ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် တွေကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး လုပ်ပေးနေတယ်။ က.ည.န အဖွဲ့က လိုင်စဉ်သက်တမ်း တိုးမြှင့်တဲ့အခါ ဆိုင်ကယ်တစ်စီးကို လိုင်စင်သက်တမ်း မကုန်မီ လဲသူကို (၁၄၅၀ဝိ/-) ၊ သက်တမ်းကျော်နှစ်လကို (၁၅၅၀ဝိ/-) ၊ သုံးလကို (၁၇၅၀ဝိ/-) / (၂၁၀၀ဝိ/-) စသဖြင့် အမျိုးမျိုး ကောက်ခံနေပါတယ်။ လိုင်စဉ်လုပ်ပြီး စာအုပ်ကိုထုတ်ပေးပေမယ့် ငွေရပြေစာ မပါပါ။ စာအုပ် မှာပါတဲ့ ငွေနဲ့ အမှန်တစ်ကယ် ပေးရတဲ့ငွေက တစ်သောင်းလေးထောင်ကျပ်(၁၄၀၀ဝိ/-) လောက် ကွာနေပါတယ်။ အသက်အာမခံဌာနက ငွေရပြေစာမှာ (၁၆၀ဝိ/-) ကိုသာရေးပြီး ကောက်တဲ့အခါ (၄၀၀ဝိ/-)၊ (၃၅၀ဝိ/-) ၊ (၃၀၀ဝိ/-)၊ (၂၀၀ဝိ/-) စသည်ဖြင့် ကောက်ခံနေပါတယ်။ […]


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး ချောင်းရေကြီးလျှက်ရှိပါသည်။ ယခုအခါ ရေမှာ သိသိသာသာတိုးလာခြင်းမရှိသော်လည်း ပြန်လည်ကျသွားခြင်းလည်းမရှိပါ။ သံတွဲမြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်(ရတနာလမ်း) ၊ ညောင်ပင်ဈေးကျေးရွာ၊ ဓါးသွေးကျောက်ကျေးရွာ၊ သမုတ်ချောင်းကျေးရွာတို့တွင်ရေနစ်မြုပ်လျှက်ရှိပါသည်၊ အမှတ် ၁ ရပ်ကွက် (ဇီးကျွန်းကွက်သစ်) ဘက်တွင် ရေကြီးမှုမှာ ပိုမိုမြင့်မားနေပြီး ၅ ပေကျော်ခန့်ထိ ရေနစ်မြုပ်နေပါသည်။ လက်ရှိအချိန်တွင် မိုးမှာလည်း သည်းထန်စွာရွာလျှက်ရှိပါသည်။ ညောင်ပင်ဈေး၊ ဓါးသွေးကျောက်၊ သမုဒ်ချောင်းကျေးရွာများအတွက် ညောင်ပင်ဈေး ဓမ္မာရုံကြီးတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်လျက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် အနားယူတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် အခုတစ်ခါ ဒုတိယသမ္မတ ရွေးချယ်တော့မယ်ဆိုတဲ့ သတင်းကြားရပြန်ပါပြီ။ ဒုတိယသမ္မတ အသစ်က ဘယ်သူဖြစ်လာမှာလဲ ? ပြည်သူတွေကတော့ မျှော်လင့်နေကြပါပြီ ။ အခု ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကို 2012 ခုနှစ် ဂျွန်လ တစ်ရက်နေ့ နေ့စွဲနဲ့ သမ္မတက နုတ်ထွက်ခွင့်ပြုလိုက်ပါပြီ ။ သူ့နေရာမှာ ဖြစ်လာမယ့်သူကလဲ တပ်မတော်ကိုယ်စားလှယ်ပဲဖြစ်ရမယ်တဲ့ ။ ဒီနေရာမှာ နည်းနည်းတော့ပြောစရာရှိလာပါတယ် ။ ကျွန်တော်တု့ိပြည်သူတွေအနေနဲ့ကတော့ အစိုးရသစ်ရဲ့ အရေးကြီးတာဝန်ထမ်းဆောင်သူတွေကို ကြယ်ပွင့်တွေအောက်က ရုန်းထွက်နိုင်သူတွေပိုဖြစ်စေချင်ကြမှာပါပဲ။ ဆိုးဝါးလှတဲ့စနစ်ကြိးတစ်ခုကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ဘာတွေကြုံရဦးမှာပါလဲ ။ အစိုးရသစ်ရဲ့ 1 နှစ်တာသက်တမ်းအတွင်း တည်ငြိမ်မှုမရှိသေးပါဘူး။ အပြောင်းအလဲတွေများစွာနဲ့ အကောင်းဘက်ကိုဦးတည်နေတယ်လို့ပဲ ထင်မြင်မိပါတယ်။ ဒုတိယသမ္မတအသစ်ဖြစ်လာမယ့်သူက ပြည်သူတွေဘက်ကရပ်တည်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်က […]


