Yin Nyine NwayAugust 29, 20101min671
ယနေ့ခေတ်ကာလဝေါဟာရမှာ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မိတ်ဆွေ အဆွေဟူသော စကားဟာ ပါဠိဝေါဟာရ ” မိတ္တ ” ဟူသောစကားမှ ဆင်းသက်လာသောစကားဖြစ်ပါတယ် ။ မိတ္တရဲ့အဓိပ္ပာယ်ကတော့ တကယ်စစ်မှန်သော အချစ်စိတ် ဖြင့် ပေါင်းသင်းဆက်ဆံပြောဆိုသူလို့ အဓိပ္ပာယ်ရပါတယ် ။ ဤမိတ္တရဲ့ အနက်အဓိပ္ပာယ်အရ မိတ်ဆွေဆိုရာမှာ ချစ်ယောင် ဆောင်သူ ၊ အကျိုးလိုလားဟန်ဆောင်သူ ၊ ကိုယ်ကျိုးရှိမှုကိုသာ ပဓာနထားပြီး ဆောင်ရွက်သူ ၊ ပေါင်းသင်းသူများကို မိတ်ဆွေဟူ၍ မုချမဆိုနိုင်ပါဘူး ။ ထိုသူများသည် ဟန်ဆောင်မိတ်ဆွေတုများလို့သာ ခေါ်ဆိုရပါမယ် ။ မြန်မာစကားပုံ ဆိုရိုးစကားမှာ ” ဟန်ဆောင်သော မိတ်ဆွေသည် ရန်သူထက်ဆိုးရွားသည် ” လို့ ဆိုထားသည့်အတိုင်း ဟန်ဆောင်ချစ်ခင် ပေါင်းသင်းဆက်ဆံ ပြောဆို တတ်သောသူသည် ရန်သူထက်ပင် ဆိုးရွားလှပါတယ် ။ […]


Yin Nyine NwayAugust 29, 20101min460
< တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေလျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏာရီနဲ့ ဝတ္ထုတိုတွေ ပါဝင်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခုအောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်း သင့်သလို တင်ပေးသွားပါမယ်။> တခါတုန်းက တယူသန် နဲ့ မောက်မာတို့ ကမာ္ဘကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ် တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင်တည်ရှိနေလို့ပါဘဲ ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုုတော့သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့ ၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ထင်နေကြတာပါ။ […]


Yin Nyine NwayAugust 29, 20101min680
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ သဘက် ချောင်းရေကို သောက်သုံး မှုကြောင့် ကျေးရွာလေး ရွာခန့်မှ ဒေသခံရွာသားအများအပြား ဝမ်းရောဂါဖြစ်ပွားပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ယင်းသည် သတ္တုရိုင်း တူးဖော်မှုနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နှစ်လခန့်က ဝမ်းရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံနှင့် နီးစပ်သူတဦးက ယခုလို ပြောသည်။ “ဖြစ်တာက နောင်ကား၊ နောင်ပစ်၊ ဟမ်းစူးရွာတို့ပေါ့နော်။ အဲဒီချောင်းမှာ မှီခိုနေတဲ့ လူတွေ ပေါ့နော်။ တချို့က ရွာနဲ့နည်းနည်းဝေးပေမယ့်လည်း ချောင်းမှာ လယ်တွေ သွားလုပ်၊ ယာတွေ သွားလုပ်တော့ အဲမှာ သောက်ကြတာပေါ့နော်။ အထူးသဖြင့် အဲဒီချောင်း တလျှောက်မှာ ရှိတဲ့ ရွာတွေပေါ့နော်။ ဒီအ ပေါ်မှာပိုင်းမှာရှိတဲ့ ရွာတွေက အဲလိုမျိုး ဖြစ်ကြတယ်။ ဝမ်းလျော ကြတယ်၊ […]


