True FaithAugust 9, 20101min934
ယမန်နေ့ကစပြီး မြန်မာပြည်တွင်းမှာ အင်တာနက်လိုင်းတွေ အရမ်းနှေးကွေးနေကြောင်း သိရပါတယ်။ ဝက်ဆိုဒ်တွေ ဖွင့်ဖတ်လို့ လုံးဝမရတော့ပဲ။ ဂျီတော့ခ်နဲ့ ဂျီမေးလ်ပဲ သုံးလို့ရပါတယ်။ ယခင်က Proxy နဲ့ ကျော်ပြီး အသုံးပြုရင် ရပေမယ့် အခုတော့ ပရောက်ဆီခံလည်း မရတော့ဘူးလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ “မနေ့ကတည်းက စဖြစ်နေတာ။ G mail နဲ့ G Talk ရတယ်။ Skype က Video မရဘူး။ Chatting ပဲရတယ်။ Facebook မရဘူး” လို့ ပြောပြပါတယ်။ တာမွေမြို့နယ် ကျောင်းတိုက်တခုက ဦးဇင်းတပါးကတော့ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် သမိုင်းဝင် ၈ လေးလုံး အရေးအခင်း ၂၂ မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ရှိသဖြင့် […]


True FaithAugust 5, 20101min851
ဒီသတင်းကို ပြည်ပမီဒီယာတွေမှာ ပြီးခဲ့တဲ့ အပတ်ကတည်းက တွေ့နေခဲ့တာပါ။ ဒီနေ့တော့ ပြည်တွင်းက အလဲဗင်းမှာ သတင်းတင်ထားတာတွေ့လို့ တင်ပေးလိုက်တာပါ။ အလဲဗင်းရဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်။ ဘာကြောင့်ဆိုတော့ ပြည်တွင်းမီဒီယာတခုအနေနဲ့ ဒါမျိုးသတင်းက မစားမတော် တလုပ် ဖြစ်တတ်တယ်လေ။ …………………………………………………………………………. ဘာသာပြန် စာရေးဆရာ ဟိန်းလတ်ပြုစုထားသော မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီအကြောင်း ရေးသားထားသည့် စာအုပ်၏အရောင်းလက်ကျန်အုပ် ရေ ၃၁ဝအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ ပြန် လည် သိမ်းယူသွားခဲ့ကြောင်း စာရေးဆရာဟိန်းလတ်မှ အတည်ပြု ပြောကြားခဲ့ပါသည်။ “စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သိမ်းသွားပြီးတဲ့နောက် မီးရှို့ပစ်လား၊ ဘာလုပ်ပစ်လဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်အရေအတွက် စုစုပေါင်းကတော့ အုပ်ရေ ၃၁ဝ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ငွေကျပ် ၁၂သိန်း ၄သောင်း […]


True FaithJuly 29, 20101min1006
၂ရ နှစ်ကျော်ကြာအောင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားသည့် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပြန်လည် ဆက်သွယ်ခဲ့သည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-chun သည် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို လေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပထမဆုံး သံတမန်ရေးရာ ပြန်လည်ဆက်ဆံခြင်းဖြစ်သည်။ မြောက်ကိုရီးယားဝန်ကြီး မစ္စတာ ပတ်ခ်သည် မြန်မာနိုင်ငံတွင် ၄ ရက်ကြာမြင့်မည်ဖြစ်ပြီး နေပြည်တော်တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် အခြား ထိပ်သီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။ ယနေ့တွင် မစ္စတာ ပတ်ခ်သည် ရွှေတိဂုံဘုရားသို့ တက်ရောက်ဖူးမျှော်ပြီး အမျိုးသားပြတိုက်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် […]