“`ဖွတ်ထွက်တဲ့တောင်ပို့´´´ ယုံကြည်အားကိုးခဲ့သမျှ ခုတော့ … အားလုံးက သဲထဲရေသွန် `ကိုယ်ကျိုးစွန့် အနစ်နာခံသူ´ တဲ့ ရပြီးသား ဆုတစ်ခုအတွက် နိုင်ငံနဲ့လူမျိုးကို စွန့်ပစ် အမျိုးချစ်နေလိုက်ပုံများ ထီးကျိုးကြီးဆောင်းပြီး မြန်မာဝတ်စုံမှာ လေဒီရှူးတွဲစီးတဲ့အလှက မြန်မာအမျိုးပျက်မှန်း သိသာလှပေါ့ .. ။ ကြင်နာတတ်တယ်ဆိုတဲ့ အမေ့လက်တွေက ဘာလု့ိများ ရခိုင်ကလေးတစ်ယောက်ကို ပွတ်သပ်ချော့မြှူမှု မပြုနိုင်တာလဲ … ။ အမေ့ရှေ့မှာ မျက်ရည်ဝဲပြသူတွေကို နှစ်သိမ့်ခဲ့တဲ့အမေ့လက် မျက်ရည်မိုးဖြိုင်ဖြိုင်ရွာနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ဘတ်ပေါ် ဘာလို့များ မအုပ်မိုး ၊ မနှိမ့်သိမ့်နိုင်ခဲ့တာလဲ … ။ သီတာထွေးဆိုတာ အမေ့သမီးပါအမေ … အမေ့လိုပဲ မြန်မာအမျိုးသမီးလေးပါ ဒါပေမယ့် `ဖြစ်ချင်ရာဖြစ်တော်´ ဆိုပြီး ကုလားကိုလင်မတော်တတ်တဲ့ ရခိုင်မလေး သီတာထွေးပါအမေ .. ။ ရခိုင်လူမျိုးတွေ သေကုန်ပြီအမေ […]


