သူကေလးJune 4, 20131min21719
သီချင်းလက်ဆောင် …   ည ၁ဝ နာရီ ~ တယ်လီဖုန်းလေးမြည်လာခဲ့တော့ ကျွန်တော့်လက်တွေကအလွတ်ကျက်ထားသလိုပင် ဖုန်းခွက်လေးကိုကောက်မပြီးသားဖြစ်နေပြီ.   “ ဟယ်လို ” “ ဟယ်လို မင်းမင်းလား ” “ အင်း … ကူး … ကျွန်တော်ပါ … ခါတိုင်းထက်နည်းနည်းနောက်ကျတယ်နော် အလုပ်တွေရှုပ်နေတာလား ” “ အဟား မင်းမင်းကနာရီကိုမျက်စိဒေါက်ထောက်ပြီး စောင့်နေတယ်ထင်တယ် ကူးမွေးနေ့မှာဆိုဖို့ သီချင်းတစ်ပုဒ်ရေးနေတာနဲ့နောက်ကျသွားတာ ” “ တယ်ဟုတ်ပါလား မင်းမင်းကိုဆိုပြအုံးလေ ” “ ဆိုပြမှာပေါ့ ဒါပေမယ့် ခုတော့မဟုတ်သေးဘူး သီချင်းကမပီးသေးဘူး မင်းမင်းရဲ့ ပြီးသွားတဲ့အခါမင်းမင်းကိုဆိုပြပါ့မယ် ” “ ဘယ်သူ့အတွက်ရေးဖြစ်တာလဲလို့မေးရင်ဖြေမှာလား ” “ ကူးစိတ်ထဲမှာမေ့လို့မရတဲ့လူတယောက်အတွက်ပေါ့ ကူးစိတ်ကိုအချိန်တိုင်းစိုးမိုးနေတဲ့သူတယောက်အတွက်ပါ ” “ […]


သူကေလးMay 24, 20131min1927
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၅) ———   လောကကြီးတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်းရှိနေပါလားဆိုတဲ့အသိက ကိုယ့်အသည်းနှလုံးကို ဓားနဲ့လာမွှန်းတာထက်နာကျင်ရသည်။ စိတ်တွေညစ်နေပေမယ့်လည်း အရင်လို ချက်တင်ဝင်ဖို့စိတ်မပါတော့ … လင်းလက်နဲ့တွေ့ချင်ပေမယ့်လည်း ထက်မြက်ရောက်နေတာမို့ အနှောင့်အယှက်မပေးချင်တာမို့ မတွေ့ဖြစ်။ အိမ်ထဲချည်းအောင်းနေတာမို့ ဒေါ်လေးကတောင် အဆင်ပြေရဲ့လားသမီး ဟု မေးတာခံခဲ့ရသည်။ ဒေါ်လေးရှေ့မှာတော့ ဘာမှမဖြစ်သလို ရယ်မောနေပြခဲ့ရပါသည်။ ကံကောင်းချင်တော့ ဒေါ်လေးသူငယ်ချင်းတစ်ယောက်က အလုပ်မှာ တရုတ်စာကျွမ်းတဲ့ Guest Relation Officer သဘောမျိုးလူလိုတယ်ဆိုတာနှင့် အလုပ်ဝင်လျှောက်ဖြစ်ခဲ့သည်။ အန်တီမေသက်မှာ ဒေါ်လေးနှင့် ရင်းနှီးတာတစ်ကြောင်း၊ ကျွန်မကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားရော တရုတ်စကားပါ ကျွမ်းကျင်တာက တစ်ကြောင်း ကျွန်မအလုပ်လျှောက်ပြီး တစ်ပတ်အတွင်းမှာပင် အလုပ်ခန့်ခဲ့ပါသည်။ ကျွန်မလည်း စိတ်လေနေတဲ့အချိန်ဆိုတော့ အလုပ်ရတာကို အရမ်းဝမ်းသာခဲ့သည်။ ဖြုန်းခဲ့သမျှ အချိန်တွေကို နှမြောလှတာမို့ အလုပ်ထဲမှာအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သည်။ […]


