သူကေလးApril 23, 20131min23127
              လမ်းလျှောက်ရင် ဖြတ်နင်းရတဲ့ မြေကြီးသာ အသက်ရှိမယ်ဆို နေပါစေ … မေမေ သမီး လိုရာခရီးရောက်ဖို့ သူ့အသား မနာကျင်စေချင်ဘူး ……..   ကောင်းကင်ကကြယ်ကြွေမှ ဆုတောင်းပြည့်မယ်ဆို နေပါစေ မေမေ သမိး စိတ်ချမ်းသာပျော်ရွှင်ဖို့ သူ, မကြွေလွင့်စေချင်ဘူး ……..   ထွန်းတောက်နေတဲ့နေမင်းကြီးဝင်သွားမှ အေးချမ်းတဲ့ညရောက်မယ်ဆို နေပါစေ မေမေ သမီး အမှောင်ထဲငိုကြွေးဖို့ သူ, အိပ်တန်းမတက်စေချင်ဘူး …….   လမင်းကြီးကွယ်ပျောက်မှ မနက်မိုးသောက်မယ်ဆို နေပါစေ မေမေ သမီး နေမင်းအလင်းရောင်နဲ့ နွေးထွေးဖို့ သူ, အလင်းမမှိန်စေချင်ဘူး ……   နယ်ရုပ်လေးချကျွေးမှ စစ်တုရင်ကစားပွဲမှာ အနိုင်ရယ်ဆို နေပါစေ […]


သူကေလးApril 22, 20131min16213
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၅) အပိုင်း (၆)   အခန်း (၇) Akar Bo : သိပ်ပျော်နေတယ်ပေါ့လေ။ ဟု စာတန်းလေးပေါ်လာတော့ ကျွန်မကျိတ်ပြုံးမိသည်။ Honey : ဒါပေါ့ ဒါပေါ့ Akar Bo : ဟာ ကောင်မလေးတစ်ယောက် ရှက်လဲမရှက်ဘူး ကြည့်စမ်း Honey : အိုး ရှက်စရာလား ပျော်လို့ပျော်တယ်ပြောတဲ့ဟာ Akar Bo : ကြိုက်တယ် ံHoney : ဟင် ဘာကိုပြောတာလဲ Akar Bo : အဲ တစ်မျိုးမထင်နဲ့နော် စိတ်ဓာတ်ကိုပြောတာပါ Honey : တော်သေးတာပေါ့ Akar Bo : စိတ်ကူးယဉ်မနေပါနဲ့ဗျာ ခင်ဗျားကိုမကြိုက်ပါဘူး ံHoney […]


သူကေလးApril 9, 20131min1218
နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃) နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၄) ~~~~~~~~~~~~~~~~~~~~ အခန်း (၆)   ညနေ ၆ နာရီ ကိုကို အိမ်မှာလာခေါ်မည့်အချိန်ကိုစောင့်နေရင်း စိတ်ထဲတစ်ခုခုကိုစိုးထင့်နေသလို ခံစားနေမိသည်။ ဘာကြောင့်မှန်းမသိ … ကျွန်မတို့ဇာတ်လမ်းရှေ့ဆက်ဖို့ရာ ခက်ခဲလွန်းနေပြီထင် အကြောင်းပြချက်တော့ရေရေရာရာမရှိ … တစ်စုံတစ်ယောက်ကိုသံသယဖြစ်မိဆိုရင် အဲဒီသံသယအတိုင်း တစ်ချိန်မှာဖြစ်လာတတ်တဲ့ ကျွန်မရဲ့ စိတ္တဇကို ခုချိန်မှာ ကျွန်မ ပြန်လန့်နေမိသည်။   ကိုကိုကျွန်မဆီရောက်လာတော့ ကားပေါ်မှာ ကိုသက်အောင်ပဲပါလာသည်။ ဟိုကောင်လေးကိုမတွေ့ရ “ ကိုကိုတို့နှစ်ယောက်တည်းလား ဟိုတစ်ယောက်ကော မပါဘူးလား ” “ အေးကွာ မနေ့တုန်းကတော့ လာမယ် တကဲကဲနဲ့ ခုနတုန်းကမှ ဖုန်းဆက်တယ် မလာနိုင်တော့ဘူးတဲ့ ဒီကလေးဘာတွေဖြစ်နေမှန်းကိုမသိပါဘူး ” “ သူရဲ့ကလေးဆီသွားတယ်ကွ .. […]


