yuiioJuly 20, 20121min1508
        ပထမနှစ်မှာ ကျွန်တော်တို့ ခင်းထားတဲ့ လမ်းလေးက နောက်ကြာတော့ မြေကြီးထဲမြုပ်ကုန်တယ်။ နောက်ပြီး ချောင်းကလည်း ပိတ်ပြီး ပိုပြီး ရေကြီးလာတယ်။ တစ်ခါတစ်လေ သွားမရတော့ဘူး။ အဲ့ဒါနဲ့ပဲ ….. နောက်တစ်ခါခင်းမယ်ဆိုပြီး ကြံပါတယ်။ ဒါပေမဲ့ အုတ်က မရတော့ဘူးလေ။ နောက်ပြီး ချောင်းကူတဲ့ တံတားလေး တစ်ခု လုပ်ချင်တာ။ အဲ့ဒါနဲ့ ကျောက်စိမ်းမှာ အုတ်ကျိုးတွေ သွားပြီး ဈေးစုံစမ်းတယ်။ ဗိုလ်ကျောက်စိမ်းကလည်း လမ်းခင်းမယ်ဆိုတာလည်း သိရော …. အုတ်ကျိုးရှိသလောက် အကုန်သာသယ် … ထော်လာဂျီတစ်စီးဖိုးပဲပေးလို့ပြောပါတယ်။ နောက်ပြီး ထော်လာဂျီလိုက်ငှားပြီး ထော်လာဂျီသမားကို ပြောထားရတယ်။ ခင်ဗျား ကျွန်တော်တို့ အချက်မပြမချင်း ဆေးရုံထဲမဝင်လာနဲ့လို့လေ။ အခုတစ်ခါကတော့ ဆေးရုံအုပ်ကြီးကို ခွင့်တောင်းမှ ရတော့မှာကိုး။ အဲ့ဒါတွေအကုန်လုံးကျွန်တော်တစ်ယောက်တည်း ပါတ်လှုပ်ရှားနေရတာ။ အဆောင်ကကောင်တွေက စိတ်မဝင်စားဘူးဗျ။ […]


yuiioJuly 19, 20121min1617
(အရင်ဆုံး ကျွန်တော်တို့ အေးသာယာကျောင်းရဲ့ အကျဉ်းချုပ်လေး အရင်ပြောပြပါမယ်။ အေးသာယာGTC က၊ ကလော GTI ကနေ ပြောင်းလာတာပါ။ ကျွန်တော်တို့ ကျောင်းသား/သူတွေ နေတဲ့ အဆောင်တွေနဲ့ ကျောင်းဝင်ပေါက်က လုံးဝ တစ်လွဲပါ။ ကျောင်းကို မြင်နေရတာက နီးနီးလေးရယ်။ ခြံစည်းရိုးကို လှည့်ပါတ်သွားနေရတာနဲ့ပဲ တော်တော်အားကုန်နေပြီ … ။ အခု ဒီအထဲမှာ ဖောက်တယ်ဆိုတဲ့လမ်းတွေကလည်း ဟိုးအရင် ခြံစည်းရိုးမရှိခင်ကတည်းက လမ်းတွေပါ။ ပထမကြားတာက ခြံစည်းရိုးခတ်မယ် ကျောင်းဝင်ပေါက်ကို ဆေးရုံဖက်မှာလည်း ဖောက်ပေးမယ်လို့ကြားတာ။ ဒါပေမဲ့ မဖောက်ပေးတော့ ခိုးကြောင်ခိုးဝှက်သွားရတာတွေ ဖြစ်လာတာပါ။ ဒါက စည်းကမ်းဖောက်ဖျက်မှုလို့လည်းမြင်လို့ရတယ်၊ အပြစ်လို့ မြင်ရင်လည်း မြင်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျောင်းသား/သူတွေ ပင်ပန်းတာကို ထိုင်ကြည့်မနေနိုင်လို့ ဒီကိစ္စတွေကို လုပ်ခဲ့တာပါ။ )     […]


