာခေါင်ကွဲကလေးတွေကို အခမဲ့ ခွဲစိတ်ပေးမယ်ဆိုတဲ့အကြောင်း မြန်မာဘီယာအုပ်စုက အသိပေးထားတဲ့ ဘုတ်ဖြစ်နေပါတယ်။ စောစောက ကလေးကို သတိရသွားပြီး ဖုန်းနံပါတ်ကို စိတ်နဲ့အမြန်မှတ်သော်လည်း ရွှေဂုံတိုင်မီးပွိုင့်မှာ ပွိုင့်ပြန်မိလို့ စိတ်ကပြန်ရွတ်ကြည့်တော့ သူ့ဟန်းဖုန်းနံပါတ်က ရလုံးပဲဖြစ်နေပါတယ်။ ဝ၉ ၄၃ဝ နဲ့စတာတွေက ၈လုံးဖြစ်ရမယ်လေ။ အဲဒါနဲ့ […]


လင်းဝေFebruary 16, 20121min1359
မနေ့က နေပြည်တော်ကြီးမှာရှိတဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံး က တစ်ယောက်နဲ့ ပြောဆိုရင်း အများပိုင်ကုမ္ပဏီတွေ တည်ထောင်ခွင့်ပြုလိုက်ပါပြီတဲ့။ အခုရက်ပိုင်း တိတိကျကျပြောရရင် ပြီးခဲ့တဲ့ သောကြာနေ့ကမှ တည်ထောင်ခွင့်ပြုလိုက်တာပါတဲ့။ သေချာမသိသူများကတော့ အများပိုင်ကုမ္ပဏီတွေ မြန်မာပြည်မှာ အရင်က တည်ထောင်ခွင့်မပြုဘူးလား လို့ စောကြောပါလိမ့်မယ်။ အင်း.. မရှိတာလည်း မဟုတ်သလို ရှိတာလည်း မဟုတ်ဘူးဗျ လို့ပဲ မရှင်းမရှင်းဖြေခွင့်ပြုပါ။ ဖြစ်ပုံက ဒီလိုပါ။ ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေးကုမ္ပဏီများတည်ထောင်ခွင့်ပြုတာတော့ ဥပဒေအရ အများပိုင်(Public Company)ကော သီးသန့်ပိုင်(Private Company)ကော တည်ထောင်ခွင့်ရှိပါတယ်။ သို့သော်….( မြန်မာပြည်မှာ အဲဒီ သို့သော်တွေ အလွန်များခဲ့ များဆဲ…မျိုးကြီးလေသံနဲ့ ဆိုကြည့်ပါ…များခဲ့…များဆဲ… အချိန်မီသာပြင်ဆင်ခွင့်မရှိရင်..) ၁၉၉ရခုနှစ် အေးရှား စတော့ဈေးကွက် ပြိုလဲမှုမှာ တိုင်းပြည်အများ ထိခိုက်တာကို ကြောက်လန့်သွားသော ရွှေဉာဏ်တော်ရှင်ကြီးက သို့ကလိုဆိုရင်ဖြင့် ရွှေပြည်ကြီးမှာ […]