အခုနောက်ဆုံးကြားရတဲ့သတင်းတွေအရတော့ စစ်တွေမှာ ဘင်္ဂါလီတွေသေနတ်နဲ့ပစ်လို့ စစ်သားတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာကို ခိုင်ခိုင်လုံလုံသိရှိရပါတယ် ။ လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်သူတွေကိုပြန်လည်ပစ်ခတ်တာမျိုးမရှိပဲ မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်တာမျိုးပဲလုပ်နေတယ်လို့သိရပါတယ် ။ နောက်ပြီး အတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုကတော့ အောင်မင်္ဂလာရပ်ကွက်မှာ အကြမ်းဖက်သူတွေလက်ချက်နဲ့ လုံခြုံရေး ရဲ တစ်ဦးကျသွားတယ်ဆိုတဲ့သတင်းပါပဲ။ ကြားရတာကတော့အရမ်းကိုစိတ်မကောင်းစရာပါပဲ ။ အဲဒီမှာစဉ်းစားစရာတစ်ခုဖြစ်လာပါတယ် ။ ဒီလောက်ဆိုးရွားနေတာကို လုံခြုံရေးတွေက ဘာလို့ပြန်လည်ပစ်ခတ်တာမျိုးမလုပ်တာပါလဲ ။ အမိန့်တစ်စုံတစ်ရာကြောင့်များလား ။ ကျွန်တော့သဘောထားကတော့ အကြမ်းဖက်လက်နက်ကိုင်သူဆိုရင် ဘင်္ဂါလီပဲဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ် ခြောက်လှန့်လို့မရရင် ပစ်ရမှာပဲ ။ ပစ်သင့်တယ်လို့လဲထင်ပါတယ် ။ ခုလက်ရှိမှာ စစ်တွေမှာရှိနေတဲ့ရခိုင်လူမျိုးတွေကလဲ အရမ်းကိုကြောက်ရွံနေကြပါတယ် ။ ကြားရတဲ့သတင်းတစ်ခုကတော့ ထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့ ရခိုင်လူမျိုး ၁၀၀ဝ ခန့်က ဘာပဲဖြစ်ဖြစ် အသေခံတိုက်မယ်ဆိုပြီး ပြန်လာဖို့စီစဉ်နေကြပါတယ်တဲ့ … ။ လုံခြုံရေးတွေအနေနဲ့ ထိရောက်တဲ့တားဆီးမှုမျိုးလုပ်သင့်ပြီလို့ထင်ပါတယ် ။ […]


ဟေမာန်ဆောင်းနှင့်အကြောင်းခံ ဟေမာန်ကာလ ၊ အေးမြမြတွင် ဖွေးလွှသဇင် ၊ အလှဆင်၏ … ။ ဖိနှိပ်ချုပ်ခံ ၊ တို့အားမာန်ကို မိုးယံလွှင့်တင် ၊ အားသစ်ဆင်၏ … ။ သူ့ရှင်အခက် ၊ တို့အချက်နဲ့ တွဲလက်ညီလျှင် ၊ အောင်ပွဲဆင်၏ … ။ ထူးလှသာယာ ၊ ဟေမာန်ခါတွင် မိုးမှာလွှင့်တင် ၊ အောင်လံသွင်တည့် … ။ လွပ်လပ်ခဲ့ပြီ ၊ တို့ဌာနီကို ရွှေပြည်တော်သွင် ၊ စိတ်မှတ်ထင်၏ … ။ သဇင်သင်းထုံ ၊ အလှစုံချိန် ပြည့်ဂုဏ်လွှမ်းတင် ၊ သွေးသစ်ဆင်၏ …။ ခေတ်မီတိုးတက် ၊ တွဲလက်ဆက်သော် မပျက်စည်ပင် ၊ ပြည့်ဂုဏ်အင်တည့် … […]


ထူးမြတ်ခါမှီ ဆယ့်နှစ်လရာသီ ကံ့ကော်ရင်ခတ် ပွင့်ဖတ်တို့စုံစွာ … ။ ခါသင်္ကြန်အတာကူးမို့ ရွှင်မြူးပျော်စွာ … ။ စကားသင်းထုံ ကဆုန်မည်လမြတ် … ။ ပင်ညောင်ရေသွန်းလှူမှုနဲ့ ရွှေကုသိုလ်ထပ် … ။ ရာသီမေထုန် နယုန်မည်လမြတ် .. ။ မြတ်လေးနဲ့စံပယ်ငုံတို့ သင်းထံလှထပ် …. ။ လဝါဆိုတွင်း သီတင်းမြတ်ဆောက်တည် … ။ ပုန်းညှက်ညိုမာလာမင်းရယ် ပျံ့သင်းလို့ကြည် …. ။ နေမိန္ဒရ စိုမြတဲ့ဝါခေါင် .. ။ ဝဋာပြင်ရှစ်ခွင်တိုင်းက ညို့မှိုုင်းလို့မှောင် … ။ လတော်သလင်း ဖေါ်ကင်းလို့ခွေးအူ … ။ မကြင်သူပြင်ပြင်စိမ်းတယ် ရှောင်တိမ်းနွဲ့မူ … ။ ဆီမီးရောင်ခြည် လမည်မှာသီတင်း … ။ ကျီးတာရာ […]


