ရာမညMay 12, 20151min1919
    ဒုတိယမိပြန်လှည့်ခြင်းကို နားလည်ပေးပါသခင်   ခိုင်ထူးရဲ့သီချင်းလို မင်းလောက်ကိုယ့်အပေါ် ဘူမှကောင်းဘူး မင်းတျောက်ထဲသာ ကိုယ့်တွက်ကောင်းနိုင်ဆုံးအဖေါ်   တကယ်ဆိုရင် ကိုယ်ကပဲ စိတ်ခုနေတာ အများသူငါ ရန်ရှာမိတယ်လေ အေးအေး မနေတတ်တာ ဝါသနာပါ   သခင်ရယ် ခြေဦးလှည့်ခွင့်ရပလား ပြန်တူးကြည့်ခွင့်ရပလား သံယောဇဉ် ရထားက မခွါချင်ဘူးတဲ့သခင်ရယ်   မပေတော့ပါဘူး မမိုက်တော့ပါဘူး မတိုက်ခိုက်တော့ပါဘူး ဒုတိယနဲ့ နောက်ထပ်တခေါက်ပါပဲ သပြေပန်းနဲ့ကြိုပေးပါ ရေပန်းနဲ့ ဖြန်းပေးပါ အပြန်လမ်းမှာ လွမ်းနာကျခဲ့လို့ပါ   လေချုပ်ရဲမိုးပြောတာ အမြှောက်တွေပစ်ပါ အမြှောက်တွေပစ်ပါ တဲ့ ကျွန်တော်တစ်ခွန်းပဲပြောချင်တယ် ကျွန်တော်ပြဿနာမောင်မွှေးမဟုတ်ပါ သနပ်ခါးပေးပါ မိတ်ကပ်ပေးပါ မျက်နှာပြောင်နေလို့ ရှိသေးရင်နဲနဲပေးပါ ။             […]


ရာမညMarch 4, 20151min16811
သူငယ်ချင်းရေ – – – မင်းတို့က ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေပေါ့ကွာ ငါတို့ကတော့ ကျောင်းဆက်မတက်နိုင်တဲ့ မင်းတို့အရွယ်တူကျောင်းသားမဖြစ်နိုင်တော့သူတွေပါ – – – ကံကြမ္မာက ဒို့တွေကို စည်းခြားထားတော့ ဒီအချိန်မှာ သပိတ်မှောက်ကျောင်းသားနဲ့ သပိတ်တပ်ကိုတားရတဲ့သူတွေအဖြစ်နေကြတယ် – – – ငါတို့ ရင်ထဲကဆန္ဒအမှန်တွေကိုရော မင်းတို့မြင်နိုင်ရဲ့လားသူငယ်ချင်း – – – ငါတို့ရောပျော်နေမယ်ထင်သလားကွာ – – – မင်းတို့က မိဘတွေရဲ့ထောက်ပံ့မှုအောက်မှာ ပညာတတ်တွေဖြစ်ဖို့ကြိုးစားနေချိန်မှာ ငါတို့က ထမင်းကြမ်းတနပ်အတွက် ကင်းပတ်နေရတယ်လေ – – – မင်းတို့တွေဘွဲ့ရ ပညာတွေတတ်လာရင် မြင့်မားတဲ့ အခြေအနေတွေရနိုင်ပေမယ့် ငါတို့ကတော့ ဒီဘဝ ဒီမျှပါပဲ သူငယ်ချင်းရယ် – – – မင်းတို့တောင်းဆိုနေတာတွေ ငါတော့ညဏ်မမှီဘူးကွာ – – […]


