လင်းဝေDecember 2, 20111min25537
မနေ့က မိုးပျံလမ်းနဲ့ ဂုံးကျော်တံတားများ အဆက်အနေနဲ့ ဖတ်လို့လည်း ဖြစ်ပါတယ်။ အဲဒီမိုးပျံတံတားများအကြောင်းစဉ်းစားရင်း တော်တော် ရင်လေးမိလို့ ဆက်စပ်စုံစမ်းပြီး သိလာရတာပါ။ ကိုယ်လုပ်နိုင်တာလည်း လုပ်ပေးလုပ်ပါရဲ့။ အဓိက ကတော့ဗျာ… ဘယ်နိုင်ငံမှာမှ ဂုံးတံတား လမ်းဆုံရှောင် မိုးပျံလမ်း ဖြတ်ခအတွက်မပေးရပါဘူး။ အနီးဆုံး ထိုင်းမှာပဲကြည့်ပါ။ လမ်းဆုံရှောင်မိုးပျံလမ်းဖြတ်ခ ပေးစရာမလိုပါဘူး။ အမြန်လမ်းကို သုံးချင်တယ် ဆိုမှသာ ပေးရတာပါ။ ဒါလည်း ရွေးချယ်ခွင့်ရှိပါတယ်။ ပိုက်ဆံမပေးချင်ရင် ရိုးရိုးလမ်းကသွားမလား သွားလို့ရပါတယ်။ ကားပိတ်ချင်ပိတ်မယ် နှေးချင်နှေးမယ်ပေါ့။ အင်ဒိုနီးရှားမှာလည်း အတူတူပါပဲ။ လမ်းပိတ်ဆို့မှု သိပ်ကြီးလွန်းတဲ့ ဂျကာတာ မှာ အမြန်လမ်းက သွားရင် ပိုက်ဆံပေးရမယ်။ ရိုးရိုးလမ်းက သွားရင် သွားချင်သလိုသာ သွား ဘာမှ ပေးစရာမလိုပါဘူး။ ဂျကာတာမှာ ရယ်စရာကတော့ အမြန်လမ်းလည်း ပိတ်ဆို့နေတာပါပဲ။ တစ်ခါတစ်ခါ […]


လင်းဝေDecember 1, 20111min13612
ရန်ကုန်မှာ ဂုံးကျော်တံတားတွေ ၄လ အတွင်း အပြီး ဆောက်မယ် ဆိုတဲ့ သတင်းက ရန်ကုန်ကို စကာင်္ပူလို လုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အလဲဗင်းမှာ ပါလာလို့ ဒီမန်းဂေ မှာတောင် ကူးတင်ပြီးသွားပါပြီ။ သတင်းကို အကျယ်မပြောလိုပါဘူး။ စေတနာအလွန်ကောင်းပါတယ်။ အမှန်ကို မြင်ပြီး စေတနာထား လို့ ကြိုးစားမယ့် အစီအစဉ်ပါ။ ကြိုဆိုရမှာပေါ့။ ဒါတွေက လုပ်သင့်နေတာကြာလှပြီလေ။ တစ်ခါတုန်းက နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က မေးဖူးတယ် မြန်မာပြည်မှာ ဥမင်လမ်းရှိသလားဆိုတော့ မျက်နှာငယ်စွာနဲ့ပဲ မရှိပါဘူးလို့ ပြောရတာပေါ့။ မိုးပျံလမ်းတွေလည်း မရှိသလောက်ပါပဲ၊ ဂုံးကျော်တံတားတွေတော့ မီးရထား လမ်းတွေကို ကျော်ဖို့ဆောက်ထားတာ ရှိပါတယ်။ တိုကျိုမြို့ကြီးတောင် ပထမဆုံးမိုးပျံလမ်းကို ၁၉၆ဝနှစ်များလောက်မှ စပြီး ဆောက်ခဲ့တာပါ။ ရန်ကုန်လည်း နောက်မကျသေးပါဘူး။ လက်ရှိအချိန်က အကောင်းဆုံးဆိုတာမျိုးပေါ့လေ။ […]


