Zaw WonnaDecember 23, 20111min842
ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၅၈) ၁၉၄၈၊ ဇန္နဝါရီလ ၄ ရက်။   ။ နံနက် ၄ နာရီ ၂ဝ မိနစ် အချိန်တွင် မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာကို ကြေညာခဲ့သည်။ ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးပြီး သမ္မတအဖြစ် ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်အဖြစ် သခင်နုက တာဝန်ယူခဲ့သည်။ ၁၉၄၈၊ ဇန္နဝါရီလ ၈ ရက်။   ။ ပထမဆုံး အကြိမ်အဖြစ် တိုင်းပြုပြည်ပြုလွှတ်တော် ပါလီမန် အစည်းအဝေးကို ကျင်းပခဲ့သည်။ ၁၉၄၈၊ ဇန္နဝါရီလ ၂ရ ရက်။   ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း […]


Zaw WonnaDecember 23, 20111min1359
newsroom.unl.edu သင့်ရဲ့ မော်တော်ကား သို့မဟုတ် ဆိုင်ကယ်ကို ဆီဖြည့်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရသင့်ပါတယ်။ ၁။ မနက်စောစောမှာ ဆီဖြည့်ပါ။ ဆီဆိုင်အများစုဟာ သူတို့ရဲ့ ဆီတိုင်ကီတွေကို မြေကြီးထဲမှာ မြုပ်ထားလေ့ ရှိတဲ့အတွက် မြေကြီးရဲ့ အအေးဆုံးအချိန်မှာ ဆီဟာ သိပ်သည်းဆ ပိုများပါတယ်။ နေ့လည် သို့မဟုတ် ညနေပိုင်းမှာ ဆီဖြည့်မယ်ဆိုရင် ဆီတစ်လီတာအတွက် တကယ်ရှိရမှာထက် နည်းနေမှာ ဖြစ်ပါတယ်။ ၂။ ကိုယ်တိုင် ဆီဖြည့်ရမယ်ဆိုရင် မောင်းတံကို အမြန် မညှစ်မိပါစေနဲ့။ ဆီပန့်ရဲ့ မောင်းတံမှာ အနှေး၊ ပုံမှန်၊ အမြန်ဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။ မောင်းတံကို အနှေး အနေအထားနဲ့ ညှစ်မယ်ဆိုရင် ဆီတွေရဲ့ အမှုန်အမွှား (အမြုပ်)ဖြစ်နှုန်း နည်းပါးပါတယ်။ ဆီပန့်တွေမှာ ဆီရဲ့ အမြုပ်တွေကို စုပ်ယူပြီး […]


Zaw WonnaSeptember 24, 20111min972
ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ ၁၅% မှာ အစာရေစာ ရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ၂၀% သော လူသားတို့မှာ အာဟာရ လွန်ကဲခြင်း၏ အကျိုးဆက်ကို ခံစားနေကြရသည်။ ယမန်နှစ်က လူသား သန်း ၁၅၀ဝ ကျော်မှာ အန္တရာယ်ရှိသည့် အဝလွန်သော အခြေအနေတွင် ၉၂၅ သန်းသော လူသားများမှာ အစာရေစာ ဝလင်အောင် မစားရသော အနေအထားတွင် ရှိကြောင်း ကြက်ခြေနီအဖွဲ့၏ ကမ္ဘာတစ်လွှား ဘေးအန္တရာယ်ဆိုင်ရာ အစီအရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ကိန်းဂဏန်းများမှာ ကမ္ဘာကြီး အနေဖြင့် လူသား အားလုံးအတွက် လုံလောက်သော အစားအစာကို ထုတ်လုပ်ပေးနိုင်သော်လည်း လူသားများမှာ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရမြဲ ဖြစ်ကြောင်း ထိတ်လန့်ဖွယ်ရာ ဖော်ပြချက်အဖြစ် ကြက်ခြေနီအဖွဲ့မှ ပြောဆိုခဲ့သည်။ ကလေးသူငယ် သုံးသန်းခန့်မှာ အစာရေစာ ငတ်မွတ်မှုကြောင့် […]