ရာမညFebruary 16, 20151min1529
ယမန်နေ့မနက်မှစ၍ ကျွန်ုပ်သည် ဆန္ဒပြသပိတ်မှောက် အဖွဲ့များအားလိုက်လံကြည့်ရှုရင်းဖြင့် ၈၈ သပိတ်မှောက်ကာလ၏ နောက်ပိုင်းကာလများကို ပြန်ပြောင်းသတိယမိလေတော့သည် ။ ထိုစဉ်က ကျွန်ုပ်သည် ဆယ်တန်းလေးနှစ်ကျပြီး အရွယ်ရောက်မှတ်မိသိရှိနေသည်ဖြစ်သောကြောင့် အတိတ်ဖြစ်ရပ်များကို ပြန်လည်တွေးတော စားမြုံ့ပြန်ချင်စိတ်ဖြစ်မိသည့်အားလျော်စွာ ဤစာကိုရေးသားရခြင်းဖြစ်လေတော့သည် ။ ၁၉၈၈ အရေးအခင်းကာလအစပိုင်းနှင့် အလယ်ပိုင်းများမှာ လူအများသိရှိသည့်အားလျော်စွာ ကျွန်ုပ်အနေဖြင့် မပြောလိုတော့သည်ဖြစ်၍ သပိတ်ကာလ နောက်ပိုင်းအခြေအနေကိုသာ ပြန်လည်ရေးသားချင်မိလေသည် ။ ဤသို့ဆိုရာတွင် ကျွန်ုပ်ရေးသားဖေါ်ပြအံ့သောဖြစ်ရပ်များမှာ ကျွန်ုပ်ပါဝင်ပါတ်သက်သော ဝန်းကျင်သာဖြစ်၍ အားလုံးထပ်တူကျသည်ဟု မဆိုလိုပေ။ ကျွန်ုပ်၏အတွေ့အကြုံများကိုသာ ဦးစားပေးရေးသားတင်ပြမည်ဖြစ်ပေတော့သည် ။ ၁၉၈၈ ဩဂုတ်လ၏ စတုတ္ထပါတ်တမနက်၌ ………… ကျွန်ုပ်သည် အိပ်ယာမှထလျှင်ထခြင်း အိမ်ရှေ့တွင် အထုတ်တထုတ်ကို တွေ့မိလေသည် ။ အဆိုပါအထုတ်အား အဆောတလျှင် ဖွင့်ကြည့်ပြီးသည်နှင့် ကျွန်ုပ်မှာလွန်စွာဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ်တုန်နေတာ့သည် ။ ၎င်းအထုတ်မှာ […]


ရာမညDecember 28, 20141min16210
^^^ အမျှ – – အမျှ ^^^ သူငယ်ချင်း …. မင်းသိလေမလား ငါတို့ဘာသာ ယူ ဝါဒမှာ ပေးဝေအမျှ ကြားပါကမူ စိတ်ကတူစွာ သာဓုသာဓု အာရုံပြုမူ သဘောတူမျှ ညီညွတ်ကြလျှင် ကုသိုလ်ရှင်လို ရသတဲ့ ။ သူငယ်ချင်း …….. မင်းသိလေမလား ဒို့များနေရာ ဒို့ပြည်ရွာတွင် ထောင် မှာချုပ်ထား ရာဇဝတ်သားသည် အများသိမှု မှတ်သားပြုလေ လူပေ လူဆိုး သူခိုး ဓါးပြ ထို ဗာလတို့ အကုသိုလ်များလုပ်သတဲ့ ။ သူငယ်ချင်း……. မင်းသိလေမလား ရောင်နီကွယ်ပျောက် ညကိုရောက်လျှင် ညစဉ်မပြတ် ထပ်ထပ်ရွတ်ဆို ကြည်ညို ဖွယ်တမ်း အချုပ်ခန်းက အမျှ အမျှ ပေးဝေငှသံ ကြားရပြန်သော် ကြံဖန်တွေးသိ ကျောချမ်းမိသည် […]


