Yin Nyine NwayAugust 15, 20111min1264
ခေါက်ဆွဲအွန်လုပ်စားဖို့ အရင်ဆုံး… ဆန်ပြားခေါက်ဆွဲဖတ် သူက မလှီးရသေးတဲ့ ဆန်ပြားပါ သံဈေးမှာ ရနိုင်ပါတယ် ပြီးရင် ကြက်သားကို တောက်တောက်စင်းထား အရင်ဆုံး… ဆီအရင်တည်…ဆီပူလာရင် အရောင်တင်မှုန့်ထည့်… ပြီးရင် ကြက်သွန်နီ ပါးပါးလှီးထားတာကိုဆီသတ် နီလာရင် ခရမ်းချဉ်သီ တောက်တောက်စင်းထားတာကိုထည့် … ခရမ်းချဉ်အနှစ် ကျက်လောက်ရင် ပါးကောလို့ ခေါ်တဲ့ တရုတ် မာဆာထည့် .ပြီးရင် ခစနေက ကြက်သားထည့်ပြီး ရောပြီးဆီသတ်ပါ …. ဆား အချိုမှုန့် လိုအပ်သလို ထည့်ပြီးရင် ခဏနေက ဆန်ပြားခေါက်ဆွဲ အပြားထဲ ထည့်ပြီးလိပ်ပါ …. ပြီးရင် အောက်ကနေ ဆလပ်ရွက်ခံပြီး ိပ်ထားတဲ့ အလိပ်လေးကို ထမင်းလိပ် ကိုလှီးသလို အပိုင်းပိုင်းတွေလုပ်ပြီး စားသုံးနိုင်ပါတယ် ဆီအများကြီးမထည့်ပဲ အနေတော် အခြောက်လုပ်မှ စားကောင်းမှာပါ ဖြစ်နိုင်ရင် […]


Yin Nyine NwayAugust 14, 20111min28422
လိုအပ်သောပစ္စည်း ဆန်ပြားခေါက်ဆွဲ ပဲငပိ မုန်လာထုပ် ခရမ်းချဉ်သီး သကြားရည် နံနံပင် နှမ်းထောင်း ငရုတ်သီးမှုန့်အကြမ်းကြော် ပဲငပိကို အရေဖျော်ထားမယ် …ပျစ်ပျစ်လေး၊ ခရမ်းချဉ်သီး တလုံးကို ဘာမှမပါပဲ ရေနဲ့ ရောကြို အဖတ်ကြေအောင်လုပ်ပြီး…အခွံတွေကို ဖယ်ထုတ်လိုက်ပါ၊ မုန်လာထုပ်ကို ပါးပါးလေး လှီးထားမယ်….သကြားကို အရည်ဖျော်ထား…နှမ်းကိုထောင်းထား…. အရင်ဆုံး …. ဆန်ပြားခေါက်ဆွဲထဲကို ….ပဲငပိ အရေဖျော်ပြီးထည့်… မုန်လာထုပ် ပါးပါးလှီးပြီးထည့် …..ခရမ်းချဉ်သီးကို ရေနဲ့ အရေကြိုပြီး အခွံမပါအောင် စစ်ပြီးထည့် သကြားရည်ထည့်ပြီး အပေါ်က ၊နှမ်းထောင်း နံနံပင်ဖြူးပြီး စားရင် …. အရသာရှိလှတဲ့ ချဉ်ငန်းစပ်ခေါက်ဆွဲလေးကို ရမှာပါ…


Yin Nyine NwayJuly 27, 20111min16811
လိုအပ်သောပစ္စည်း ဆန် …… နို့ဆီဘူး… 2လုံး အာလူး ……. 10သား ငါး….. 10သား ဆား ဟင်းခတ်မှုန့် ဆနွင်း ဆီ ခရမ်းချဉ်သီး ….. 2လုံး ကြက်သွန်ဆီသတ် …. ကြက်သွန်မိတ် ….. အနည်းငယ် အရင်ဆုံး ဆန်ကို ထမင်း အရင်ချက်မယ် ပြီးရင် …အာလူးကိုပြုတ်… ပြီးတာနဲ့ အခွံခွာ ညတ်အောင်ထောင်းထား…. ငါးကို ဆား၊ ဆနွင်းနဲ့နယ်ပြီး ပြုတ်ထား …အရိုးနွံထား… ထမင်းကို ဇလုံထဲ ခူးထည့် အအေးခံထား..ပြီးရင် ခရမ်းချဉ်သီးကို ဆနွင်းနဲ့ ရေပြုတ်… အဝါရောင်အရည်ဖြစ်တဲ့ အထိပေါ့ ပြီးရင် ခဏနေက အအေးခံထားတဲ့…ထမင်းပေါ် ဆမ်းပြီး ရောနယ်မယ် ထောင်းထားတဲ့ အာလူး၊ အရိုးနွာထားတဲ့ ငါးရောထဲ့ပြီး အားနဲ့ […]