လင်းဝေNovember 24, 20111min974
မြန်မာပြည်က စားထားသောက်ထားသူများအတွက်တော့ မကြားလိုပါ မကြားလိုပါ သတင်းဖြစ်လေမလား။ သို့တည်းမဟုတ် ဒါလေးလောက်နဲ့များ ကွာ လို့ပဲပြောလေမလား။ သတင်းကတော့ စကာင်္ပူက ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုသူကို အရေးယူတဲ့ သတင်းဖြစ်ပါတယ်။ စကာင်္ပူဒေါ်လာ ၁၂.၂သန်းဖို့ အလွဲသုံးစားမှုပါ။ စကာင်္ပူဟာ သူ့နိုင်ငံမှာ အဂတိလိုက်စားမှုကင်းပါတယ်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ သို့သော်လည်းပဲ လူဆိုတာမျိုးက ၁ဝယောက်ရှိရင် အကျင့် ၁ဝမျိုးရှိနို်င်တာမို့ ထိမ်းသိမ်းရခက်ပါတယ်။ ထိမ်းသိမ်းရ လွယ်ကူအောင် ဥပဒေတို့ တိကျမှန်ကန်ပြီး စနစ်ကျနတဲ့ လုပ်ထုံးလုပ်နည်းတို့ နဲ့ ကိုင်တွယ် စီစစ်ရတာပါ။ အဲဒီ လုပ်ထုံးလုပ်နည်းကို ရှုပ်သထက် ရှုပ်အောင် လုပ်တာ ဒါမှမဟုတ် ရှင်းလင်းလွယ်ကူပြီး ထိရောက်အောင် လုပ်တာ စတာတွေက တိုင်းပြည်ကို စီမံခန့်ခွဲနိုင်စွမ်း အညွှန်းကိန်းပဲဖြစ်ပါတယ်။ အဲဒီမှာတင် ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေးဆိုတာဖြစ်လာတာပါပဲ။ […]


လင်းဝေNovember 21, 20111min18228
ဒီခေါင်းစဉ်တွေ့လို့ မြန်မာပြည်က သတင်းစာတွေ ပေါက်ကရ လျှောက်ရေးပြီး မဟုတ်တမ်းရားတွေ ဖော်ပြနေလို့ ကိုင်ပြီးရင် မသတီချင်စရာကြီးမို့ လက်ဆေးခိုင်းတယ် ဆိုပြီး အဆိုးမမြင်ကြပါနဲ့။ အဲသလို ပြောလိုရင်း လုံးလုံးမဟုတ်ရပါ။ သတင်းစာထဲပါတာတွေက အမှန်တွေလား အမှားတွေလား သုံးသပ်ပြဖို့ ဒီစာကို ရေးတာမဟုတ်ရပါကြောင်း လေ့လာစောင့်ကြည့်နေသူများကို ဦးစွာပထမ ရှင်းပြပါရစေ။ သတင်းစာ ဆိုတာ စာရွက်ပေါ်မှာ မှင်နဲ့ ရိုက်ထားတာပါ။ ( မောင်ရင်ပြောမှလား လို့ အထွန့်တက်ရင် တက်ခွင့်ပြုပါတယ်။ ) မြန်မာပြည်က သတင်းစာများ ( အစိုးရထုတ်သော သတင်းစာများ ) သည်လည်း နယူးစ်ပရင့်လို့ ခေါ်တဲ့ စာရွက်အမျိုးအစားပေါ်မှာ ကာဗွန်ဘလက်ပါဝင်တဲ့ မှင်အမျိုးအစားများနဲ့ ရိုက်နှိပ်ထားတာပါပဲ။ ပုံမှန်မှာတော့ မြန်မာ သတင်းစာက အဖြူအမဲပါ။( အခု မြဝတီ သတင်းစာကတော့ […]