ရာမညDecember 24, 20141min23820
^^^ အွန်လိုင်းနှင့် ဆက်နွယ်သော မှုခင်းများ ^^^ မှုခင်းဟုဆိုရာတွင် တည်ဆဲဥပဒေအရပြဌန်းထားသောကျူးလွန်မှု ဖေါက်ဖျက်မှုများကိုဆိုလိုပါသည် ။ ( အဆိုပါဥပဒေများ ကန့်သတ်ချက်စည်းမျဉ်းစည်းကမ်းများက်ို ဝေဖန်ခြင်းမဟုတ်ပါ ) ယနေ့ မြန်မာပြည် အရပ်ရပ်တွင် တယ်လီဖုန်းများ အလွယ်တကူအသုံးပြုနိုင်ပြည်ဖြစ်သောကြောင့် အင်တာနက် ဝန်ဆောင်မှုများလည်း လွယ်ကူစွာသုံးနိုင်လာပြီဖြစ်သည် ။ အသုံးပြုသော အခြေအပေါ်မူတည်၍ အကျိုးအပြစ် ကွဲပြားသည်မှာ ထင်ရှားပါသည် ။ အများစုအသုံးပြုနေသည်မှာ ထူးခြားသောကစားစရာတခုသဖွယ် ကိုင်တွယ်၍လည်းကောင်း ၊ အသစ်အဆန်းနည်းပညာတစ်ခုသဖွယ် ကစားခြင်းဖြင့်လည်းကောင်း ၊ လူမှုဆက်သွယ်ရေးဆိုင်ရာ ကြားခံဝန်ဆောင်မှုတခုအဖြစ်လည်းကောင်း သုံးစွဲလာကြသည် ။ ထိုကဲ့သို့ သုံးစွဲလာရာတွင် Facebook ယဉ်ကျေးမှုတော်လှန်ရေးအဖြစ် ပြောင်းလဲလာသည်ဖြစ်သောကြောင့် ကြီးငယ်မရွေး ဖေ့စ်ဘွတ်အကောင့်များနှင့် အွန်လိုင်းပေါ်တွင် ပျားပန်းခတ်မျှ စည်ကားနေသည်ကို မြင်ရမည်ဖြစ်သည် ။ အဆိုပါ ဖေ့စ်ဘွတ်သည် မိမိကိုယ်ပိုင်စီမံပိုင်ခွင့်ရှိသော […]


ရာမညOctober 25, 20141min1608
သာယာသောနံနက်ခင်းတစ်ခု၌ … ကျွန်ုပ်သည် မှုခင်းဆိုင်ရာမှတ်တမ်းများအား ပြန်လည်ဖတ်ရှုနေရင်း လွန်စွာမှ ငြီးငွေ့လာသည်ဖြစ်၍ ကုလားထိုင်နောက်မှီအားမှီအုံးလျှက် အနားယူနေစဉ် …… ” ဆရာ … မနေ့က လုယက်မှုတရားခံတွေက်ိုဖမ်းလာပါပြီ ” ဟု ကြားလိုက်ရသည်တွင် ကျွန်ုပ်၏ အနားယူခြင်းအလုပ်သည် နိတ္ထိတံ သွားလေတော့၏ ။ ” အေးအေး … ခေါ်လာခဲ့ကွာ တခါတည်း အမှုစစ်ကြစို့ ” ကျွန်ုပ်သည် အမှုတည်ဆောက်ရန်အလို့ငှါ ထွက်ဆိုချက်များမှတ်သားရမည်ဖြစ်၍ ခဲတံ ဘောပင်နှင့် လျှောက်လွှာစာရွက်များ ပြင်ဆင်လိုက်လေတော့သည် ။ ကျွန်ုပ်ခေါင်းငုံ့၍ အလုပ်ရှုပ်နေစဉ်တွင် တရာခံဖြစ်သူအား ကျွန်ုပ်ရှေ့ထိုင်ခုံတွင်ထိုင်ခိုင်းထားပြီဖြစ်ရာ ကျွန်ုပ်မော့ကြည့်မိသောအခါ များစွာ စိတ်ညစ်ညူးမိလေတော့သည် ။ အကြောင်းမှာ – တရားခံဟု ယူဆ၍နယ်ထိန်းအဖွဲ့မှဖမ်းဆီးလာသောသူသည် မိန်းမလျာ (အခြောက်မ) တစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်လေတော့သည် ။ ကျွန်ုပ်မှာ […]


