yannaingechJune 8, 20101min822
နေရာတကာ စွာတဲ့ အမေရိကန်က ထိုင်းနိုင်ငံကအကြောင်းတွေကြတော့ သိပ်မပြောပါ မိတ်ဆွေနိုင်ငံတွေက ဝင်ပါပြီးညှိလို့ရခဲ့တဲ့ ယူရေနီယံလဲမယ့် အီရန်ရဲ့အစီအစဉ်ကို အမေရိကန်က လက်မခံပါတဲ့ မွဲတေစုတ်ပြတ်နေပါတယ်ဆိုတဲ့ ပြုံးယမ်းကို ဟိုနေ့ကရုပ်သံမှာတွေ့တော့…ရန်ကုန်ထက်တော့ အသာကြီးပါလား


yannaingechJune 4, 20101min570
ပုသိမ်ကြီးမြို့နယ်မှာ ဝ၂-၅၈… နဲ့စတဲ့ ဖုန်းအသစ်တွေချထားပေးနေတယ်လို့ သိရပါတယ်။ ၄.၆.၂၀၁ဝ သောကြာနေ့က ဖုန်းကြိုးတွေ သွယ်တန်းနေတာ တွေ့ရတဲ့အတွက် စုံစမ်းကြည့်တဲ့အခါမှာ ပထမအသုတ် ဖုန်းအလုံး ၂ဝ အတွက် ကြိုးတွေ သွယ်တန်းနေတာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ဖုန်းတစ်လုံးလျှင် ကျပ် ၇၀၀၀၀ဝိ/- (ခုနစ်သိန်း) ခန့်ကျသင့်မှာဖြစ်ကြောင်းနဲ့ မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း ပြောပြပါတယ်။


yannaingechJune 3, 20101min851
အမေရိကန်သမ္မတဟောင်း ဘုရှ်တစ်ယောက် Facebook Account တစ်ခုဖွင့်လိုက်ပြီလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ Account ဖွင့်ပြီး နာရီပိုင်းအတွင်းမှာ လူ ၂၀၀၀၀(နှစ်သောင်း) ကျော်ဝင်ကြည့်ကြလို့ မစ္စတာဘုရှ်ရဲ့ Account ဟာ အတော်ပေါက်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူက Bush Clinton Haiti Fund နဲ့ Barbara Bush Foundation နှစ်ခုကို သူအကြိုက်ဆုံး ဝက်ဘ်ပေ့တွေဖြစ်တယ်လို့ရေးထားပါတယ်။ ကြားခံလူတစ်ယောက်နဲ့တင်ထားတဲ့ သူ့ရဲ့ ပထမဆုံးပို့စ် မှာ ၂၀၀၈ခုနှစ် သမ္မတရာထူး လွှဲပြောင်းပြီးတဲ့နောက်ပိုင်းမှာကတည်းက သူဟာ တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ရှိနေခဲ့ကြောင်း ရေးသားထားပါတယ်။ Account ဖွင့်ပြီးနာရီပိုင်းအတွင်းမှာပဲ လူအတော်များများက သူ့ဝက်ဘ်ပေ့မှာ ဆွေးနွေးချက်တွေရေးကြပါတယ်။ “ကျွန်တော်ကတော့ ဘုရှ်အစစ်က အမေရိကန်ပြည်သူတွေအတွက်တစ်ခုခုရေးတာကိုလိုလားပါတယ်။ ဒီမှာတင်ထားတာတွေအားလုံးက လူထုဆက်ဆံရေးတာဝန်ခံတစ်ယောက်က ဖြတ်တောက်စီစစ် ပြီးမှ တင်ထားတာတွေဖြစ်နေတော့ စိတ်ပျက်မိပါတယ်။ ကျေးဇူးပြုပြီး […]


yannaingechJune 3, 20101min570
ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရတာလည်း အထီးကျန်ဆန်လွန်းလှ ချိုရည်ငြိမ့်ညောင်းပေမယ့် မျိုးတူတို့ရင်ဘတ်နဲ့ မျောလွင့်ရတာလည်း ငါ့နိဗ္ဗာန်ဘုံရဲ့အဝေး ဒီပုံမျိုးနဲ့ဆို…မြင်းမိုရ်ကို ငါဖြိုနိုင်ပါ့မလား