သူကေလးMay 23, 20131min19811
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၄) ——————————–   ဖုန်းထဲမှာဓာတ်ပုံလေးကိုကြည့်ပြီး ကျွန်မအရမ်းကိုသဘောကျနေမိသည်။ ထိုပုံမှာ တခြားမဟုတ် လင်းလက်လျှပ်တပြက်ရိုက်ပေးလိုက်သော ကျွန်မက စိမ်းလန်းစိုပြည် ကစားကွင်းထဲက ဒန်းလေးမှာ ထိုင်နေတုန်း ဗိုလ်က ကျွန်မကို ဒန်းလွှဲပေးတဲ့အခိုက် ရိုက်ထားလိုက်တာ။ တမင်တကာ လုပ်ယူပြီးပြုံးထားတဲ့အပြုံးလည်းမဟုတ်၊ တကူးတကပို့စ်ပေးထားတာလည်းမဟုတ်ပါဘဲ snapshot ရိုက်ထားလို့လားမသိ အရမ်းပဲကြည့်လို့ကောင်းသည် ဟု ကျွန်မစိတ်ထဲထင်မိသည်။ ဒီနေ့ ကျွန်မတို့တွေ စိမ်းလန်းမှာမုန့်အတူစားကြ၊ စကားတွေပြောကြနှင့် ည ၉ နာရီကျော်မှာပင်အိမ်ကိုပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်ရောက်ချင်းဒေါ်လေးကတောင် နောက်ကျလိုက်တာဟု ဆူလိုက်သေးသည်။ ကျွန်မလည်း ဇက်ကလေးပုကာ ထက်မြက်ပြန်ရောက်လာလို့ဟုပြောမှ ဒေါ်လေးက နည်းနည်းငြိမ်သွားတာ။ လင်းလက်တို့၊ ထက်မြက်တို့က ကျွန်မကိုအရမ်းခင်ပြီး အိမ်ကိုဝင်ထွက်သွားလာနေကြမို့ ဒေါ်လေးကစိတ်ချသည်လေ။ ဓာတ်ပုံလေးကိုကြည့်ရင်း သဘောတွေကျနေတာနဲ့ ည ၁ဝနာရီထိုးတာတောင်မသိလိုက်။ နာရီကြည့်မိတော့မှ […]


သူကေလးMay 17, 20131min2879
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၃) ———————————- မတောက်တစ်ခေါက်ရေးတတ်ပြီး အကြီးကြီးမှရေးချင်တဲ့ သူကလေးရဲ့ဝတ္ထုရှည်ကြီးကို အားပေးကြပါအုံးနော် ———————————   နောက်တစ်ပတ်လောက်အကြာမှာတော့ ကိုကိုက သူ့အလုပ်ရှိရာ စင်္ကာပူကိုပြန်သွားရပါသည်။ ကျွန်မ ဝမ်းနည်းလို့ငိုနေချိန်တွင် ကိုကိုက အခုသူစီစဉ်နေသည့် စီမံကိန်းအောင်မြင်လျှင် မကြာခဏ ရန်ကုန်လာဖို့ရှိကြောင်း၊ ကျွန်မကိုခါတိုင်းလိုပင် အမြဲမပြတ်ဆက်သွယ်နေမည့်အကြောင်း