ရာမညJuly 15, 20141min331
^^^ ကျွန်ုပ် နှင့် စန်းစန်းတင့် ^^^ ကျွန်ုပ် ၏ ဝတ္ထု ထဲမှ စန်းစန်းတင့်သည် အကြော်သည် ဇတ်ဇတ်ကျဲ မဟုတ်မခံ ၊ ဟုတ်လည်းမခံ ပြန်ပြောတတ်သော ဇရိုက်အား ပမာပြုထားသော ဇတ်ကောင်တစ်ဦးသာဖြစ်သည် ။ ယခုအခါတွင် စန်းစန်းတင့်ဟူသောနာမည်ဖြင့် တစုံတဦးသည် မန္တလေးဂေဇက်အတွင်း ပြဿနာဖြစ်စေသော ကွန်မန့်များရေးသားတိုက်ခိုက်နေသောကြောင့် ကျွန်ုပ်၏ဇတ်ကောင်နှင့် မည်သို့မျှမပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။ ထို့အတူ အဆိုပါဇတ်ကောင်ကို ဖန်တီးသောကျွန်ုပ်နှင့်လည်း မည်သို့မျှ မပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။ ကျွန်ုပ်ဝတ္ထုထဲမှဇတ်ကောင်နာမည်ကို ယူသုံးပါသည်ဟုဆိုထားပြီးဖြစ်သောကြောင့် ၎င်းစန်းစန်းတင့် အနေဖြင့် ကျွန်ုပ်နှင့် မန်ဘာများအကြား အထင်လွဲမှားစေရန်ပြုမူသည်ဟု ယူဆဖွယ်ရှိနေပါသည် ။ ထို့ကြောင့် စန်းစန်းတင့်ဟူသော အကောင့်ပိုင်ရှင်အား အခြားနာမည်သို့ပြောင်းလဲစေချင်ကြောင်း ကျွန်ုပ်မှ ဆန္ဒပြုပါသည် ။ (စန်းစန်းတင့်နှင့် မန်ဘာများအားသိစေလိုသဖြင့်ရေးသားသည်ဖြစ်၍ […]


ရာမညJuly 12, 20141min21214
မိုးသဲသောနေ့တစ်နေ့၌ ကျွန်ုပ်နေထိုင်ရာဖြစ်လေသော ဆင်ခြေဖုန်းရပ်ကွက်လေးသည် ရေလွှမ်းခြင်းတို့ဖြင့် ရုတ်ရုတ်သဲသဲဖြစ်လေသည် ။ ကျွန်ုပ်၏အိမ်မှာ အနည်းငယ်မြင့်နေ၍လည်းကောင်း ၊ ကုန်းမြင့်ပိုင်းတွင်ရှိနေသောကြောင့်လည်းကောင်း ရေဘေးဒုက္ခမှ ဝေးခဲ့သည် ။ သို့သော် ရပ်ကွက်အတွင်းရှိ လူပေါင်းများစွာ၏ ဖြစ်ရပ်များကိုမူ တွေ့မြင်နေရလေတော့သည် ။ ကျွန်ုပ်အိမ်၏မျက်စောင်းထိုးလောက်တွင် အကြော်သည် မိစန်း နေထိုင်သည် ။ ကျွန်ုပ်၏ ခြေရင်းဖက် တစ်အိမ်ကျော်တွင်မူ ဆိုက်ကားဆရာ ဂျိုပိန် နေထိုင်လေသည် ။ ကျွန်ုပ်အိမ်ခေါင်းရင်ပိုင်းတွင် သာဂဒိုး ဟုခေါ်သော အထူအပါးနားမလည်သော သူတစ်ဦးနေလေသည် ။ ယခု စာပါအကြောင်းအရာတို့မှာ ထိုသူတို့၏ ဖြစ်ရပ်များကိုရေးသားဖေါ်ပြမည်ဖြစ်သဖြင့် ၎င်း တို့၏စိတ်နေသဘောထားကို ဦးစွာဖေါ်သင့်ပေသည် ။ ဂျိုပိန် ^^ ဂျိုပိန် ဟု နာမည်တွင်သည့်အတိုင်း လွန်စွာ ပေကပ်ကပ်နိုင်လေသည် ။ အကြောင်းအရာတစ်ခု ပေါ်လာပြီဆိုပါက […]


