ywetnuApril 28, 20111min1197
ကိုယ်က ကျယ်ဝန်းစွာစီးဆင်းတယ် တစ်ချို့က အလိုမတူစီးဝင်လာကြ ပြီးတော့လည်းပြုံးပြနှုတ်ဆက်လို့ တစ်ချို့ကျတော့ ကြည်ကြည်ဖြူဖြူ နောက်မှ ကျောခိုင်း လက်ပြလို့ တစ်ချို့လည်းခဏတာ တစ်ချိုု့လည်း တစ်ဘဝစာ ဒါပေမယ့် မြစ်ဆိုတာတော့ သိမသွားကြရှာဘူး ….. ရွက်နု ဧပြီလ ၂၈၊ ၂၀၁၁


ywetnuApril 27, 20111min16012
အိုကွယ် ဘုရားစူးရပါစေရဲ့ ….. ကိုယ့်အဖြစ်ကို ကိုယ်ကိုယ်ကိုယ် မေးကြည့်လို့မှ အဖြေမသိရတဲ့အဖြစ်ဟာ ဘယ်လောက်ဆိုးရွားနိုင်လဲ ကိုယ်ကကံကောင်းတယ်လေ ဒီစကားတစ်ခွန်းပြောဖို့ မျက်ရည်တွေ လက်ဖမိုးနဲ့သုတ်နေရတာ ပါးပြင်က စပ်ဖျဉ်းဖျဉ်းနဲ့ တော်ပါပြီ ကိုယ်မတွေးတော့ပါဘူး ဒါပေမယ့် ကိုယ်က ကံကောင်းတယ်လေ ….. ရွက်နု ဧပြီ ၂၇၊ ၂၀၁၁  


ywetnuDecember 22, 20104min1074
တရုတ်နိုင်ငံမှာ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုဒ်တွေမှာ အင်္ဂလိပ်စာညှပ်မသုံးရဘူးဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါပြီ။ တရုတ်စာတွေထဲမှာ အင်္ဂလိပ်စာလုံးတွေ၊ စာလုံးအတိုကောက်တွေထည့်သုံးတာက အဓိပ္ပာယ်ရှုပ်ထွေးစေတဲ့အပြင် ဘာသာစကားကိုလည်း ပျက်စေတယ်လို့ ဆိုပါတယ်။ အသေးစိတ်သိချင်ရင် ဖတ်ဖို့ မူရင်းသတင်းထည့်ပေလိုက်ပါတယ် China bars English words in all publications BEIJING – Chinese newspapers, books and websites will no longer be allowed to use English words and phrases, the country’s publishing body has announced, saying the “purity” of the Chinese language […]


ywetnuDecember 22, 20101min954
မနက်စောစော သတင်းဖတ်လို့ စိတ်မချမ်းမြေ့စရာလေးတွေကြုံရတာကို တခြားသူတွေကိုလည်း မခံစားစေချင်ပေမယ့် ဒါတွေဖြစ်ပျက်နေတယ်ဆိုတာသိဖို့ ဖော်ပြပေးလိုက်ပါတယ်။ ၁. ခွေးတွေ၊ ကြောင်တွေရဲ့ အရေခွံတွေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်း ထောင်ပေါင်းများစွာကို တရုတ်စတိုးဆိုင်ကြီးတစ်ခုတွင်စတင်ရောင်းချ (ဒီဇင်ဘာ ၂၂) ၂. ကိုလံဘီယာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသဖြင့် ယခုချိန်ထိ လူပေါင်း ၂၈၄ ဦးသေဆုံး (ဒီဇင်ဘာ ၂၂) ၃. တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားတင်းမာမှုက စစ်ဖြစ်လုနီးအခြေအနေဖြစ်နေပြီလို့ တရုတ်သံတမန်အဖွဲ့ပြောကြား (ဒီဇင်ဘာ ၂၂) ၄. စပိုင်ဒါမင်းပြဇာတ်မှာ အစမ်းလေ့ကျင့်နေတုန်း စတန့်မင်းသား အမြင့်မှ ပြုတ်ကျ၊ သာမာန်ပြုတ်ကျမှုမျိုးမဟုတ်ဟုဆို (ဒီဇင်ဘာ ၂၁) ၅. ယခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် သေဆုံးဆုံးသူ နိုင်ငံတကာမှ စစ်သားဦးရေမှာ ၇၀၁ ဦးရှိပြီး မနှစ်ကအရေအတွက်ထက် သုံးပုံတစ်ပုံတက်လာ (ဒီဇင်ဘာ […]


