ကျွန်တော့်ရဲ့ မဟိုဟာရယ် ဟိုနေ့ညက ဟိုကိစ္စဟာ ကျွန်တော့်ဘက်က မှားပေမယ့် ခင်ဗျားသာ ကျွန်တော်ပြောသလို ဟိုလို လုပ်ပေးခဲ့မယ်ဆို ဒီပြဿနာက ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး။   အဲဒီတုန်းက ခင်ဗျားနဲ့ ကျွန်တော့်ကြားက ဟိုဒင်းဟာ ဟိုလိုမဖြစ်ခဲ့ရင် ဟိုတစ်နေ့ကလိုပဲ ဟိုလိုနဲ့ ပြီးသွားရမယ့် ကိစ္စ ခက်နေတာက ခင်ဗျားကလည်း ဟိုဟာကို ဒီလိုလုပ်ပစ်လိုက်တယ် ကျွန်တော်ကလည်း ဒီဟာကို ဟိုလိုလုပ်ချင်တယ် နားလည်မှုမတူတဲ့ ကျွန်တော်တို့နှစ်ယောက် ဒီလိုဖြစ်ခဲ့ကြတာ ဘယ်သူ့ကို အပြစ်တင်ရပါ့။   ဒီမယ် မဟိုဟာ ခင်ဗျားအမြဲလိုချင်နေတဲ့ ဟိုဥစ္စာက ကျွန်တော့်ဆီမှာ မရှိဘူး ဟိုဒင်းတစ်ခုပဲ ကျွန်တော့်မှာ ရှိတယ် ဟိုနေ့က ခင်ဗျားပြလိုက်တဲ့ ဟိုဒင်းကို မြင်ကတည်းက ကျွန်တော် နားလည်လိုက်တယ် ကျွန်တော့် ဟိုဒင်းဟာ ဟိုလိုမဖြစ်တော့ဘူးဆိုတာ။   […]


  “ပြီးပါပြီ” ……….. စာတန်းထိုးလိုက်တဲ့ အခါ ခင်ဗျားတို့ ထင်သလို မင်းသားနဲ့ မင်းသမီး မပေါင်းလိုက်ရပါဘူး။ ကွဲသွားကြရင်လည်း ဘာအကြောင်းကြောင့်ကွဲသွားရတယ်လို့ မပြသွားဘူး။ ဒါမှမဟုတ် မင်းသားကသေသွားတာမျိုး၊ မင်းသမီးက သေသွားတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ဇာတ်လမ်းက ပြီးသွားခဲ့ချေပြီ။ တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အချစ်ဇာတ်လမ်းရယ်လို့ သတ်မှတ်ခဲ့ကြတာ မှားတယ်။ တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အနိုင်အရှုံး၊ အမုန်းအချစ်၊ အလွမ်းအဆွေးတွေနဲ့ ဇာတ်လမ်းဆင်ခဲ့တယ်လို့ ထင်ခဲ့ကြတာ မှားတယ်။ အမှန်တော့ ဒီဇာတ်ကားဟာ အစကတည်းက မင်းသား၊ မင်းသမီး မပါခဲ့တဲ့ ဇာတ်ကားပါ။ အစကတည်းက ဇာတ်ညွှန်းရော ဝတ္ထုပါ မပါခဲ့တဲ့ ဇာတ်ကားပါ။ ဒါရိုက်တာလည်း မရှိ၊ တည်းဖြတ်သူလည်း မရှိတဲ့ ဇာတ်ကားပါ။ […]


