စိန်ကြက်ဆင်December 11, 20121min26242
ဘာရယ် မဟုတ်ပေဘူး ….. ရရက် ရလ ၁၉၇ရခုနှစ် ၈ရက် ၈လ ၁၉၈၈ ခုနှစ် ၉ရက် ၉လ ၁၉၉၉ ခုနှစ် ၁၁ရက် ၁၁လ ၂၀၁၁ခုနှစ် ခုကတော့ … ၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်ပေါ့ဗျာ ကျွန်တော် သိမှီလိုက်တဲ့ ခုနှစ်၊ သက္ကရာဇ်တွေ ပြန်တွေးကြည့်တာပါ ….. ။ ကမာ္ဘကြီး ဘာမှပြောင်းလဲ သွားမှာ မဟုတ်သလို မန္တလေးဂဇက်ကြီးလဲ သိပ်ပြီးထူးထူးထွေထွေ ပြောင်းလဲသွားမယ်တော့ စိတ်ထဲမထင်။ ဒါပေသိ အမှတ်တရ ဖြစ်သွားအောင် ၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်မှာ လူမျိုး၊ ဘာသာ၊ နိူင်ငံ၊ ယုံကြည်မှုမရွေး ကွန်းမင့်လေးတွေနဲ့ ဝေဝေဆာဆာ မှတ်ရငြင်းခုန်ပေးကြပါလို့ အထူးတလည် ဖိတ်ခေါ်ပန်ကြားပါရစေ ဘယ်သူ့အတွက်မှ မဟုတ်တောင် ကျွန့်တော်တို့ ရွာသူ ရွာသားတွေ အခြင်းခြင်း ရင်နှီးချစ်ကြည်မှု ပိုမိုခိုင်မြဲစေလိုတဲ့ […]


စိန်ကြက်ဆင်December 11, 20122min20811
မောင်မောင်ရဲ တစ်ယောက် ပြီးခဲ့တဲ့ လတွေက အလုပ်ပြုတ်လို့ ဌာနေကို ပြန်လာရပါတယ်။ နှစ်လလောက်လကြာ ကံကောင်းချင်တော့ တစ်ခြားအလုပ်ကလေးတစ်ခု ပြန်ရတယ်။ ရတဲ့ အလုပ်က နားအေးပါးအေးမို့ ရွာထဲမှာ ပို့စ်တွေ ပြန်တင်၊ စာတွေ ပြန်ဖတ်ဖြစ်နေပါဘီ ….. လောလောဆယ်တော့ တစ်ကိုယ်တည်း အထီးကျန်ဆန်နေသူ မောင်မောင်ရဲတယောက် ဆောင်းတွင်းကို ဘယ်လို ကျော်ဖြတ်နေရတယ်ဆိုတာလေး မျှဝေခံစားစေချင်ရဲ့ ဤမှန်သော သစ္စာ ပို့စ်ကြောင့် လခကောင်းကောင်း ရပါလို၏။ ကျန်းမာရေးကောင်းရပါလို၏။ ချစ်ရသူနဲ့ အမြန်ဆုံးနီးရပီး အထီးကျန်ဘွကို အမြန်အဆုံးသတ် ရပါလို၏။ ခွိ … ခွိ နံနက်ခင်း ကောင်းကင်ပြာရဲ့အောက် အထီးကျန်ဆန်တဲ့ အဖြစ်တွေနဲ့  …… ကြင်ဖော်မဲ့ ငှက်ကလေးတကောင်လို တည်ရာမဲ့ ဝဲလွင့်ခြင်း ( နှစ်ယောက်ထိုင်ခုုံတွေကို မုန်းတယ် ) တယောက်တည်းဘွ စာနာတတ်ကြပါစေ၊ အိမ်ပြန်ရောက်လို့ ကျောတစ်ခင်းစာ အခန်းငယ် အတွင်းမှာ ကမာ္ဘကြီးကို ရွာလုပ်ပီး၊ တယောက်တည်း စကားတွေပြောပီး ကြေကွဲ၊ ဒေါသ၊ […]


