True FaithMay 28, 20101min490
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မေလ ၂ရ ရက် ၂၀၁ဝ ခုနှစ် ၂၁ နာရီ ၂၆ မိနစ် နယူးဒေလီ (မဇ္ဈိမ)။      ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား […]


True FaithMay 28, 20101min782
သတိပေးခြင်း စိတ္တဇဆေးရုံမှ ဆေးရုံအုပ်ကြီးက လူနာများကို ညွှန်ကြားနေသည်။ “မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား။ နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်” နောက်တစ်နေ့ …. နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ကာ  အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာကား… “မင်းဘာလို့ လက်ခုပ်မတီးတာလဲ။ အသားဟင်း မစားချင်ဘူးလားကွ” ဟူသတည်း။ ………………………………………………………………………………………………………. ဖော်ကောင် လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ၊ ဥဏှောက်မရှိတဲ့လူ” လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို […]


True FaithMay 27, 20101min682
အမေ မောင်လှနဲ့ မောင်မြ မင်းတို့ရဲ့ “ကျနော်တို့ အမေ”စာစီစာကုံးက အထူထူ ဖြစ်နေပါလား။ ကျနော်တို့ အမေက တယောက်တည်းမို့ပါ။ ဖောရိန်း ပိုက်ဆံ အိနိ္ဒယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် မြန်မာလူငယ်နှစ်ဦး အနက် တဦးက.. “ဆေးလိပ်သောက်ချင်လိုက်တာကွာ။ မင်းမှာ ပိုက်ဆံရှိသေးလား။” “ဖောရိန်းပိုက်ဆံပဲ ရှိတယ်။ ယူမလား” “အေး။ ယူမယ်။” “ရော့” “ဟင် မင့်ဟာက မြန်မာပိုက်ဆံကြီး” “ဒို့ရောက်နေတာ အိနိ္ဒယလေ။ အဲတော့ မြန်မာပြည်က ဖောရိန်းပေါ့။ မြန်မာပိုက်ဆံကလည်း ဖောရိန်းပိုက်ဆံပေါ့ကွ” အဝင်အထွက် ကျောင်းသားလေးတွေက မွေးမြူရေးခြံကို လေ့လာနေကြတယ်။ ခြံရှင်။   ။ ဒီကြက်ဥတွေထဲက ကြက်ကလေးတွေ ပေါက်လာတာပဲ။ ကလေး။   ။ အံ့ဩစရာပဲနော်။ ခြံရှင်။   ။ ကြက်ကလေးတွေ ထွက်လာတာကိုလား။ ကလေး။   […]


True FaithMay 27, 20101min550
ကျနော် ဆော့နေကျ ဂိမ်းလေး ဝေမျှပေးလိုက်ပါတယ်။  သူငယ်ချင်းတချို့လည်း သိပြီးသား ဖြစ်ရင်ဖြစ်နေမှာပါ။ မသိသေးသူတွေ အတွက် ရည်ရွယ်ပါတယ်။ မြွေလိုတရွေ့ရွေသွားနေတဲ့ ရောင်စုံဘောလုံးလေးတွေကို အရောင်တူ ဘောလုံးနဲ့ ပစ်ရတဲ့ ဂိမ်းလေးပါ။ နာမည်က Amazon Adventure Games လို့ခေါ်ပါတယ်။ အဆင့်မြင့်လို့ Level တက်လာတဲ့အခါ ပါဝါတွေပါ သုံးနိုင်ပါတယ်။ PC တွေအပြင် လက်ပ်တော့တွေမှာလည်း ဆော့လို့ရပါတယ်။ အပျင်းပြေပေါ့။ အားဆော့ရင်တော့ မျက်စိမှုန်နိုင်တာ သတိထားပါ။ ကဲ ဆော့ချင်သူများ အောက်က လင့်ခ်မှာ အခမဲ့ ဒေါင်းလုပ်နိုင်ပါတယ်။ http://www.myrealgames.com/download-free-games/amazon-adventure/


True FaithMay 27, 20101min731
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁ဝ ခုနှစ် ၁ရ နာရီ ၁ဝ မိနစ် ချင်းမိုင် (မဇိ္ဈမ) ။      ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးကြီးဟု သရော်သဖြင့် ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရသော လူ့အခွင့်အရေးဆုရှင် ကဗျာဆရာ စောဝေ ယနေ့ လွတ်မြောက်လာပြီဟု သူ၏ ဇနီးဖြစ်သူက ပြောသည်။ ဦးစောဝေ (၅ဝ နှစ်) ၏  “ဖေဖော်ဝါရီ ဆယ့်လေး” ဟူသော ကဗျာတွင် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ပါက ̓အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ်ထွက်သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့ပြီး မန္တလေးတိုင်း ရမည်းသင်းထောင်မှ လွတ်လာခြင်း ဖြစ်သည်။ […]