ရာမညJune 29, 20141min57545
^^^ ဂေဇက် ပြဿနာကို ဆန်းစစ်ခြင်း ^^^ ကျွန်ုပ်သည် မကြာခဏဆိုသလို ဂေဇက်ရွာတွင်း ဝင်ရောက်လေ့ရှိသူဖြစ်သည့်အားလျော်စွာ ဖြစ်ပျက်ခဲ့သည်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့လေသည် ။ ယမန်နေ့က ဖြစ်ပွါးခဲ့သောပြဿနာတို့၏အစမှာ လွန်လေပြီးသောရက်များစွာက စခဲ့ခြင်းဖြစ်လေသည် ။ ဤစာစုတွင် ကျွန်ုပ်၏အမြင်ကိုသာ သီးသန့် တင်ပြမည်ဖြစ်သကဲ့သို့ စာဖတ်သူ မန်ဘာများမှလည်း လွတ်လပ်စွာ ဝင်ရောက် ပြောဆို ဆွေးနွေးနိုင်ပါသည် ။ မည်သူ၏ မှတ်ချက်ကိုမှဖျက်မည်မဟုတ်ပါ ဟုအာမခံပါသည် ။ မေတ္တ ာရပ်ခံလိုသည်မှာ ဤဂရုတွင်ရှိသော အက်ဒမင်များမှ ဖျက်ခြင်း ပြင်ခြင်းများက ိုသဘောထားကြီးစွာဖြင့် မပြုလုပ်စေလိုပါ ။ ၁။ မန်ဘာသစ်များဝင်ရောက်လာခြင်း မန်ဘာသစ်များ ဝင်ရောက်ခြင်းကို ဝမ်းသာကြရပါမည် ။ အသစ်ဖြစ်သည့်အားလျော်စွာ အားတက့်ပီးလျှင် ပို့စ်များစွာတင်တတ်သည် ။ သို့သော် ယခု အသစ်များသည် ပို့စ်တင်လိုသည့်စိတ်သာရှိပြီး […]


ရာမညMarch 19, 20141min1428
  ပူပြင်းခြောက်သွေ့သော နွေရာသီနေ့လည်ခင်း၌…… ကျွန်ုပ်သည် မယ်မယ်ရရ အလုပ်မရှိသည့်အားလျော်စွာ ရှေးဟောင်းနှောင်းဖြစ်များကိုတွေးတောနေခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့လေသည် ။ ကျွန်ုပ်အား မည်သည့်အခါတွင်မျှ မမေ့စေသောဖြစ်ရပ်တစ်ခုသည်ကား အဆိုပါ ပူလောင်လှသောနွေဥတုတစ်ခုတွင် ဖြစ်ခဲ့ဖူးလေသည် ။     ထို အကြောင်းများကို ပြန်လည်ပြောရမည်ဆိုပါက စိန်ကြီး ဟူသောဓားပြတစ်ဦးအား လိုက်လံဖမ်းဆီးခဲ့စဉ်က အစပြုရပေမည် ။ တချိန်က စိန်ကြီး ဟုအမည်ရသည် ့ဓားပြ တစ်ဦးရှိခဲ့ဖူးလေ၏ ။ ထို စိန်ကြီးသည် အလွန်မိုက်၏ ။ အထူးထူးသော အတတ်တို့ကိုလည်း တတ်ကျွမ်း၏ ။ တခါတရံတွင် လွန်စွာမှ သနားညှာတာတတ်၏ ။ ထို့အတူ ကတိသစ္စာ လည်းလွန်စွာတည်၏ ။ သို့သော် ပြိုင်ဘက်ရန်သူအား လွန်စွာရက်စက်တတ်သူဖြစ်သည် ။     သူနှင့် […]


ရာမညMarch 7, 20141min57339
^^^ ဒါဒို့လယ် .. ဒါဒို့လယ် … ဒို့ … ပိုင်တဲ့လယ် ^^^   စိတ်မပူပါနဲ့ဖေဖေ သစ်တပင်ကောင်းရင် ငှက်တစ်သောင်းခိုနိုင်ပါတယ် လယ် တစ်ကွက်ကောင်းရင်လည်း ကြွက်တစ်သောင်းစားနိုင်ပါတယ် စိုက်တတ် ပျိုးတတ် လယ်ထွန်တတ်ဖို့ အဓိကပါ အဖေ ……   စိတ်မပူပါနဲ့ဖေဖေ ယောက်ကျားတိုင်းလယ်ထွန်တတ်ပေမယ့် မြေညက်အောင် ပြင်တတ်တာမဟုတ်ဘူး ဘယ်သူ ထွန်တာအကောင်းဆုံးဆိုတာ ပြိုင်ပွဲတွေကျင်းပပြီး သမီးရွေးမှာပေါ့ တသက်စာခိုင်းစားဖို့တွေးထား အများထဲကတစ်ယောက် ခေါင်းခေါက်ရွေးမှာပေါ့ အဖေ ………   စိတ်မပူပါနဲ့ဖေဖေ ဒီခေတ်မှာ တစ်လက်ကိုင်ဆိုတာ ဘေးထိုင်သွားပါပေါ့ တစ်ယောက်မကောင်းရင်တစ်ယောက်ပြောင်းမယ် လယ် ကောင်းဖို့ အထွက်တိုးဖို့ လယ် ထွန်သူ ဘယ်လိုစွမ်းသလဲ ရမ်းသမ်းပြီးစိတ်မှန်းနဲ့ ရွေးတဲ့ခေတ်မဟုတ်ပါ men may come and men […]


