မင်္ဂလာပါ ပိတ်သတ်ကြီး ….။ ပွင့်လင်းမြင်သာစွာနဲ့ ဒဲ့ဂွင်ရိုက်တဲ့ ခေတ်မှာ … ၁၅၀ဝ ဆိုတဲ့ တန်ဖိုနည်း ဖုန်းကဒ် ၁သန်း ထွက်လာပါဘီ ခင်ညာ …။ အဲ ပြောစရာရှိတာကတော့ ၃သိန်း ၅သောင်းသာ ရှေ့ကိုထွက်လာပီး ကျန်တာကတော့ … ကျန်တာကတော့ ပိတ်သတ်ကြီး သိတော်မူတဲ့ အတိုင်းပေါ့ … အကြောင်းပြကတော့ ဈေးကွက်ထဲမှာ မတန်တဆ အမြတ်တင်ပီး ရောင်းချမယ့် သူတွေကို ထိန်းသိမ်းရန် အလို့ငှာပေါ့။ ထားပါလေ ဒါက သူရို့ကိစ္စ ကျနော်တင်ပြချင်တာကတော့ ပိတ်သတ်ကြီးတို့ ပတ်ဝင်းကျင်မှာ CDMA 800 လို့ခေါ်တဲ့ CDMA 2000 1x , 800Mhz EVDO ဖုန်းဟမ်းဆက်တွေ ဝယ်ကိုင်မဲ့သူတွေ ရှိပါက သိစေရန်ငှာ ကျည်ကွယ် မျက်ကွက်ကနေ ဆြာဂျီးလုပ်ပီး လက်ကမြင်း လိုက်ပါတယ် ခင်ညာ […]


ပထမဦးဆုံး ပြောချင်တာက သူမတို့ ၂ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်ဘဝ ပထမတကြိမ် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းကနဲ့ အခု နောက်ဆုံးအကြိမ်မှာဘဲ ….. သူမတို့ နှစ်ယောက်စလုံးက ချစ်ခြင်း မေတ္တာတရားဆိုတာ ကျနော်နဲ့ကျနော့် အတ္တအတွက် လုံးဝ(လုံးဝ) မအပ်စပ် မသင့်တော်ဘူး ဆိုတာကို သိနားလည်အောင် သင်ပြပေးသွားလို့ပါဘဲ။ ဒုတိယ အနေနဲ့ကတော့ ကျနော်ဟာ ချစ်တတ်သူတယောက်ပါလို့ ကြွေးကြော်နေခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်ထက် တပါးသူကို ပိုပြီး မချစ်တတ်ဘူးဆိုတာကို နားလည်သွားလို့ပါဘဲ။ တတိယ အနေနဲ့ကတော့ ဒီအတ္တတွေ ဖုံးလွှမ်းနေတဲ့ ကျနော်ဆိုတဲ့ လူတယောက်ဟာ တနေ့နေ့တချိန်မှာဖြင့် ဆိုတဲ့ မျှော့်လင့်ခြင်းမျိုးနဲ့ ထပ်မံစောင့်ဆိုင်းဖို့ ကျနော့်ရဲ့ နှလုံးသားဟာ ……….။ ကျနော် မငိုတတ်ပါဘူး … ဒါပေမဲ့ ……… သူများတွေ အသည်းကွဲရင် ဟတ်ဟတ်ပတ်ပတ် […]


၃၁ရက်နေ့ ညဘက် ၁၂နာရီကျော်လောက် ထင်ပါတယ်။ မြို့ထဲက အိမ်အပြန်ခါနီး ကောင်းကင်မှာ ပျံသန်းနေတာ တွေ့လို့ အလျင်စလို ရိုက်ထားလိုက်တာ။ (၁) ရက်နေ့က တင်မလို့ အေပရယ်ဖူးတယ် ထင်မှာစိုးလို့ …. တကယ် မြင်လိုက်တာ … ယုံတာ မယုံတာကတော့ တပိုင်းပေါ့   အစကတော့ ကိုယ့်ဟာကို ဖွဘုတ်ပေါ်တင်မလို့ .. ရွာထဲကလူတွေ သိစေချင်တာနဲ့ တင်ပေးလိုက်ပါ၏ …..။