Yin Nyine NwayJuly 26, 20111min17212
လိုအပ်သောပစ္စည်း… သာကူစေ့ ……. 1ထုပ် ကြက်သား ……. 1ပိုင်း ဆား ………….အနည်းငယ် ဟင်းခတ်မှုန့် …….အနည်းငယ် ဆလပ်ရွက် …….. 1စီး ကြက်သွန်စီသတ် ….. အနည်းငယ် ကုလားအော်………အနည်းငယ် အရင်ဆုံး ကြက်သားကိုတောက်တောက်စင်း ပြီးတော့ ဆားရယ်၊ ဟင်းခတ်မှုန့်ရယ်နဲ့ ရောနယ်ပြီး ဆီအနည်းငယ်နဲ့ ရောပြီးကြော်ထား အကြွတ်မဟုတ်ပဲ စားလို့ရတဲ့ အတော် အချိန်ရရင်ချထား သာကူစေ့ကို ရေအေးနဲ့ ရေစိမ်ထားမယ် …5မိနစ်လောက်ကြာရင် သာကူစေ့ကိုလက်ထဲ အနည်းငယ်ဆယ်ယူ ပြီးတော့ ခဏနေက ချက်ထားတဲ့ ကြက်သားကို ထာပနာပြီး အလုံးသေးသေးတွေလုံးပါ…. ပြီးရင် ပေါင်းအိုးပေါ်မှာ သာကူလုံးလေးတွေကို ထည့်ပြီးပေါင်းပါ… 20 မိနစ်လောက်ကြာတဲ့ အချိန်ကျရင်တော့ စားလို့ရတဲ့ ဆင့်ရပါပြီ ပြီးရင် … ပန်းကန်ပြားထဲမှာ ဆလပ်ရွက်ကိုခင်း..အပေါ်မှာ […]


Yin Nyine NwayJuly 16, 20111min73
၁) မနှိုင်းနဲ့   “သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ ၂) လျှစ်လျှူမရှုနဲ့   မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ […]


Yin Nyine NwayJuly 15, 20111min18013
အင်းလေးရိုးရာ အစားအစာထဲက ရှမ်းပြည်သားတွေ အကြိုက်ဖြစ်တဲ့ ဟင်းထုတ်လုပ်နည်းလေးပါ…. လိုအပ်သော ပစ္စည်းများ ကြက်သွန်ပင် (ကြက်သွန်မိတ်) { အတူတူပဲ ရစ်ပြီးမေးတက်လို့ }     ======= 3စီး ဆန်စိမ်းမှုန့်                                                                                            ======= 3ဘူး ရေ                                                                                                          ======= အနည်းငယ် ဝက်သား                                         […]