စိန်ကြက်ဆင်December 10, 20122min1065
ဆောင်း …… ခို ………. ငှက် ဆောင်းသည် နေ့တာတို၍ ညတာရှည်၏။ ဆောင်းရက် မနက်များသည် ကျနော့်အဖို့ အထီးကျန်ဆန်စေသည်။ ထို့အတူ ဆောင်းရက် ညများသည်လဲ ပြောင်းလဲမှု တစုံတရာအဖြစ် အထွေအထူး မပေါ်လာခဲ့ပေ။ လူတိုင်းတွင် နေ့စဉ် ဘဝများ ရှိနေသည်။ မွမ်းကျပ်မှု၊ တွေဝေမှု၊ ဖိစီးမှု အစသဖြင့် ” မှု ” ပေါင်းများစွာအလယ် ကျင်လည်ဖြတ်သန်းရင်း ထိုနေ့စဉ် ဆိုသော အရာများကို ကျော်ဖြတ်နေရသည်။ ထိုကာလများတွင်  ကျနော့်အဖို့ ဆောင်းရက်များသည် ပို၍ပင်ပန်း ခက်ခဲနေစေပါသည်။ ဆောင်းခိုငှက် တကောင်၏ နံနက်ခင်းသည် တက်ကြွလန်းဆမ်းမှု ပြည့်နှက်နေသော်ငြား ရုန်းကန်မှုများအား အချိန်တိုတွင်း ဖြတ်သန်းရသဖြင့် ပို၍ပင်ပန်းစေပါသည်။ ကျနော်သည် ဆောင်းခိုငှက် တစ်ကောင်ကဲ့သို့ မိုင်ထောင်ချီ ပျံသန်းခဲ့ရယုံသာမက နံနက်ခင်း၏ အားအင် အနည်းငယ်ဖြင့် ဘဝကို အချိန်တိုအတွင်း ပင်ပန်းစွာ ဖြတ်သန်းနေရသူပင် ဖြစ်သည်။ ဆောင်းခိုငှက်တို့ မည်သည် အချိန်တန်သော် မိုင်ထောင်ချီသော နေရင်းအရပ်သို့ ပြန်ကြရပေလိမ့်အုံးမည်။ ဤတွင် […]


ဘာပဲ ဖြစ်ဖြစ် ဂဇက်အတွင်း ရှိကြကုန်သော ပြည်ပရောက် တွေးဆပညာရှိတို့၏ အနာဂတ် ဖွချက်တွေကို နှစ်သိမ့်သောငှာ …… ကျေးဇူးတင်ပါတယ်နော်…နော…. အဲ့ဂလို နှစ်သိမ့်သောငှာ …. ဟဲ့ …ဟ ဲ့ လာချေပီ နောက်တမျိုး … ကိုယ်တောင် နောက်ကျ သွားလေပီ။ တော်ကြပါတော့ဗျာ ခင်ဗျားတို့ ပြန်လာပါ .. ပြီးရင် လူထုရှေ့ ရဲရဲဝံ့ဝံ့နဲ့  ခင်ဗျားတု့ိရဲ့ အတတ်ပညာတွေ ၊ အတွေ့အကြုံတွေ ၊ အယူအဆတွေ ၊ အတွေးအခေါ်တွေကို လွတ်လပ်စွာ ဖော်ထုတ်ကြပါ။ နေရာယူကြပါ။ ဦးဆောင်ကြပါ။ အရင်လို ထောင်မကျပါဘူး…ဟူး …ဟူး…ဟူး   စစ်အစိုးရ မကောင်းလို့ ပြည်ပရောက်နေသူများ အတွက် Happy …………… Day  