အဲဒီလမ်း .. ဟုတ်တယ် အဲဒီလမ်း ဘေးမှာ သစ်ပင်တွေ အစီအရီ ပေါက်လို့ မြစ်ကလေး နှစ်သွယ်က ပန်းလေးတွေကို ခူးလို့ ငှက်မောင်နှံများစွာက ချစ်ကြိုးတွေသွယ်လို့ တိမ်ဝါ တိမ်ပြာတွေက စွတ်စိုစိမ့်လို့ အဲဒီလမ်း… ဟုတ်တယ် အဲဒီလမ်းပါပဲ … ဘေးဘီဝဲယာကို ငေးမောခံစား ပြီး … ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက် အဝါရောင် အရွက်နဲ့ အပင်တွေ နီညိုရောင် ရွက်ကြွေ ခင်းတဲ့လမ်း ဥဩတေးကို နားစင်ရမယ် လုလင်ပျိုတစ်ယောက်ရဲ့ စောင်းသံ သဲ့သဲ့ မိန်းမပျိုတစ်ယောက်ရဲ့ ဆံနွယ်တွေဝဲလို့ လေပြေတစ်ချို့က စိမ့်ခနဲ အေးစေမယ် ဟိုး …  ဟိုး…. လမ်းဘေးကို ကျော်ကြည့်လိုက် ယုန်လေးနှစ်ကောင် စိန်ပြေးတမ်းဆော့ကစား သမင်မလေးက လည်ပြန်ကြည့်လို့ အဲဒီလမ်း.. ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်ပါ […]


  ၁။ ညတစ်ည။ မဆိုသလောက် မှောင်လာပြီပဲ။ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း လူသူ နည်းလာသလို ကားများ အသွားအလာ နည်းနည်း ကျဲလာတယ်။ မိုးကောင်းကင်မှာ ကြယ်တွေ သိပ်မလင်း။ တိမ်တိုက်များ ဖုံးအုပ်ထားခဲ့တယ်။ ကျော်ကျော် ဆေးပေါလိပ်ခပ်တိုတိုကို ဖွာရှိုက်ရင်း လမ်းရဲ့ ပလက်ဖေါင်း အတိုင်း ခေါင်းကို ငိုက်စိုက် လျှောက်လာခဲ့တယ်။ သူ့ပုံစံက ခပ်နွမ်းနွမ်း။ ဆံပင်က ရှည်ရှည်၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးတွေက မရိတ်ထား။ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ကြေမွှလို့။ လေပြင်းပြင်း တစ်ချက်တိုက်သွားတော့ စိမ့်ခနဲ အေးသွားတယ်။ တစ်နေရာရာမှာ မိုးရွာနေလောက်ပြီလို့ ကျော်ကျော် တွေးဖြစ်လိုက်တယ်။   ၂။ ညတစ်ည။ မဆိုသလောက်ထက် အနည်းငယ် မှောင်လာပြီ။ လူတစ်စု ဆိုင်တစ်ဆိုင်မှာ စုရုံးလို့နေတယ်။ သူတို့ […]


၁။   “ကဲ…… ရော့ မင်းအတွက်ကမာ္ဘကြီးကို ဂတ်စ်ထည့်ပြီး ညှိထားတဲ့ စီးကရက်တစ်လိပ်” “အို…. ရှင်ကျွန်မကိုယ်တိုင် လောင်ကြွမ်းနေတာ မသိဘူးလား” “လာပါ … ကိုယ်တို့ကမ်းစပ်ဘက်သွားရအောင် … လာ” သူမက ကျွန်တော်တည်ဆောက်ထားတဲ့ကမ်းစပ်အတုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်တယ်။ အိပ်မက်။ ခင်ဗျားတို့သိလိုက်လား။ခံစားလိုက်ရလား။ အဲဒီကမ်းစပ်က တိုက်တဲ့ လေတွေထဲမှာ သူမအတွက် မျှော်လင့်ခြင်း အိပ်မက်တွေပါတယ်။ ပါတာမှ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ မရှိပါဘူး။ လုပ်ချင်တာတွေများလာတယ်။ ရူးသွပ်ခြင်းထက်မက ရူးသွပ်တယ်။ တိမ်တွေထဲက လျှပ်စီးတွေနဲ့ သူမကို ထွန်းလင်းပေးခဲ့ချင်တယ်။မီးညှိထားတဲ့ စီးကရက်တစ်လိပ်ကို သူမ တစ်ရှိုက် ဖွာလိုက်တယ်။ မီးခိုးတွေက အချစ်ကို စာတန်းထိုးကြလိမ့်မယ်။အဲလိုလည်း မထင်နဲ့။ လူ့ဘဝဆိုတာ ဘယ်လိုတီးတီး အသံမထွက်တော့တဲ့ တူရိယာတစ်ခုပဲ။ ခု […]


      ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ […]


၁၉၈၄ တိုင်းရေးပြည်ရေးတွေမကျန်းမာတဲ့ ကြားထဲ အမေက ကျွန်တော့်ကိုမွေးတယ်။ ၁၉၈၈ ငါတို့ အစ်ကို/ အစ်မ ငါတို့ ဦးလေး/ အဒေါ် လမ်းပေါ်မှာလူစုတွေ သူတို့ ဒီမိုကရေစီတောင်းရင်း သေနတ်တွေနဲ့ပစ်ခတ်ခံခဲ့ရ။ ၁၉၈၉ ကျောင်းတော်ကိုကျွန်တော် ရောက်တယ် အမေက မေးတယ် ငါ့သား ကြီးလာ ဘာလုပ်မယ် ကျွန်တော်မသိဘူး။ ၁၉၉၄ ကမာ္ဘကြီးမှာ အချစ်ဆိုတာ များပြားလှတာ ဒါပေမယ့်လည်း ကိုယ့်ဘဝမှာ အချစ်မရှိ။ အဲဒီ ကဗျာနဲ့ ရင်ဘတ်ကိုစတင်တော်လှန်ခဲ့။ ၁၉၉၈ ကဗျာ၊ ဝတ္ထု၊စာစီစာကုံးတွေက ကျွန်တော့်ဘဝကိုလွှမ်းမိုးလာတယ် အမေမသိအောင် ကျောင်းမှာခိုရေး ညမှာ ခိုးရေး ဘဝက ပျော်ဖို့ကောင်းလာ။ ၂၀၀၀ သချင်္ာ ဂုဏ်ထူးတစ်ခုနဲ့ ကျွန်တော်ဆယ်တန်းအောင် ပြီးတော့လည်းဘာမှ မဟုတ်ဘူး ကျွန်တော်ကဘာမှ မဖြစ်ချင်လို့။ ၂၀၀၁ ကွန်ပျူတာကသင်တယ် […]


  ကျွန်တော်သည် အမှန်တကယ် သုညမဟုတ်ပါ။ သို့သော် ကျွန်တော်သည် သုည တစ်လုံးဖြစ်ပါသည်။ ဘက်စ်ကားတွေ ပြိုင်မောင်းနေကြတုန်း ဘဝက မောပန်းခဲ့ပါသည်။ ကျွန်တော်က အိမ်အပြင်ဘက် လမ်းလျှောက်ထွက်ရင်း လူတွေကို နံပါတ်စဉ်တွေပေးကြည့်မိပါသည်။ ကျွန်တော်က သုညစင်စစ် ဖြစ်နေပြန်ပါသည်။ ဂလိုဘယ်လိုက်စေးရှင်းဟု ခေါ်ဝေါ်ကာ လူတွေသည် ရင်ဘတ်ကို မေ့၍ မြင်ကွင်းများကို ပုံသေကားချပ်လို မြင်ကွင်းကျယ်လုပ်ကြည့်ကြပါသည်။ ကျွန်တော် သုည မဟုတ်ပြန်တော့ပါ။   ကလေးများတရားထိုင်နေကြပါသည်။ လူကြီးများဖဲရိုက်နေကြပါသည်။ လောကသည် ပန်းများကို ဖူးပွင့်ဖို့ ရုန်းကန်နေရသော ရေနစ်နေသူပမာ ပျံသန်းနေပါသည်။ ဘုရားတသူက တ၊ ဆဲသူက ဆဲဆိုလို့ ကိုယ့်ကိုကိုယ် ပြန်လည် ရောင်းချဖို့အရေး ဘယ်လောက်များ ဈေးချရဦးမလဲဟု တွေးနေဆဲပင် ဖြစ်ပါသည်။ ခန်းစီးများက လုပ်ခါရမ်းသွားချိန်တွင် အချိန်များက မရပ်တန့်နိုင်သေးပါ။ […]