Yin Nyine NwayJuly 13, 20111min23517
စကားပြောတဲ့နေရာမှာ …….တိုင်းရင်းသားတွေရဲ့ ဘာသာစကားရယ်၊ နားလည်မှုရယ် အသုံးအနှုန်းတွေက အရေးကြီးတယ်လို့ထင်ပါတယ် ယဉ်ငြိမ်းတို့ တောင်ကြီးမှာ တရုတ်တွေချည်း နေတဲ့ ရက်ကွက် တခုရှိတယ်…အဲဒီရက်ကွက်က လူလဲ သိပ်မရှိသလို ခြံကျယ်ကျယ်ကြီးတွေချည်းပဲ ယဉ်ငြိမ်း ဦးလေးက မိုးပုံပျံပြိုင်ပွဲဝင်တော့ အန္တရယ် ကင်းအောင် (မီး ရန်က မကြောက်ရအောင်) ဆိုပြီး အဲဒီရက်ကွက်မှာ မီးပုံးပျံသွားလုပ်တယ် တရက်ကျတော့ နဘေးအိမ်က တရုတ်ကြီးက ပျာတလဲလဲ ပြေးလာပြီး “ ငါ့နွား ယောကျင်္ားနဲ့ ငါ့နွားမိန်းမ မြင်ခိင်တယ်လား ” ဆိုပြီး ထူးထူးဆန်းဆန်းမေးတယ် ဦးလေးတို့ သူငယ်ချင်းတွေကလည်း ထူးထူးဆန်းဆန်း နွားကိုယ်နဲ့ လူခေါင်းလို သတ္တဝါကို ပြောသလို လူကိုယ်နဲ့ နွားခေါင်းသတ္တာဝါ ကိုပြောတာ ထင်ပြီး “ မြင်ချင်တယ် မြင်ချင်တယ် ” လို့ […]


Yin Nyine NwayJuly 8, 20111min1578
လိုအပ်တဲ့ပစ္စည်းလေးကတော့ ငါးကြင်း…….. 1ကောင် ကြက်သွန်ဖြူ ….. 3လုံးလောက် ဂျင်း….. 1တစ်လောက် ငရုတ်သီး (ကုလားအော်)….. အနည်းငယ် ဆီး……. 10သားလောက် ပဲပုတ်စေ့ငန်……… အနည်းငယ် သံပုရာသီး ….. 1လုံး အရင်ဆုံး..ငါးကို ဗိုက်ခွဲပြီး ကလီစာတွေထုတ်….ကြေးခွံတွေ ပြောင်အောင် သန့်ပီးတာနဲ့ ……..မခုတိထစ်ပဲ သန့်ထားပေါ့ ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးလေး၊ ဂျင်းလေးကို ရောထောင်း ။ ပြီးရင် ငါးရဲ့ ဗိုက်ထဲကို ထောင်းထားတဲ့ဟာတွေကိုသွပ်၊ နှီးနဲ့ချည်ထား။ ငါးအပြင်ပိုင်းကို သံပရာသီးနဲ့ သူတ်လိမ်းထားလိုက် ဆီပူလာရင် ငါးကိုထည့်ပြီးကြော် …… တရှဲရှဲ နဲ့ အသံတွေထွက်လာရာက အနီရောင်သန်းလာမှ တဘက်လှန်ပေး ကျက်ခါနီးကျရင် ပဲပုတ်စေ့ငန်ကိုထည့် ပြီး သုံးဆောင်ရင် …ချဉ်ချဉ် စပ်စပ်လေးနဲ့အရသာ ရှိတဲ့ ငါးအိုကပ် […]


Yin Nyine NwayJuly 7, 20111min28915
မူလတန်းကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်တဲ့ ဒုတိယ သမ္မတကိုပဲ ကြိုးနဲ့တုတ်ပြီး ကျောင်းမှာ ချည်ထားရမလိုလို သူပြန်သွားတာနဲ့ ကောက်လိုက်တဲ့ ပိုက်ဆံတွေ ပြီးကို  မပြီးနိုင်တော့ဘူး …… ကျောင်းအပ်အပ်ချင်းပဲ 1600 ပဲကုန်တယ်ဆိုပြီး တူမလေး နဲ့ အဒေါ်တို့ ဝမ်းသာလုံးဆို့နေသလောက် နောက်ပိုင်း နေ့တိုင်းကောက်ခံနေလို့ တူမလေးခမျာမှာ သနားစရာ နေ့တိုင်း သူ့ကိုပဲ အိမ်ကလူတွေဝိုင်းဆူနေကြတယ်လေ နင့်ဆရာမက နင့်ဆရာမကနဲ့ ဒလက အသိအမကြီးတယောက်ပြောပြတာကတော့ သူများတွေ 1600 နေတာတောင် သူတို့နေရာမှာ 1ယောက်ကို 10000 လောက်နီးပါးကုန်သွားပါတယ်တဲ့ အလကားပေးတာပါလို့ ပြောနေတဲ့ ဖတ်စာအုပ်တွေကို အတင်းဝယ်ခိုင်းလို့ ပြောပါတယ် ဒီထက်ပိုဆိုးတာက ….ကျောင်းဖွင့်ပြီး နောက်ရက်မှာပဲ စာအုပ် 3ဒါစင် အလကားပေးသလိုလို ယူလာရတာကိုပါ ကလေးတွေခမျာ လေးလေးနဲ့ သယ်လာရတယ် နောက်တရက်မကောက်သေးဘူး […]