စိန်ကြက်ဆင်November 26, 20121min16815
ကျနော် ဒီခေါင်းစဉ်ကြီး တပ်ပီးမှ မှားသွားမှန်း သိတယ် ။ ခေါင်းလဲ အတော်ကြီးသွားတယ် ရေးရမယ့် အကြောင်းအရာရော အချက်အလက်ရောက အရမ်းကို ကြီးမားကျယ်ပြန့်လွန်း အားကြီးတယ်။ ကျနော့် ဖြတ်သန်းမှု နှစ်ပိစိကွေးလောက်နဲ့ မလုံလောက်သလို ဖတ်ဖူးမှတ်ဖူး နားထောင်ဖူးတာလေးတွေနဲ့လဲ မပြည့်စုံပေဘူး နောက်ပီး အာဂုံမဆောင်ထားဘဲ လိုအပ်ရင် ဆွဲယူးပီး ဖင်ပိတ်ငြင်းလို့ရအောင် စုထားတဲ့ အကိုးအကား အချက်အလက် စာအုပ်တွေ စာပေတွေက External Hard Disk ထဲမှာ နည်းနေသေးတယ်။ နောက်ပီး သူများအာဘော် ကိုယ့်အာဘော်လုပ်ပီးလဲ မရေးရဲဘူး။ အသက်ကလဲ ငယ်သေးတော့ ကိုယ်ဘာလုပ်လုပ် သည်းငြီးခံ ထောက်ခံပေးမဲ့ လူအင်အားကလဲ သိပ်မရှိလေတော့ …အဲ နောက်ပီး ကျနော်နဲ့ သိတဲ့တချို့များကျတော့လည်း ကျနော် ကျပ်မပြည့်မှန်းသိလို့ နာရင်းဝိုင်းအုပ်မှာ သေချာတယ်။ […]


ကျနှတ်သည် အောက်ပါ အချက်များကို တောင်းဆိုပါသည်။ ၁။ ကျနှတ်ကို ကနေ့မှစ ကြယ်လေးလုံးပေးပါ။ ၂။ ကျနှတ်အား ကိုယ့်ပိုစ့် သူများပို့စ် အကုန်လုံးကို အက်ဒစ်လုပ်ပိုင်ခွင့်ပေးပါ။ ၃။ ကျနှတ်ရေးသမျှစာများ ပို့စ်များအား စတစ်ကီပေးပါ။ ၄။ ကျနှတ်ရေးသော ပို့စ်များတွင် အနည်ဆုံး ကွန်းမန့် ၄ဝရှိပေးရမည်။(ကွန်းမန့်များသည် အိယောင်ဝါး မဟုတ် အမှန်အကန် အပြန်အလှန် ဆွေးနွေးချက်များ ဖြစ်ရမည်) ၅။ သူများပိုစ့်တွင် ကျနှတ်ကွန်းမန့်ပေး မေးမြန်းပါက ပိုစ့်ပိုင်ရှင်က ၄၅ မိနစ်အတွင်း တလေးတစား ပြန်ဖြေရမည်။ ၆။ ကျနှတ်ကွန်းမင့်များ ပို့စ်များအား ပွိုင့်များများပေးရမည်။ ၇။ ရွာထဲတွင် အလှူရှိပါက အလှူခံနေပါက အလှူမထည့်ချင်နေ ဒါက စနစ်ကြောင့် ဘယ်လိုပြုပြင်သင့်တယ် ဘာညာ စသဖြင့် သီအိုရီလိုလို ဒတ်သနလိုလို […]


ကြီးဒေါ် ဒေါ်မြင့်မြင့်ကြည် သီချင်းလေး တစွန်းတစ ရွတ်နေမိပါသည်။ နွေဦး မဟုတ်ပေမဲ့ လေကတော့ တဖြူးဖြူးနဲ့ကိုး …. သီချင်းတော့ အပြည့်မရတော့ပါဘူး ဟိုတစ်ချိန်က တစွန်းတစ ကြားဖူးတာလေးပါ ဘာတဲ့ … ချီလေတဲ့ ချီလေ.. ထိုစဉ်မှ ဟိုတောင်တန်း ကျော်လွှားလို့သာ .. အာ..အာ မြတ်ပန်းရဂုံ ဒန့် တန့် ဒယ်…. သိတော့ဘူးဗျာ။ ဒီလိုဗျ …… နေရာကား မွန်ပြည်နယ် ကျိုက်ထိုမြို့ အရှေ့ဘက် ကမာ္ဘ့တန်းဝင် ဘုရားရင်ပြင်ပါ မကျန် လေလံဆွဲခြင်း ခံထားရသော ကျိုက်ထီးရိုး ဆံတော်ရှင် ဘုရားကြီးအား လွန်မြောက်သော သကာလ အရှေ့ဘက် ယွန်းယွန်းရှိ ဒေါနတောင်တန်းကြီးနှင့် အပြိုင်စီးဆင်းနေသော မြစ်အတွင်းဝယ် အကျနုတ်သည်ကား ဒေသခံလူများဟု ထင်ရသော စောယူစွတ်၊ စောအာမက်၊ […]


