ma ma01306September 11, 20123min1635
ယ္ခု နေထိုင်နေတဲ့ ကမာ္ဘကြီးဟာ ပိုပြီး ပူပျင်းလာတယ် တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ် ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့ ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမာ္ဘမြေကို ေဆေးကြော ပေးနေတယ် ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်.. အမြတ်ကြီးစား ဝိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ မျှော့တွေ သန်းတွေ သွေးစုပ်သတ္တဝါတွေပေါများလာတယ်.. ဣဿာ မစာ္ဆရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ ကောက်ကျစ်မှုေတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ် ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ တစ်ဘို့တည်းသော […]


ma ma01306September 1, 20123min32025
ကြောက်တယ် ကြောက်တယ် သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ ဝါဆိုဝါခေါင် ရေဖောင်ဖောင် အိမ်အောက်မှာ ရေတွေကြီး မျှော့နက်မဲကြီး တွယ်တတ်တယ် ထမင်းထုပ်တောင်မဝသေးလို့ မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ် ကယ်မဲ့သူရယ် ကူမဲ့သူရယ် ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ် ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့ သက်ကယ်ရိတ်လေး ထွက်ကြမယ် တောထဲမှာလေ မြွေနဂါးတဲ့ သေနတ်ကြီးတွေ လွယ်ထားတယ် ကြောက်တယ်ကြောက်တယ် NGO ရယ်အမြန်လာလို့ အိမ်မိုးလေးတွေမိုးပေးကွယ် ရွှေသွေးရင်နှစ် မေ့သားချစ်တွေ အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ် ကျန်းမာရေးတွေချို့တဲ့ကြလို့ ဖျားနာကြတာများနေတယ် ကမာ္ဘ အရပ်ရပ် ရေတွေကြီးတော့ ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက် အသင်းလေးတွေ ထားပေးကွယ် ဝါဆိုဝါခေါင်ရေတွေကြီးလို့ ဝါတွင်းရောက်မှာကြောက်လှတယ် ကြောက်တယ် ကြောက်တယ်..


ma ma01306August 29, 20121min28322
♥ငရဲ ဓားထမ်း စောင့်နေသည်♥ လူဘုံကာမ လောကတွင်းမှာ ပိုးထိုး လောက်ကိုက် ကာမ အမှောင်တိုက် သူကျော် ငါ့နင်း အပါယ်ဘုံအတွင်း လောကီအလုပ် အစုပ်အနုတ် ဒီအထုတ်ကို ပြုံးပျော်မြူးထူး ကာမဘုံတွင်း လှည့်လည်ရင်းပေါ့ သူဗိုလ်ငါလုပ် ငါ့ဗိုလ်သူလုပ် ကြီးနိုင်ငယ်ညှင်း သတ္တဝါ အခြင်းခြင်း အာရုံကျရာ ကျက်စား နေထိုင် လူ့ဘလချာ လူ့ငနာတို့ မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက် ဘယ်သူကိုမှ မငဲ့ကွက်ပါ သေမည့်ရက်လဲ မကြည့်တတ်ပါ မသိတတ်စွာ သားစဉ်မြေးဆက် တစ်ဝမ်း အပြင်အထုတ်ဆင်လို့ ဘယ်သူ့ဘယ်လို ညစ် ဘယ်သူ့ဘယ်လိုပြစ် သူရှိသည်ကားလူရွာညစ်၏ နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင် ဘယ်လိုစကား ဘယ်လိုသူထား လူပြည်နတ်ရွာ လက်မခံပါ လူငနွားများသွားရာ လမ်းကား ငရဲ ဓားထမ်း စောင့်နေသည်…..