လင်းဝေNovember 17, 20111min16613
မနေ့က star movies မှာ လာတဲ့ Trade ဆိုတဲ့ ရုပ်ရှင်ကို ကြည့်မိရင်း ရင်နာနာနဲ့ တွေးမိပါတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကို စီးတီးက ကောင်မလေး တစ်ယောက် လူကုန်အကူးခံရတာကို သူ့အကို က ပြန်လိုက်ကယ်တဲ့ အကြောင်းကို ဇာတ်လမ်းလုပ်ပြီး ရိုက်ထားတာပါပဲ။ မက္ကဆီကိုကနေ ဖမ်းလာပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာဆီအထိသယ်လာပြီး အင်တာနက်ကနေ တစ်ဆင့် လေလံတင် ရောင်းချတာပါ။ လူကို ကုန်ပစ္စည်းလို ပဲ အရောင်းအဝယ်လုပ်နေကြတာ။ ရုပ်ရှင်ဆိုတဲ့ အတိုင်း လောဂျစ်မျက်စိနဲ့ ကြည့်ရင် မဖြစ်နိုင်တာတွေများပေမယ့် ဒီရုပ်ရှင်ကတော့ ဇာတ်လမ်း ထက် ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို မြင်ရစေတယ်။ အဲဒီမတိုင်ခင် လီးယမ်းနယ်လ်ဆင် ပါတဲ့ကားတကားလည်းရှိသေးတယ်။ သူ့သမီးက ပြင်သစ်ကို အလည်သွားတာ လေဆိပ်မှာ လူကုန်ကူးတဲ့သူနဲ့ တွေ့ပြီး […]


လင်းဝေNovember 16, 20111min25020
အခုလို ခေတ်ကြီးထဲ လူတစ်ချို့က လူလည် လုပ်စားရတာ ချောင်နေတော့ သူတို့ကိုယ် သူတို့ သိပ်လည်တယ်ထင်ပြီး တွေ့သမျှလူကို လူအထင်နေတော့ပါတယ်။ ပြောတော့ မပြောချင်ဘူး။ မပြောပါဘူး ဆိုပြီး ကြည့်နေတာ။ လူပါးက ဝလွန်းလာလို့ နည်းနည်းတော့ ပြောလိုက်ဦးမယ်။ သတင်းတွေထဲမှာ ဖတ်မိတာပါ။ ခင်ရွှေက ဟိုတယ် ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ဝန်ကြီးများ ရုံးကိစ္စ အစာမကြေတော့ ပြည်တွင်းဂျာနယ်တွေကို မာန်မဲသလိုပြောရင်းနဲ့ ဆက်ပြောတာက, “သူ့အနေနဲ့ စင်ကာပူ၊ အမေရိကား စတဲ့ နိုင်ငံများမှာ ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။ ” […]


လင်းဝေNovember 11, 20111min12814
မြန်မာပြည်မှာ အင်တာနက်က ပိတ်ထားတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ဆိုက်တွေ( ဒီအစိုးရဘက်က လူတွေ အသုံးအနှုန်းပါ )ကို ဖွင့်ပေးလိုက်လို့ လွပ်လပ်စွာ ကြည့်ခွင့်ရနေကြပြီး ဆိုပြီး ပျော်နေမိပါတယ်။ တစ်ခါ ဆက်ကြောင်း ကျလို့ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ အင်တာနက် မြန်နှုန်းတွေ ကျသွားတာလည်း ကြုံရပါသေးတယ်။ ဘာတွေလုပ်နေလို့ မြန်နှုန်းကျတာပါလိမ့်လို့ တွေးတော့ တွေးမိပါသေးတယ်။ ပိတ်ထားတာတွေ ဘာဖြစ်လို့ ဖွင့်ပါလိမ့်လည်း စဉ်းစားမိတော့ ဂျီမေးလ် စကာဝှက်တွေ ကို သိချင်ရင် ဖော်နိုင်တဲ့ ဆော့ဖ်ဝဲက စလို့ ဘယ်သူ ဘယ်မှာ ဘယ် IP နဲ့ သုံးတာ ဘယ်ကောင် အထိ သိချင်ရင် သိလို့ရနိုင်နေတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီနည်းပညာတွေ တတ်ထားပြီးမှ ဖွင့်ပေးမှာပေါ့နော။ ဖြစ်ချင်တော့ အခုရက်ပိုင်း ရာသီဥတုအေးလာလို့ […]