Zaw WonnaSeptember 17, 20111min23319
မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ရဲ့ စတင် မြစ်ဖျားခံရာဖြစ်တဲ့ မေခ၊ မလိခ မြစ်ဆုံဒေသမှာ မြန်မာ အစိုးရရဲ့ သဘောတူညီချက်အရ တရုပ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ တွေ့ရသမျှ ပုဂ္ဂိုလ်အသီးသီးရဲ့ထင်မြင်ယူဆချက်တွေကို စုစည်း တင်ပြလိုက်ရပါတယ်။ “မြစ်ကော” မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းလမ်းရပေမည်၊ ရေဝေတောတွေ ဆိုင်းစို့စို့ မှိုင်းညို့ညို့မှုံရီ၊ ချင်းတွင်း နဲ့ ဧရာဝတီ ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊ တတောလုံးပြောင်၊ တတောင်လုံးလင်း မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့ နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ်အပျက်သဘောနဲ့ မြစ်ကောမည့် နေ့။    ။ “ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ […]


Zaw WonnaSeptember 16, 20115min1157
အမိမြေနဲ့ အပိုင်းအစများ ဘယ်နယ်ကလဲတဲ့ ….. အလယ်ကလူ စကားမဝဲပါ ငါဟာ ….. ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။ ဘေးနားက အနိုင်ကျင့်ချင်တဲ့ ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့ မျက်နှာငယ် ရွှေမင်းသမီးလေးပါ။ တိုင်းပြည်ကမငယ်ပေမယ့် မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။ ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။ ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊ အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့ ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။ ရေမလာ၊ မီးမလာလည်း ဘာဂရုစိုက်ရမလဲ ငွေသာရှိလို့ကတော့ အဝီစိထိ လှိုဏ်ခေါင်းတူးပြီး အဲကွန်းဖွင့်နေလို့ရတယ်။ ဆေးလိပ်အရက် လူကိုဖျက်ဖျက် ဝင်ငွေမပျက် စီးပွါးတက်ဖို့ဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဘယ်သူသေသေ ငတေ မာဖို့သာ အဓိကပါ။ နိုင်ငံရေး၊ပညာရေး လူမှုရေး ဘာရေးမှ မရေးကြနဲ့ ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့ […]


Zaw WonnaSeptember 9, 20111min903
Business Software Alliance (BSA) ရဲ့ လေ့လာမှုအရ ကမ္ဘာပေါ်မှာ ရှိသမျှ ကွန်ပြူတာ အားလုံးရဲ့ ထက်ဝက်လောက် (၄ရ %) ဟာ တရားမဝင် ဆော့ဖ်ဝဲတွေကို အသုံးပြုနေကြ ပါသတဲ့။ အဲဒီ ဆော့ဖ်ဝဲသူခိုးတွေဟာ တရားမဝင် ဆော့ဖ်ဝဲတွေကို ဈေးကွက်ထဲက၊ ဒါမှမဟုတ် အင်တာနက်ကနေ ဒေါင်းလုပ်ပြုလုပ်ပြီး ရယူကြပါတယ်။ အဲသလို သုံးစွဲကြတဲ့ နိုင်ငံတွေထဲမှာတော့ တရုပ်နိုင်ငံက တရားမဝင် ဆော့ဖ်ဝဲ တင်ထားတဲ့  ၈၆ % သော ကွန်ပြူတာ အသုံးပြုသူများနဲ့ ဦးဆောင်နေပါတယ်။ တရုပ်နိုင်ငံဟာ ကွန်ပြူတာအသစ်တွေ အတွက် အကြီးမားဆုံး ဈေးကွက်လည်း ဖြစ်ပါတယ်။ BSA အဖွဲ့ရဲ့ လေ့လာမှုမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက ကွန်ပြူတာ အသုံးပြုသူ ၁၅၀၀ဝ […]


Zaw WonnaAugust 28, 20111min22611
timeslahore.com တနေ့က အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မလေးလူမျိုး တစ်ယောက်က ကွန်ပြူတာမောက်စ်ကို ညာဘက်လက်က ကိုင်ပြီး ဘယ်ဘက်လက်က စာရေးနေတာကို တွေ့ရတော့ တပြိုင်တည်း အလုပ်နှစ်ခု လုပ်နိုင်တာကို ချီးကျူးမိပါတယ်။ အဲဒီတော့ သူက အဆင်ပြေတာက နည်းနည်းပါကွာ၊ အဆင်မပြေတာတွေက များပါတယ် ဆိုပြီး သူ့ရဲ့ “ဘယ်သန်တို့ရဲ့ ဒုက္ခ” ဆိုတာကို ရှင်းပြပါတယ်။ သူ့စကားထဲမှာ “မင်းတို့ ကမ္ဘာကြီးက ငါတို့ ဘယ်သန်တွေအတွက် မဟုတ်ဘူးကွ” ဆိုတာလည်း ပါတယ်။ ဘယ်သန်တွေ အသုံးပြုရ ခက်တဲ့ ပစ္စည်းတွေထဲမှာ အထင်ရှားဆုံးအဖြစ် ကတ်ကြေးကို သူက နမူနာ ပေးပါတယ်။ ဟုတ်သားပဲ။ သူပြောမှပဲ ပစ္စည်း အတော်များများဟာ ညာသန်တွေ အတွက်သာ သီးသန့် ထုတ်လုပ်ထားသလို ဖြစ်နေတာကို သတိထားမိပါတယ်။ […]