  “မာလူးဟန်က ပြောခဲ့တယ် ရေကို ဘယ်သူ စတွေ့ရှိခဲ့လဲဆိုတာ မသိပေမယ့် သေချာတာက ရေကို စတင်တွေ့ရှိသူဟာ ငါးတော့ မဖြစ်နိုင်ဘူးတဲ့” ပရော်ဖက်ဆာကြီးစကားဆုံးတော့ ဂျက်တစ်ယောက် ငူငူကြီးထိုင်နေလိုက်တယ်။ ပရော်ဖက်ဆာကြီးက ဆက်ပြောတယ်။ “အချိန်ဆိုတာ လူတွေဘယ်တော့မှ လိုက်မမှီတဲ့ နောက်ဆုံး ဒိုင်မန်းရှင်းပဲကွ ရုပ်ရှင်တစ်ကားဟာ တစ်စက္ကန့်ကို ဖရိန် သုံးဆယ်လောက်ပြလိုက်ရင် အရည်အသွေးမြင့်တဲ့ ဇာတ်ကားတစ်ခုကို လူတွေဟာ မြင်ကြရပြီ တကယ်တော့ ငါတို့လိုက်မမှီတဲ့ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း သန်းနဲ့ချီ ပြောင်းလဲနေကြတာ မင်းတို့ ငါတို့ လူတွေ မသိလိုက်တဲ့ ပြောင်းလဲခြင်းတွေပေါ့” ပရော်ဖက်ဆာစကားကို ဂျက်တစ်ယောက်သေချာ နားထောင်ပြီး အဲဒီညက ပြန်လာခဲ့တယ်။ “အလင်းနှစ်တွေ … အလင်းနှစ်တွေ … တကယ်မရှိတော့တဲ့ ကြယ်တွေကို ငါတို့ မြင်နေရတာကိုက သဘာဝတရားကြီးရဲ့ […]


တိခနဲပဲ ဖြတ်လိုက်တယ် ဓါးတစ်ချောင်းဟာ သူ့အိမ်ထဲက ထွက်ပြီး သူ့ကိုယ်သူ တိခနဲ ဖြတ်ချလိုက်တယ်။ ညနေခင်း တိမ်တွေဝါနီစွေးလို့ ဖေဖေက တောစပ်မှာ နွားသွားသိမ်း မေမေက ညစာ အတွက် ကန်စွန်းခင်းသွား ညီမလေးက ဝလုံးရေး အငယ်ကောင်က ငါးသွားမျှား ကျွန်တော်က တိခနဲပဲ ဒါလား ခေတ် ဒါလား ကျေးလက် ကျွန်တော်သွားမယ့် ကောင်းကင်ဘုံအတွက် ကျွန်တော်ဟာ တိခနဲ။ “မင်းက ဘာသွားလုပ်မှာလဲ” ကျွန်တော်က သွားတိမှာ အဖေ မြို့ပေါ်မှာ ကျွန်တော့်အတွက် သစ်ပင်မရှိဘူး မီးခိုးငွေ့တွေတော့ ရှိမယ် မြို့ပေါ်မှာ ကျွန်တော့်အတွက် လွတ်လပ်ခွင့် မရှိဘူး စိတ်ရိုင်းပေါ်ခွင့်တော့ ရှိမယ် နှင်တံကို ကြိုးနဲ့တပ်လျက်ဖေဖေ လယ်တောသွား ထမင်းချိုင့်ထုပ်လျက် မေမေက မျက်လုံးပြူး မျက်ဆံပြူး ထပ်မေးတယ် […]