yannaingechJune 2, 20101min590
ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာတွေကို စောင့်ကြည်တဲ့ Top500.org ရဲ့ ၂၀၁ဝ ဇွန်လစာရင်းအရ တရုတ်ဟာ ကမ္ဘာ့ဒုတိယအမြန်ဆုံး စူပါကွန်ပြူတာကို ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာပါပြီ။ ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပြူတာ Jaguar ကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်ပြီး သူ့ရဲ့ အမြန်နှုန်းက 1.75 petaflop/s ဖြစ်ပါတယ်။ တရုတ်ရဲ့ Nebulae ကတော့ 1.271 petaflop/s နဲ့ဒုတိယလိုက်ပါတယ်။ ယခင်က ဒုတိယအမြန်ဆုံး စူပါကွန်ပြူတာဖြစ်တဲ့ အမေရိကရဲ့ Roadrunner ကတော့ 1.04 petaflop/s နဲ့ တရုတ်ရဲ့နောက်ကို ရောက်သွားပါပြီ။ ဥရောပ တစ်တိုက်လုံးမှာ အမြန်ဆုံး စူပါကွန်ပြူတာဟာ 825.5 teraflop/s ပဲမြန်ပြီး ဂျာမနီမှာ ရှိပါတယ်။


yannaingechJune 2, 20101min540
ဂျပန်ဝန်ကြီးချုပ် ယူကီအိုဟာတိုယာမ တစ်ယောက်တော့ နှုတ်ထွက်သွားပါပြီ။ ကတိတစ်လုံးအတွက် သူရခဲ့တာတွေအားလုံးကို အဲဒီကတိတစ်လုံးအတွက် သူပြန်စွန့်လွှတ်လိုက်ပြီ။ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် အိုကီနာဝါကျွန်းက အမေရိကန်စစ်အခြေစိုက်စခန်းကို ဖယ်ရှားပေးပါ့မယ် ဆိုတဲ့ကတိကို သူပေးခဲ့တယ်။ ခုတော့ အဲဒီကတိကို သူမစောင့်ထိန်း နိုင်တော့။ အဲဒီတော့လည်း ရှစ်လတာကြာပြီဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူးကို သူစွန့်လွှတ်လိုက်ပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဘယ်ပါတီက ဘယ်သူတွေက ဘယ်လိုကတိတွေများ ပေးကြဦးမလဲ။ သူတို့ပေးတဲ့ကတိတွေကို သူတို့ စောင့်ထိန်းဖြည့်ဆည်း ပါ့မလား။ သူတို့ကတိမတည်နိုင်ကြရင် သူတို့ဘာလုပ်ကြမလဲ။ ပြည်သူတွေကရော သူတို့ကို ဘာလုပ်နိုင်ပါမလဲ…


yannaingechJune 1, 20101min420
ဘီဘီစီသတင်းမှာ ဖတ်မိတာလေးတစ်ခုပါ။ လူတွေကြောင့် ဖြစ်လာတဲ့ဆူညံသံတွေဟာ ငါးတွေကို ခြိမ်းခြောက်လာနေပြီလို့ဆိုပါတယ်။ ကမ်းလွန်ရေနံတူးရာကနေ ထွက်လာတဲ့အသံတွေ၊ ဆိုနာ၊ လှေသင်္ဘောတွေက ထွက်လာတဲ့အသံတွေရဲ့ ငါးတွေအပေါ်သက်ရောက်မှုတွေကို သိပ္ပံပညာရှင် တွေက လေ့လာခဲ့ကြပါတယ်။ တိတ်ဆိတ်တဲ့ရေအောက်ကမ္ဘာမှာ နေကြတယ်ဆိုပေမယ့် ငါးတွေဟာ အသံတွေကို ကောင်းစွာကြားနိုင်ပြီး အသံတွေဟာ ငါးတွေရဲ့ ဘဝမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ယနေ့အထိလေ့လာပြီးသမျှ ငါးတွေအားလုံးဟာ အသံတွေကို ကြားနိုင်ပါတယ်။ အချို့ငါးတွေက အတွင်းနား (inner ear) နဲ့ ကြားရပြီး အချို့ငါးတွေကတော့ သူတို့ ခန္ဓာကိုယ်ဘေးတလျှောက်မှာရှိတဲ့ဘေးလိုင်း (lateral line) တွေကနေ အသံတွေကို ကြားရပါတယ်။ ကြားနိုင်စွမ်းတွေကတော့ ငါးအမျိုးအစား အပေါ်လိုက်ပြီး ကွာခြားတာကိုတွေ့ရပါတယ်။ ယေဘုယျအားဖြင့် ငါးတွေဟာ အသံလှိုင်း ၃ဝ ဟာဇ် ကနေ ၁၀၀ဝ ဟာဇ်အထိကို […]