တဖွဖွမှာရှာပါသည်။ စိတ်မကောင်းစရာနောက်တစ်ချက်မှာ ကိုကိုစင်္ကာပူပြန်သွားချိန်အထိ ကိုကို့ရင်ထဲကစကားများကို ဖွင့်ဟမသွားခဲ့ပါ။ ဗိုလ်က ကျွန်မနဲ့ပက်သက်ပြီး ဘယ်လိုခံစားရလဲလို့မေးတော့ ကျွန်မကိုညီမလေးတစ်ယောက်လိုထက်တော့ ပိုသံယောဇဉ်ရှိကြောင်း၊ ဒါပေမယ့်လည်း အဲဒါကို အချစ် ဟုတ်မဟုတ် သူမသေချာသေးကြောင်း၊ ဖြိုးဆိုတဲ့တစ်ယောက်နဲ့ ဝေးပြီးတဲ့နောက်ပိုင်း အချစ်နှင့် မထိတွေ့ရဲတော့တဲ့အကြောင်းတွေ ပြောတယ်လို့ ဗိုလ်ကပြန်ပြောပြခဲ့တယ်။ ကျွန်မကို ကိုကိုချစ်တယ်လို့ဖွင့်ပြောနိုင်ခြေ ၈၀% လောက်ရှိတယ်ဆိုတဲ့ ဗိုလ့်စကားကိုယုံကာ ကျွန်မမျှော်လင့်မိပေမယ့်လည်း ခုချိန်ထိတော့ဖြစ်မလာသေးပေ။ ဗိုလ်ကလဲ ပြန်တဲ့အထိ ဝန်ခံမသွားသော […]


သူကေလးMay 14, 20131min1176
အင်း … ခုတလော … ကိုယ်တိုင်လဲ ရွာထဲသိပ်မဝင်ဖြစ် … ရွာထဲလည်း ပို့စ်တော့ အရင်ထက်နည်းသွားသလိုပဲ … သူကလေးရဲ့အပိုင်းဆက်လေးကို မှတ်ကောမှတ်မိကြပါအုံးမလား … ဒါပေမယ့်လည်း တစ်ယောက်ဖတ်ဖတ် ကိုယ်နှလုံးသားထဲက အနုပညာလို့ သတ်မှတ်ထားတဲ့ ခံစားမှုကို ဒီနေရာလေးမှာချပြချင်တယ် … မကောင်းရင်လဲဝေဖန်ပြီး ဘာညာသာရကာ … ပြောလို့ရပါတယ်   ———————————-   နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၂)     ——————————— အပိုင်း (၁၆) သိပ်မကြာခင်မှာပဲ ဗိုလ်ကျွန်မဆီကိုရောက်လာခဲ့ပါသည်။ ကျွန်မကို လေးရက်လောက်အဆက်အသွယ်မလုပ်ပဲပျောက်နေသည့်ဗိုလ့်ကို ညဉ်းချင်ပေမယ့်လည်း မနက်စောစောထ ထားရလို့လားမသိ၊ ဗိုက်က တဂွီဂွီနဲ့ ဆန္ဒပြနေပြီမို့ အခန်းထဲက မြန်မြန်ပဲထွက်လာလိုက်မိသည်။ ကျွန်မအိမ်တံခါးကိုသော့ခတ်ကာ အိမ်အပြင်ထွက်လာတော့ ဗိုလ်ကထုံးစံအတိုင်း ကားပေါ်ကဆင်းကာ တံခါးလာဖွင့်ပေးပါသည်။ […]


သူကေလးMay 10, 20131min1578
  နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၁)   —————————————–     အပိုင်း (၁၅) အဲဒီနေ့ကစပြီး ကိုကိုက ကျွန်မပေါ်မှာ အရင်ကလိုပဲ ပြန်ပြီးဂရုတစိုက်ရှိခဲ့သည်။ နေ့တိုင်းမဟုတ်ပေမယ့် ၁ရက်ခြားတစ်ခါလောက်ကျွန်မဆီရောက်ရောက်လာပြီး နေ့လည်စာ ဒါမှမဟုတ် ညစာကိုတူတူစားလေ့ရှိသည်။ ကိုကိုနဲ့အတူတူရှိသည့် အချိန်တိုင်း ကျွန်မမှာကြည်နူးစိတ်လေးနဲ့ရင်ဖိုရမြဲပင်။ တခြားရည်းစားတွေနဲ့ ထမင်းအတူတူစားရတဲ့ခံစားချက်နှင့် လားလားမျှမဆိုင်ပေ။ ကိုကိုသည် ရုပ်ရှည်ချောမောသော ယောကျာ်းတစ်ယောက်မဟုတ်သော်လည်း အထင်ကြီးဖွယ်ကောင်းသော ယောကျာ်းတစ်ယောက်ဖြစ်ပါသည်။ ကိုကိုသည် အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး ဘာသာတရားလည်းကိုင်းရှိုင်းသောယောကျာ်းတစ်ယောက်မှန်း တဖြည်းဖြည်းနဲ့ပိုသိလာခဲ့သည်။ အသက်ချင်းသိပ်မကွာသော်လည်း လုပ်ငန်းတစ်ခုတွင် အားထားရသော မန်နေဂျာရာထူးကိုရထားသည့် ကိုကို့ကိုကြည့်ပြီး ကျွန်မလည်းအလုပ်လုပ်ချင်စိတ်တွေဖြစ်လာခဲ့ရသည်။ သင့်တော်တဲ့အလုပ်တစ်ခုလောက်ရှာပေးပါဟု ဒေါ်လေးကိုပြောတော့ ဒေါ်လေးက အံ့အားသင့်ကာ ဟုတ်မှဟုတ်ရဲ့လားလု့ိတောင်မေးခဲ့သည်အထိပင်။ ဪ ကိုကိုရယ် .. ကိုကိုနဲ့ပက်သက်ရင် ကျွန်မအထူးအဆန်းတွေချည်းလုပ်မိနေသလားမသိဘူးနော်။ ခါတိုင်းဆို နေ့တိုင်းနီးပါး […]


သူကေလးMay 8, 20131min12810
ဖတ်ဖြစ်မဖြစ်တော့မသိပေမယ့်လည်း … ကိုယ်ရေးတာလေးတွေ အများဝေဖန်နိုင်အောင်တင်တင်ပေးဖြစ်တာပါ … ဖတ်ဖြစ်ခဲ့တယ်ဆို ဖတ်လို့မကောင်းလည်း လိုအပ်ချက်တွေကို ဝေဖန် ကွန့်မန့်ပေးခဲ့နိုင်ပါတယ်နော်   ခင်တဲ့ သူကလေး —————–   နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၀)   ————————— အခန်း (၁၄) “i m going to have lunch with koko, ttyl” ဆိုတဲ့မက်ဆေ့ချ်လေးကိုဖတ်ရင်း တစ်ယောက်တည်းပြုံးမိကာ ခြံထဲဆင်းလာခဲ့မိသည်။ ခြံထဲမှာ ကျွန်တော်စိုက်ပျိုးထားတဲ့ နှင်းဆီပန်းပင်လေးတစ်ချို့ရှိသည်။ ကျွန်တော်ကိုယ်တိုင်ပေါင်းသင်ရေလောင်းလုပ်သလိုပဲ မမနှင့်မေမေကလည်းလုပ်ပေးကြပါသည်။ ကျွန်တော်ချစ်တဲ့ ထိုနှင်းဆီလေးတွေကိုမေမေတို့ကပါ လိုက်ချစ်ပေးသည်။ ဒါဆို ကျွန်တော်ချစ်တဲ့ကောင်မလေးတွေကိုရော၊ မေမေတို့လိုက်ချစ်မှာလား။ အတွေးနဲ့တင်ကျောချမ်းလှပါသည်။ ဒီကိစ္စကထင်သလောက်မလွယ်ကူမှန်းကျွန်တော်သိသည်။ ကျွန်တော်ချစ်တဲ့ကောင်မလေးများက ကျွန်တော်စိုက်ပျိုးထားတဲ့နှင်းဆီတွေနဲ့တူသည်။ အရောင်အသွေးစုံသည်။ အမျိုးအစားစုံသည်။ တစ်ယောက်ကိုတစ်မျိုးပင်။ အားလုံးကိုတစ်ယောက်တစ်မျိုးစီချစ်သကဲ့သို့ အားလုံးကလည်း […]


သူကေလးMay 6, 20131min1096
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၉)   ——————————-     အခန်း (၁၃) နောက်နေ့မှာ ကိုကိုကပြောထားတဲ့အတိုင်းပင် အဆက်အသွယ်လုပ်မလာခဲ့ပါ။ ကျွန်မလည်း မိန်းကလေးပီသစွာပဲ စပြီးအဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါ။ contact list ထဲက ကိုကိုဆိုတဲ့နာမည်လေးကိုကြည့်ရင်း ဖုန်းဆက်ရမလားဆိုတဲ့အတွေးကို ကိုယ်တိုင်ပဲအကြိမ်ကြိမ်ပဲပယ်ပစ်ခဲ့ရသည်။ ကိုကိုရယ် ဒီတစ်ကြိမ်တော့ ဟန်နီ့မျှော်လင့်ချက်တွေတကယ်ဖြစ်လာပြီလို့ တွေးထားခဲ့တာ။ ကိုကိုနဲ့တူတူ လိမ္မာတဲ့ကောင်မလေးအဖြစ်ဘဝကိုရှေ့ဆက်နိုင်ပြီလို့ထင်ခဲ့တာ။ ဘာကြောင့်မှန်းရေရောရာရာမသိဘဲ ရုတ်တရက်စိမ်းကားတဲ့ဒဏ်ကို တကယ်ပဲဟန်နီခံနိုင်ရည်မရှိတာပါ။ ကိုကို့ဖုန်းအဆက်ကိုမျှော်ရင်းအချိန်တစ်ပတ်လောက်ကို တစ်ယောက်တည်းဖြတ်သန်းခဲ့ရသည်။ လင်းလက်နဲ့ ဗိုလ်ကတော့ ကျွန်မကို ဖုန်းဆက်လိုက်၊ မက်ဆေ့ချ်ပို့လိုက်နဲ့ အဖော်ပြုခဲ့ကြသည်။ ကျွန်မလည်း ငိုရမလား ရယ်ရမလားမသိ၊ စိတ်ညစ်ညစ်နဲ့ပဲ အိမ်မှာနေရင်း တီဗီကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့အချိန်တွေဖြုန်းပစ်ခဲ့သည်။ ဗိုလ်ဖုန်းဆက်တဲ့အခါတိုင်း စကားတွေအများကြီးပြောရင်း အရင်ကထက်ပိုပြီးရင်းနှီးလာခဲ့သည်။ နားလည်မှုတွေလည်းပိုလို့တိုးလာခဲ့ကြသည်။ ကျွန်မဘယ်တုန်းကမှ ဗိုလ့်ကိုလူဆိုးလေးလို့မမြင်ခဲ့သလို ဗိုလ့်အကြောင်းတွေသိရတော့လည်း ပိုလို့ပင် သံယောဇဉ်တွယ်ခဲ့ရသည်။ […]


သူကေလးMay 2, 20131min24115