လင်းဝေOctober 27, 20111min13115
“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်” လို့ပြောလာကြတဲ့လယ်သိမ်းခံလယ်သမားတွေ ဒီကနေ့ ဆန္ဒုပြနေကြတယ်ဆိုပြီး သတင်းတွေထဲပါလာပါတယ်။ ဆက်မိရာလေးတွေ မေးကြည့်တော့ တောင်ဒဂုံစက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန် အတွက်လယ်တွေ အသိမ်းခံရတဲ့ လယ်သမားတွေလို့ ပြောကြပါတယ်။ ရဲက သိတဲ့သူတစ်ယောက်ကို ဆက်မေးကြည့်ရင်း ဘယ်သူတွေလုပ်တာလဲမေးတော့ ပြောပြတာကတော့ “ဟို ဖိုးဖြူတို့ အုပ်စုပါဗျာ၊ အလကား အလုပ်ရှုပ်အောင်လုပ်နေကြတဲ့ကောင်တွေ” တဲ့။ အင်း သူ့အဖြေမှာ သူ့အမြင်ပါနေတာကတော့ အမှန်အမှား လုပ်သင့်တာ မလုပ်သင့်တာထက် ဖိုးဖြူတို့ လုပ်နေတာတွေက သူတို့အတွက် အလုပ်ရှုပ် အာရုံနောက်စေတယ်။ မှန်တာမှားတာ လယ်သမားတွေ လယ်ဆုံးတာတွေ သူတို့တွက်ကြည့်ပုံမရဘူးထင်ပါတယ်။ သူ့စိတ်ထဲမှာတော့ သူ့အလုပ်က အထက်က လူတွေ ဖြစ်စေချင်သလို အေးအေးဆေးဆေးဖြစ်စေဖို့။ နည်းနည်းရှုပ်လာရင် သူပြဿနာအရှာခံရနိုင်တယ်။ သတင်း ဘာလို့ ကြိုမသိသလဲ […]


လင်းဝေOctober 19, 20111min542
ဘလက်ချောရဲ့ ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ပါမှာ ကွန်မန့်ပေးရုံပေးရမှာ အားမရလို့ သီးသန့်ရေးတင်လိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် စစချင်းမှာ ယုဒသန်ကောလိပ်နဲ့ ရန်ကုန်ယူနီဗာစီတီကောလိပ်ဆိုပြီး စတည်ခဲ့တယ်။ နောက်တော့ ရန်ကင်းကောလိပ် ဆိုပြီး အခု ရန်ကင်း ပညာရေးကောလိပ်နေရာမှာ လုပ်လိုက်သေးတယ်။(ကျနော့်အဖေတို့လက်ထက်ပေါ့။ Inter A အထိကို ရန်ကင်းကောလိပ်မှာတက်ရတာပါ။) နောက်တော့ မဆလ မှာ ဒေသ-၁၊ဒေသ-၂၊ဒေသ-၃ ဆိုပြီး Regional College (RC) တွေနောက်ခံနဲ့ တည်ပါတယ်။ ပထမနှစ် ဒုတိယနှစ်တွေကို ဒေသကောလိပ်မှာတက်ပြီး အသက်မွေးဝမ်းကျောင်းကိုခွဲတာနဲ့ ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ကိုဆက်တက်ကြတာဆိုပြီး ဖြစ်လိုက်ကြပါသေးတယ်။ အဲဒီခေတ်က ရန်ကုန် ဝ/သ တက္ကသိုလ် ဆိုပြီး နာမည် သုံးလိုက်ပါသေးတယ်။ နောက်တော့ တစ်ခါ ရန်ကုန်တက္ကသိုလ်ပြန်ဖြစ်လာပြီး ဒေသကောလိပ်တွေကို နယ်မြေ လို့လုပ်ပြန်ပါလေရော။ ရန်ကုန်တက္ကသိုလ် […]


