အိပ်မက် (၁)   အဲဒီနေ့က ပညာရှိကဏန်းကြီးနဲ့ တွေ့တော့ သူက ပြောတယ်။ “ရှေ့က သွားတဲ့ နွားက ဖြောင့်ဖြောင့်သွားမှ နောက်က လိုက်တဲ့ နွားက ဖြောင့်ဖြောင့်လိုက်မှာကွ” “အော .. ဟုတ်ကဲ့ဗျ” “လမ်းလျှောက်တဲ့ အခါ တည့်တည့်မတ်မတ်လျှောက်ရမယ် ဘေးဘီဝဲယာကို သိပ်မကြည့်နဲ့ ကိုယ့်ဦးတည်ရာကိုသာ သေချာကြည့် ကြားလား” “ဗျာ .. ဟုတ် .. ကြားပါတယ် ကိုကဏန်း” ကျွန်တော့်ကို ပညာရှိကဏန်းကြီးက သင်ပေးသွားပြီး ထပြန်သွားတယ်။ သူ လမ်းလျှောက်တဲ့ ပုံစံကို ကျွန်တော် နောက်က ကြည့်ပြီး အတုယူလိုက်တယ်။ အပြန်မှာ ကျွန်တော် အိမ်ပြန်တော့ ခြေနှစ်ချောင်းကို ကွကွကြီးလုပ်ပြီး ဟိုဘက်ရမ်း ဒီဘက်ရမ်း ကဏန်းတစ်ကောင်လို လျှောက်ပြန်ခဲ့တယ်။   အိပ်မက် […]


ဒီကိစ္စက ပြောချင်တာတော့ ကြာပြီ။ ဘယ်လို ပုံစံပြောရမလဲ စဉ်းစားနေတာ။ ဒီလိုပါ။   မနေ့ညက ၃၁-၁-၂၀၁၂ ရက် ညကပေါ့။ အချိန်က ညသန်းခေါင်ကြီး ၁၂နာရီကျော်ကျော်လောက်မှာပါ။ ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ညကြီးမင်းကြီး ဆိုတဲ့ အတိုင်း လူတွေ အိပ်ချိန်၊ မအိပ်သေးတဲ့ လူတွေက ထုံးစံအတိုင်း လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းကြော်ဆိုင်လေးတွေမှာ ထိုင်ကာ စားရင်းသောက်ရင်း၊ စကားတွေ ပြောကြ၊ ဆွေးနွေးကြပေါ့။ ရန်ကုန်မှာကလည်း ညသန်းခေါင် ဗိုက်ဆာရင် ဒီလမ်းဘေးဈေးဆိုင်တွေပဲ အားကိုးရတာ မဟုတ်လားဗျ။ ဈေးနှုန်းအရလည်း မဆိုးဘူး။ ဆိုင်ကြီးတွေမှာ လေးငါးထောင်ကနေ တစ်သောင်းလောက် အကုန်ခံစားဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျ။ ကျုပ်တို့ရတဲ့ လစာလေးတွေနဲ့။ ဒီလိုပါပဲဗျာ ထားလိုက်ပါတော့။ ကျွန်တော်တို့  လူလတ်တန်းစားခေါ်မလား၊ အဲလိုလူတန်းစားတွေတောင် အမြဲချောင်ချောင်လည်လည် […]