နာရီကြီးက တဂျောက်ဂျောက်မြည်နေတိုင်း လွမ်းတယ်… နေလုံးကြီးက ဟိုပြေးဒီပြေးနဲ့ လွမ်းတယ်…. ထိုင်နေရင်လည်း လွမ်းတယ်….. ထပြန်တော့လည်း လွမ်းတယ်….. အိပ်မရအောင်လည်း လွမ်းတယ်…… အိပ်ရာထ သွားတိုက်ရတိုင်းလည်း လွမ်းတယ်…. လမ်းဖြတ်ကူးတိုင်းလည်း လွမ်းတယ်… ဟင်းကောင်းကောင်း မကောင်းကောင်း လွမ်းတယ်… ရုံးသွားဖို့ taxi ငှားရင်းလဲလွမ်းတယ် မတက်ချင်တက်ချင် သင်တန်းတက်ဖြစ်ရင်လွမ်းတယ် အဖော်ကောင်းလို့ သင်တန်းလစ်ဖြစ်ရင်လဲလွမ်းတယ် ဘော်ဒါတွေနဲ့ KTV သွားဆိုဖြစ်တိုင်းလွမ်းတယ် အဒေါ်တို့အဖွဲ့နဲ့ စင်တင်ရောက်ဖြစ်တိုင်းလွမ်းတယ် နင့်ဆီကိုဖုန်းလှမ်းခေါ်ဖို့ မဝံ့မရဲဖြစ်မိတိုင်းလွမ်းတယ် နင်ယောင်ယမ်းပီး ငါ့ဆီ phone ခေါ်လာမလားနဲ့ (ငါ့ဖုန်းနံပါတ်ကိုနင်မသိပေမယ့်) လည်းလွမ်းတယ် Starting Windows ဆိုတိုင်းလည်း လွမ်းတယ်… Shutting down ဆိုလည်း လွမ်းတယ်… အွန်လိုင်းတက်တဲ့အချိန်နင်မရှိတော့လွမ်းတယ် ကွန်နက်ရှင် ဖုတ်လှိုက် ဖုတ်လှိုက် ကျနေတဲ့အချိန်လဲလွမ်းတယ် နင်နဲ့သိတဲ နင့်သူငယ်ချင်းတွေနဲ့ချက်တိုင်းလွမ်းတယ် […]


သူကေလးApril 29, 20131min14810
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၈)   အခန်း(၁၂)   “တကယ်ပဲဗိုလ်စားမေပွဲဖြေပြီးတဲ့အချိန်မမရောက်လာခဲ့ပါတယ်။   မမနဲ့ဗိုလ် ကန်တော်ကြီးရဲ့လူရှင်းတဲ့ခုံလေးတစ်ခုံမှာသွားထိုင်ပြီးစကားတွေပြောခဲ့ကြတယ်။   မမရောက်လာတဲ့အချိန်ဗိုလ်ယုံကြည်ထားတာကမမဗိုလ့်အပေါ်မှာသစ္စာဖောက်မှာမဟုတ်ဖူးလို့လေ ..   ဒါပေမယ့် မမဘက်ကစကားစလာတဲ့အချိန်မှာပဲ   ဗိုလ့်အိပ်မက်တွေ၊ယုံကြည်မှုတွေအားလုံးချိုးဖျက်ခံခဲ့ရပြီဆိုတာသိလိုက်ရတယ်   မမကသူ့အရင်တစ်ယောက်နဲ့ပြန်အဆင်ပြေသွားတဲ့အကြောင်း၊   ဗိုလ့်ကိုမောင်လေးတစ်ယောက်လိုပဲသံယောဇဉ်ရှိကြောင်း၊ သူ့ချစ်သူကိုပဲတကယ်ချစ်တဲ့အကြောင်း၊   သူတို့မကြာခင်လက်ထပ်တော့မယ့်အကြောင်းတွေပြောပြခဲ့တယ်။   စာမေးပွဲမဖြေခင်တည်းကသူတို့ပြန်အဆင်ပြေနေတာဆိုပေမယ့် ဗိုလ့်စာမေးပွဲထိခိုက်မှာစိုးလို့မပြောပြခဲ့တာတဲ့လေ။   သူ့အကြောင်းပြချက်က ဗိုလ့်ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။   