စိန်ကြက်ဆင်September 25, 20121min33432
ကျွန်တော် ဟိုတလောက နောက်ဆုံး ပို့စ် တစ်ခု တင်ဖြစ်လိုက်တယ်….။ ထုံးစံ အတိုင်း ဘာမသိ ညာမသိ ဖုံးတစ်ဝက် ဖေါ်တဝက် သရောသလို ချော်သလို ရေးမိတယ်။ အမှားကြီး မှားသွားကြောင်း နောင်မှ သိရတယ်။ တောင်းပန်လိုပေမဲ့ ဘဝအကြောင်းကြောင့် နောက်ပီး ခရီးသွားနေတာကြောင့် ဘာဆိုဘာမှ မသိလိုက်ဘူး…….. နောက်ပိုင်း တစွန်းတစနဲ့ အကုန်ကြားတော့မှ ကျတော့် အမှားတွေကို သွားတွေ့တယ်…. တောင်းပန်ချင်ပါတယ် အားလုံးကို ဒီစာရေးနေတုန်း ကျနော့် ပထွေး မြင်သွားပီး မူးကြောင်ကြောင်နဲ့ စာဝင်ရိုက်တယ် ။ သူရိုက်တဲ့စာ မထင်ရင် ဖျက်ပစ်မယ်တဲ့ ……. ကျနော်လည်း သူနဲ့ပြဿနာ အရှည်ကြီး မဖြစ်ခြင်လို့ လက်ခံလိုက်ရပါတယ်။ သူရေးတာ ၂လုံးတည်းပါ ဒါပေမဲ့ ကျနော် ကြောက်မိတယ်……………..။ ကျနော် […]


စိန်ကြက်ဆင်September 4, 20122min53158
နိဒါန်း မနေ့က ရွာထဲမှာ ပွဲဆူနေတော့ အီဖေကိုယ်လဲ အမြီးတောင် မထောင်နိူင်ဘူး …. ကြောက်လိုက်တာလဲ ဖင်တောင် တုန်လို့ဗျာ …. မန်းလေးဂဇက်ဆိုတဲ့ အမေဒစ်ကန် ဖောင်ဒါတွေ တည်ထောင်ထားတဲ့ ဝက်ဆိုဒ်ကြီးကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိူးတဲ့ လူတစုက ပညာရှင်ဆန်ဆန် ဘမ်းကျတယ်တဲ့။ အဲ့ မန်းဂေဇက်က အသိတွေ ပြောလို့ သိရတယ်……. ဟိုက်ရှာဘား အလွန်ထိတ်လန့်ဖွယ် ကောင်းတဲ့ သတင်းပါဘဲ။ ဒါနဲ့ ဘာဆက်ဖြစ်လဲ မေးကြည့်တော့ အခုမန်းဂဇက်ကို ဝင်လို့မရတော့ဘူးတဲ့ ဃိန် …. ဂိန် …ကိန် သွားပီဟလို့ အော်မြည်လိုက်မိတယ် …..။ ဒါနဲ့ဘဲ ညနေလောက်ကျတော့ ပြန်ဝင်လို့ ရပီ ဆိုလို့ ကြောက်ကြောက်လန့်လန့်နဲ့ အိုင်ပီလေးချိန်း ( အထင်တော့ မကြီးနဲ့ ကျုပ်တို့ဆီမှာ အိုင်ပီချိန်းတာ ဆော့ဝဲမလိုဘူး ထိုင်နေကြ အင်တာနက်ဆိုင် မသွားဘဲ တခြားဆိုင် သွားလိုက်တာကို ပြောတာ 😀  ) […]