ဘာရယ် ညာရယ် ဟုတ်ပါဝူး … တမြန်နေ့ကမှ ဘော်ဘော်ကွိကွ တယောက်နဲ့ ညနေအားလို့ သူ့စက်ရုံ သေးသေးလေး သွားလည် ဖြစ်တယ်။ သူက ဖုန်းသေးသေးလေးတွေ ထုတ်ပီး အိတ်စပို့ထ် လုပ်တယ်။ အမြတ်မများပေမဲ့ သူ့ဈေးနှုန်းက အများသင့်တာမို့ တော်တော်တော့ ရောင်းရရဲ့ ၂၀၀၈တုန်းကတော့ တရုတ်ကိုကာကိုလာနဲ့ အလုံးရေ ၁သိန်း စာချုပ်ဖြစ်တယ် ဆိုဘဲ။ ကျနော်တောင် အဲ့တုန်းက ကိုကာကိုလာ တံဆိပ်မရိုက်ရသေးခင် လက်ဆောင်တလုံးရဖူးတယ် ….။ ခုလဲ တလုံး ဂုံးဆင်းလာခဲ့တယ်။ ကွမ်းထုံ ၊       ၊ နီ အခု ဒါတွေ ဘယ်ပို့မှာတုန်း။ ချိန်ဟန့် ၊       ၊ ဒါတွေကို တောင်အာဖရိကနဲ့ ဗီယက်နမ် ပို့မှာ။ ကွမ်းထုံ ၊       […]


ဖြောက် …. ဖောက် ….. ဖြောက် … ဖြောက် အင့်….ကနဲ တချက်လူးလွန့်ရင်း ကိုရင်အောင်ဆိုးတယောက် ပုဆိုးခြုံအတွင်းမှ ကွေးထားသော ဒူးနှစ်လုံးကြား အနွေးဓာတ်အလို့ငှာ ယှက်သွားထားသည့် လက်အစုံကို အသာဆန့်ထုတ်၍ နှံဘေးနားက မျက်မှန်ကို တပ်လိုက်သည်။ဝေလီဝေလင်း အချိန်မို့ထင် ရွာထိပ်မီးကင်းတဲလေး၏ တံစက်မြိတ်မှ နှင်းရည်တို့ တဖောက်ဖောက် ကျနေသည်မှာ စည်းချက်ညီညီ။ နွေဦးနံနက်ခင်းတွင် ကိုရင်အောင်ဆိုး တယောက် အဝေးမှ ပြန့်လွင့်လာသော ကြီးဒေါ်အေး အိမ်မှ ကြေးစည်သံသဲ့သဲ့ကို ခေတ္တမျှ အာရုံစိုက်လိုက်ရင်း ပါးစပ်မှလဲ ခပ်ဖွဖွ သာဓု၂ကြိမ်ခန့် လိုက်ခေါ်မိသည်။ လေနုအေးနှင့်အတူ ထင်းမီးခိုးနံ့သင်းသင်းကို ရှူရှိုက်လိုက်ရင်း ဒါဆို ရွာလည်နား သူကြီးအိမ်တောင်ဘက်က အမေပု၏ မုန့်ပျားသလက်ဆိုင်လေး ဖွင့်ပီဖြစ်ကြောင်း အတပ်သိလိုက်ပေသည်။ ကိုအောင်ဆိုးတယောက် ခပ်သွက်သွက်ထရင်း မီးညှောင့်ရိုးဘက် လည်နေသော ခါးပုံစကို ရှေ့သို့ဆွဲယူ လုံချည်ကို ထိုင်လျှက်ပြန်ဝတ်ပီးနောက် မီးကင်တဲလေး၏ ထုတ်တန်းနှင့် ခေါင်းမတိုက်မိစေရန် သတိကြီးစွာထားက မတ်တပ်ရပ်လိုက်သည်။ ရောင်နီစနှင့်အတူ နေခြည်ကဝင့်စွာ ထိုးနေပီမို့ အရင်လို မီးကင်းအောက်ဆင်း တိုင်ဘေးနားကပ်ကာ […]