Yin Nyine NwayAugust 29, 20101min521
ဒီစာလေးတွေကို ဖိုးဝမောင် ရဲ့ အေးချမ်းစေသော စကားလုံးလေးများ ဆောင်းပါးမှာကောက်နုတ်ထားခြင်းဖြစ်ပါတယ် ကျွှန်တော်တို့အားလုံးအတွက် တန်းဖိုးရှိတယ်လို့ ယူဆမိပါတယ် ညဏ်စွမ်းရည် ။ ။ နားလည် သဘောပေါက်နှိင်စွမ်းညဏ် မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှထူးလာမှာ မဟုတ်ပါ ။ နားမလည် သူသဘောမပေါက်နှိင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံညဏ်သစ်ကို ပြောင်းဖို့လက်ခံမှာ မဟုတ်ပါ ။ အချိန်ကုန် ဒေါသထွက်ခြင်းသာ ကိုယ့်အတွက်ရလဒ်ဖြစ်သည်။ ဝေဖန်မူ ။ ။ သူများကို ဝေဖန်သုံးသပ်နေလျှင် မပြေလည်မူများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စီစစ်သုံးသပ်ပါ ။ လမ်းမှန်ပေါ်ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။ ။ မကျေနပ်မူဖြစ်တိုင်း ဒီလိုမြင်ပါ ။ ။ လူတယောက်ကို […]


Yin Nyine NwayAugust 29, 20101min511
နိုင်ငံခြား ယောဂီတစ်ဦး ဗုဒ္ဓဘာသာဆိုင်ရာ တရားများကို အားထုတ်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို မြင်ဖူးချင်စိတ်ပြင်းပြစွာဖြစ်ပေါ်လာပြီး အနှစ် (၂၀) တရားအားထုတ်၍ အဓိဌာန်ပြီး မြတ်စွာဘုရား တရားအားထုတ်ခဲ့တဲ့ညောင်ပင်ကို ဓါတ်ပုံရိုက်လိုက်ရာမှ ယခုပုံကိုတွေ့ရခြင်းဖြစ်သည်ဟု ဖတ်လိုက်ရပါတယ်။ အကျယ်ကိုရှင်းပြထားတာတော့ တော်တော်များတယ် ဒါပေမယ့် အချိန်မရလို့  ဒီလောက်ပဲရေးပေးလိုက်ပါတယ် ဟုတ်တာမဟုတ်တာ အပထား၊ ဗဟုသုတအနေနဲ့ ကြည့်ရအောင်လို့ တင်ပေးလိုက်ပါတယ်။


Yin Nyine NwayAugust 29, 20101min510
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅ဝဂရမ်၊ ၁၀ဝ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..’ဒီဖန်ခွက်ရဲ့ တကယ့် အလေးချ်ိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ ဆိုတာပဲ ..’ “ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ “တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် .. “လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် … ‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ […]


Yin Nyine NwayAugust 29, 20101min612
အရက် ၏ဆိုးကျိုးများ Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။ ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။ ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။ ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။ ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။ ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး.. “ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “ နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။ “ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..” အထင်နဲ့အမြင် […]


Yin Nyine NwayAugust 29, 20101min751
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ […]


Yin Nyine NwayAugust 29, 20101min400
ပရိတ်စွမ်းအင် အသက်ရှင် ကျွန်မသည် ဝန်ထမ်းတဦးဖြစ်၍ လပတ်၊ သုံးလပတ်နှင့် ရံဖန်ရံခါ လိုအပ်သလို အစည်းအဝေးများ တက်ရောက် ရ၏။ ထိုအစည်းအဝေးများကို တက်ရောက်ရာတွင်လည်း ကား၊ သင်္ဘော စသည်တို့ဖြင့် သွားရောက်ရသော နေရာများ ဖြစ်၏။ ရေလမ်း၊ ကုန်းလမ်းများ၏ လမ်းခရီးအန္တရာယ်ကို ကြောက်ရွံ့တတ်သော ကျွန်မသည် ဓာရဏပရိတ်ကို စာအုပ်ကြည့်၍ ရွတ်ဆိုသွားလေ့ရှိပါသည်။ တာဝန်များ ဆောင်ရွက်နေရသည့်အချိန်များ အကြားတွင်လည်း ဓာရဏပရိတ်ကို နေ့စဉ် အနည်းဆုံးတခေါက်တော့ ရွတ်ဆိုမိသည်။ သို့သော်လည်း အစအဆုံး အလွတ်ရခြင်းတော့ မရှိသေးပါ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု-ဟူသည့် ပထမအပိုဒ် (အချုပ်) ကိုသာ ဌာန်ကရိုဏ်းကျကျ မိမိရရ ဆိုမိနေခြင်းဖြစ်သည်။ ရုံးလုပ်ငန်းတာဝန်များ […]


Yin Nyine NwayAugust 29, 20101min630
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ် ၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် […]


Yin Nyine NwayAugust 29, 20101min570
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း ၁။ လူအမည်=သိဒ္ဓတ္ထ ၂။ ဘုရားဘွဲ့=ဂေါတမ ၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီ ၄။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ ) ၅။ ရင်သွေးတော်=ရာဟုလာ ၆။ ယောက်ဖတော်=ဒေဝဒတ် ၇။ မိထွေးတော်=ဂေါတမီ ၈။ နေပြည်တော်=ကပိလဝတ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။ ၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟကြား )။ ၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။ ၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း ၁၂။ ဗျာဒိတ်ခံယူသောဘဝ=သုမေဓာရသေ့ဘဝ ၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့ ၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း […]


Yin Nyine NwayAugust 29, 20106min1363
၁ အင်တာဗျူးတစ်ခုတွင်…. မန်နေဂျာ။    ။ မင်းမွေးနေ့ ပြောပါ ကိုထုံ     ။    ။ အောက်တိုဘာ ၁၃ မန်နေဂျာ။    ။ ဘယ် နှစ်လဲ ကိုထုံ     ။    ။ နှစ်တိုင်း 2. နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်… “ငါက နိုင်ငံခြားသားနဲ့များ တူနေလား” “တူပါဘူး၊ ဘာလို့ လဲ” “လန်ဒန်မှာ အမျုးိသမီးတယောက်က ငါ့ကို နိုင်ငံခြားသားလားလို့ လာမေးနေလို့” 3. အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်…. အမေရိကန်။    ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား ကိုထုံ       ။    ။ ဟင့်အင်း…ကလေးလေး တွေဘဲ မွေးတာ 4. စာသင်ခန်းအတွင်း၌ဖြစ်သည်… ဆရာ   ။    […]


Yin Nyine NwayAugust 29, 20103min984
စပိန်နိုင်ငံတွင် နွားရိုင်း ဝှေ့ခံရသောကြောင့် လူ ၄ဝ ဒဏ်ရာရ ဤသို့ ခုန်တက်သည်..။ အပေါ်ကို ရောက်သွားပြီ…. ဟောဒီလို ဒိုင်ဗင်နဲ့ ဝင်လိုက်တယ်..။ ခွာချော်နေလို့ တော်တော်နဲ့ မတက်နိုင်တာ ကံကောင်းသွားကြတယ်…။ တွေ့ရာ မြင်ရာ ကို ဝှေ့နေတာ ကြောက်စရာ….။ လူတွေက အသက်လု ပြေးကြရတယ်..။ ကျောပြင်တော့ ပေါက် ပါပြီ… ပြေးစရာက မရှိတော့ဘူး…။ နောက်မှာ က ရောက်နေပြီ..။ ငိုရုံက လွဲလို့ ဘာတတ်နိုင်မှာလဲနော်..။ နောက်ဆုံးတော့ ဒီကောင်ကြီး ကြွသွားပြီပေါ့…။ ပရိတ်သတ်လည်း (၄၀) လောက် ဒဏ်ရာ ရသွားပါတယ်တဲ့..။ စပိန်နိုင်ငံက နွားရိုင်းသတ်ပွဲ သွားမယ် ဆိုရင် သတိထားကြနော်…။