Zaw WonnaAugust 17, 20111min24413
thehiberniatimes.com   အခုလက်ရှိ ကမ္ဘာကြီးမှာ ဆေးလိပ်၊ အရက်၊ အဝလွန်ခြင်း၊ လေထုညစ်ညမ်းမှု၊ အာဟာရမပြည့်ဝမှု၊ ကင်ဆာ၊ AIDS စတဲ့ အသက်တိုစေတဲ့ အကြောင်းများစွာ ရှိတဲ့ အထဲမှာ အခုနောက်ထပ် အကြောင်းအရာသစ်တစ်ခု ထပ်တိုးလာပြန်ပါပြီ။ အချိန်ကြာမြင့်စွာ တီဗွီကြည့်ရှုလေ့ ရှိခြင်းဟာ အသက်တိုစေ ပါသတဲ့ ခင်ဗျာ။ တီဗွီကို တစ်နာရီလောက် ကြည့်ရှုခြင်းဖြင့် အသက်ကို ၂၂ မိနစ်လောက် တိုစေနိုင်ပါသတဲ့။ သဘောကတော့ တစ်နေ့ကို ၆ နာရီလောက် တီဗွီကြည့်ခြင်းအားဖြင့် တသက်တာမှာ ၅ နှစ်လောက် စောပြီး သေဆုံးနိုင်ပါတယ်။ British Journal of Sports Medicine မှာ ဩစတေးလျက သုတေသီတွေ ဖော်ပြခဲ့တာပါ။ သဘာဝအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ အသက်ရှည်မှုကို […]


Zaw WonnaAugust 14, 20111min18610
  တရုပ်နိုင်ငံက လင်မယား နှစ်ယောက်ဟာ သူတို့ရဲ့ ကလေး ၃ ယောက်ကို အင်တာနက်ဆိုင်မှာ ဗွီဒီယိုဂိမ်း ကစားဖို့ ငွေလိုလို့ ရောင်စားလိုက်ကြ ပါတယ်။ Sanxiang City News သတင်းစာမှာ ဖော်ပြချက်အရ လင်မယား နှစ်ဦးလုံးဟာ အသက် ၂၁ နှစ်အောက်သာ ရှိပါသေးတယ်။ Li Lin နဲ့ Li Juan တို့ဟာ ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ ဒုတိယ ကလေးငယ်ဖြစ်တဲ့ မိန်းကလေးကို ဒေါ်လာ ၅၀ဝ ထက်နည်းတဲ့ ငွေပမာဏလောက်နဲ့ ရောင်းချခဲ့ပါတယ်။ နောက် ကျန်တဲ့ ယောက်ျားလေး နှစ်ဦးကိုလည်း တစ်ဦး ဒေါ်လာ ၄၆၀ဝ လောက်စီနဲ့ ရောင်းချခဲ့ကြပါတယ်။ ဒီကိစ္စကို ယောက်ျားလုပ်သူရဲ့ အမေဖြစ်သူက သိတော့ […]


Zaw WonnaJuly 29, 20111min1436
မြန်မာကတော့ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်သွားပါပြီ။ အွန်လိုင်း တိုက်ခိုက်မှုတွေမှာပါ။ ဒီနှစ်(၂၀၁၁) ရဲ့ ပထမ သုံးလပတ်အတွင်းမှာ အွန်လိုင်း တိုက်ခိုက်မှုတွေ အားလုံးရဲ့ ၁၃ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အထိ အွန်လိုင်း တိုက်ခိုက်မှု အများဆုံး ဆယ်နိုင်ငံ ထဲမှာ မပါဝင်ခဲ့ပဲ ဒီနှစ်မှ ထူးခြားစွာ ထိပ်တန်းကို ရောက်လာခဲ့ပါတယ်။ လက်ရှိ အွန်လိုင်းတိုက်ခိုက်မှု အများဆုံး တိုင်းပြည်တွေထဲမှာ အမေရိကန် ပြည်ထောင်စုက ၁ဝ % နဲ့ ဒုတိယ၊ တိုင်ဝမ်နိုင်ငံက ၉.၁ % နဲ့ တတိယ၊ ရုရှနိုင်ငံက စတုတ္ထ […]