ပတ်စဝေါ့ ကလည်းပျောက် ဒတ်စတော့ကလည်း ဖောက် ခပ်မျော့မျော့ ဘဝမှာ …… နောက်ဆုံးတိုင် သတိရနေလို့ နှုတ်ဆက် လိုက်ပါတယ် ….   အဟောင်း မဟုတ်ပေမဲ့ အကြောင်းချုပ်ရင် ….. ဒီသူတောင်းစုတ်ကလေးကို How? လို့ ကြိုဆိုနော် ကန်တော့ပွဲထိုးထားတယ် မမန့်လို့တော့ ဆန့်သွားမယ်မှတ် ဟင်း ….. ဟင်း :harr: :harr: :harr:


အတီအတေ ဘဝမှ သင်…မြင် သိ..ကြား ဆရာ့ဆြာ စတိုင်ယားများအား အမှုးထားရွေ့ သားတော် ယဲဆီ တင်ပြအပ်သည်မှာ …. အကြင်သူသည် သူတပါးအား နှိမ်ချခြင်းဖြင့်လည်း မိမိကိုယ်ကို ကြွားဝါနိူင်၏။ အကြင်သူသည် မိမိကိုယ်ကို နှိမ်ချခြင်းဖြင့်လည်း သူတပါးအား ကြွားဝါနိူင်၏။ အသင်သူသည် ….. သုတ မပါ ရသ မမြောက် စာခြောက်ခြောက်ဖြင့် ခရီးလည်း မသွား အပြီးလည်းမကြားဘဲ နီးနားသင့်ဖွယ် စာသွယ်သွယ်ကို ဟုတ်မှန်ထင်ရှု အစုစုဖြင့် ပညာလည်း မပါ သဒ္ဒါလည်း မရှုပ် ကာရံလည်း မမြောက် စာ မပေါက်ဘဲ ရေးသားပြုနု အစုပြုကာ ကိုယ်တွေ့မမည် တွေးရန်ထွေလီ မပြည့်ချီဘဲ … ဝေးနီးသဟာ မိတ်ရာဆုံဖွဲ့ စုချီကြုံလင့် ခမစွင့်ဘဲ ရေးတွေးမမှီ သေးချီကြောင်းနုတ် ပေါင်းဆုပ်သီသော် ………. …………………………………. ကွန်းမင့် […]


စိန်ကြက်ဆင်February 27, 20131min74247
ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။ ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း […]


စိန်ကြက်ဆင်February 25, 20131min21420
သူတို့တွေက … ဆေးရုံက နာ့စ်မလေးတွေနဲ့ တူတယ်။ ကိုယ်တိုင်လဲ ခွဲစိတ်ကုသလို့ မရဘူး မပါပြန်ရင်လည်း မဖြစ်ဘူး လူနာတွေနဲ့ လက်ပွန်းတတီး နေကြရတယ် ဒါပေမဲ့ လူနာရှင်တွေ အားကိုးမှုကို အပြည့်အဝ မဖော်ဆောင်နိူင်ရှာဘူး …။   သူတို့တွေက … မီးသတ်ကားတွေနဲ့ တူတယ်။ လောင်ပီဆိုမှ အပြေးအလွှားရောက်လာကြတယ် အုတ်အော်သောင်းနင်း ဘယ်တော့မှ ပြီးပြတ်အောင် မဖြတ်နိူင်ဘူး တခါတလေမှာ မီးငြိမ်းဖို့ အသွား ကိုယ်တိုင် ခြေချော် လက်ချော် ဖြစ်သေးရဲ့ …။   သူတို့တွေက … ဘဲအုပ်ကြီးနဲ့ တူတယ်။ အိပ်တန်းကနေ တစုတစည်းတည်း ဆင်းလာကြတယ် အစာရှာဖို့ တစုတစည်းတည်း သွားကြတယ် အိပ်တန်းပြန်တက်တော့လဲ တစုတစည်းတည်းဘဲ ကြားထဲက အချိန်တွေမှာတော့ ကိုယ့်အတ္တနဲ့ကို ထင်မြင်ရာ လုပ်ကြလေရဲ့ …။ ဘယ်တော့မှလဲ […]