yannaingechMay 30, 20101min840
သူ့ငိုသံကြားမှ သင်ပျော်ရွှင်လိမ့်မယ် သူအပေါ့သွားတိုင်း သင်ဝမ်းသာလိမ့်မယ် သူအလေးသွားမှ သင်စိတ်အေးလိမ့်မယ် တစ်ညကိုလေးကြိမ် သူ့အတွက် သင်အိပ်ယာကနိုးလိမ့်မယ် နှစ်နာရီခြားတစ်ခါ သူ့ကို ကျွေးမွေးရမှ သင်စိတ်ချမ်းသာလိမ့်မယ်


yannaingechMay 29, 20101min872
ဆာဗာဒေါင်းနေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းမျက်နှာကို မတွေ့နိုင်တော့ဘူး ပရောက်ဇီကျွသွားပြီချစ်သူ။ အင်တာနက်ထဲမှာ မင်းအပြုံးတွေ မချိုနိုင်တော့ဘူး လိုင်းကျပ်နေတယ်ချစ်သူ။ အင်တာနက်ထဲမှာ မင်းအလှတွေ မလှပတော့ဘူး


yannaingechMay 8, 20101min78
အိုင်တီခေတ်ကြီးထဲမှာ ဘာအလုပ်လုပ်မလဲ။ ကျွန်တော်စဉ်းစားပြီး..ဆုံးဖြတ်လိုက်သည်။ အင်တာနက်ဆိုင်ဖွင့်မည်။ ဒီလိုနဲ့ဇာတ်လမ်းစပါသည်။ အင်တာနက်ဆိုင်ဖွင့်ဖို့ ဘာတွေလိုသလဲ။ အရင်းအနှီး၊ နေရာ၊ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ၊ ဆိုင်လေးတစ်ဆိုင်…. အရေးအကြီးဆုံးက အင်တာနက်လိုင်းတစ်လိုင်း။ အင်တာနက်ဆိုင်ဖွင့်ဖို့ဆိုတာက အင်တာနက်လိုင်းရှိမှဖြစ်မှာ။ အင်တာနက်လိုင်းက ဘယ်မှာသွားရှာရမလဲ။ ဘယ်သူက ရောင်းနေတာလဲ။ ဘယ်ဈေးနဲ့လဲ….။ လဲပေါင်းများစွာနဲ့ မန္တလေးမြို့ထဲ ကျွန်တော် ယောင်လည်လည်။ တစ်လလောက်အချိန်ပေးပြီး အချက်အလက်တွေ စုဆောင်းလိုက်တော့ ကျွန်တော်သိလာရသည်။ မြန်မာနိုင်ငံမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP နှစ်ခု ရှိတယ်တဲ့။ တစ်ခုက Myanmar Teleport(Yadanabon Teleport)၊ တစ်ခုက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)။ မြန်မာနိုင်ငံမှာ အင်တာနက်လိုင်း (၄) မျိုးရှိတယ်တဲ့ (ကျွန်တော်ဆိုင်မဖွင့်ခင် အချိန်က)။ ပထမတစ်မျိုးက ADSL လိုင်း။ လူသုံးများတယ်။ လိုင်းကောင်းတယ်။ အရင်းအနှီးကလည်း (၁၀) သိန်းကျော်ကျော်လောက်ပဲရှိတယ်။ ကြိုက်သွားပြီ။ အဲဒီလိုင်း […]