la won ngeDecember 13, 20101min631
အိပ်စက်ခြင်းတွေနဲ့ ငြိမ်းချမ်းနေတဲ့  …….. ပန်းတစ်ပွင့်ကို နေခြည်ဖြန်းပက် …… နှိုးရက်ခဲ့သူ……….. ရက်စက်ခြင်း၊ သနားကြင်နာခြင်း၊ လိမ်ညာလှည့်ဖြားခြင်း၊ ညှာတာခြင်း၊ ချစ်ခြင်းမုန်းခြင်းတွေ၊ သံသယစိတ် နဲ့ ချစ်ခင်လေးစားမှု အားလုံးကို လက်ခံဖို့အတွက် အသက်သွင်း ……. ဖန်ဆင်းခဲ့လေသလား…………… အို………. အသင် ပန်န်ဒိုရာ ကျေးဇူးပြုပြီး ကျွန်မအတွက်ပဲဖြစ်ဖြစ် အားလုံးအတွက်ပဲဖြစ်ဖြစ် မှော်ဝင်အိုးလေးကို ပြန်ပိတ်ပေးဖို့ သင့်မှာ ………. တာဝန်ရှိမနေဘူးလားဟင်……………………


la won ngeSeptember 22, 20101min1104
မန်းမြေ မှ ကိုပေါက်ရေ လူကိုမမြင်ဘူးပေမယ့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါနော်၊ မှားသွားရင်တော့စိတ်တော့မဆိုးပါနဲ့။ ဘုရားဖူးသွားရင်းနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းတချို့ကြောင့် သိချင်စိတ်ဖြစ်မိလို့ပါ၊ အခုနောက်ပိုင်း ဘုရားဖူးတွေကို အလှူခံလိုက်တောင်းတဲ့ အထဲမှာ ကလေးအလှူခံတွေတအားပေါလာ တာသတိထားမိပါတယ်။ ဘာရယ်မဟုတ်စုံစမ်းကြည့်လိုက်တော့ အလှူထွက်ဖို့ ကလေးငှားစားတဲ့ မိဘတွေတောင်ရှိတယ်ဆိုပြီးလဲပြောကြတယ်။ ကလေးတစ်ယောက် ထမင်းကျွေးအပြီး တနေ့2000ကျပ်နဲ့ မိဘတွေဆီက ငှားပြီး ပိုက်ဆံလိုက်တောင်းခိုင်းတယ်ဆိုပဲ။ စီးပွားရေးအဆင်မပြေလို့ ကိုယ့်ကလေးကို ငှားတဲ့ မိဘတွေကလဲ ရှိသေးတယ်ဆို။ ကြားရတာကြက်သီးထစရာပါလား။ ဈေးကွက်ကြီးတစ်ခုတောင်ဖြစ်နေပြီဆိုတော့ လုပ်စားလာကြတာကြာပြီဆိုတဲ့ သဘောပေါ့၊ ဒါပေမယ့် ကျွန်မ က အခုမှ သိကြား လာရတာဆိုတော့ ဒီအကြောင်းလေးတကယ်ဟုတ်မဟုတ် နဲ့ တကယ်ဟုတ်ခဲ့ရင် လည်း အဲဒီအကြောင်းလေးကို ပြောပြပေးပါလား။ အခြေအနေပေးရင် Information လေးတွေပြန် Share လုပ်ပေးပါအုံးနော်။ ဪ —- […]


la won ngeSeptember 5, 20101min461
ရင်မဆိုင်ပါရစေနဲ့ အားငယ်စိတ်တွေကို…… လက်မခံပါရစေနဲ့ တိုးဝင်လာမယ့်အားနည်းချက်တွေကို……. ပြုံးနေပေမယ့် အားနာမယ့်သူမဟုတ်ပါ………. ကျရှုံးမှုမျက်ရည်တွေကို လက်မခံတာ မာနကြီးသူရဲ့ ပြယုဂ်တစ်ခုမဟုတ်ပါ………… လိုတရဘဝမဟုတ်ခဲ့ပါ နောက်တလှမ်းဆုတ်လိုက်ရင် အသူရာချောက်ကမ်းပါးက ဆီးကြိုနေတဲ့သူပါ……. တကယ်တော့ ရဲရင့်ပြတ်သားတဲ့သူ မဟုတ်သလို တွေဝေမိန်းမောနေတတ်သူလဲ မလုပ်လိုပါဘူး “ဘဝအမော” တွေကိုရင်ဆိုင်ဖို့ တည်ငြိမ်ရင့်ကျက်မှုဆိုတဲ့ အတောင်ပံတစ်စုံ ကို ရချင်နေတဲ့သူပါ……………….။


la won ngeSeptember 5, 20101min1476
မိန်းကလေးဆိုတာ “အ”လွန်းရင်လည်း   ဖက်ပေါက်တတ်တယ်  တဲ့……..။ ပွင်းလင်းရဲတင်းလွန်းတော့လည်း ပတ်ဝန်းကျင်မျက်စိနောက်သတဲ့……….။ လွတ်လပ်မှုကို စည်းကမ်းရှိရှိ အသုံးချတတ်မှ မိန်းကလေးပီသ   သတဲ့…..။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပေမယ့် လေတိုက်လွန်းရင်လဲကျောက်တောင်တွေပြိုလဲတတ်ပါတယ်……၊ မိန်းမ မာယာ သဲကိုးဖြာ   တဲ့…….၊ စွဲလမ်းမှုတွေကို ထုတ်မပြောရဲတဲ့ဘဝ မကျေနပ်လို့ အရွဲ့ မတိုက်ရဲတဲ့ဘဝ တလောကလုံးကို ဟားမတိုက်ရဲတဲ့ ဘဝ …..။ ခံစားချက်ကိုမျိုသိပ်တော့ အုံ့ပုံး တဲ့… ဖွင့်ဟဝန်ခံတော့လဲ ရဲတင်းလွန်းတယ်တဲ့ ဘယ်သူတွေဘယ်လိုထင်နေကြပါစေ လူရယ်လို့ဖြစ်လာရင် လူ့လောကနီတိကို နားလည်လိုက်နာပြီး တန်ဖိုးရှိအောင်နေထိုင်တတ်မယ်ဆိုရင် မိန်းကလေးတစ်ယောက်ဟာ လူ့လောကအလယ်မှာ နေထိုင်လို့ ရနိုင်ကောင်းပါရဲ့ ….. နော့်၊