သူကေလးApril 9, 20131min24824
ခင်သန့်ဇင်ဆိုသော မိန်းမတစ်ယောက်၏ ဘဝတွင် အချစ်ဆိုတာ မောင်တစ်ယောက်တည်းရှိခဲ့ပါသည်။ မောင်သာလျှင် ကျွန်မသူငယ်ချင်း၊မောင်သာလျှင် ကျွန်မမောင်လေး၊ မောင်သာလျှင် ကျွန်မချစ်သူ၊ မောင်သာလျှင် ကျွန်မဘဝဖြစ်ခဲ့သည်။ ငယ်စဉ်တည်းက စာကြိုးစားခဲ့သောကျွန်မ၏ ရည်မှန်းချက်မှာ အထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ပင်ဖြစ်သည်။ လူကြီးချင်းလည်းရင်းနှီးပြီးအိမ်နီးချင်းလည်းဖြစ်သော မောင်သာလျှင် ကျွန်မရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပြီး တခြားသောသူများနှင့် ရင်းနှီးအောင်မိတ်ဖွဲ့ရာ ကျွန်မအချိန်မပေးနိုင်ခဲ့ပါ။အချိန်တိုင်း ပညာရေးနောက်ကိုပဲ တကောက်ကောက်လိုက်နေခဲ့ရသည်။ ကျွန်မဘဝတွင် မိဘနှစ်ပါးမှအပ သံယောဇဉ်တွယ်စရာ သူစိမ်းလူသားမှာ မင်းကောင်းနိုင် ဟူသော မောင့်တစ်ယောက်တည်းပင်ဖြစ်သည်။ ငယ်စဉ်တည်းက သံယောဇဉ်အမြစ်တွယ်လာသည့် ကျွန်မမောင့်အပေါ်ထားရှိသည့်အချစ်ကို ဘယ်လိုပေတံနှင့်မှ တိုင်းတာ၍မရနိုင်ပါ။ မောင့်ကိုအရမ်းချစ်သောကြောင့် ကျွန်မအရမ်းသဝန်တိုတတ်ခဲ့ပါသည်။ ကျွန်မအပြင် မောင်ဘယ်မိန်းကလေးနဲ့မှ စကားပြောတာကိုမကြိုက်။ ယုတ်စွအဆုံး ကျွန်မဝမ်းကွဲညီအမတွေနှင့်ပင် မောင့်ကိုမရင်းနှီးစေချင်ခဲ့။ မောင်ဟာ အင်ဂျင်နီယာတစ်ယောက်အရမ်းဖြစ်ချင်ခဲ့တာပေမယ့် ကျွန်မကမောင့်ကိုစိတ်မချလို့ဟု ဆိုကာ မောင့်ကို ကျွန်မနှင့်အတူ ဆေးကျောင်းလိုက်တက်ခိုင်းခဲ့သည်။ မောင်ကလည်း ကျွန်မအလိုကျလိုက်လျောပေးခဲ့တာပင်ဖြစ်သည်။ မိဘများကတော့ […]


