Yin Nyine NwayMarch 8, 20121min28127
ဒီလူကို သတိထားမိတာကြာပါပြီ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကနေတဲ့လူတစ်ယောက် …. ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါတယ်။ ကနေတာက ရူးနေလို့တော့ မထင်ကြပါနဲ့ ယဉ်ကြောကို မရှုပ်ထွေးအောင် အမြဲပြုံးပြီး နေပူပူ မိုးရွာရွာ မနားမနေ လက်ကော ခြေပါ ပါအောင် အားနဲ့မာန်နဲ့ အလုပ်လုပ်နေတဲ့သူပါ … သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ တနေ့မှာတော့ ရင်ငြိမ်းကို အလုပ်က ကိစ္စတခုနဲ့ အပြင်ကနေပြန်အလာ တက္ကစီ ကားသမားက ပိုက်ဆံ 500ကို လုံးထွေးပြီး သူရှိတဲ့နေရာကို ပစ်ပေးတာတွေကလိုက်ပါတယ် မနေနို်င် မထိုင်နိုင်လို့ ဘာလို့ သွားပေးရတာလဲ လို့မေးတော့ ကားသမားက သူသာ ဒီနေရာမှာ […]


Yin Nyine NwayDecember 10, 20111min23511
ရင်ငြိမ်းက ဗုဒ္ဒဘာသာတယောက်ပါ ဗုဒ္ဒဟောကြားတဲ့ တရားတော်တွေကို ရွကဖတ်ရင် အန္တရာယ်ကင်းတယ်လို့ ယုံကြည်တယ် ယုံကြည်စွာနဲ့လည်း ရွက်ဖတ်တယ် အကျိုးတရားထက် ကုသိုလ်ရဖို့ ရွတ်ရင်ပိုကောင်းမယ်လို့လဲထင်တယ် အားလုံးလဩိပြီးသားဖြစ်တဲ့ ဓာရဏပရိတ် ပါ တခြားသူတွေမှာမရှိပဲ ဗုဒ္ဒမြတ်စွာဘုရားမှာသာရှိတဲ့ ဂုဏ်တော် 18ပါးပါ .. နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ […]


Yin Nyine NwayDecember 3, 20111min1318
ရင်ငြိမ်းနေတာ ရေတာရှည်လမ်းဟောင်း က ကမ္ဘာဇ ဓမ္မာရုံမှာပါ ရေတာရှည်လမ်းဟောင်းက ဘုရားအရှေ့ဘက်မုဒ် နားလည်းဖြစ် ဗဟန်းဈေးလည်းရှိတော့ လူ စည်ကားတဲ့နေရာတခု ပျံကျဈေး သည်တွေ လမ်းဘေးဈေးသည်တွေ များတဲ့နေရာ တခုပါ အမြဲတမ်း နောက်ကျပြီး ပြန်တဲ့ ရင်ငြိမ်းအတွက် ထူးထူးခြားခြားလေး တခုကတော့ ဗဟန်းဈေးရှေ့မှာ လက်တွန်းလှည်းလေးနဲ့ ကိုးရီးယား အသားပြားတွေကို ကြော်ရောင်းနေတဲ့ ခြေထောက်မရှိတဲ့ လူတယောက်ကိုပါ စေတနာ တန်ပြန်ဟပ်တယ်ဆိုရမလား ထူးထူးခြားခြား ငါးဖယ်ပြားတွေကို တခုယူရင် 50 အကြွတ်ကြော်ရင် 3ခု 200တဲ့ ထူးထူးခြားခြား စားလို့ကောင်းလို့ လက်တော်ငမလည်ဘူး ရောင်းရတာ အဲဒီအကြော်လေးက အချိန်ပေးပြီး ကြော်ရတယ် ပိုပြီးထူးခြားတာက သူ့ဘေးက လာဝယ်တဲ့ လူတော်တေ်ာများများ သူ့ကိုဝိုင်းကူနေတာကိုပါ မဆီမဆိုင် ထိုင်ကြော်ပေးနေတဲ့ကောင်လေးလည်းတွေ့တယ် အဲဒီကောင်လေးပြောပြတာက တော့ အဲဒီအကို […]