True FaithJuly 29, 20101min18012
ကျနော် http://messengerforbuddhist.blogspot.com/ ဆိုတဲ့ဆိုဒ်ကို တွေ့နေတာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းကပါ။ စာတွေကို ဖတ်ကြည့်တော့ ဗုဒ္ဓဘာသာအပေါ် အတော့်ကို ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ရေးသားထားတာပါ။ မြန်မာစာသားနဲ့ ဒီလိုမျိုး ဖတ်ရလိမ့်မယ်၊ တွေ့ရလိမ့်မယ်၊ ရှိလိမ့်မယ်လို့ တခါမှ မတွေးမိဘူး။ ရေးထားတာတွေကလည်း ဗုဒ္ဓဘာသာကျမ်းစာတွေကို လျှောက်ဖတ်ပြီး ထင်ရာမြင်ရာတွေကို ညစ်ညစ်ညမ်းညမ်းနဲ့ ရေးထားတာပါ။ အကြောင်းအရာတွေက ခါးအောက်ပိုင်းကကို တက်မလာပါဘူး။ မြတ်ဗုဒ္ဓကို ကလော်တုတ်ထားတာတွေတောင်ပါနေတော့ ကျနော်သူ့အစား ကြက်သီးမွေးညင်း ထမိတယ်။ အော် ငရဲကလူ၊ ပြာပူမကြောက်ဆိုတာ ဒီလူမျိုး ထင်ပါ့လို့လည်း စိတ်ထဲက သတ်မှတ်လိုက်မိပါတယ်။ ပြည်တွင်းက ဗုဒ္ဓသာဘာ ပြန့်ပွားရေးအသင်းက ဆရာတော်တပါးကို အရှင်ဘုရား ဒီဆိုဒ်အကြောင်း သိပါသလားလို့ မေးကြည့်တော့ သူသိပါတယ်တဲ့။ ဘာကြောင့် ဒီအတိုင်း လွှတ်ထားသလဲလို့ မေးတော့ […]


True FaithJuly 28, 20101min752
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ရပ် ချုပ်ဆိုခဲ့ပြီး အိနိ္ဒယက အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ၁၃၆ သန်း ကူညီခဲ့ကြောင်း သိရသည်။ အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်မှ ရထားလမ်းများတိုးချဲ့ရေးအတွက် သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိနိ္ဒယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေးအတွက် သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ၁ဝ သန်းနှင့် အိနိ္ဒယနယ်စပ် မိုးရေးမြို့မှ အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခြားချုပ်ဆိုခဲ့သော စာချုပ်များမှာ နှစ်နိုင်ငံ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာများ ကူညီထောက်ပံ့ရေး၊ ပုဂံဒေသရှိ […]


True FaithJuly 28, 20101min832
ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာပြည်က စာပေကင်ပေတိုင်လို့ နာမည်ပြောင်နဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ အဲဒီကြေငြာချက်မှာ ဘာတွေပါသလဲဆိုတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်”လို့ ရေးထားပါတယ်။ နောက်ပြီးတော့ ”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” လို့ ပါရှိပါသေးတယ်။ အဲဒါတော့ သူတို့ပြောမှလားဗျာ။ အယ်ဒီတာဆိုတာ တည်းဖြတ်ဖို့က သူ့အလုပ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ဒီလိုထည့်ရေးတာက […]


True FaithJuly 27, 20101min2175
အိနိ္ဒယနိုင်ငံ သမ္မတ Pratibha Patel က မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သူ၏ အိမ်တော်ဝင်းတွင် ယနေ့ နံနက် ၉ နာရီက လက်ခံတွေ့ဆုံခဲ့သည်။ အိနိ္ဒယနိုင်ငံ၏ မြို့တော်နယူးဒေလီမြို့လည်တွင် တည်ရှိသည့် သမ္မတအိမ်တော်ဝင်းတွင် ကော်ဇောနီခင်းကာ မြန်မာစစ်ခေါင်းဆောင်အား တခမ်းတနား ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့်လည်း သမ္မတ အိမ်တော်ဝင်း၌ ဆက်လက်တွေ့ဆုံခဲ့သည်။ ထို့ပြင် အိနိ္ဒယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh နှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ယနေ့ ညနေ အိနိ္ဒယစံတော်ချိန် ၄ နာရီတွင် အစိုးရ ဧည့်ဂေဟာ Hydrabad House တွင် တွေ့ဆုံကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ […]


True FaithJuly 26, 20101min1809
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ယနေ့မနက်အစောပိုင်းတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီသို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းက ဗုဒ္ဓဂါယာသို့ ရောက်ရှိလာခဲ့ပြီးနောက် ညပိုင်းတွင် ဘုရားပေါ်၌ ဓမ္မစကြာသုတ်များ ရွတ်ဆိုခဲ့ကြပြီး ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ငွေရောင်ပုဝါများ ဆင်မြန်းထားသည်။ ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြာမြင့်မည့် ယခုခရီးစဉ်၏ ပထမဦးဆုံးအဖြစ် ဗုဒ္ဒဂါယာသို့ လာရောက်ခြင်းဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး ၂ရ ပါးကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သေးသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး […]


