yawaiMay 25, 20121min1588
တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီ နိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့ အရင်ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။ သူတို့နဲ့ သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိ မဲဆန္ဒနယ်မှ ပြည်သူတွေ […]


yawaiMay 23, 20121min19012
ကျွန်တော် အိမ်မှာ desktop လေးကို ကျွန်တော့် ၂သိန်းတန်ဖုန်းနဲ့ ကြိုးချိတ်ပြီး အင်တာနက်သုံးနေတာပါ။ ဖြစ်ချင်တော့ မနေ့က ကျွန်တော်ချိတ်တော့ အင်တာနက်လိုင်းက unknown source ဖြစ်နေတယ်။ window7 ပြောင်းတင်ကြည့်လည်း မရဘူး။ ခုတော့ ဖွတ်မရ ဓားမဆုံး ဖြစ်နေရပါတယ်။ ခုတလော စာမေးပွဲနီးတော့ အင်တာနက်ဆိုင် အိမ်က မလွှတ်ပါဘူး။ ကျွန်တော့် ဘလော့လေးကို အဲ့ဒီ့ ကွန်နက်ရှင်လေးနဲ့ အသက်ဆက်နေရတာပါ ခုတော့ ဖုန်းအင်တာနက်လိုင်းက desktop မှာ မရတော့ဘူး ဖြစ်နေတော့ ကျွန်တော့် ဘလော့လေး သေရပါတော့မယ် ကူညီကြပါဦး ခင်ဗျာ။ ဘယ်လိုပြန်လုပ်ရမလဲဆိုတာ သိတဲ့ လူများရှိရင် ကူညီကြပါဦးခင်ဗျာ။ သေခါနီးဘလော့ပိုင်ရှင် မောင်ရဝေ သေခါနီးဘလော့ကို ဝင်ကြည့်ချင်တယ်ဆိုရင် http://yawaitun.blogspot.com


yawaiMay 22, 20121min37935
ပါပါရာဇီဆိုတာနဲ့ လေဒီဂါဂါသီချင်းများ ပြေးမြင်နေကြမလားပဲ။ ဒါမှမဟုတ်ရင်လဲ ဇာတ်လမ်းတွေထဲမှာ မြင်နေကြရတဲ့ စိတ်ရှုပ်စရာ သတင်းထောက်တွေလို့ပဲ မြင်နေကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကွက်လေးတွေကို ကျွန်တော့်မိတ်ဆွေများကို ဖောက်သည်ချပေးချင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အနုပညာရှင်ကြီးတွေနဲ့ ရာထူးကြီး ဝန်ထမ်းတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ထိုသူများရဲ့ အညှီအဟောက် သတင်းတွေကိုပစ်မှတ်ထား ရှာဖွေကြတတ်တယ်။ ဒီတော့ သူတို့နိုင်ငံက လူတွေ ဘာလုပ်လုပ် ချက်ချင်းပျံနှုံ့ကုန်တာပေါ့။ မဟုတ်တာလုပ်ရင်လဲ မဟုတ်တာက ချက်ချင်းပေါ်တာပဲ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ရွန်းနေ နိုက်ကလပ်မှာ စော်လေးတွေနဲ့ နမ်းနေတဲ့ပုံတွေကို သူတို့တွေဖော်ထုတ်ခဲ့တာကို တွေ့လိုက်ရတယ်။ ကောလင်း ဘယ်လို အသုံးအဖြုန်းကြီးတယ်ဆိုတာလဲ သူတို့ဝေဖန်ကြတာပဲ။ အိုဘားမားဆေးလိပ်ဖြတ်တာလဲ သူတို့ ရှာဖွေတင်ပြကြတယ်။ ဒီတော့ သူတို့နိုင်ငံမှာက ပါပါရာဇီတွေကို နာမည်ကြီးကြသူတိုင်း သတိထားနေရတယ်။ ရိုင်ယန်ဂစ်ဖောက်ပြန်တဲ့ သတင်းတွေ […]

New-Microsoft-Office-Word-Document_Page_21.jpg

yawaiApril 2, 20121min86
ဒီစာကို ရေးဖို့ ကျွန်တော် တော်တော်ကြိုးစားလိုက်ရတယ်။ ယောက်ျားတစ်ယောက် အနေနဲ့ ယောက်ျားတွေ အပေါ်မှာများ သစ္စာဖောက်မိနေမလားဆိုတဲ့ အတွေးက ကျွန်တော့်ကို ဒီစာရေးဖို့ အတားအဆီးဖြစ်နေခဲ့တယ်။ ဒါပေမယ့် မိန်းကလေးတွေ အပေါ်မှာ ယောက်ျားတစ်ယောက် အနေနဲ့ ညှာတာရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားကြောင့် ရေးလိုက်မိတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ ပြောနေကြတဲ့ စကားတစ်ခုရှိပါတယ်။ ယောက်ျားဆိုတာ ဗူးရင် ဗူး၊ မဗူးရင် ဒူးရောတဲ့။ ဟုတ်ပါတယ် ကျွန်တော်လဲ နှာဗူးပါပဲ။ နှာဗူးဖြစ်တဲ့အတွက်ကြောင့်ပဲ ဒီစာအတွက် အဖြစ်အပျက်ကို ရလိုက်ပါတယ်။ ဒါပေမယ့် အောက်မှ ဖော်ပြမယ့် နှာဗူးကတော့ တော်တော်မှ တော်တော့်ကို အဆင့်မရှိတဲ့ အုတ်ကျားမြက်ပေါက် အောက်တန်းစား နှာဗူးပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ ၃ရက်လောက်က […]


yawaiMarch 1, 20121min1277
ကော်ပီ အကြောင်း မပြောရခင် ကျွန်တော်အကြောင်း အရင်ပြောပါရစေ။ ကျွန်တော်က ဂီတကိုလဲ သဘောကျတယ် အထူးသဖြင့် ကျွန်တော် Hip Hop အရမ်းကြိုက်တယ် အဲ့တော့ ထွက်သမျှ Hip Hop အခွေအကုန်လုံး မဟုတ်တောင် တော်တော်များများ ဝယ်ဖြစ်တယ် Master ခွေပေါ့။ အဲ့ဒီမှာပဲ ပြဿနာက တက်ပါတယ်။ တခွေကိုကို ၁၆၅ဝပါ။ ဒီနှစ်ဦးပိုင်းမှာ ကျွန်တော် ဝယ်ထားဖြစ်တာက ဂျောက်ဂျက် အမ်တီဗီ၊ ကျော်ထွဋ်ဆွေရပ်ကွက်ထဲက အရူး၊ ဇေရဲရဲ့ လေးစားမှု ဒီသုံးခွေ ဝယ်ဖြစ်ပါတယ်။ အဲ့ဒီ့အခွေတွေထဲမှာ ပါတဲ့ သီးချင်းအားလုံးရဲ့ တစ်ဝက်လောက်က UG အနေနဲ့ထွက်သားပြီးထားပါ။ ဒီတော့ အဲ့အခွေတွေ ဝယ်ရတဲ့ အခါမှာ ကျွန်တော် အရမ်းနှမျောတယ်။ သီချင်းတွေကိုလဲ အကုန်မကြိုက် ဒီကြားထဲ နားထောင်ပြီးသားတွေကလဲ […]