Yin Nyine NwayDecember 1, 20111min20515
ကျွန်မ အလုပ်မှာ လေဘယ်တော်တေ်ာများများရှိပါတယ် ဒဂုံတောင်ပိုင်း မြောက်ပိုင်းကလူ…. စက်မှုဇုံမျိုးစုံက လူ … အောက်တန်းအဆင့် တရက်လုပ်ခ တရက်စားရတဲ့လူတွေလဲပါပါတယ် တရက်မှာတော့ အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက သူ့သမီးလေးကို အလုပ်ခေါ်လာပါတယ် စနေနေ့ကြီးဆိုတော့ သမီးလေး ကျောင်းပတ်တယ်ထင်ပါ့ ကျွန်မက စမ်းချောင်းမှာ စာသင်နေတော့ ဝါသနာကမနေနိုင် စာမေးပွဲနီးပြီဆိုတော့ သမီးလေးကို မေးကြည့်မိလိုက်ပါတယ် သမီးလေး စာရပြီလား စာမကျက်ဘူးလားဆိုတော့ သမီးလေးက စာကျက်လဲဘာလုပ်ရမှာလဲတဲ့ ကျွန်မမျက်လုံးပြူးသွားတယ် ဘာလို့လဲလို့မေးတော့ ကျောင်းမှာ စာမေးပွဲအောင်လို့ အဆင့်ရရင် အဆင့်တစ်က 3သောင်းပေးရတယ်တဲ့ အဆင့်နှစ်က 2သောင်း အဆင့်3 က 1သောင်းပေးရတယ်တဲ့ ဘာဆိုင်လို့လဲ အောင်တဲ့သူကို သူတို့က ဆုချရမှာလေဆိုတော့ ဆုချဖို့ကောက်တာဆိုပဲ တော်တော်လေးပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ သူ့အဖေကလည်းပြောထားတယ်တဲ့ အဆင့်ပါလာရင် ကျောင်းမအပ်ပေးဘူးလို့ပြောတယ်တဲ့ ဒိလိုပဲ အားလုံးက […]


Yin Nyine NwayNovember 26, 20111min22418
ခံရသမျှထဲမှာ ပေါ်တင်ကြီးက အခံရအခက်ဆုံးပဲ ရုံးမြှ ရင်ငြိမ်းအလုပ်က အစိုးရနဲ့ မပတ်သက်ရပါဘူး ဒါပေမဲ့ HR ကတယောက်ပဲရှိတော့ သူ့အလုပ်ကို ပါလုပ်ကူရတာမျိုးရှိတယ် တနေ့မှာတော့ ရုံးကဖုန်းသွားဆောင်ရမယ် အခွန်ရုံးမှာ ပိုက်ဆံသွားသွင်းရမယ် လုပ်ရမှာက 2နေရာ ဖုန်းဘေက 2သောင်း အခွန်ရုံးက 2သိန်း နောက်လည်းနောက်ကျနေပြီ အခွန်ရုံးအတွက် စာရွက်ကလည်းစီရအုန်းမယ် ဒါကြောင့်HR က အဒေါ်ကြီးကလည်း ပြာသလဲလဲနဲ့ ကားပေါ်က မဆင်းတော့ဘူး ဖုန်းဘေလေး သွားပေးပေးပါတဲ့ဆိုပြီး ဖုန်းစာအုပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တယ် ဘုမသိ ဘမသိ ဖုန်းစာအုပ်ယူပြီး သွားဆောင်တော့ ကောင်တာ6မှာ မျက်နှာကြောတင်းတင်းနဲ့ ထိုင်နေတဲ့အမကြီး စာအုပ်ကို မဖတ်ပဲ ပေးလိုက်မိတယ် ဒါပေမဲ့ သူ့ဘေးက အမကြီးကတော့ 2သောင်းပဲမလား 2သိန်းတောင်နောလို့ပြောလိုက်သံတော့ ကြားလိုက်ပေမဲ့ မမေးမိလိုက်ဘူး စိတ်ထဲတမျိုးဖြစ်တာနဲ့ ကားထဲပြန်ရောက်တော့ အဒေါ်ကိုမေးကြည့်တယ် […]