မျှော်လင့်ချက်တွေနဲ့ဒီစာမေးပွဲအပြီးကိုမျှော်နေတဲ့ဗိုလ့်ကို ဒီလိုလုပ်ပစ်လိုက်ရက်တဲ့မမကိုဗိုလ်အရမ်းကြောက်သွားမိတယ်။   ဒါပေမယ့်အချစ်ဦးဆိုတော့မုန်းမပစ်နိုင်ခဲ့ဘူး။   ဗိုလ်မမကိုအရမ်းချစ်တယ်ဆိုတဲ့အကြောင်း၊မမပြန်လာရင် ဗိုလ်ကြိုနေမှာပဲဆိုပီး အရူးစကားတွေပြောခဲ့မိသေးတယ်။   မမကတော့ သူ့ကိုမမျှော်လင့်ပါနဲ့တော့တဲ့။   အဲဒီနေ့က ဗိုလ်စာမေးပွဲဖြေနိုင်ခဲ့ပေမယ့် အိမ်ကိုပြန်ရောက်တဲ့အခါ ချုံးပွဲချပြီးငိုခဲ့ရတယ်။   ဗိုလ့်ကိုအရမ်းချစ်တဲ့မေမေနဲ့မမဆို ဗိုလ့်အတွက် အရမ်းခ့စားခဲ့ကြရတာ   ဗိုလ့်အတွက်စိတ်မကောင်းအရမ်းဖြစ်ခဲ့ကြတယ်။ […]


သူကေလးApril 26, 20131min1013
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၇)     —————- အခန်း (၁၁)     ကျွန်မထိုင်နေတုန်း ၁၅မိနစ်လောက်ကြာတော့ ကားသံလေးကြားမိတာနဲ့ အိမ်တံခါးပြန်ပိတ်ကာ အပြင်ကို   အားမပါတဲ့ခြေလှမ်းတွေနဲ့ထွက်လာခဲ့သည်။   ကားပေါ်မှာ အမောတကောပြေးဆင်းလာတာ ကျွန်မကိုသိပ်သံယောဇဉ်ရှိပါတဲ့ဆိုတဲ့ ဗိုလ်ပေါ့။   “ဟန်နီဘာဖြစ်တာလဲဟင်….ဗိုလ်ဘာလုပ်ပေးရမလဲ .. ဘာကြောင့်ငိုနေရတာလဲကွာ .. ဒီမျက်ရည်တွေအခုသုတ်ပစ်”   “ဗိုလ် ဟန်နီမကျရှုံးချင်ဘူး  ဟန်နီ့ကိုကူညီပါနော် ဟန်နီကိုကို့ကိုအရမ်းချစ်တယ်”   “ဘာဖြစ်တာလဲဟန်နီရာ မငိုနဲ့ဖြေးဖြေးချင်းဗိုလ့်ကိုပြောပြလေ နော် … ကဲခုဘယ်သွားမလဲ ဒီမှာထိုင်နေလို့မကောင်းဘူး”   “မသိဘူးဗိုလ် ဟန်နီအသက်တောင်မရှူချင်တော့ဘူး”   “ကဲ ဒါဆိုလည်းထ .. ဗိုလ်တို့တနေရာသားရအောင် လာလာ မျက်ရည်တွေမကျနဲ့တော့ဆိုမှ”   ဗိုလ်ကကျွန်မကိုဆွဲခေါ်ရင်း […]


သူကေလးApril 26, 20131min25216
                                ——————————————     နဂါးခေါင်းဘယ်ဘက်လှည့်လဲမသိ အဲဒီနေ့တွေ ငါ့အတွက်ပြဿဒါးဖြစ်တယ် တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ …. ကျွန်မပိုင်တဲ့ ထိုအရာလေးက ကျွန်မကိုငိုတတ်စေခဲ့သလား…..     