“ဟေမန္တ” မြူခိုးကဝေ စိမ့်လေကဆော်သွေး ။ နှင်းပွင့်ကြွေဟေမာန်တွင်းမှာ မြင်ကွင်းကဖွေး ။ နန်းထိုက်တဲ့ပန်း ပွင့်လန်းကပင်မြင့် ။ ဂုဏ်မြင့်သူဆံမှာပန်တော့ လှဟန်သွင်တင့် ။ လွပ်လပ်ခဲ့ပြီ တို့ပြည်ကိုတို့စိုး ။ တို့အမျိုးကျက်သရေက တက်နေသို့တိုး … ။ ။


“ အချစ်ဟုခေါ်သည် ” ပူလောင်ခြင်းတွေနဲ့ သန္တေတည်တဲ့နေရားလေး ။ အေးမြခြင်းတွေ တစ်ခါတစ်ရံ နားခိုတဲ့နေရာလေး ။ သံသယတွေ ကင်းစင်တဲ့နေရာလေး ။ သံသယတွေ မြစ်ဖျားခံတဲ့နေရာလေး ။ ရင်ခုန်သံဆိုင်ချက်တွေအောင်မှာ ကခုန်ကြ ပျော်မြူးကြ … ။ အပျော်ကျူးတော့ အပျော်မူးကြ အပျော်လွန်တော့ အသည်းကျွံကြ ခါတစ်ရံမှာ စစ်ပွဲတွေဖန်တီးသလို ခါတစ်ရံမှာ ငြိမ်းချမ်းရေးတွေတည်ဆောက်လို့ … ။ အဆုံးသတ်မှာ မျက်ရည်စို့သလို အပျော်တွေလည်းစီးဆင်းရဲ့ … ။ နားလည်ရခက်တဲ့ နှလုံးသားရဲ့တစ်နေရာ အဲဒါကလေ …. ။ ။


လူသားအားလုံး နေ့စဉ်အလုပ်အကိုင်များနဲ့မအားမလပ် စားသောက်နေထိုင်ရေးတွက်ကြိုးစားနေကြရပါတယ် ။ လူဝင်ဆံ့နေနိုုင်ရေး လူတန်းစေ့နေနိင်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရုန်းကန်လှုပ်ရှားနေကြပါတယ် ။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝသူတွေကလဲ ပိုပြီးပြည့်စုံအောင် လှူတန်းနိင်အောင် ရှာဖွေကြိုးစားနေကြပါတယ် ။ လူ့သက်တန်းတစ်လျှောက်အလှုတွေပြုကြတာ ဘယ်ဘာသာတရားမှာမဆိုပါ ။ အလှူရေစက်လက်နဲ့မကွာလှူနိုင်ဖို့တွက်ကလဲ ဥစ္စာငွေကြေးဆိုတာ လိုလာပြန်ပါတယ် ။ ဥစ္စာရှာတော့လည်း နောက်ကွယ်က လောဘဆိုတာလေးပါလာပြန်တော့တာပါပဲ ။ တစ်ချို့ပြောကြပါတယ် အလှူလုပ်တာ ကုသိုလ်လုပ်တာဘာတွက်လုပ်သလဲမေးရင် သေရင်ကိုယ့်နောက်ပါမှာမို့လို့တဲ့ ။ အဲဒါကျတော့ အတ္တစိတ်ဖြစ်မသွားပါဘူးလား ။ ကိုယ့်အတွက်ရည်ရွယ်ပြီးလှူနေတာပါပဲလေ ။ ဒါဆိုအကုသိုလ်လုပ်သူတွေကရော သေရင်ကိုယ့်နောက်ပါအောင် အကုသိုလ်လုပ်နေတာပဲလား ။ အဲလိုမေးရင်တော့ မတတ်သာလို့လုပ်ရတာပါ စိတ်ထဲကမပါဘူးလို့ဖြေကြမှာမလွဲပါဘူး ။ သေရင်ကိုယ့်နောက်ကို ပါပါ မပါပါ စေတနာသုံးတန်ပြတ်သားပြီး လှူနိုင်ဖို့တွက်ပဲ လိုပါတယ် ။ သေခြင်းတရားရဲ့နောက်ကွယ်မှာဘာတွေရှိနေလို့များလူတွေကြောက်နေကြတာပါလဲ ။ သေခြင်းတရားရဲ့နောက်ကွယ်မှာ ပူလောင်တဲ့အရာတွေရှိသလို […]