(နိဒါန်း)   ဇာတ်လမ်းရဲ့ အဓိက ပြဿနာက အဲဒီညက သောက်တာတော်တော်များတော့ မူးသွားပြီး အရက်ဆိုင်မှာ သူ့မျက်မှန်ကျန်ခဲ့တာက စတယ်လို့ ပြောရမှာပဲ။ မှတ်မိသလောက် အဲဒီညက ဆိုင်မှာ လူတော်တော်စုံသွားတယ်။ သူရယ်၊ ရွှင်လန်းရယ်၊ မှတ်ကြီးရယ်၊ ပြီးတော့ ဒေါက်တာ ကိုထွန်းနဲ့ သူ့သူငယ်ချင်းများ သုံးယောက်လောက်ပါ ပါလာတယ်။ ဆေးပညာအကြောင်းတွေကော၊ သိပ္ပံပညာ၊ စာပေ စုံနေတာပဲ ပြောခဲ့ကြတာ။ ပြီးတော့ ညဉ့်လည်းနက်သွားပြီး အားလုံးထ ပြန်ခဲ့ကြတာ သူက မျက်မှန်မယူခဲ့ဘဲ ပြန်လာခဲ့တယ်။ အဲဒီက စတော့တာပဲ။   (၁)   နောက်တစ်ရက် သူနိုးလာတော့ ညက ဘယ်လို ပြန်လာလဲပင် မမှတ်မိတော့။ ခေါင်းတွေလည်း ကိုက်ခဲနေပြီ။ မျက်လုံးကိုပင် မဖွင့်ချင် ဖွင့်ချင်ဖြင့် သူဖွင့်လိုက်တော့။ “ဟင် […]


ခရမ်းပြာ အကြောင်းကြားတော့ ရေနွေးပန်းကန်တောင် လွတ်ကျကွဲသွားတယ်။ ကျွန်တော်။ တီဗွီသတင်းလိုင်းက လွှင့်တာဆိုတော့ ဒီသတင်းက မှန်မှာပဲ။ ခရမ်းပြာ။ ခရမ်းပြာ။ “… ရက်၊ .. လ…၊ ခုနှစ် .. နံနက် (၁၀)နာရီ (၁၂) မိနစ်မှာ ခရမ်းပြာ ကွယ်လွန် …” “အို …” “ဟာ …” “ဘုရားရေ ..” လက်ဖက်ရည်ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ကျွန်တော်က လွတ်ကျကွဲသွားတဲ့ ရေနွေးပန်းကန်ကို ဂရုမစိုက်အား။ ခရမ်းပြာရဲ့ သတင်းကို နားထောင်ပြီး ကြက်သေသေသွားတယ်။ အော်..။ ခရမ်းပြာ ..။ ခရမ်းပြာ..။   ××××   ခရမ်းပြာအကြောင်းကို ပြောရရင် သူရဲ့ မျက်လုံး၊ မျက်ခုံးကစရမလား မသိဘူး။ တစ်ချို့က […]


ဒီမိုကရေစီ .. စစ်တယ် .. မစစ်ဘူးတွေ … အခုထိ စစ်တပ်ထွက်လူတွေ ၂၅% .. ၅၀% .. ၇၀% ပါတာတွေ … လာလာပြောနေကြတယ်ဗျာ ..။   ပေးတဲ့သူက ပေးပြီးသွားပြီ .. တကယ့်ကိုယ်လိုချင်တဲ့ ဒီမိုကရေစီဖြစ်ဖို့က ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အခွင့်ရေးတွေ ရအောင်ယူပေးချင်တဲ့ အဖွဲ့အစည်း (နိုင်ငံရေးပါတီမဟုတ်ပါ) တွေက ဆက်လုပ်ကြရမှာမလား..။   အခုကျတော့ အင်တာနက်တက်တက်၊ ဂျာနယ်ဖတ်ဖတ် ဒါတွေချည်းပဲ။ အောက်မှာပြည်သူက ဘာတွေဖြစ်နေလဲ။ ငတ်တဲ့ သူငတ်၊ ကြပ်တဲ့သူ ကြပ်နေကြပြီ။ ကျောင်းသားအတွက် ကျောင်းသား၊ အလုပ်သမားအတွက် အလုပ်သမား၊ ပညာရေးအတွက် ပညာရေး …၊ ဒါတွေကျတော့ ဘယ်သူမှ မဆွေးနွေးကြတော့ဘူးလား။ ခုသုံးနေရတဲ့ အင်တာနက် လိုင်းက […]