လူ့ဘဝက ခဏတာပါဘဲ ……. ဖြတ်သန်းနေရချိန် ကြာရှည် လွန်းလှတယ် ထင်ရပေမဲ့ ကျော်ဖြတ်ပြီးသွားတဲ့ အချိန်တွေ၊ နေရာတွေ၊ မှတ်ရမှုတွေ၊ အကြောင်းအရာတွေနဲ့ အခြားခြားတွေဟာ ပြန်တွေးကြည့်ရင် ခဏလေးနဲ့ ပြီးပြတ်ခဲ့သလိုပါဘဲ။ ကျနော်ဟာ လက်ရှိဘဝတာမှာ အများနဲ့သက်ဆိုင်မှု အားလုံးအတွက် ဧည့်ကြိုဆိုတဲ့ နေရာလေးမှာ ရပ်တည်နေခဲ့ဖူးပါတယ်။ အလုပ်ရခဲ့ပုံက ဒီလိုပါ။ ရဟန်းတို့ … သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ (၁) မိမိတို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း (၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ဗာလဝဂ် ( အင်္ဂုတ္ထိရ် ပါဠိတော် မြန်မာပြန်) ဆရာ သစ္စာနီ၏ တာဝန်နှင့်သူမိုက်  (နွယ်နီမဂ္ဂဇင်း၊ မတ်လ ၂၀၁၀) မှ ကူးယူပါသည်။ ဒီစာလေး ဖတ်မိတာက တစ်ကြောင်း၊ လက်ရှိလဲ မန်းဂဇက်ထဲမှာ […]


ငါဟာ သက်ရှိ ငှက်တကောင်ပါ ငါဟာ ပျံသန်းနေရတယ်၊ ပျံသန်းရင်း ငါအစာရှာတယ်၊ ရပ်နားခြင်းဟာ ငါ့အတွက် အစာစားခြင်းနဲ့ အိပ်စက်အနားယူခြင်းပါဘဲ ငါဟာ အသိုက်အမြုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တာလဲ ရှိသလို၊ သူများတည်ဆောက်ထားတဲ့ အသိုက်အမြုံမှာလဲ ငါခိုနားခဲ့ဖူးတယ် ငါ့ဘဝကို ငါရိုးရှင်းစွာ တည်ဆောက်နေတုန်း။ နွေဦးရဲ့ တရက်မှာတော့ …………………..   ကြက်ဖကြီး တကောင်က ငါ့ကို မေးတယ် “ ငှက်ကလေး မင်းဘယ်လောက် ဝေးဝေး ပျံသန်းခဲ့ပြီလဲ၊ အမြင့်ဘယ်လောက်ထိ ပျံသန်းနိူင်ခဲ့ဖူးလဲတဲ့ ” အမြဲ တုန့်ပြန်မှု အားကောင်းတဲ့ ငါ့နှတ်သီးတွေ တဒင်္ဂ ဆွံ့အခဲ့ရတယ်။ အလိုက်မသိတဲ့ စာဘူးတောင်း ငှက်မငယ်က ကြားကနေ ကြက်ဖကြီးကို မေးတယ် ” ဦးကြက်ဖကြီး အကွာအဝေးဆိုတာ တလျှောက်တည်းလား တဖြောင့်တည်းလား? ခေါက်တုန့် ခေါက်ပြန် သွားတာမျိုးရော အကွာအဝေးဘဲလားတဲ့” ကြက်ဖကြီးကတော့ ခပ်ပြုံးပြုံးဘဲ […]