“အလွမ်းမိုင်တိုင် ၁၅၀၀´´ အလွမ်းတွေဝေတိုင်းသာ ပန်းတွေကြွေခဲ့မယ်ဆိုရင် မောင် ရပ်နေတဲ့ကမ္ဘာမြေကြီး ပန်းကြွေလွင်ပြင်ကြီးဖြစ်သွားပါလိမ့်မယ် နှင်း ရယ် … ။ ရေမြေဒေသခြားပေမယ့် မောင် တို့နှစ်ယောက်ကြား နားလည်မှုတံတားတည်ဆောက်နိုင်ခဲ့တယ်နော် … ။ ကံကြမ္မာမျက်နှာသာမပေးတော့ အဆက်အသွယ်မရပေမယ့် နှင်း နဲ့ မောင် သစ္စာနဲ့အတိပြီးတဲ့ သံယောဇဉ်နှလုံးသား အချစ်စွမ်းပကားတွေကို နှစ်ယောက်လုံးပိုင်ဆိုင်ထားကြတယ်နော် .. ။ မောင် တို့နှစ်ယောက်ရဲ့ချစ်သက်သေ စက္ကူငှက်ရုပ်လေးတွေခေါက်ရင်း ချစ်သူ့ကိုအလွမ်းဖြေခဲ့ရတယ် နှင်း လဲမောင့်လိုပဲနေမှာပါပဲလေ …. ။ နှင်း ရေ …. သံသယတံတိုင်းနဲ့ကင်းတဲ့နယ်မြေ အလွမ်းတွေသေဆုံးတဲ့နယ်မြေ အမုန်တရားစစ်ရှုံးတဲ့နယ်မြေ သံယောဇဉ်ရပ်ဝန်းတစ်နေရာမှာ မောင် တို့နားခိုကြပါစို့နော် …. ။ ဒါပေမယ့် နှင်း ရယ် မပြည်စုံသေးတဲ့ဘဝမှာတော့ ချစ်သူကိုလွမ်းဆွတ် တမ်းတရင်းနဲ့ပဲ နှစ်သိမ့်ရတော့မှာပေါ့ အချစ်စစ်မှန်ရင်ကြမ်းတမ်းစမြဲပဲတဲ့ […]


သဂျီးခင်ဗျား ။ ကျွန်တော်နှင့်တကွ ရွာသားများရှင်းလင်းစွာသိနားလည်စေနိုင်ရင် ဂရုဏာရှေ့ထားပြီး မေတ္တာတရားနဲ့ဖြေကြားပေးပါခင်ဗျား ။ သံတွဲမြို့မှ မန်ဘာ အာရက္ခမြေသားမှ “မောင်တုတ်ကြီး က ဘယ်သူက ဘာသုံးနေပါသည်ကို ဖော်ပြပေးမည်ဆို၍ ကျေးဇူးတင်ရပါတော့မည်။အကောင့်အချို ့ကိုသိထားပြီ ဟုအကြောင်းကြားလာပါသည်။ ´´ ဟု ပြောကြားသွားပါတယ်ခင်ဗျား ။ ဒီကိစ္စအပေါ်မှာမေးချင်တာပါခင်ဗျား ။ မန်းလေးဂေဇက် မန်ဘာတစ်ဦးရဲ့ လွပ်လပ်ခွင့်ဆိုတာဘာပါလဲခင်ဗျား ။ မန်ဘာဝင်ရာမှာ နာမည်ပြောင် ပေးရပါတယ် ။ အဲဒီလိုပေးရတာဟာ ဒီဝက်ဘ်ဆိုက်ရဲ့ မန်ဘာတွေအတွက် လုံခြုံးရေးလို့ထင်ပါတယ်ခင်ဗျား ။ ခုမောင်တုတ်ကြီးလုပ်တဲ့အလုပ်က မန်ဘာဝင်တွေကို ဖေါ်ထုတ်တယ်ဆိုတာ မန်းလေးဂေဇက်ကြီးတစ်ခုလုံးရဲ့သိက္ခာကို ဘယ်နားသွားထားရမှန်းမသိဖြစ်သွားပြီလို့ထင်ပါတယ် ။ကျွန်တော်တို့သိသလောက်ကတော့ မန်းလေးဂေဇက် ဆိုတာ နိုင်ငံတော်ကခွင့်ပြုပေးထားတဲ့ သတင်းဝက်ဘ်ဆိုက်တစ်ခုလို့သိရပါတယ်ခင်ဗျား ။ မန်းလေးဂေဇက်မန်ဘာဝင်ခြင်းအားဖြင့် နိုင်ငံတော်ကိုပုန်ကန်မှုဖြစ်ပါသလားခင်ဗျား ။ နိုင်ငံတော်ကိုဆန့်ကျင်မှုဖြစ်ပါသလားခင်ဗျား ။ ရာဇဝတ်မှုမြောက်ပါသလားခင်ဗျား ။ […]


