“မစ္စတာရန်ကုန်နေ မန်းသား..”   သီချင်းလေး ဘာလေး ဖွင့်ပါဦး မိုးရာသီ ဈေးရောင်းပွဲတော် ဘယ်တော့လဲ ကဗျာစာအုပ်တစ်အုပ် ဖြစ်ဖို့ တိုင်ပင်ရအောင် လေထဲမှာ ခင်ဗျား စကားတွေ ပျောက်လာတယ် မစ္စတာ ရန်ကုန် .. ခင်ဗျားနဲ့ ကျွန်တော် ခဏခွဲမယ် အသံတိတ် သေနတ်သုံးမှာလား နည်းနည်းလေး တဝက်လောက်ဖြစ်ဖြစ် သေချင်တယ် ရှင်.. ကျွန်မ အခန်းထဲက အခုချက်ချင်း ထွက်သွားစမ်း ဖိနပ်ချင်း မှားနေပြီ မောင်ရေချမ်း လက်မှတ်ဝယ်ပြီးသားမို့ပါ ကိုသန်း မွေးနေ့ဆိုတာ ဘာမှလည်း မဟုတ်ပါဘူး။   မန်းမနက်ခင်းတွေ အရင်လိုပဲ အေးတုန်းမလား မနက် ငါးနာရီခွဲ ကျွဲဆည်ကန်မှာ ငါ့ကို လူတစ်စု ဇွတ်အတင်း ခေါ်နေကြပြီ ပေါ့ဆိမ့် တစ်ခွက် မရှယ်ဘူး.. ရိုးရိုး […]


  ညီမလေးက ငိုခိုင်းတော့ ကိုကို မျက်ရည်တွင်တွင် စီးခဲ့တယ် အိမ်တံခါးဝ အတူတူထိုင် ကြယ်တွေကို ရေတွက်တဲ့ညက ညီမလေး ပါးချိုင့်ထဲ လရောင်တွေ ဖြာကျခဲ့ ဘယ်သူမှ မသိဘူး တိတ်တိတ်လေးပဲ မျက်မှန်ကိုင်းလေး ပင့်ပင့်ပြီး လောကကြီးကို သက်သက်သာသာကြည့်တတ်တာ ဒီကမာ္ဘမှာ ညီမလေး တစ်ယောက်တည်းရှိတယ် နှစ်ယောက်တစ်အိပ်မက် ရုပ်ရှင်ကြည့်ပြီး ညီမလေးဘာလို့ ငိုနေမလဲ ဖေဖေ မေမေ သူ့စကား တူတူရေးဝါးပေးခဲ့တယ် ကိုကို က မိုးပေါ်မှာ ဆင်ကြီး.. ကိုကိုလက်ညှိုးထိုးရာကြည့်ပြီး မျက်ရည်ကြားက ညီမလေး အပြုံးက ရောင်စဉ်ခုနှစ်ဖြာထက်ပိုချိုခဲ့တယ် ညီမလေးဆံနွယ်တွေ ဝဲခါခဲ့တဲ့ နေ့က တစ်ရောင်ပျောက်နေတဲ့ သက်တံ့တစ်ခု ကောင်းကင်အစွန်းက ထွက်လာခဲ့ ထင်ယောင် ထင်မှား လောကဓံတရားထဲ တံလျပ်ထဲ ရေကူးချင်တဲ့ ညီမလေး မိန်းခလေး […]


ဒီမယ် ခွေး… မင်းဖြစ်ချင်တာတွေ သိပ်များနေပြီလို့ မထင်မိဘူးမလား သွားစမ်းလူ လူ – အသိတရား= ခွေး ပဲ စိတ်ကူးယဉ်ပြီးမင်းကိုယ့်ကိုယ် သတ်ကြည့်စမ်း ခွေး စောက်ပေါလူမင်းတို့လည်း မရှင်သန်တတ်တဲ့ လူပဲ ခွေးဟာ ခွေးပဲ… ခွေးဟာ လူလို မစဉ်းစားတတ်ဘူး ငခွေး လူဟာလည်းလူပဲ လူနဲ့ ခွေးဟာ မတူ … ငလူ ခွေး – လူ= အနုတ် မသိကိန်း တစ်ခုခုပဲ ခွေး စောက်ရေးမပါတာငါ့လာမပြောနဲ့ လူ ခွေး = အိပ်+ စား + ကာမ ဆိုရင် လူ – ခွေး= လူ – (အိပ် + စား + ကာမ) […]