လင်းဝေOctober 10, 20111min1174
ဓါတ်ဆီတွေ လွပ်လပ်စွာရောင်းခွင့်ပေးလိုက်ပါတယ်တဲ့။ ဈေးကွက်ကို သေချာ မအုပ်စီးနိုင်တော့ ကို့ယို့ကားယားတွေဖြစ်ပြီး အပြင်က ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတာလား၊ ဘာဖြစ်တာလည်းမသိဘူး။ ဓါတ်ဆီဆိုင်မှာ ကားတွေ တန်းစီနေလိုက်ကြတာ မြင်တောင်မကောင်းဘူး။ ဒါနဲ့ ဟုတ်ပြီး ဆီစာအုပ်လုပ်ပြီး ထည့်ပါ ဆိုတော့ ဆီစာအုပ်ကို လုပ်လိုက်ကြတာ။ ဒီဇယ်ဆီသုံးတဲ့ ဒီဇယ်ကားကိုလည်း စာအုပ်လုပ်လိုက်၊ ကားတစ်စီးတည်းကိုလည်း စာအုပ် များစွာလုပ်လိုက်နဲ့ ရှုပ်ထွေးနေပြီး ကားတွေက ပိုပြီး တန်းစီထုတ်နေကြလိုက်တာမှာ နောက်ဆုံး တစ်နေ့ကို ကားတစ်စီး ဓါတ်ဆီ နှစ်ဂါလံ ပဲ ပေးမယ်ဆိုပြီး လုပ်လိုက်ပြန်ပါရော။ ဒီလိုလုပ်လည်း ကားတွေက တန်းစီထုတ်နေကြတုန်းပဲ။ ဆီစာအုပ်တွေ အများကြီးလုပ်ပြီး တန်းစီတဲ့ကားက တန်းစီပြီး ထုတ်နေတုန်းဖြစ်နေဆဲမို့ကားတွေက များနေတာပါတဲ့။ တပြိုင်တည်းမှာပဲ ဆီဆိုင်အများစုက နေစောင်းတာနဲ့ ဓါတ်ဆီကုန်ပြီးဆိုပြီး လုပ်ကြတော့ ကားတွေ […]


လင်းဝေOctober 6, 20111min13012
Check and Balance ဆိုပြီးပြောနေကြတာတွေ ဒီလောက်များနေပေမယ့် တကယ့် တရားစီရင်ရေးမှာ ဝင်ပြီးတာဝန်ထမ်းဆောင်နေတဲ့ တရားဥပဒေသမား တရားသူကြီးတောင် ဥပဒေအရ သူဟာ ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး ဆိုတာကို မသိသေးတာလား၊ ကြောက်နေရဆဲလား၊ အဖြစ်အပျက်တွေက အကောင်းအဆိုးရောထွေးနေဆဲပါပဲ။ တရားစီရင်ရေး စနစ်ဟာ လွပ်လပ်မှု ရှိရမယ်ဆိုတာ တရားသူကြီးကတောင် မသိတော့ပဲ အမိန့်ချဖို့ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားချက်ကို စောင့်ရတယ်လို့ ပြောရဲတာ အံ့ပါရဲ့။ အရှက်မရှိ ပညာမတတ် ဖြောင့်မတ်မှုနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ နလပိန်းတုန်း အခွင့်အရေးသမားတွေက တရားသူကြီး တက်လုပ်နေကြရင် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လာဖြစ်ပါတော့မလဲ။ မနေနိုင်လွန်းလို့ ဒီလို အဖြစ်ဆိုးတွေ ထပ်မံမဖြစ်အောင် တတ်နိုင်သမျှတားပေးနိုင်သူများ တားပေးကြဖို့ ကိုယ်ဖတ်မိတာလေး ရှယ်ပေးလိုက်တာပါ။ ၂၀၁၁ စက်တင်ဘာလ (၂၃) […]