True FaithJuly 23, 20101min610
တခါတုန်းက လူငယ်အရွယ် သူငယ်ချင်းနှစ်ယောက်ဟာ ခရီးတခု ထွက်လာကြတယ်။ လမ်းခရီးမှာရှိတဲ့ သဲကန္တာရတခုကို ဖြတ်သွားနေတုန်း ခရီးတနေရာ အရောက်မှာ သူတို့နှစ်ယောက် စကားများပြီး ရန်ဖြစ်ကြတယ်။ အဲဒီလို ဖြစ်တဲ့အချိန် သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော်လေးနာသွားပြီး ဘာစကားမှ ပြန်မပြောဘဲ သဲပြင်ပေါ်မှာ ဒီလို ချရေးလိုက်တယ်။ “ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်းက င့ါကိုထိုးတယ်” အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရကို ကျော်ဖြတ်ပြီးတဲ့နောက် မြစ်ချောင်း ရွံနွံပေါများတဲ့ အရပ်ကို ရောက်သွားတယ်။ ဒီလိုနဲ့ ခရီးဆက်နေရင်း ခုနက အထိုးခံရတဲ့ လူငယ်လေးဟာ နွံအိုင်ထဲကို အမှတ်တမဲ့ ပြုတ်ကျသွားတယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက နွံအိုင်ထဲက သူငယ်ချင်းကို ကယ်လိုက်တယ်။ ကုန်းပေါ်ပြန်ရောက်တဲ့အခါ […]


True FaithJuly 22, 20101min886
ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။ ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။ ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့ အားလုံးကိုလည်း share လုပ်လိုက်တာပါ။ ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမာ္ဘ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစာ္ဆန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။ ဇန်နဝါရီ ၀၁ – ဝ၉ ခွေး ၁ဝ – ၂၄ ကြွက် ၂၅ – ၃၁ ခြင်္သေ့ ဖေဖော်ဝါရီ ၀၁ – […]


True FaithJuly 21, 20101min1026
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်တဲ့ဆောင်းပါး ဖော်ပြတဲ့အတွက် The Voice ဂျာနယ်ကို စိစစ်ရေးက ၂ ပတ် ပိတ်လိုက်ကြောင်းသိရပါတယ်။ ဆောင်းပါးရှင် အောင်ထွဋ်ရေးသားတဲ့ “Concept နှင့် Process” ဆိုတဲ့ ဆောင်းပါးကြောင့် ပိတ်လိုက်တာဖြစ်ပြီး ထူးခြားချက်တခုကတော့ စိစစ်ရေးက ခွင့်ပြုလို့ ဈေးကွက်ထဲကို ဂျာနယ်ရောက်ပြီးကာမှ တရားရုံးက ညွွှန်ကြားလို့ စိစစ်ရေးက အရေးယူရတာဖြစ်ပါတယ်။ အောင်ထွဋ္ဋ်အမည်ခံပြီး ဆောင်းပါးရေးသားသူကတော့ ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တွေကို ထုတ်ဝေနေတဲ့ ဒေါက်တာနေဝင်းမောင်ပဲ ဖြစ်ပါတယ်။ The Voice ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မင်းသမီး ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ ဖြစ်တဲ့ကိစ္စကို ဂျာနယ်မျက်နှာဖုံး သတင်းဦးအဖြစ် ဖော်ပြတဲ့အတွက် စိစစ်ရေးက ၁ […]


True FaithJuly 20, 20101min915
တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်။ တနေ့တော့ သူဟာ ခရီးသွားရင်း ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်တဦးကို တွေ့တဲ့အခါ ဘာကြောင့် ဒီလောက်ငိုနေတာလဲလို့ မေးကြည့်တော့ အိမ်မီးလောင်သွားလို့ ပိုင်ဆိုင်သမျှပစ္စည်းတွေ ဆုံးရှုံးသွားတဲ့အတွက် ငိုနေတာပါလို့ လူငယ်က ပြန်ဖြေပါတယ်။ ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလည်း တပါတည်း ယူလာခိုင်းလို်က်ပါတယ်။ အဲဒီနောက် ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ်ကို ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။ သောက်ပြီးတဲ့နောက် လူငယ်ကို “ဘယ်လိုအရသာရှိသလဲ”လို့မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း လူငယ်ကို နောက်ထပ် ဆားတစ်ဆုပ် ယူခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။ မြို့အပြင်ဘက်ကို […]


True FaithJuly 20, 20101min811
ရေးသူ – ဂါမဏိ သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။ သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် […]