Yin Nyine NwayNovember 20, 20111min2559
ရင်ငြိမ်းတယောက်လုပ်လိုက်ရင်ပေါက်တက်ကရတွေပဲတဲ့ လုပ်တာမဟုတ်ပေမဲ့ သူ့အလိုလို ဖြစ်သွားတာပါ ရင်ငြိမ်း တတိယအလုပ်ရတော့ အရှင်ဆန္ဒာဓိက ရဲ့စာအုပ်မျက်နှာဖုံးဆွဲတဲ့ နှင်းဝေနေဝင်းမှာပါ ဆရာက နေဝင်းအောင် သူ့မိန်းမနာမည်က နှင်းဝေငြိမ်း ဒါကြောင့် နှင်းဝေ နေဝင်းလို့ နာမည်ပေးထားတယ်လို့ဆိုပါတယ် စာပေလောကကို သိတဲ့အတိုင်းပဲ ဘုန်းကြီးတွေပဲရေးတာများနေပြန်ရော တရားတပုဒ် စာတအုပ်လို့ဆိုရလောက်အောင် တရားတပုဒ်ပြီးတိုင်း စာအုပ်ကတော့ တစ်အုပ် ထွက်ပြီးသားပဲ စီးပွါးရေးသမားတွေကလည်း ဒါကိုပဲစောင့်နေပုံရပါတယ် ဒီဆရာတော် တရားဟောကောင်းရင် လာထား ထုတ်မယ်ဆိုတာချေးပဲ —————————————————- အဲဒီမှာ မျက်နှာဖုံးဆွဲတဲ့ ရင်ငြိမ်းတို့လို လူတွေကတော့ စိတ်ညစ်လာရတော့တယ် တချို့ဘုန်းကြီးတွေက သူ့စာအုပ်အဖုံးမှာ ဘာပုံလေးနဲ့ ဆင်ချင်တယ်ပြောရင်တော့ သိပ်ခေါင်းမစားရပေမဲ့ တချို့ကျတော့ နာမည်လေးပဲပေးခဲ့တယ် ပြီးတော့ စာမူပေးပြီး ဖတ် စာမူသာ ဖတ်ပြီးဆွဲမယ်ဆိုရင်တော့ သေချာပါတယ် တလ ရေတောင်သောက်ရမှာမဟုတ်ဘူးတဲ့ ဒီတော့ နီးစပ်ရာလေး […]


Yin Nyine NwayNovember 12, 20112min1348
တော်တော်စည်ကားတယ်လေ မစည်ဘူးမစည်ဘူးနဲ့ နေ့လွတ်မှာတောင် တော်တော်စည်တယ် မီးစာကို ဒီလိုလေး တင်သွားတယ်လေ မီးကျီဆိုတာ ဒါကိုပြောတာ … ယမ်းခွေလို့လဲခေါ်တယ်လေ တီတံ ဆိုတာ ဒီအချောင်းလေးချောင်းကိုပြောတာ မှိုင်းခံတယ်ဆို တာ ဒါပေါ့ မီးဇော်ထိုးတယ်ဆိုတာ ဒါပေါ့ မှိုင်းနဲနဲ ပြည့်လာပြီ မီးချူးတွေ ခိုတွေ စကျလာပြီ ဒီလိုဝုန်းတော့ ထွက်ပြေးကြတာပေါ့…