လင်းဝေOctober 6, 20111min2297
အစိုးရအသစ်က ငွေလဲနှုန်းကို တရားဝင်မပြောင်းခင် ပထမခြေလှမ်းအဖြစ်နဲ့ကော၊ အရမ်းစွတ်တက်နေတဲ့ မြန်မာကျပ်ငွေကို ချပြီး ဒေါ်လာဈေးတက်အောင်လုပ်ဖို့ရည်ရွယ်ချက်ပါ အပါလို့ ထင်မြင်သုံးသပ်ရဖွယ်ဖြစ်အောင် ငွေလဲဈေးကွက် ကို ဖွင့်ပေးလိုက်ပြီဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ သိမ်ဖြူလမ်းမှာ အောက်တိုဘာ (၁)ရက်နေ့ စနေနေ့ကတည်းက စပြီး ဖွင့်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ တနလာင်္နေ့၊ အောက်တိုဘာ (၃)ရက်နေ့ မနက်ပိုင်းမှ သွားဖြစ်ခဲ့ပါတယ်။ ကိုယ်ကလည်း မသိတော့ ရောက်တဲ့အချိန်မှာ ၁၂နာရီထိုးဖို့ ၂မိနစ်ပဲလိုတော့တယ်။ ၁၂နာရီပဲဆိုပါစို့။ သိမ်ဖြူလမ်းကောင်တာမှာ ရေးထားတာကလည်း မနက်(၉း၃၀)မှ ညနေ(၄းဝ၀)ထိဖွင့်ပါသည်တဲ့။ နေ့လည်(၁၂းဝ၀)မှ(၁းဝ၀) အထိ ထမင်းစား နားပါသည်တဲ့။ အဲဒီတော့ ကိုယ်ရောက်တဲ့အချိန်မှာ ထမင်းစားနားချိန်လိုဖြစ်နေပါပြီ။ လူတွေကလည်း ကောင်တာတိုင်းမှာ ပြည့်နေတဲ့အတွက် နည်းနည်းတိုးပြီး ရောင်းလို့ရမလားဆိုတော့ ပထမ တစ်ခုက ထမင်းစားပိတ်ပါပြီတဲ့။ နောက်တစ်ခုမှာ လူနည်းနည်းရှင်းလို့ ခပ်တည်တည်ဝင်ထိုင်ပြီး ကိုယ့်ရှေ့ကလူအပြီးမှာ […]


လင်းဝေOctober 4, 20111min15915
ဆေးဆိုးပန်းရိုက် သီတင်းကျွတ်ကို မုန်းတယ် – တဲ့။ ရေးတဲ့ သူက ဖြန့်ပေးပါဆိုလို့ ဖြန့်ပေးလိုက်ပါတယ်။ ကူးပြီးတင်တာမဟုတ်ပါ။ ပြန့်အောင်ဖြန့်ပေးပါသည်ပေါ့….။ သီတင်းကျွတ်လေပြီ … ဗုဒ္ဓ ဘုရားရှင်ကား အာဖဂန် နစ္စတန် တောင်ကုန်းပေါ်က ဆင်းလာတာကို မှောင်နေလို့ တပည့် သာဝကတွေက မီးထွန်းပူဇော်တာက စပြီး သီတင်းကျွတ် ဖြစ်လာသည်လို့ … ကျွန်တော့် ဆရာ လေယာဉ်ပျံ အင်ဂျင်နီယာမှူးကြီး ဦးဦးသာရွှေ ( ရခိုင်) က ပြောဘူး လေ သည် ။ ဟုတ်ချင်ဟုတ်မည် ။ မဟုတ်ချင်မဟုတ် ။ ဗုဒ္ဓဘာသာစာပေ အလိုအရတော့ တာဝတိ ံသာနတ်ပြည်က ပြန်ကြွအလာ လူသားတွေက မီးပူဇော် ကြရာက စခဲ့တာပေါ့ ……… ထားတော့ ။ […]