အသက်ရှူတိုင်း လွမ်းတယ်ဆိုတဲ့စိတ်နဲ့ ညထူထူတွေထဲဖြတ်ခဲ့ရတယ် အများအတွက်တော့ ခပ်ပါးပါးတဲ့….. တစ်ကိုယ်တည်းရေတွက်မိတယ် များလှတဲ့ရက်တွေပါလား။     မျှော်လင့်ခြင်း တနင့်တပိုးနဲ့ အတ္တတွေ လေပူထဲမှုတ်ထုတ်ပစ်ခဲ့ရတယ်။ ပြက္ခဒိန် မော့ကြည့်ခဲ့တိုင်း…. တိတ်တဆိတ်ရေရွတ်မိတယ် ဒီနှစ် ခွင့်ပြန်လာရပါစေ ။


သူကေလးApril 24, 20131min1189
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၆) အခန်း (၉)   အိမ်ပြန်ရောက်တော့ ဘာမှရေရေရာရာလုပ်စရာမရှိတာမို့ အိပ်ခန်းထဲဝင်ကာကိုကို့အကြောင်းတွေစဉ်းစားနေမိသည်။ တကယ်တော့ ကိုကိုဟာထူးခြားဆိုတဲ့ နာမည်နဲ့မှမလိုက်မဖက် ဘာမှမထူးခြားပါဘဲ ကျွန်မစိတ်ဝင်စားနေခဲ့မိတာ။ အဲဒီမှာမှ စပြီးထူးခြားသွားတော့တာပဲ။ တွေးရင်းနဲ့ ကျွန်မပြုံးလိုက်မိသေးသည်။ ဘာကိုမှန်းမသိအသည်းယားသလိုဖြစ်လာတာမို့ နံဘေးမှာရှိတဲ့ ဗိုလ်ပေးတဲ့ popeyeအရုပ်လေးကိုတစ်ချက်ညှစ်လိုက်မိသည်။ အရုပ်ကတကယ့်ကိုသေးသေးလေးရယ်ပါ။ မနက်ကပြန်ကာခါနီးမှ ဗိုလ်ကကားထဲကအဲဒီအရုပ်လေးကိုထုတ်လာခဲ့ပြီး ကျွန်မကိုလက်ဆောင်ပေးခဲ့တာ။ သူပြောတဲ့စကားလေးကတကယ့်ကိုချစ်စရာလေးပါ “ဗိုလ်ကဟန်နီ့ကိုကိုထက်စာရင် ဟန်နီ့ရင်ထဲမှာနေရာပိစိလေးပဲရထားတာဆိုတော့ ဒီအရုပ်ပိစိလေးကဗိုလ့်ကိုကိုယ်စားပြုမှာပါ” တတ်လည်းတတ်တဲ့ ဗိုလ်။ ဒါနဲ့များတောင် သူကကျွန်မကိုလည်လိုက်တာတဲ့။ သူကမှ ငလည်ကြီးဆိုတာသူသိရဲ့လားမသိ။ ဟုတ်တယ်။ ကိုကိုနဲ့ယှဉ်ရင်တော့ နင်ကငလည်လေးပါ ဗိုလ်ရယ်။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလှုပ်ရှားတတ်တယ်။ ပြောတတ်ဆိုတတ်တယ်။ အဲဒီအပြင် ငါ့ရင်ထဲပါ ဝင်ပြီးနင်ကသိတတ်နေလိုက်တာ။ ငါချစ်တဲ့ကိုကိုနဲ့တော့ကွာပါ့။ ကိုကိုဆိုဘယ်တော့မှမိန်းကလေးတွေရဲ့အကြိုက်ကိုမပြောတတ်။ သူနေတတ်သလိုသာနေပြီးစိတ်ထဲရှိတာကို ရိုး၂သား၂နဲ့ပြောတတ်တဲ့အကျင့်လေ။ တကယ်ဆိုကိုကိုသာသိတတ်နားလည်မယ်ဆိုဟန်နီဘယ်လောက်ထိပင်ပန်းနေပြီဆိုတာသိသင့်ပါတယ်။ ဘယ်လိုတန်ခိုးတွေနဲ့ ဟန်နီ့ကိုဖမ်းစားထားလဲဟင်။ “ဆည်းလည်းသံတွေလို .. […]