Yin Nyine NwayJune 28, 20111min13710
တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။ လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။ နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ […]


Yin Nyine NwayJune 23, 20111min792
မိဘဂုဏ် (၁၂)ပါး ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။ ၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။ ၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။ ၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။ ၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။ ၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။ ၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။ ၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။ ၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။ ၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။ ၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။ […]


Yin Nyine NwayJune 19, 20111min1269
အောက်ပါ အခြေအနေများ ဖြစ်လာပါက သင်၏အလုပ်က သင့်အပေါ် အကြီးအကျယ် ဖိအားဖြစ်နေပြီဟု ဆိုနိုင်သည်။ အမှုဆောင်အရာရှိ အစည်းအဝေးပြီးဆုံးခါနီးတွင် အိပ်ရာမှ နို်းလာခြင်း။ ရုံးတွင် သန့်ရှင်းရေးလာလုပ်သူများကို အခွန်ဌာနမှ လူများဟု ထင်မြင်ခြင်း။ တစ်ခုခုလုပ်ရန် စားပွဲမှ ထလိုက်သော်လည်း လုပ်ရမည့် အလုပ်ကို မေ့သွားခြင်း။ ရုံးတွင် သင့်ကို မည်သူမျှ ပြုံးမပြခြင်း။ ခေါင်းကိုက်ပျောက်ဆေးဝယ်ယူခြင်းကို ရုံးကုန်ကျစရိတ်ထဲ ထည့်သွင်းခြင်း။ အလုပ်ထွက်လိုသော်လည်း အလုပ်ခွင်ဖိအားကို ဆေးစွဲသလို စွဲနေခြင်း။ အလုပ်အတွက်စဉ်းစားရင်း ဘောပင်ကိုက်နေရမှ သွားပဲ့သွားခြင်း။ ဝင်လာသောဖုန်းတိုင်းကို “အမေလားဟင်” ဟုမေးမြန်းခြင်း။ သင်၏ဘော့စ်က သင့်ကို လူသားရင်းမြစ် ဖွံ့ဖြိုးရေးဝန်ဆောင်မှု တစ်ခုနှင့် တွေ့ပေးရန် ကြိုးစားနေခြင်း။


Yin Nyine NwayJune 18, 20111min20118
အဟောင်းတွေက အသစ်ဘယ်တော့မှ ဖြစ်မလာနိုင်တော့သလို ပြီးခဲ့တဲ့ အရာအားလုံးအတွက် ငါဟာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူးကွယ်…..   တချိန်က ချစ်လွန်းလို့ အရဲစွန့်ပြီး ရှေ့တိုးမိခဲ့တာတွေ မြတ်နိုးလွန်းလို့ စိုးရိမ်လွန်ခဲ့တာတွေ အိမ်မပျော်တဲ့အခါ  ညတာတွေ ရှည်လျားလွန်းခဲ့တာတွေ အချစ်တစ်ခုက အပြစ်တခု ဖြစ်သွားခဲ့တာတွေ   ရှိပါစေ ရှိပါစေတော့ ချစ်ရသူလေးရယ်……..   အတိတ်ဆိုတာ တို့တွေပစ်ပယ်ထားလို့ မရပေမယ့် သင်ခန်းစာတော့ ယူနိုင်ပါရဲ့နော်   အချိန်တွေ ကြာလာတာနဲ့အမျှ မသိခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ ပိုပိုပြီး သိလာခဲ့ရတယ် နားမလည်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ ပိုပိုပြီး နားလည်လာခဲ့ရတယ် မပျော်ရွင်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ ပိုပိုပြီး ပျော်ရွင်လာခဲ့ရတယ် မလွတ်လပ်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ ပိုပိုပြီး လွတ်လပ်လာခဲ့ရတယ်   ဒီလို….. […]