  (က)   “မင်းစဉ်းစားကြည့်ကွာ ငါတို့လူတွေ အဓိက ကိုးကွယ်တဲ့ ဘာသာတရား အမျိုးအစား ဘယ်နှစ်ခု ရှိသလဲ” “ဗျာ …. လေးခုလေ …” “အင်း … နာမည်အရတော့ လေးခုပေါ့ကွာ ဒါပေမယ့် ငါတို့က နာမည်မတပ်ဘဲ ပြောရအောင်” “ဟုတ်” ကျွန်တော်လည်း ပညာရှိကြီး ပြောမယ့် စကားကို နားစွင့်နေလိုက်ပါတယ်။ ပညာရှိကြီးက ချက်ချင်း ဆက်မပြောဘဲ သူတည်နေတဲ့ ရေနွေးအိုးအောက်က မီးကို ယပ်ခပ်နေပြန်တယ်။ “ပညာရှိကြီး ဆက်ပြောပါဦးဗျ .. နာမည် အရ လေးခု ပြီးတော့ ဘာလဲဗျ” “အေး…” “မင်းတို့ လူငယ်တွေ ခုခေတ်ပေါ်တဲ့ Play Station ဂိမ်းကို ဆော့ဖူးမှာပေါ့” အဲ။ ပညာရှိကြီးက အသက်သာ […]


    သကြားလုံးကို သင်ကြားဖူးပါသလား။ အချိုဆိုသော ဝေါဟာရကို သင်ကြားဖူးပါသလား။ ဒီနှစ်ခုလုံးကို သင်မကြားဖူးပါက သင့်ကို ကျွန်တော် သကြားလုံး ကျွေးမည်။ သင် ထိုအရသာကို ကျွန်တော့်ကို ပြန်ပြောပြပါ။ ကျွန်တော်တို့အားလုံး ကဗျာတွေ၊ စာတွေ ရေးကြသည်။ LP ကို ဘယ်သူ တင်သွင်းသည်။ Neo ကို ဘယ်သူ တီထွင်သည်။ တစ်ချို့က Digital Poetry စသဖြင့် ကဗျာတွေ ပုံစံစုံသလို အက်ဆေးပိုင်း၊ ဝတ္ထုပိုင်းတွင်လည်း ပုံစံအသစ်၊ အကြောင်းအရာ သစ်တွေကို တင်သွင်းသူ တင်သွင်းလာကြသလို၊ မြန်မာမှု မြန်မာ့ဟန်များနှင့် ပေါင်းစပ် ဖန်တီးလာကြသည်။ ကျွန်တော်ကတော့ သကြားလုံးနှင့် အချိုအကြောင်း မသိသူလိုသာ သူတို့ ပြောသမျှ ဘာမှန်းလည်း သေချာမသိ။ ကျွန်တော်ပြန်ပြောပြလျှင်လည်း […]


    သူပိတ်လိုက်တဲ့ ရုပ်မြင်သံကြားလိုင်းထဲ ကျွန်တော့်ညနေခင်းလေး ပါသွားတယ် ကမာ္ဘကြီးက ရွာဆိုပြီး ငါတို့က ဘာလို့ တစ်ယောက်တစ်မြို့ကွာဝေးနေရတာလဲ တယ်လီဖုန်း အင်တာနက် ရုပ်ဝတ္ထု ပစ္စည်းတွေကြားက ကိုယ်ပို့လွတ်တဲ့ မေတ္တာ မင်းဆီ ရောက်ပါရဲ့လား ဂျူနို စိတ်ကူးကို ယာဉ်အဖြစ် စီးနင်း ခေတ်ကြီးက ပေးမက်ခဲ့တဲ့ အိပ်မက်အပိုက် (၂၉) ဘယ်တော့ပြီးမယ် တစ်လွှာပြီး တစ်လွှာသာ ခြုံခဲ့တယ် ငါတို့ဆောင်းက နွေးမလာဘူး သံယောဇဉ်ကို ဖုတ်ပူမီးတိုက်နဲ့ပြာပြာသလဲ ဝတ်ဆင်ပြီး တစ်နေ့တခြား ဝဖီးလာတဲ့ လောဘက ဟောဒီဆိပ်ကမ်းမြို့ပေါ်က ယောနသံစင်ရော်တွေလိုပဲ ဇာတိမြို့နဲ့ ဝေးရာမှာ ကိုယ်အပျံသင်ဖြစ်ခဲ့ အတောင်တစ်ချက်ခတ်လိုက်တိုင်း ကိုယ့်မျှော်လင့်ခြင်းတွေ ဖွာခနဲ လွှင့်စင် … အရိုးထဲ စိမ့်အောင် ခပ်သိမ့်သိမ့်လေး လွမ်းရင်း ခိုး .. […]