ywetnuDecember 21, 20101min480
ဒီတံခါးကိုပဲ အကြိမ်ကြိမ်ခေါက် ပိတ်ထားသူက အာရုံနောက်ရတယ်  … ဒီမယ် မင်းလှည့်ပြန်သွားရင်ကောင်းမယ် … ရွက်နု ဒီဇင်ဘာ ၂၁၊ ၂၀၁၀


ywetnuDecember 21, 20101min1114
ပန်းတစ်ပွင့် အသက်သစ်နဲ့ လန်းစွင့်နေချိန်မှာ ကိုယ်မခူးခဲ့တဲ့ ပန်းတစ်ဖူးရဲ့ ဆူးစူးရသတဲ့လား ရွက်နု ဒီဇင်ဘာ ၂၁၊ ၂၀၁၀

Facebook-man.jpg

ywetnuDecember 16, 20101min773
တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၂၀၁ဝ တစ်နှစ်တာအတွင်း လွှမ်းမိုးနိုင်မှုအရှိဆုံး သူရဲ့ အမည်ကို ဒီနေ့ပဲ ကြေငြာလိုက်ပါပြီ။ သူကတော့ တခြားသူမဟုတ်ပါဘူး။ ယနေ့ နိုင်ငံတကာက လူတွေ အကုန်သုံးစွဲနေကြတဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် ဖေ့စ်ဘွတ်ခ်ကို တည်ထောင်သူ အသက် ၂၅ နှစ် အရွယ်သာရှိသေးတဲ့ မာ့ခ်ဇက်ကာဘရဂ်ပါပဲ။ သူ့နောက်က ခုတလောမှာ တော်တော်လေး သတင်းမွှေးနေတဲ့ ဝီကီလိခ်ကို တည်ထောင်သူ ဂျူလီယံအာဆန်က အမီလိုက်ခဲ့ပေမယ့် နောက်ဆုံးတော့ ဒီလူငယ်လေးကပဲ ၂၀၁ဝ ရဲ့ တစ်အပြေးဆုံးသူဖြစ်ခဲ့ပါပြီ။ သူ့ရဲ့အကြောင်းကို အသေးစိတ်သိချင်တဲ့ဆိုရင်တော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စာမျက်နှာမှာ သွားကြည့်နိုင်ဖို့ လင့်ခ်ပေးလိုက်ပါတယ်။ http://www.time.com/time/specials/packages/article/0,28804,2036683_2037183,00.html


ywetnuDecember 15, 20101min652
လာမယ့် ၂၀၁၁၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၆၈ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးမှာ ပဏာမ ရွေးချယ်ထားတဲ့ စကာတင်စာရင်းဝင်တွေရဲ့နာမည်ကို ကြေငြာလိုက်ပါပြီ။ ဒရာမာဇာတ်ကားအတွက် Black Swan၊ The Fighter၊ Inception၊ The King’s Speech နဲ့ The Social Network တို့က တစ်ပြေးနေပြီး ကျန်တဲ့ဆုတွေကို သေးစိတ်သိချင်တယ်ဆိုရင်တော့ ပေးထားတဲ့ လင့်ခ်ကနေတဆင့် သွားကြည့်နိုင်ပါတယ်။ IMDb မှ ဖော်ပြသည်။


ywetnuDecember 15, 20101min480
ဘာတဲ့ ဒီဇင်ဘာ နှင်းငွေ့ဝေဖို့ နေသာသာ မိုးတစ်ဖြို့က်နှစ်ဖြိုက်တောင် ရွာချ လူတွေရဲ့ ဖောက်ပြန်မှုမှာ သဘာဝတရားတောင် အဆစ်ပါနေပြီလား … ရွက်နု ဒီဇင်ဘာ ၁၅၊ ၂၀၁၀


ywetnuDecember 14, 20101min756
မျက်စိတွေကို စုံမှိတ်ထားတယ်မေမေ အတိတ်တွေကို ပြည်ဖုံးကားချ နိမိတ်တွေကို ယုံလုံးတွေ ပြရတဲ့ဘဝက ထင်ထားတာထက် ပိုကြမ်းတမ်းနေတယ် …. ရွက်နု ဒီဇင်ဘာ ၁၄၊ ၂၀၁၀