သူကေလးApril 8, 20131min22415
နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃)  ဖတ်ရန်     အခန်း (၅)   အိပ်ရာစောစောမထတတ်တဲ့ ဟန်နီပီပီ … နောက်တစ်နေ့မနက်မှာ ၁၁ နာရီထိုးမှ အိပ်ရာမှနိုးလာသည်။ နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်းကလည်းမထွက်သေး … သင်တန်းတက်နေတာတွေအားလုံးကလည်းမရှိတော့ စိတ်ထင်တိုင်းလုပ်လို့ရနေသည်မဟုတ်လား အခွင့်အရေးဆိုတာ ရတုန်းယူတတ်ရသည် ဟုတ် ကျွန်မ ကြားဖူးသေး၏။ ကျွန်မအကြိုက် နှပ်ကော်ဖီဆိမ့်ဆိမ့်လေး ဖျော်အပြီးမှာတော့ လင်းလက်ဆီဖုန်းဆက်ဖို့သတိရသည်။ အိပ်ရာနိုးတုန်းက ကျွန်မဖုန်းကိုကြည့်လိုက်တော့ လင်းလက်ခေါ်ထားတဲ့ missed call တွေအများကြီးမဟုတ်လား။ ဒီအချိန်ဆိုရင်တော့ လင်းလက် အိပ်ရာမှနိုးလောက်ပီထင်သည်။   “ အေး ဟဲ့ပြော ” ထူးပုံက သိပ်ကိုချိုသာလွန်းလှသည်။ ဒီအသံလောက်ဆို အိပ်ရာမှ ကောင်းကောင်းနိုးနေလောက်ပီထင်သည်။   “ နိုးဘီလား ကောင်မ ထူးထူးဆန်းဆန်း ” […]


သူကေလးApril 7, 20131min47015
အခန်း (၃)   city mart မှာ လိုအပ်တဲ့ပစ္စည်းလေးတွေလာဝယ်ရင်း city mart အောက်ထပ်က happy ဆိုင်လေးမှာ ခေါက်ဆွဲဝင်စားဖို့အကြံရသည်။ ခေါက်ဆွဲဆိုရင် အရမ်းကြိုက်တတ်တာ ကျွန်မအကျင့်ပဲ မဟုတ်လား။ happy က ဆိုဖာခုံတန်းလေးမှာ ထိုင်ပြီး တစ်ယောက်တည်း ဝက်နံရိုးစုရုခေါက်ဆွဲကို အချိန်ဆွဲပြီးစားနေမိသည်။ အဲဒီအချိန်မှာ ကျွန်မနဲ့အနောက်ကပ်ရပ် ဆိုဖာခုံလေးဆီက စုံတွဲတစ်တွဲရဲ့ အသံကို စပြီးကြားလိုက်ရသည်။   “ မောင့်ကိုမောင် သိပ်ဟုတ်လှပြီလို့ ထင်နေတာလား ဒါမှမဟုတ် မကို ခပ်ညံ့ညံ့မိန်းမတစ်ယောက်လို့ မောင်ကလျှော့တွက်ထားတာလား ”   ကျွန်မတို့ထက် အသက်နည်းနည်းကြီးပုံရသည့် မိန်းကေလေးတစ်ယောက်ရဲ့အသံဟု ကျွန်မခန့်မှန်းလိုက်မိသည်။   “ မက မောင့်ကိုဘာတွေမယုံမကြည်ဖြစ်နေတာလား မကွယ်ရာမှာ မောင်ကဖောက်ပြန်နေမယ့်ကောင်လို့ မထင်လိုက်တာလား ”   “ […]