yuiioMarch 10, 20121min835
အရင်တစ်ခေါက်က အဲ့ဒီရဲဘော်လေးကို စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်တယ် ဆိုတဲ့ သတင်းတွေထွက်လာတာမို့ အားလုံးက ပျော်ရွှင်ခဲ့ကြတာပါ။ အခု ကလောမှာ ထပ်ပြီး သိရတာက အဲ့ဒီသတင်းက လုံးဝမဟုတ်ပါဘူးတဲ့။ အခုအချိန်ထိ ရဲဘော်လေးဟာ အချုပ်နှောင်ခံထားရပါတယ် လို့ သတင်းရပါတယ်။ NLD ကလည်း ရဲဘော်လေးအတွက် ကြိုးစားနေဆဲပါ။ တပ်စည်းကမ်းချိုးဖေါက်တာမှန်ပေမဲ့ ဒီလောက်အထိတော့ ရည်ရွယ်ချက်ရှိရှိ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီသတင်းကို ထပ်ပြီး လက်ဆင့်ကမ်းပေးပါ။ နောက်ဆုံးရတဲ့သတင်းတွေကိုလည်း ထပ်ပြီး ဖော်ထုတ်ပြသပေးပါမယ်။  


yuiioMarch 4, 20121min15313
အပြစ်ကြီးတစ်ခုမဟုတ်ဘဲ ပြင်ဆင်ခွင့် ပြန်လည်အားထုတ်ခွင့်မရတော့ဘဲ တစ်သက်တစ်ကျွန်းထောင်ချခံရသူလို ဖြစ်နေတဲ့ ဘဝတွေထဲမှာ ကျွန်တော်တို့ AGTI နဲ့ ဒုတိယနှစ်နဲ့ ကျောင်းကနေ ကန်ထုတ်ခံရသူတွေလည်း ပါ ပါတယ်။ တစ်ဘာသာကို ပျမ်းမျှ ၆၅ မှတ်မရတာနဲ့ပဲ တတိယနှစ်ကို ဆက်တက်ခွင့်မရတော့တာ၊ နောက်ထပ်တစ်ခါကြိုးစားခွင့်မဲ့တာလည်း ကျွန်တော်တို့ပါပဲ။ အမှတ်မမှီရင်လည်း စာမေးပွဲချပလိုက်လို့ရရဲ့သားနဲ့ ဘာမှလာမပြောနဲ့ဆိုပြီး အူကြောင်ကြောင် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းကနေထုတ်ပလိုက်တာက နိုင်ငံတော်ရဲ့ စေတနာတစ်ခုလား ဆိုတာလည်း ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။  ကျွန်တော်တို့က ဒုတိယ အခွင့်အရေးနဲ့ မထို်က်တန်လောက်အောင် ညံ့ဖြင်းနေကြသူတွေမဟုတ်ပါဘူး။ နည်းပညာကောလိပ်ဆိုတာက အနည်းဆုံး အမှတ်ပေါင်း ၃၂ဝ ရှိမှ ဝင်ခွင့်ရတာပါ။ ကျွန်တော်တက်တဲ့ civil major က ကျွန်တော်တို့တုန်းက အမှတ် ၄၂ဝ အနည်းဆုံးရှိမှာ ဝင်ခွင့်ရတာပါ။ ပေါင်းကူးနဲ့ ဝင်လာသူတွေကလည်း […]


yuiioMarch 3, 20121min11411
အဲ့ဒီကနေအောင်ပန်းကိုသွားတဲ့လမ်းမှာက ရွာ နှစ်ရွာ ရှိတယ်။ ဟဲဟိုးနဲ့ အောင်ပန်းက ၁၅ မိုင် လောက် ဝေးပါတယ်။ ရွာနှစ်ရွာမှာလည်း ကြိုဆိုတဲ့သူတွေများကြတယ်ဗျ။ ရွာနှစ်ရွာကိုဖြတ်ပြီးတော့ အောင်ပန်းမြို့နားက ယိုးဒယားစားသောက်ဆိုင်နားမှာလည်း ကြိုတဲ့သူတွေ ပြည့်နေပါတယ်။ အောင်ပန်း ခုတင် ၇၀ဝ စစ်ဆေးရုံ နားကိုရောက်တော့ စစ်သားတစ်ယောက်က ပြေးထွက်လာပြီးလက်ပြနှုတ်ဆက်နေတယ်။ မျက်နှာမှာလည်း အပြုံးတွေနဲ့။ အောင်ပန်းမြို့က လမ်းတစ်လျှောက်ကြိုဆိုတဲ့သူအများဆုံးလို့ပြောရမှာပါ။ ကမော္ဘဇဘော်ဒါဆောင် ကနေ ဟောပြောပွဲလုပ်မဲ့ဘူတာရှေ့က ကွင်းထဲအထိကို လူအပြည့်ပဲဗျ။ နောက်ပြီး ကြိုဆိုတဲ့နေရာမှာလည်း ပိုပြီးစည်းကမ်းရှိတယ်။ တိုးတာဝှေ့တာကို သိပ်မတွေ့ရဘူးဗျ။ အဲ့ဒီလမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ဟောပြောမဲ့ကွင်းထဲအဝင်ကျမှ ပရိသတ်ကို နည်းနည်း ထိန်းရတာပဲရှိပါတယ်။ အောင်ပန်းမှာ အမေစုက ပညာတတ်အလုပ်လက်မဲ့တွေအတွက်ကို အဓိက ပြောသွားတာဗျ။ အဲ့ဒီမှာတိုင်းရင်းသား ဝတ်စုံလေးတွေနဲ့ ကြိုနေတာကို […]