Yin Nyine NwayNovember 7, 20111min915
ကျွန်တော့် မီးကို ဒိုင်လူကြိးက ကြော်ငြာနေပြီ… ကျွန်တော်တို့အဖွဲ့ သက်မှတ်ထားတဲ့နေရာကိုသွားကြတယ် ပြီးတော့ ကျွန်တော်တို့မီးကျီကို အလေးချိန်ချိန်ဖို့ပြောတယ် ကျွန်တော် ဒိုင်လူကြီးဆီ မီးပုံးပျံနဲ့ ပတ်သတ်တဲ့အချက်အလက်ကိုပေးလိုက်တယ် သူက ပရိသတ်ကို ကျွန်တော်ေရေးထားတဲ့အတိုင်း ရွက်ပြတယ် အလေးချိန်ချိန်ရတဲ့အကြောင်းရင်းက မီးပုံးပျံခေါင်အမြင့်နဲ့ ယမ်းပိသာချိန်ကို ကိုက်မကိုက်စစ်တာပါ နို့မဟုတ်ရင် မီးပုံးပျံမတက်နိုင်ပဲ အောက်မှာ ဝုန်းဒိုင်းကျဲမှာကြောက်လို့နေမှာပါ ကျွန်တော် မီးကျီချိန်နေတဲ့အချိန် ကျွန်တော်တို့အဖွဲ့က မီးပုံးပျံထောင်နေပြီ မီးဇော်နဲ့ မီးပုံးပျ့ကိုမှိုင်းဖြည့်တယ် ခေါင်တက်လာပြီဆိုတာနဲ့ မီးပုံးပျံ မှိုင်းဝအောင်ဖြည့်တယ် ပြီးတော့ တီတံလို့ခေါ်တဲ့ မီးပုံးပျံနဲ့မီးကျီ ဆက်တဲ့ ကြားခံနယ်ကိုချိတ်တယ် တီတံက လည်းအရေးကြီးတယ် တီတံကို ကိုင်ပြီး မီးပုံးပျံ ဆွဲနိုင်မဆွဲနိုင်ကို ချိန်နိုင်တယ် ပြီးတာနဲ့ …. မီးပုံးပျံဆွဲနိုင်တဲ့အချိန်လောက်မှာ အောက်ကနေ မီးကျီကို ဆွဲတယ် လေအပင့်မှာ မီးပုံးပျံက ဆွဲတက်သွားတက်တယ် […]


Yin Nyine NwayNovember 2, 20111min11010
အားတဲ့ ရက်တရက်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု တောင်ပေါ်တက် ဝါးခုတ်တယ် ပြီးတော့ အိမ်ရောက်တာနဲ့ မီးကျီခွေ လုပ်တယ် တချို့က အဝိုင်း၊ တချို့ကတော့ လေးထောင့် ကျွန်တော်ကတော့ စိန်တုံးပုံလေး လုပ်တယ် အမြင့်ပေ 5ပေခွဲမှာ အဆင့်က 6ဆင့်ပါတယ်ဗျာ တဆင့်ချင်းဆီမှာ ထူးခြားမှုလေးတွေ ထည့်ဖို့ကျွန်တော်စဉ်းစားတယ် မီးကျီခွေ လုပ်ပြီးတာနဲ့ ခေါင်မိုးပေါ်မှာ အခြောက်ခံထားတယ် အားရင် အားသလို ကျွန်တော့ ညီ သူငယ်ချင်းတေါ ရက်ကွက်ထဲက အားတဲ့လူတွေ ကျွန်တော့သူငယ်ချင်းတွေက ကျွန်တော့ကို ကူပြီး မီးလာရိုက်ပေးကြတယ် မီးချူးတွေ ရိုက်တယ် ခိုတွေရိုက်တယ် အရောင်တွေစပ်တယ် အရောင်စပ်ဖို့ ဘေရီယမ် တွေသုံးတယ် ငွေမင်လို့ခေါ်တဲ့ ဆေးဗားအောက်ဆို်ဒ်တွေကို အဖြူရောင်အတွက်သုံးတယ် အဖြူရောင် အဝါရောင် အစိမ်းရောင် အပြာရောင်တွေ စပ်ကြည့်တယ် ဒီနှစ်မှာတော့ […]