ရာမညMarch 1, 20141min18221
  ဆောင်းအကုန်နွေအကူး ဆပ်ဆလူးထခါစကာလတစ်ခု၌……… ကျွန်ုပ်နှင့် မိတ်ဆွေကြီးဖြစ်သူ ကိုမြင့်ကျော်တို့သည် ပါရမီလမ်းရှိကောင်းသန့်လက်ဘက်ရည်ဆိုင်တွင်ထိုင်လျှက် ရောက်တတ်ရာရာ များပြောနေမိကြလေသည် ။ ကျွန်ုပ်မှ   ” ကိုမြင့်ကျော်ရေ ကျုပ်ဖေ့စ်ဘုတ်မှဂရုတစ်ခု ဖွဲ့ထားတယ်ဗျ ခင်ဗျားအားရင်လည်း စာလေးပေလေး ဝင်ရေးဦးလေဗျာ ”   ကိုမြင့်ကျော်မှာ အံ့ဩသွားဟန်ဖြင့် မျက်ခုံးတစ်ချက်ပင့်ပြီးလျှင်   ” ဘယ်လိုလဲ အိုင်အိုကြီးရဲ့ ခင်ဗျား စာရေးဆရာများလုပ်တော့မှာလားဗျ ”   ” ကျုပ်ကတော့ ဝါသနာပါလို့ပါဗျာ ရေးစရာကလည်း ခင်ဗျားနဲ့လိုက်ခဲ့တဲ့အမှုတွေပဲရေးနေမိတာပါပဲ အခုတော့ အခြားဝါသနာတူတွေ စာရေးစာဖတ်လုပ်ဖြစ်အောင်လို့စာရေးစာဖတ် အဖွဲ့ဆိုပြီးဖွဲ့ထားတာပါ ”   ” အက်ဒမင်က ဘယ်သူလဲဗျ ”   ” အခုကျုပ်တစ်ယောက်တည်း ဖြစ်နေလို့တိုင်ပတ်နေတာပေါ့ ကိုမြင့်ကျော်ရယ် … အကြံညဏ်လေးပေးပါဦးဗျာ ဂရုထဲမှာ […]


ရာမညJanuary 22, 20141min19525
   အယ်​ဒီတာနှင်​့ ရွာသူရွာသားများခင်​ဗျာ ကျွန်​​တော်​တစ်​ခုခွင်​့​တောင်​းပါရ​စေ။ ကျွန်​​တော်​များတည်​​ထောင်​ထား​သော စာ​ရေး/စာဖတ်​ဝါသနာရှင်​များ ဂရုတွင်​ မနိးတ​လေး​ဂေဇက်​မှ ကဗျာများစာမူများကို မျှ​ဝေခံစားတင်​ပြလိုပါတယ်​ခင်​ဗျာ ။ ခွင်​့ပြု /မပြု သိလိုပါတယ်​ခင်​ဗျာ ။ ခွင်​့မပြုနိုင်​​သော စာမူရှင်​စာ​ရေးသူများမှ ဤပို့စ်​တွင်​လာ​ရောက်​ကွန်​မန်​့​​ပေး​စေချင်​ပါတယ်။ ကျွန်​​တော်​များဂရုတွင်​ ကူယူတင်​ပြပြီး​သော်​လည်​း ခွင်​့မပြုပါက ပြန်​လည်​ဖျက်​​ပေးပါမယ်​ ။ မူရင်​းစာ​ရေးသူနဲ့ မူရင်​းဝဘ်​ဆိုက်​ကိုလည်​း ​ဖော်​ပြပါ့မယ်​ခင်​ဗျာ ။ ရာမည