yuiioMarch 3, 20121min41
              အဲ့လိုနဲ့ ကလောကို သွားတဲ့လမ်းမှာ ပထမဆုံး အင်းခေါင်းရွာကိုဖြတ်တော့ တစ်ခါဆင်းပြီးကားဘေးကနေ လမ်းလျှောက်၊ နောက်ပြီး ၆ မိုင်လော


yuiioMarch 3, 20121min10014
၁ ရက်နေ့တုန်းက ကလော၊အောင်ပန်းနဲ့ ဟဲဟိုုးမြို့တွေကို အမေစု ရဲ့ စည်းရုံးရေးခရီးသွားခဲ့တာ အားလုံးသိပြီးသားပါ။ ကျွန်တော်က အဲ့ဒီနေ့ကိုတအားကိုအိမ်မက်ထားတာဗျ။ အမေစုကို ကလောမှာတွေ့ချင်လွန်းလို့ ရန်ကုန်မှာတက်နေတဲ့သင်တန်းတွေကို ဖျက်ပြီး ကလောကို ၂၉ ရက်နေ့ အရောက်ပြန်သွားခဲ့တာ။ အဲ့ဒီနေ့မနက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်က လာကြိုရင်းနဲ့၊  အဲ့ဒီ ၂၉ ရက်နေ့က ဈေးနေ့တဲ့ ၊ ငါတို့တွေ ဈေးနားမှာ ရန်ပုံငွေအတွက် ဈေးရောင်းပွဲလုပ်မယ်၊ ဈေးရောင်းရင်း အသိပေးဖိတ်စာတွေ အလံတွေ ဝေမယ်လို့ပြောပါတယ်။ အဲ့ဒါနဲ့ အဲဒီနေ့ ရောက်ရောက်ခြင်းပဲ ကျွန်တော်တို့တွေ ဈေးရောင်းရင်း တစ်နေကုန် ဖိတ်စာတွေဝေပါတယ်။ ရွာတွေကလည်းအဲ့နေ့ဆိုရင် ဈေးရောင်းဖို့ရယ် ၊ ရွာမှာလိုအပ်တာတွေ ဝယ်ဖို့ရယ် အတွက် ကလောကို တက်လာကြတော့ လူကတော်တော်ကို စည်ကားနေတာပါ။ လူမျိုးပေါင်းစုံပေါ့ ။ အဲ ….. […]


yuiioFebruary 27, 20121min614
  မတ်လ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကလောမြို့သို့ စည်းရုံးရေးခရီးစဉ် လာရောက်မည် ဖြစ်ပါသည်။ ထိုနေ့သည် ကလောမြို့၏ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာမည် ဖြစ်၏။ ထို အကြောင်းအရာအတွက် ကျွန်ုပ်တို့ ကလောသား ကလောသူ ၊ ရှမ်းပြည်သား ရှမ်းပြည်သူ အားလုံးလည်း ဂုဏ်ယူ ဝမ်းမြောက်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ကလောမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် NLD ရုံးစိုက်သည့် ပထမဦးဆုံးမြို့ ၊ ရှမ်းပြည်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် ပထမဆုံးခရီးစဉ်တွင်လည်း ပါဝင်နေသောကြောင့် ကလောသား တစ်ယောက်အနေနှင့် ဂုဏ်ယူစွာ ပျော်ရွှင်စွာဖြင့် ယခု post ကို တင်လိုက်၏ ။ ( မုဒိတာပွားနိုင်ကြပါစေ ရွာသူ/သား အပေါင်းတို့ ခင်ဗျား )