ကျုပ်…..ကနေ့ မူးနေတယ်ဗျ။ အယ်….. ဒါဆိုရင် ခါတိုင်း ရက်တွေကျတော့လို့ …. မမေးနဲ့ … ဟဲဟဲ သောက်တာပါဘဲ။ ဒီမှာတင် စကားအချိုးက ပြောင်းသွားဘီ သိတယ်ဟုတ်.. နိူင်ငံရေး သမားလုပ်မလို့ ဝေ့လည်ကြောင်ပတ်စကားထက် အထက်မရောက် အောက်မရောက် ဆယ်ရောက်နားထောင်ရင် ဆယ်ပုံ ဆယ်ကြောင်း ဖြစ်အောင် မနည်းလေ့ကျင့်ထားတာ။ အလကားပြောတာပါ မူးနေတော့ ဒီလိုဘဲ ဟိုပြောသည်ပြောပေါ့ အရက်သမား စကားမပီ၊ အရက်သမားစာ မတည်တော့ ဘယ်လိုလူ လက်ခံလိမ့်မတုန်း၊ ထားပါ ဒါကလဲ ပုတ္တောတွေပါ။ ဒီတလော ဘာဖြစ်တယ် မသိဘူး အရက် သောက်လို့ သိပ်မကောင်းတော့ဘူး၊ အရင်ကတော့ အရက်ကလေး တပက်လောက်ငှဲ့ ပီးရင် တချိန်က နှောင်းအတိတ်လွမ်းစရာတွေကို တယောက်ထဲ ပါးစပ်ကလေးလှုပ်ပီး စားမြုံ့ပြန် ကျုပ်ဟင်းဖုန်းထဲက စန္ဒာယားထွန်းညွန့်ရဲ့ “ကိုယ့်ရပ်ဌာနေ”သီချင်းလေးဖွင့် နားကြပ်လေးတပ် အရည်လယ် ခံစားဖြစ်သဗျ၊ အဲ နှစ်ခါလောက်ကျော့ နားထောင်ပီးရင်တော့ အင်တာနက်ဖွင့် နိူင်ငံရေးအကြောင်းတွေဖတ် အဲအချိန် […]


ဃိန်….. ဂိန်……ကိန် ဇာတ်လမ်း အစက ဒီလိုပါခင်ဗျ ပြီးခဲ့တဲ့ တနင်္ဂနွေက ပန်းဆိုးတန်းတလျှောက် စာအုပ်တန်းတွေ ရောက်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အဖေ့အမွေ ဆက်ခံသူဆိုတော့ စာအုပ်လေးတွေ မွှေနှောက် ရှာဖွေ လှန်လှောဖတ် ကြိုက်ရင်လည်း ဝယ်သိမ်းတဲ့ အကျင့်လေးကြောင့်ပါ။ နောင်အချိန်ရတော့လဲ ပြန်ဖတ်ဖို့ ကြိုတင်စုဆောင်းတဲ့ သဘောပါ။ ဘာမှ ထွေထွေထူးထူး ရှာမတွေ့တော့ စာအုပ်တိုက်တွေဘက် ခြေဦးလှည့်တာပေါ့ဗျာ။ အဲဒီကနေ စာပေနယ်ထဲရော အနုပညာနယ်ထဲပါ ညီအစ်ကို တစ်အုပ်ကြီးရှိတဲ့ အသောက်ဆြာ ဘော်ဒါက ဖုန်းဆက်လာတော့ နေမညိုသေးတာက တကြောင်းမို့ တီးဆိုင်လေးမှာ ဆုံကျရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။ ပြောကောင်းနေတုန်း ဟာသဘက်မှာ လူကောင်ကြီးကြီးနဲ့ အောင်မြင်နေသူ အစ်ကိုတယောက်က လှည်းတန်းဘက်လာဖို့ အကြောင်းပြောလာတော့ ကျနော်တို့ ၃ယောက်သား ရွေ့ကျလေသတည်းပေါ့ သူက လူကသာ ဟာသလုပ်နေတာ စာရေးစာဖတ်ပါ ကိုယ်တိုင်ရော မျိုးရိုးပါ ကောင်းကြသူတွေလေ လေးလဲ လေးစားအပ်သူပါ။အရင်က ကြုံတောင့်ကြုံခဲ ခုလိုလူစုံရင် ကျနော်က အငယ်ဆုံးနဲ့ အကဲဆုံးမို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကျမို့ အမှတ်တရနဲ့ သွားလေသူ ၅ဝကျော်လေးကို သတိရလိုက်ပါသေးတယ်။ […]