စိန်ကြက်ဆင်February 24, 20131min47618
ဩဂုတ် ၁၃ရက် ကျုပ် ဒီထဲရောက်နေတာ အတော်ကြာပီ …. တိတိပပ ပြောရရင် ၂နှစ်တိတိဘဲ။ ကျုပ်လား သေဒဏ်ချခံရဖို့ စောင့်နေတာလေ။ ရှင်းရှင်းပြောရရင် တရားရုံးက ပြစ်ဒဏ်အဖြစ် ကြိုးမိန့်ကျခံစေလို့ ထုတ်ပြန်ထားပေမဲ့ အကြောင်းကြောင်းကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကအထိ ကြိုးတိုက်ထဲမှာ ရှိနေတုန်းဘဲ။ ခုဆိုရင် ကျုပ်ကို ကြိုးတိုက်ကနေအပြင်ထုတ်ပီး သီးသန့်ဆောင်မှာထားတာ ၈ရက်ရှိပီ။ သီးသန့်ဆောင် ဆိုတာထက် တယောက်ထဲ အချုပ်ခန်းထဲမှာနေရတာကို ပြောတာပါ။ တခုတော့ ကံကောင်းတယ် ပတ်ဝန်းကျင်ကို မြင်ရတယ်၊ တပတ်မှာ ၃ရက် ဟိုနားဒီနား လမ်းထွက်လျှောက်ခွင့်ရှိတယ်၊ စာဖတ်ခွင့်ရတယ် စာရေးခွင့်တော့မရဘူးတဲ့။ ရေးလဲ မရေးချင်ပါဘူး ရေးပီး ဘယ်သူ့သွားပေးရမှာတုန်း မိသားစုကလဲ ကျုပ်ကြိုးမိန့်ကျပီးကတည်းက ဘုန်းကြီးပင့်ပီး ဆွမ်းသွတ်လိုက်ပီးပီ။ ဒီနေ့ကျုပ်ကို ဝါဒင်လာခေါ်တယ် … အဲ အစောင့်အကျပ် ၄ယောက်နဲ့ဗျ။ လမ်းမှာတော့ အကျဉ်းသားတွေရဲ့ အလွန်အံဩပီး ထူးဆန်းတဲ့ […]


စိန်ကြက်ဆင်February 14, 20131min18915
“ဒဏ်ရာတွေ ခင်းထားတဲ့ လမ်းလေးထဲ … ဘယ်လိုများ ရှေ့ဆက်ပြီးတော့ လျှောက်ရအုံးမယ်.. လောကရဲ့ ဆူးပြင်ကျယ်မှာ ….. ” အရက်ဆိုင်ကအပြန် အတော်လေးလဲ ထွေနေပါပီ။ ခေါင်းငိုက်ပီး ခပ်စိုက်စိုက် လျှောက်အလာ လမ်းဘေးနားက တွန်းလှည်းနဲ့ရောင်းတဲ့ ထီဆိုင်လေးဆီက ဖွင့်ထားတဲ့ သီချင်းသံကြောင့် ခြေလှမ်းတော့ ခဏရပ်မိသွားတယ်။ ညာဘက် ပါးစောင်ထဲက လက်ကျန်ကွမ်းဖတ် အစအနတွေကို လက်ညှိုးနဲ့ ပြန်ကလော်ရင်း ကျိတ်ဝါးမိနေလေရဲ့ …. တစ်လက်စတည်း အိတ်ထောင်ထဲက ဒီနေ့ရတဲ့ လက်ကျန် ပိုက်ဆံ ၃၇၀ဝကို ခပ်ဆတ်ဆတ်ဆွဲထုတ်ရင်း ကံကြမ္မာ အလှည့်အပြောင်းအတွက် ငဲ့စောင်းပီး ထီသည်ကို ကြည့်မိတော့ ……..။ အဟတ် .. ကိုယ့်ဆြာက ကျုပ်ကို သောက်ရေးတောင် မစိုက်ဘူး ….. ကျုပ်ကလည်း အတန်းပညာမဲ့ပေသည့်တိုင် လမ်းဘေးက အနုတ်ကျိတ် ထီဆိုင်တွေမှာ သွားထိုးရင် သိန်း၁၅၀ဝ မပေါက်မှန်း ကြားဖူးနေတော့ ခုတက်လာတဲ့ အစိုးရနဲ့ […]


