ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို သက်တော် စောင့်များ ထားခွင့်မပြုတော့ မတ်လ ၃၁ ရက်နေ ့က ရာထူးကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ ့ အိမ်တော် ရဲ ့လုံခြုံရေး တာဝန်ယူဖို ယခင် တပ် သား ၁၀ဝ ကျော် အရာ လေးဦး ပါဝင်တဲ့ လုံခြုံ ရေး တပ် ခွဲ ကို လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ် မင်းအောင် လှိုင် ရဲ ့ အမိန် ့အရ ဖယ်ရှား လိုက် ပြီ လို ့ သတင်း ရရှိ ပါတယ်။ ဒီနေ ့တနင်္လာ နေ ့မနက် အစော […]


အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ြ ကရအောင်။၁။ နတ်သမီးအနမ်း ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။ ၂။ ပါးပြင်အနမ်း နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း […]


လူဗိုလ်ဟူသည် …… ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။ ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ […]