no love,no peaceDecember 1, 20102min560
“ အဓမ္မဝါဒီတို့အား ဓမ္မဝါဒီဖြင့်..” (အမျိုးသားနေ့အမှတ်တရ) ကျွန်တော်၏ဒုတိယဆောင်းပါးကို မိမိ၏တစ်ထွာတစ်မိုက်ဉာဏ်နှင့် ဖတ်ရှု့လေ့လာဆည်းပူးခဲ့ရသော စာပေတို့၏ ကျေးဇူးများဖြင့်သာ ခံစားရေးဖွဲ့ရခြင်းကြောင့် ဆန္ဒသဘောထားများနှင့်ကိုက်ညီမှုမရှိခဲ့ပါက ခွင့်လွှတ်ပေးစေလိုပါသည်။“ဓမ္မနှင့် အဓမ္မ – လောက၌ အယောင်ဆောင်ခြင်းသည် “ အဓမ္မ ” ဖြစ်သည်။ အစစ်အမှန်ဖြစ်ခြင်းသည် “ ဓမ္မ ” ဖြစ်သည်။ အဓမ္မသည် သစ္စာနှင့်မယှဉ်၊ ဓမ္မသည် သစ္စာနှင့်ယှဉ်၏။ ထိုကြောင့် အယောင်ဆောင်ခြင်း “ အဓမ္မ ” သည် “ ဓမ္မ ” အပေါ်သစ္စာဖောက်ရာရောက်၏။ သစ္စာဖောက်ခြင်းသည်“ ဓမ္မ ” ကိုတိုက်ခိုက်ခြင်းဖြစ်၏။ ထိုအခါ တုန့်ပြန်မှု၏ နိယာမအရ “ ဓမ္မ ” သည်မိမိအပေါ် တိုက်ခိုက်လာသော “ အဓမ္မ ”ကို“ ဓမ္မ […]


no love,no peaceDecember 1, 20101min590
မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာပြီး ထေရဝါဒဗုဒ္ဓဘာသာကိုအကြွင်းမဲ့သက်ဝင်ယုံကြည်သော ကျွန်တော်သည် မြန်မာနိုင်ငံသားတစ်ဦးပီပီ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားပါသည်။ နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စများကို စာတိုတစ်ကြောင်းဖြင့် ဖြစ်မြောက်အောင် ရေးသားနိုင်ခြင်း မရှိခဲ့သည့်အတွက်လည်း အလွန်ပင်အရှက်ရဝမ်းနည်းမိပါသည်။ မိမိတွေ့ကြုံခဲ့ရသော ဘဝသင်ခန်းစာများ၊ ရင်းနှီးခဲ့ရသောအချိန်များ၊ အမှန်တရားကိုမြတ်နိုးတတ်လာသောနှလုံးသား၊ မိမိ၏ တစ်ထွာတစ်မိုက် ဉာဏ်ဖြင့်သာ ခံစားရမှု့တို့ကို ရေးသားရခြင်းဖြစ်ပါ၏။ မြန်မာ့နိုင်ငံရေးအကြောင်း မင်းဘယ်လောက်နားလည်သလဲ  လို့မေးခဲ့သည်ရှိသော် နားလည်လို့ရေးတာမဟုတ် ခံစားမှုကိုသာ ရေးဖွဲ့ခြင်းဖြစ်ပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ ပထမဆုံးရေးသားသော စာဖြစ်သောကြောင့် ဆန္ဒဖြင့်ကိုက်ညီမှုမရှိခဲ့ရင် ခွင့်လွှတ်ပေးပါရန်ကိုလည်း တောင်းပန်အပ်ပါသည်။ ကံကိုယုံကြည်သူပီပီ အကြောင်းကောင်းအောင် လုပ်ခဲ့ရင်အကျိုးကောင်းအောင် ရမှာကိုလည်း သက်ဆုံးတိုင်ယုံကြည်ပါ၏။ ကျွန်တော်သည် ၁၉၇၅ခုနှစ်တွင် မွေးဖွားသောကြောင့် ၁၉၉ဝပြည့် ရွေူးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်သေးပါ။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ထောက်ခံမဲမပေးခဲ့ရပါ။ လက်ခုပ်တီးပြီး NLD […]