  “တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ .. မိုးစက်တွေ .. လေဝေ့လို့ တရွေ့ရွေ့ယူသလေ တိမ်ဦးလေးရေ .. လွမ်းငွေ့ကို ဆင် .. ဖေါ်မစုံကြွမ်း လွမ်းစိတ်တွေပွေ …” စစ်မြေပြင်စခန်းတစ်နေရာက ချစ်သူဇနီးကို ပြန်လွမ်းရတဲ့ နတ်သျှင်နောင်ရဲ့ အလွမ်းကို သီကြူးထားတဲ့ သီချင်းတစ်ပုဒ်ပါ။   ————————————– “ဒီအခွင့်အရေးကို အဆုံးအရှုံးမခံနိုင်ပါဘူး” သူ့စကားဆုံးတော့ ကျွန်တော်ဆက်မပြောချင်တော့ ဖုန်းကိုသာ ချလိုက်ရပါတယ်။ ပီစီအိုဆိုတဲ့ တယ်လီဖုန်းတဲလေးက ထွက်ပြီး ဆူးလေးဘုရားလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်ပြန်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်တော့ မန္တလေးသားပါ။ ရန်ကုန်မှာ အလုပ်လုပ်နေတာမို့ အမျိုးသမီးနဲ့ သမီးဖြစ်သူကို ခွဲပြီး နေရပါတယ်။ အခုတော့ သင်္ကြန်ပိတ်ရက်ကလည်း နီးပြီမို့ ကျွန်တော် ပျော်ရပါတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မိသားစုအတူတကွ နေနိုင်တဲ့ […]


နိဒါန်း   ကျွန်တော် သူ့ကို သိတာကြာပြီ။ သူ့မှာ ကဗျာတွေ ရှိမှန်းလည်း သိတာကြာပြီ။ ပြီးတော့ အဲဒီကဗျာတွေကို သူရေးထားမှန်းလည်း သိတာလည်း ကြာပြီ။ ဟုတ်တယ်။ ကျွန်တော် ဒီအကြောင်းကို အဲဒီက စပြီး နိဒါန်းပျိုးဖို့လိုအပ်လို့ မဟုတ်ဘဲ ပျိုးချင်လို့ကို ပျိုးလိုက်တယ်။ (ဘယ်သူ ဘာပြောပြော)   (A) တိမ်တွေ ထူထပ်တဲ့ တစ်နေ့က သူ ကျွန်တော့်ဆီ ရောက်လာတယ်။ ရောက်လာမယ့် အကြောင်းလည်း ကျွန်တော့်ကို ကြိုတင်လို့ အကြောင်းကြားလာတယ်။ ကျွန်တော်နဲ့ သူတွေ့ချင်တယ်ပေါ့။ ဘာဘာညာညာ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ သူဟာ တိမ်တွေကို သယ်လာပြီး ကျွန်တော်ရွာဆိုမှ ရွာပေးမယ့်လူမှန်း ကျွန်တော် သိခဲ့တယ်။ တွေ့တွေ့ချင်း ကျွန်တော်တို့နှစ်ယောက် သီချင်းတွေ နားထောင်ကြတယ်။ လေးဖြူ၊ […]