သူကေလးApril 6, 20131min26024
      မမ အမြဲပြုံးပါ မမ အမြဲပြုံးပါ မမပြုံးနေရင် အပြစ်ကင်းပြီး အရမ်းချစ်စရာကောင်းတာမို့ မမ အမြဲပြုံးပါ မမ သီချင်းဆိုချင်တဲ့စိတ်ပေါ်တဲ့အခါ ညီမလေးနဲ့ အတူတူသွားဆိုပါ သီချင်းဆိုရင်း မမကျမယ့်မျက်ရည်တွကို သုတ်ပေးခွင့်ရတဲ့သူ ညီမလေးဖြစ်ချင်လို့ပါ မမ စိတ်အရမ်းတိုပြီး ပေါက်ကွဲချင်တဲ့အခါ ညီမလေးကိုအော်ပါ မမရဲ့စိတ်ထွက်ပေါက်တံခါးတစ်ခုအဖြစ် ညီမလေးရှိနေချင်လို့ပါ မမ ညီမလေးနဲ့ အတူတူ အပြင်ကိုသွားပါ လမ်းပေါ်မှာတွေ့သမျှလူတိုင်းကို စာနာကူညီရိုင်းပင်းတတ်တဲ့ မမရဲ့စိတ်ဓာတ်လေးတွေကို ညီမလေးလေ့လာသင်ယူချင်လို့ပါ မမ ညီမလေး မလိမ္မာတာများရှိရင် ညီမအရင်းသဖွယ် ပြောဆိုဆုံးမပါ မမလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ညီမလေးလည်ဖြစ်ချင်လို့ပါ မမ အိမ်ကထမင်းချိုင့်ထည့်ပေးတဲ့ဟင်းကိုကြိုက်တဲ့အခါ ဂျီကျပါ။ ဟင်းမကောင်းရင် ကလေးလေးလိုပဲ စိတ်ညစ်နေတတ်တဲ့ မမကို ညီမလေး ချော့မော့ချင်လို့ပါ။ မမရယ် … လောကဓံဆိုတာ […]


သူကေလးApril 6, 20131min15511
  နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)   https://myanmargazette.net/172322/creative-writing   အပိုင်း( ၂ )   နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာက တံခါးကို တဒုန်းဒုန်းထုသံကြောင်း နိုးလာရသည်။ ကွာ …   “ ဘယ်နှစ်နာရီရှိပြီလဲဟာ … ဒီချိန်ထိတောင်မထသေးဘူး ထတော့ ရှမ်းခေါက်ဆွဲသွားစားရအောင် ”   အသံနဲ့အတူ အခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လာသူကတော့ ကျွန်မ ရဲ့ အာပေတူးသူငယ်ချင်း လင်းလက်ပဲပေါ့   “ ဘာတုန်း… ညက ၃နာရီမှအိပ်ရတာကိုကွာ … ဒီမှာခုမှအိပ်ကောင်းတုန်းဟ”   “ လာပါဟာ .. ထပါ .. ငါဝယ်ကျွေးမယ်လေ .. ထ .. ငါဗိုက်ဆာနေဘီဟ ”   ကျွန်မရဲ့အိပ်ချင်မူးတူး […]


သူကေလးApril 5, 20131min23418
      အဲဒီနေ့က ကျွန်မကျောင်းမတက်ဖြစ်ခဲ့ပါ …… “ဘယ်လိုနေသေးလဲ မမချို အဆင်ပြေလား” တံခါးဖွင့်သံနှင့်အတူ အသံတချိူ့ကအရင် ကျွန်မအခန်းထဲဝင်လာရောက်လာသည်။ “နေ့လည်လောက်ကတည်းအိပ်နေတာပဲ မောင်ခန့်ရယ် အစားတော့ကောင်းကောင်းမစားချင်ဘူး အိပ်နေလို့တော်သေးတာပေါ့” အသံနှစ်သံကိုကြားတာနဲ့ ဘယ်သူတွေမှန်း ကျွန်မသိလိုက်ပါသည်။ “ကု့န်နေပြီပဲ ဒီနေ့တော့ ဒီတစ်ပုလင်းနဲ့ပဲနားလိုက်တာကောင်းပါတယ် အရမ်းများရင် မတိုးတော့မှာစိုးလို့ပါ” “မောင်ခန့်ကောင်းသလိုသာကြည့်လုပ်လိုက်ပါ” “အဲလောက်လည်းစိတ်မပူပါနဲ့ မမချိုရယ် … ကျွန်တော်ဂရုစိုက်ပါ့မယ်” လက်မှ တစ်စုံတစ်ရာကိုဆတ်ခနဲ နှုတ်ယူခြင်းခံလိုက်ရသည်။ ဆစ်ခနဲနာကျင်သွားပေမယ့် အပြုံးမပျက်ခဲ့မိပါ။ ခဏနေတော့ သူတို့ထွက်သွားကြသည်။ ထိုအချိန်မှ ကျွန်မလှဲနေရာက ထပြီး ပြတင်းပေါက်ရှေ့သွားရပ်လိုက်သည်။ နွေညက အေးမြခြင်းကို ခေါ်ဆောင်မလာခဲ့ပေ။ လပြည့်ညဟုတ်မဟုတ်တော့ ကျွန်မမသိပါ။ လမင်းကြီးကတော့ ဝိုင်းစက်စက်ရှိနေပါသည်။ ထိုရှေ့ကထွက်ကာ စာကြည့်စားပွဲရှေ့ကိုလှမ်းခဲ့မိသည်။ မမေသူ … အဌမတန်း (င) ဟုရေးထားသည့် ကျောင်းသားကဒ်လေးတစ်ခု […]