Yin Nyine NwayNovember 2, 20111min20311
ဒီနေ့ည ကျွန်တော်အရမ်းပျော်နေတယ်… ကျွန်တော့ မီးပုံပျံ လွတ်ရမဲ့ညလေဗျာ… ကျွန်တော် ဒီမီးပုံးပျံအောင်မြင်ဖို့ 3လလုံးလုံး အပင်ပန်းခံခဲ့ရတာ…ဒီည ထောင်ပေါင်းများစွာသော လူတွေရှေ့မှာ ပြသရတော့မယ် ….. မီးပုံးပျ့ဆိုလို့ ကျွန်တော်လုပ်တဲ့မီးပုံးပျံအပြင် တခြားမီးပုံးပျံတွေအကြောင်း ကျွန်တော်ပြောပြချင်တယ် မီးပုံးပျံက 3မျိုးရှိတယ်ဗျ…(ကျွန်တေ်ာတို့တောင်ကြီးမှာပေါ့ဗျာ)… ပထမတခုက နေ့လွတ် အရုပ်မီးပုံးပျံ …. သူ့ကိုတော့ လူ စိတ်ဝင်စားနည်းတယ်ဗျ …. အမှန်တကယ်တော့ သူက အခက်ဆုံးလို့ပြောရင်ရတယ် အရုပ်ပုံစံ အချိုး အစားချိုးရတယ် … မီးစာထည့်ဖို့ ဘယ်ညာ ညီဖို့ ကျွန်တော် တို့ကြိုးစားရတယ် လေကိုချိန်ရတယ် မှိုင်းကိုချိန်ပြီးမှ လွတ်ရတယ်….10လုံးမှာ 8လုံးတက်ဖို့ မလွယ်ဘူး တက်ပြီးရင်လည်း ပြန်ကျတယ် တဝတ်မှာမီးလောင်တယ် …. 1နာရီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ကြိုးစားထားတဲ့ အရာ မီးလောင်သွားရင် ….. သူ့ကို […]


Yin Nyine NwayOctober 16, 20111min17012
ဒီလိုလေး ဘဝကိုပေါ့ပေါ့တွေးပြီး….မိဘပိုက်ဆံခါွသုံးနေရာက ဒုတိယ အလုပ်ထပ်ပေါ်လာပါလေရော….ဒီတခါတော့ ရန်ကုန်ပါးဝလာတဲ့အပြင်လည်လည်ပတ်ပတ်လည်းှရှိတာပြီလေ။။။ အရင်လို ရိုးရိုးကြီးမဟုတ်တော့ပဲ ဟော့ရှော့ဖြစ်လာပြီ… သွားလျှောက်ရမှာက လှည်းတန်းမှာ…..ဦးထွန်းလင်းခြံလမ်း….တကယ်ပါ….အဲဒီတုန်းက ဦးထွန်းလင်းခြံလမ်းက သင်တန်းပေါင်းစုံရှိတဲ့နေရာပါ…ဆရာဦးမြကြိုင်ကျူရှင်ဆိုတာလဲ…များလိုက်တဲ့ ကျောင်းသားတွေ…..အဲဒီမှာ ဘေးမှာအတူတူအိပ်တဲ့ သူငယ်ချင်းက သူကဦးမြကြိုင်သွားမှာဆိုပြီး အတူတူထွက်လာတယ်….ရင်ငြိမ်းကအကျီင်္အရှည်…ကိုယ်ကျပ်နဲ့ ဂျင်းဘောင်းဘီနဲ့….တောင်ကြီးသူမပီပီ အောစတားလေးစီးပီး အလန်းထွက်လာတာပေါ့… ဦးထွန်းလင်းခြံလည်းရောက်ရော…ဦးမြကြိုင်တက်ရမှာမလို့မစောင့်တော့ဘူးဆိုပြီး လမ်းခွဲသွားတယ်….ရင်ငြိမ်းမှာ တယောက်ထဲ…လိုက်ရှာတော့ တွေ့ပြီ…..ဒုတိယအလွာမှာ INFO TECH ဆရာက ဘာရှာတာလဲဆိုတော့ လက်ညိုးထိုးပြလိုက်တယ်…ဒီကိုလာမှာလားတဲ့….အင်းဆိုတော့ သူက သော့ပစ်ချပေးတယ်….တောင်းလေးထဲထည့်ပြီး ကြိုးနဲ့ချပေူတာပါ….မစ္စတာဂီးက တောင်းထဲမဝင်ဘူး အပေါ်ကနေပြုတ်ကျလာတာ….ပေါ်မော့နေတဲ့ ရင်ငြိမ်းပေါ်တဲ့တဲ့…ရှောင်ချိန်မရတဲ့အပြင် မစ္စတာသော့က ရင်ငြိမ်းရင်ဘက်ထဲ ကျသွားပါလေရော….သင်တန်းပြီးလို့နောက်သင်တန်းတက်ဖို့စောင့်နေတဲ့ သူတွေက ရှေ့တဲ့တဲ့လက်ဘက်ရည်ဆိုင်မှာအများကြီး… ရှက်ရှက်နဲ့ လှည့်ထွက်မယ်လုပ်တော့…အပေါ်ကဆရာက ဟေ့သော့ထုတ်အုန်းလေ…နင်မထုတ်ရင် နင်လည်းတက်လာလို့မ၇…ငါတို့လဲ ဆင်းလို့မရတော့ဘူးတဲ့ ဝါးခနဲ ရီတဲ့အသံက တော်တော်ကိုဟိန်းသွားတာတော့ အမှန်ပဲ…ရှက်ရှက်နဲ့ သော့ထုတ်ပါတယ်ဆိုမှ အကျီင်္နဲ့ညှိနေသေးတယ် နောက်တော့ သော့ယူပြီးတက်တော့ ဆရာကမေးတယ်…ဘာပိုစ့်လျှောက်မှာလဲဆိုတော့ လူကထူပူနေပြီ…it […]