    “ရှင်ရယ်နေရင် ကလေးတစ်ယောက်လိုပဲ … သိပ်ချစ်ဖို့ကောင်းတယ်သိလား” “ဟုတ်လား…” “အင်း… မိုးကို အဲဒီ ရယ်နည်း သင်ပေး” “အဲ…  ဘယ်လို သင်ပေးရမှာလဲ” “မသိဘူးလေ … ဒါနဲ့ ရှင် ဒီနေ့ ဘာလို့ အလုပ်မသွားတာလဲ” “မိုးနဲ့ တွေ့ချင်လို့ပေါ့” “အို.. မိုးနဲ့ တွေ့ချင်တာနဲ့ အလုပ်မသွားဘူးပေါ့ ဟုတ်လား ရှင်ဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး အလုပ်ကို ပေါ့လျော့လွန်းတယ် မထင်ဘူးလား” ကျွန်တော် ဘာဆက်ပြောရမှန်း မသိခဲ့ပါဘူး။ ဟုတ်ပါတယ်။ မမိုးစွေရယ်။ ကျွန်တော်ဟာ ပင်လယ် အနက်ထဲကသူ။ ခင်ဗျားဟာ မှော်တွေ ဝေနေတဲ့ စိမ်းညှို့ညှို့ တောအုပ်တစ်ခုပေါ့။ အဲဒီတောအုပ်ထဲက လူသူမသိသေးတဲ့ မှော်ပညာတွေနဲ့ ကျွန်တော့်ကို ပြုစားပါ။ မမိုးစွေကို ချစ်မိခဲ့တဲ့ နေ့က […]


  “အေးကွာ … မင်းရေးထားတာကတော့ မဆိုးပါဘူး” “ဟုတ်” “ဒါပေမယ့် .. တစ်ခု .. မင်း ကလောင်နာမည်ကြီးက ……………….” ဆိုပြီး အယ်ဒီတာချုပ်ကြီးက သူ့စကားကို ရပ်လိုက်တယ်။ ပြီးတော့ သူက ကျွန်တော့် စာမူကို နောက်တစ်ခါ အစကဖတ်ပြန်တယ်။ ဖတ်ပြီးသွားတဲ့အခါ သူက စကားဆက်ပြန်တယ်။ “အေး .. အက်ဆေးလေးက တော်တော်လေးကောင်းတယ်ဟေး” “ဟုတ် …” “ဒါပေမယ့် … ခက်နေတာက ….. ကလောင် ………… ကလောင်နာမည်ကြီး …… အဲဒီ ရင်နင့်အောင်ဆိုတဲ့ နာမည်ကြီး …” “ဗျာ … ဟုတ် … ဘာဖြစ်လို့လဲဟင်” “အေးကွာ …. နာမည်ကြီးက ရင်နင့်အောင်ပဲ လုပ်တော့မှာလိုလို …. […]


(၁) နောက်တန်းနှစ်ယောက်ကို ကျွန်တော်ဖြတ်ကျော်ပြီးသည့် အချိန်မှာတော့ ဂိုးသမားနှင့် ကျွန်တော် တစ်ယောက်ချင်း တွေ့ကြပါပြီ။ ကျွန်တော်က ဘယ်ခြေကို အယောင်ပြ၍ ညာဘက်သို့ ဆွဲလိမ်တော့မလိုဖြင့် ဘယ်ဘက်ကိုသာ ဘောလုံးကို ဆွဲထုတ်လိုက်ပါသည်။ သေချာသည်။ ဂိုးသမားခင်မျာ ကျွန်တော့်ညာဘက်တွင် ပုံလျက်သားလဲကျ၍ ကျန်ခဲ့ပါပြီ။ ဘာအတားအဆီးမှ မရှိတော့သော ဂိုးပေါက်ထဲသို့ ဘောလုံးကို ကန်သွင်းလိုက်ချိန်မှာတော့ ပရိတ်သတ်၏ အားပေးသံများနှင့်အတူ ခရာမှုတ်သံတစ်ခုကိုပါ ကြားလိုက်ရပါသည်။ “ပီး .. ပီ” ဒိုင်လူကြီးသည် ခရာမှုတ်လျက် ကျွန်တော့်ဆီသို့ ပြေးလာပါသည်။ ထို့နောက် သူက အိတ်ကပ်ထဲမှ တစုံတရာကို ထုတ်၍ ကျွန်တော့်ကို ပြပါတော့သည်။ “ဟင် … ဒါဘာကြီးလဲ” ကျွန်တော် အထိတ်တလန့် မေးတော့ ဒိုင်လူကြီးမှာ သူ့ပါးစပ်ထဲမှ ခရာကို မထုတ်ရသေးသဖြင့် ချက်ချင်းပြန်မဖြေ။ […]