သူကေလးApril 4, 20131min28820
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁)   ငါလေ ငါစိတ်ဝင်စားသလိုဖြစ်မိတဲ့ ကောင်လေးတွေဆီ “ ချစ်တယ် ”ဆိုတဲ့စကားကိုကြားရတာ အရမ်းစိတ်ချမ်းသာတယ် သူတို့ဆီက “ ချစ်တယ် ” ဆိုတဲ့စကားမကြားခင်အထိတော့ … ငါ့မျှော်လင့်မှုက မိုးမမြင်လေမမြင်ပေါ့ … ဒါပေမယ့် သူတို့ဆီက ငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့စကားကိုကြားပြီးသွားရင်သူတို့က ငါ့အတွက် ဘာမှမဟုတ်တဲ့လူတွေဖြစ်သွားရော ( ဟန်နီ ) လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်သူကအရေးအကြီးဆုံး အချစ်ဆုံးဆိုပြီးမရှိဘူး ဟန်နီရဲ့ အခြေအနေနဲ့ အချိန်အခါအရ .. အရေးကြီးဆုံးဆိုတဲ့လူတွေက တစ်ယောက်ဆီဖြစ်သွားတတ်တယ် ငါ့ဘဝမှာ ငါနဲ့ပက်သက်သမျှ မိန်းမတိုင်းကို ငါချစ်တာပဲ ဒါပေမယ့် ဘယ်မိန်းမကမှ ငါ့အတွက် အမြဲ နံပါတ်တစ်ဖြစ်မနေဘူး နံပါတ်တစ်အမြဲဖြစ်နေရင် ကြာရင်ရိုးသွားတတ်တယ်ကွ (အာကာဗိုလ်) အပိုင်း (၁) သွေးအေးအေးနဲ့ […]


သူကေလးApril 3, 20131min26535
မင်္ဂလာပါရှင့်သာမီးကတော့ တူနယ်ချင်း လူကလေး ရဲ့ကောင်းမှုကြောင့် ဒီရွာလေးကိုလာလည်ဖြစ်တာပါ။ စာရေးရတာကို အရမ်းဝါသနာထုံပါတယ်။ သူများရေးတာတွေကိုလည်း အားမနာတမ်းဝေဖန်တတ်ပါတယ်။ ဒါပေမယ့်လည်း ခင်မိရင်ဖြင့် အသေအလဲ အငမ်းမရ ခင်တတ်ပါတယ်။ (လူကလေးကိုသာမေးကြည့်ပါ) ရေးတာလေးတွေကိုလည်း ဝေဖန်အားပေးကြပါ။ ဝိုင်းပြီးတော့လည်းခင်ကြပါ။ အမှားပါရင်လည်း ခွေးလွှတ်ပါ။ ကိုက်ခိုင်းပါ (အဲလေ ယောင်လို့) ခွင့်လွှတ်ပါ။ ကြိုဆိုတာလေးကိုမျှော်နေမယ်နော် ခင်တဲ့ မိသူ