Yin Nyine NwayOctober 15, 20111min45811
ရင်ငြိမ်းဇာတိက တောင်ကြီးကပါ… တောင်ကြီးမှာကျောင်းတက်ပြီး… တိုးတက်ချင်တဲ့ ဆန္ဒနဲ့ ရန်ကုန်မှာ သင်တန်းလာတက်ခဲ့တယ်…နယ်မှာတော့….နေရထိုင်ရ အဆင်ပြေသလောက်…ရန်ကုန်စရောက်တဲ့အခါမှာ တော်တော်ကြီးကို ဒုက္ခရောက်တာတွေ့ရပါ့တေယ်.. အရင်ဆုံး… ရန်ကုန်မြေကို စရောက်ပြီဆိုတာနဲ့ တနေရာရာသွားဖို့က ကားစီးဖို့ပါပဲ….နယ်မှာလို တနေရာကို လမ်းလျှောက်ပြီးသွားလို့မရတာရယ်..လိုင်းကားမစီးတက်တာရယ်က နယ်က လာတဲ့လူအဖို့ ပထမဦးဆုံး ရင်ဆိုင်ရမဲ့ဒုက္ခပါ… ရောက်ရောက်ချင်း သွားတဲ့နေရာကတော့ မြေနီကုန်းပါ…ရင်ငြိမ်းနေတဲ့နေရာက ရွှေတိဂုံ အရှေ့ဘက်မုဒ်က ကမ္ဘာဇ ဓမ္မာရုံပါ… ဓမ္မာရုံဆိုပေမဲ့ ဘုန်းကြီးနေတဲ့နေရာမဟုတ်ပဲ ရှမ်းပြည်နယ်က လာတဲ့လူတွေ အဆင်ပြေအောင် လုပ်ထားတဲ့ နေရာလေးပါ တောင်ကြီးမြို့ လာရှိုးမြို့က လူများ ရှမ်းလူမျိုးများ အများဆုံးနေကြတဲ့နေရာပါ…အဲဒီကနေ မြေနီကုန်းသွားရင် စီးရမဲ့ကားက ၂၀၄ ဒါမှမဟုတ် ၃ကားပါ…သူငယ်ချင်းက မြေနီကုန်းမှာ စောင့်မယ် လာခဲ့ပါလို ဆိုတာနဲ့ ဓမ္မာရုံက အရင်နေကြတဲ့ လူတွေမေး…မနောရမ္မကို သွားမဲ့သူရှိတာနဲ့ း မသူတို့နဲ့လိုက်တော့တာပေါ့… […]


Yin Nyine NwaySeptember 13, 20111min17911
အေးချမ်းတဲ့ မြို ့လေးတစ်မြို ့မှာတစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိ တယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေဝင်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။ ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ ဒီလိုနဲ့ တစ်ညမှာ […]