    သူ ဂိုးရှူးမလို့ လုပ်ပြီးမှ သူဟာ ဘောလုံးပွဲထဲမှာ မဟုတ်တာကို သိလိုက်ရတယ်။ အဖြစ်အပျက်များဟာ စကားလုံးမပါဘဲ သူ့အလိုအတိုင်းသူ ရပ်တည်လို့နေလေရဲ့။ တစ်ခါကပေါ့။ သူပြောခဲ့ဖူးတယ်။ “ရည်ရွယ်ရာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ သူတွေထဲ ငါမပါဘူး ………..” ပြောရမယ် ဆိုရင်တော့ သူဟာ သူမဟုတ်တဲ့သူ။ တိတိကျကျပြောရရင် သူဟာ သူမဟုတ်တော့တဲ့သူ။ တစ်ချိန်တုန်းက ဆို သူဟာ သူ စစ်စစ် ဖြစ်ခဲ့ဖူးတာပေါ့။     တစ်ခုသော ညစာစားပွဲမှာ ခရင်းတစ်ခုကို သူကိုင်ရင်း မေးခဲ့ဖူးတယ်။ “မင်းတို့ ငါတို့ ဒီခရင်းကို ကိုင်ပြီး စားစရာ တော်တော်များများ စားခဲ့ဖူးတယ် မင်းတို့ ဒီခရင်းမှာ အချောင်း ဘယ်နှစ်ချောင်းပါလဲ သိကြလား” အမှတ်တမဲ့ သူ့မေးခွန်းကြောင့် […]


  ကျွန်တော်နဲ့ ခေါင်းမော့လျှောက်သူများ   (က) တစ်ခါက လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ကျပြီး နှစ်အတော်ကြာတဲ့ အထိ သားသမီး မမွေးဖွားခဲ့ဘူး။ ဒီလိုနဲ့ သူတို့နှစ်ဦး ပေါင်းသင်းလာခဲ့တာ နှစ်တွေကြာမှ သားလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။ သူတို့တွေ သိပ်ပျော်ကြတာပေါ့။ သူ့သားလေးကို ကူဇမာလို့ နာမည်ပေးခဲ့ကြတယ်။ သူ့သားလေးကို ငယ်ငယ်လေးကတည်းက သူတို့ဟာ သင်ပေးခဲ့တာလေး တစ်ခုရှိတယ်။ “သားရေ … သားလမ်းလျှောက်တဲ့ အခါ ခေါင်းကို ငုံ့လျှောက်ကွဲ့ .. မဟုတ်ရင် သားဟာ ခလုတ်တိုက်ပြီး အနာတရ ဖြစ်မယ် … တောင်ပေါ်တက်ရင်လည်း ခေါင်းကို ငုံ့လျှောက်နော် သား … တောင်ပေါ်က ပြုတ်ကျတတ်တယ် သားရဲ့ … ပြီးတော့ တောင်ပေါ်က ဆင်းရင်လည်း ပိုသတိထားပြီး ခေါင်းကို ငုံ့ထားနော် […]