ဒီလိုဗျ …… ဒီပုံက Time မတ်ဂဇင်းက နှစ်ကုန်ရင် ဖော်ပြလေ့ရှိတဲ့ မန်းအော့သယ်ရီးယားကို အားကျလို့ ရွာထဲက ကာတွန်းဆြာ ဘရားသား တယောက်ကို သူခိုးသေဖော်ညှိပီး ထွင်ထားတာ …. ပုံထဲမှာ သူ့အဓိတ်ပယ်တော့ အပြည့်ပါတယ်… အမေးရှိက ကွန်းမင့်တွင် ့ပြန်ဖော်ဖွမည် ဖြစ်ကြောင်း …. ကွိ ကွိ ရွာ့လူကြီးများ ခွင့်ပြုပါက ဆုပေးပွဲနှင့် တွေ့ဆုံပွဲတွင် ဗီနိူင်းလေးထုတ်ပီး ထောင်ထားချင်ကြောင်း …   အီပုံသည် သများ အလွန်တကယ် ချစ်ခင်လေးစား တန်ဖိုုးထား အပ်ပါသော ရွာချစ်အူးလေး ၄ယောက်အား ရည်ရွယ် ဂုန်ပျု ရေးဆွဲထားပါတယ် ခင်ည …. တဂယ်ချစ်တာနော် သောက်ညင်ကပ်လို့ ဟုတ်ဖူး …..


ကျောက်ခေတ်ကြီး ပျက်သုန်းသွားတော့ လူနေမှု အဆင့်စနစ်တွေ တိုးတက်လာတယ် ဗိုက်ကင်းတွေ ပျက်စီးတော့ လူတွေအကြား စည်းလုံးစွာ နေထိုင်တဲ့ စနစ်အဆင့်တွေ တိုးတက်လာတယ် ဒေဝဒတ်သေတော့ …. အနော်ရထာမင်းသေတော့ …. အေဗရာဟင်လင်ကွန်းသေတော့ … ဟစ်တလာသေတော့ … မူဆိုလီနီသေတော့ … ခရူးရှက်သေတော့ … ကွမ်ဖြူးရှက်သေတော့ .. ဗိုလ်ချုပ်သေတော့ .. တိန့်ရှောင်ဖိန်သေတော့ …. ဦးနုသေတော့ … မော်စီတုန်းသေတော့ …. ဗိုလ်ချုပ်နေဝင်းသေတော့ … ပိုပေါ့သေတော့ ဗိုလ်ချုပ်စောမောင်သေတော့ … ဆက်ဒမ်ဟူစိန်သေတော့ .. ဘိုမြသေတော့ … ကဒါဖီသေတော့ … အိုစမာဘလာဒင်သေတော့ …. တိုင်းပြည်၊ နယ်မြေ၊ လူ့အဖွဲ့အစည်း ၊ စနစ်ခေတ်၊ အစရှိတာတွေ ကြားမှာ ထင်ပေါ်သူ ဦးစီးဦးဆောင်သူတွေ […]