Zaw WonnaJuly 7, 20111min17011
                      တရုပ်နိုင်ငံရှိ မြေအောက်ဘူတာရုံ တစ်ခုတွင် လူပေါင်းများစွာ စီးနင်း လိုက်ပါလျက်ရှိသော စက်လှေခါးတစ်ခုသည် အထက်သို့ တက်နေရာမှ ရုတ်တရက် အဆင်းဘက်သို့ ဘက်ပြောင်း လည်ပတ်သဖြင့် အသက် ၁၃နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လူပေါင်း ၃ဝ ခန့် ထိခိုက်ဒါဏ်ရာများ ရရှိခဲ့သည်။                 ၅.၇.၂၀၁၁ နေ့ နံနက် ၉ နာရီခွဲခန့်၌ ဘေဂျင်း တိရစ္ဆာန်ဥယျာဉ် ဘူတာရုံတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုကြောင့် လူ ၃ ဦးမှာ ပြင်းထန်သော ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။                     စက်လှေခါးမှ ရှေးဦးစွာ ကျယ်လောင်သော အသံမြည်ပြီးနောက် အထက်သို့ တက်နေရာမှ အောက်ဘက်သို့ ပြန်ဆင်းသွားပြီးနောက် လူပေါင်းများစွာ လုံးထွေး ပြုတ်ကျသွားခဲ့ကြသည်။ အစပိုင်းတွင် […]


Zaw WonnaJune 28, 20111min18013
အနမ်းတစ်ခုက အသက် ၁၆ နှစ် အရွယ်ရှိ ကောင်လေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ Liu Wenxiu ဟာ လူကူးစင်္ကြ ံတံတား တစ်ခုပေါ်မှာ ဖြတ်သွားရင်းနဲ့ လူပေါင်းများစွာ လှမ်းကြည့်နေကြတဲ့ ကောင်လေးတယောက်ကို တွေ့ခဲ့ပါတယ်။ အဲဒီကောင်လေးရဲ့ လက်ထဲမှာ ဓါးတစ်ချောင်းနဲ့ တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေပါတယ်။ “သူ့ပုံစံက တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်အားထက်သန် လာတာကို ကျမ တွေ့နေရပါတယ် … သူ့အနားမှာ ရှိတဲ့လူတွေကလည်း တစ်ယောက်မှ ကူညီတားဆီးဖို့ မကြိုးစားကြဘူး” လို့ အသက် ၁၉ နှစ် အရွယ်ရှိ ဟော်တယ် စားပွဲထိုး အမျိုးသမီး Liu […]


Zaw WonnaJune 8, 20111min862
တရုပ်နိုင်ငံမှ Zhang Jiarui အမည်ရှိ မိန်းကလေး တစ်ဦးသည် ကျောင်းတွင် ၈ နှစ်မျှသာ ပညာ သင်ကြားခဲ့ရသော်လည်း  Marquette, Baylor and Drexel University တို့ အပါအဝင် အမေရိကန် ကောလိပ် ရ ခုမှ ကျောင်းဝင်ခွင့် ပြုကြောင်း အကြောင်းကြားခဲ့သည်။ Zhang Jiarui အနေဖြင့် ဒေါ်လာ ၂၀၀ဝ ပညာသင်ထောက်ပံ့ကြေးနှင့် တက္ကသိုလ်အတွက် အလုပ်လုပ်ပေးခ ဒေါ်လာ ၇၉၀ဝ နှစ်စဉ် ရရှိမည့် Brigham Young University တွင် စာရင်းကိုင် ဘာသာရပ်ကို သင်ယူရန် ရွေးချယ်ခဲ့သည်။ Zhang Jiarui တတိယတန်း တက်သည့်နှစ်တွင် သူမ၏ ဖခင်သည် ကျောင်းမှ ကျင်းပသော မိဘဆရာ အစည်းအဝေးကို […]