၁။ မှောင်ပြပြညတစ်ညမှာ လမင်းက အိပ်ချင်မူးတူးနဲ့ တိမ်တိုက်ကြားက ထွက်လာတယ်။ ကြယ်တွေအချို့ကတော့ မှိတ်တုတ်မှိတ်တုတ်။ ကောင်းကင်စက်ဝိုင်းအောက်မှာ သစ်ပင်တို့က ဂီတသံစဉ်မပါဘဲ ယိမ်းထိုးလှုပ်ရှား ကခုန်လို့နေခဲ့တယ်။ “ဝေါ” အေးစက်စက်လေက ဝေါခနဲ သိမ့်တုန်သွားအောင်တိုက်လိုက်တော့ သူအခန်းပြတင်းဝက ကန့်လန့်ကာများက အလန့်တကြား ရှဲကနဲဖြစ်သွားကြပေါ့။ “ဟင်း ………..” သူသက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ ဒီလို ညဥ့်နက်တဲ့အထိ မအိပ်ဘဲ တစ်စုံတစ်ယောက်ကို သူစောင့်နေခဲ့တာ ကြာပြီ။ သူ အမြဲ ယုံကြည်ထားတယ်။ သူ့ဆီကို သေချာပေါက် ရောက်လာမယ့် အရာတစ်ခုကို။ ဟုတ်တယ်။ သူ့ကို …။ “ဝုန်း” အတွေးတို့ကား ရုတ်တရက် ပြတ်တောက်သွားပြီ။ သေချာတယ် … ဒီညမှာ သူစောင့်နေတဲ့ အရာ ရောက်လာလိမ့်မယ်။   ၂။ ခြုံနွယ်ပင်များနဲ့ ပိတ်မှောင်နေတဲ့ […]


  အရက်တစ်ပက်လို့ ထပ်မှာနေတဲ့ အောင်ဘတစ်ယောက် နည်းနည်းတော့ မူးနေပြီ။ ဒါပေမယ့် သူက ထပ်သောက်ရမှ အာသာပြေလိမ့်မယ်လို့ သူ့ကိုယ်သူ တွေးထားလေတယ်။ “ဟေ့ .. ဝီနောက်ထပ် တစ်ပက်ဟေ့” သူ့ရှေ့ထံ ရောက်လာတဲ့ ဝီစကီ တစ်ပက်ကိုကြည့်ရင်း သူက ပြုံးခြင်းနဲ့ ရယ်မောဟားတိုက်ခြင်း ပေါင်းစပ်ထားတဲ့ အမူအရာနဲ့ ရယ်မောလိုက်တယ်။ “ဟုတ်တယ် … အရက်ဆိုတာ မူးတယ် .. သောက်ရင် မူးမှာပဲ မဟုတ်လား.. မျိုးကြီးရ” မျိုးကြီးဆိုတာက ဆိုက်ကားသမား။ သူနှင့် အတူ သောက်ဖေါ် သောက်ဖက်။ “သိပ်ဟုတ်တာပေါ့ဗျာ …. အရက်လောက် သစ္စာရှိတာ …. အရက်ပဲ .. သောက်ရင် မူးမယ် .. မသောက်ရင် မမူးဘူး …. အောင်ကြီးရ ….” အောင်ဘ […]


  ၁။ သုတ လမ်းလျှောက်ရင်းဖြင့် ရပ်နေသည်။ သုတ စိတ်ထဲမလုံ။ တစ်ခုခုတော့ လွဲနေပြီ။ သုတ ရပ်နေရင်းဖြင့် လမ်းဆက်လျှောက်ဖြစ်သည်။ သို့သော် သုတ စိတ်ထဲ ထပ်မလုံ။ တစ်ခုခု သို့မဟုတ် တစ်ခုခုထပ် ပို၍ လွဲနေပြီဟု သုတ ထင်သည်။ ထိုအထင်ဖြင့် သုတ ရှေ့ကို လျှောက်နေရင်းဖြင့် နောက်ကို ပြန်လှည့်လိုက်သည်။ ထင်သည့်အတိုင်း တကယ် လွဲနေခြင်း ဖြစ်သည်။ သုတ စိတ်ညစ်သွားသည်။   ၂။ သုတ လမ်းလျှောက်ရင်း ဖြင့် ရပ်နေသည်။ သုတ စိတ်ညစ်ရင်းဖြင့် နောက်လှည့်နေခြင်းဖြစ်သည်။ သုတ အနောက်တွင် နေနိုင် ကပ်လျက်ပါလာခြင်းက သုတကို စိတ်ပျက်စေခြင်း ဖြစ်သည်။ “မင်း ဒီလိုကြီးပဲ လိုက်နေတော့မှာလား” နေနိုင်က […]