သံယောဇဉ်တွေနဲ့နောင်ဖွဲ့ထားတဲ့ နှလုံးသား ဥယျာဉ်ထဲမှာပေါ့ မင်းကိုကိုယ်စတွေ့ခဲ့တယ်ကောင်မလေးရယ် ။ မိုးတွေကလဲသဲလိုက်တာ ။ တစ်ကိုယ်လုံးရွဲရွဲစိုလို့ ။ တစ်ကိုယ်လုံးခိုက်ခိုက်တုန် ။ ဒါပေမယ့် နှလုံးသားကတော့နွေးနေလေရဲ့ ။ ဟုတ်တယ်လေ နတ်သက်ကြွေ အလှဖုရားမလေးကိုမြင်နေရတာပဲ ။ ရွှေအိုရောင်ဆံပင်တွေနဲ့ မိပ်ကပ်ပြယ်နေတဲ့ ပါးပြင်ကလဲ ဖွေးနုဆဲပါလား ။ မိုးရေတွေရွှဲရွဲစိုနေတဲ့မင်းခန္ဓာကိုယ်ကောက်ကြောင်းကို တစ်ခြားပုရိသတွေငေးမောနေပေမယ့် ကိုယ် မကြည့်ရဲခဲ့ပါဘူး ။ ဒါပေမယ့် ထီးတော်မိုးတစ်ယောက်လာတဲ့အချိန်မှာ အလှနတ်ဖုရားမလေးက လှုပ်လီလှုပ်လဲ့နဲ့ လိုက်ပါသွားခဲ့တယ် ။ (ဒီတစ်ခါတော့ကိုယ်ရဲရဲဝံ့ဝံ့ကြည့်ဖြစ်လိုက်ပါတယ်) အိပ်မက်တွေထဲမှာလဲ ရွှေအိုရောင်ဆံနွယ်လေးတွေ ။ ခေါက်ဆွဲကြော်ကြည့်ရင်မင်းကိုသတိရမိရဲ့ ။ ခြေရာလဲပျောက်ရေလဲနောက် ။ နောက်တစ်ခါပြန်မဆုံနိုင်တော့တဲ့ ဘဝဖြစ်ခဲ့ပြီလား ။ တမ်းတရင်းလမ်းဝမှာငေးမော အရူးလို့ပြောတဲ့သူတွေပြောကြရဲ့ ။ ဂရုမစိုက်နိုင်ပါဘူး ။ ကိုယ့်ရင်ထဲရှိတာကိုယ်လုပ်တာပဲလေ ။ ကံဇာတာတက်တယ်ပဲပြောရမလား ။ တစ်နေ့သူငယ်ချင်းတွေနဲ့လက်ဘက်ရည်ဆိုင်မှာထိုင်နေတော့ […]