ကထူးဆန္းApril 11, 20121min36150
ညနေ ၃ နာရီကျော်က အင်ဒိုနီးရှားမှာ ငလျင် ၈.၉ စကေး လူပ်သွားပါသည်။ ဆူနာမိ အန္တရယ် အချက်ပေးထားပြီး မြန်မာနို်င်ငံမှာလည်း စောင့်ကြည့်နေကြရပါသည်။ http://www.facebook.com/ElevenMediaGroup မှာ သွားဖတ်ကြပါ။ အင်ဒိုနီးရှား ဘန်ဒါပါချေး ရဲ့ ၄၅ဝ ကီလိုမီတာ အဝေးမှာလို့ပြောပါသည်။ ယခင် ဖြစ်ပေါ်ခဲ့သော ဆူနာမိ ငလျင်ထက် ၃ ဆ ပိုနက်သော နေရာတွင်ဖြစ်ပေါ်ကြောင်းသိရှိရပါသည်။


ကထူးဆန္းApril 2, 20121min23522
ကထူးဆန်း လမ်းမဘက်ထွက်လာသည် ။ ဪ မနေ့ ကနဲ့ ဒီနေ့ မတူတော့ပါလားနော်ဟု။ မနေ့ က စီဂျေ ကထူးဆန်း။ ဒီနေ့ တပ်စရာ နာမဝိသေသ မရှိတော့ ။ ကထူးဆန်း သည် ကထူးဆန်းပြန်ဖြစ်သွားသည် ။ ဒါကိုတော့ စိတ်ထဲမကျေနပ်။ ညကလည်း ဒါနဲ့ ပါတ်သက်ပြီး မဒမ်ထူးဆန်းနှင့် စကား အခြေအတင်ပြောဖြစ်သည်။ မဒမ်ထူးဆန်း နောက်ဆုံးပြောလိုက်သော စကားက သူ့ မာနကိုတော်တော် ထိသွားသည်။ သို့သော် သူ့မှာ ပြန်ချေပရန်မရှိ။ ဟင် ပြောမရဆိုမရ ဝင်ချင်တော့လည်း ရှင်။ထွက်မယ်ကွ ထွက်ရမယ်ဆိုပြီး ထွက်တော့လည်းရှင်။ ရှင်သေရင် ကျွန်မသေရင် သတင်းစာထဲ နံမည်နဲ့ အသက် အပြင်ထည့်စရာဘာမှ မရှိတော့ဘူး။ ဟင့် သေရင် စီဂျေ ကတော်ဆိုပြီး […]


ကထူးဆန္းApril 1, 20121min32328
စီဂျေကြီး ကိုထူးဆန်း စီဂျေ မှ နုတ်ထွက်တော့မည် ဆိုသော သတင်းသည် စီဂျေကြီးနေထိုင်ရာ မရမ်းကုန်းရပ်ကွက် အတွင်း တောမီး အလား အလျှင်အမြန် ပြန့်နှံ့သွားသည်။ ရပ်ကွက်အတွင်း တီးတိုး တီးတိုး ဆိုကုန်ကြသည်။ ဒီမိုကရေစီ စံနစ်ကြီးထဲ ဘာကြောက်ရမှာလဲ၊ ကိုယ့်အတွေးအမြင် ကိုယ်ထင်ရာ လွတ်လပ်စွာ ပြောဆိုနိုင်တာဘဲဟု ဟစ်အော်နေကြဖြစ်သော စီဂျေ အိမ်ဘေးမှ ကိုသော်တာ တောင် ကျယ်ကျယ် မပြောရဲသေး။ မတော်လို့ ဒီသတင်း မဟုတ်ခဲ့လျှင် စီဂျေကြီး သူ့ သတင်းထဲမှာ သူ့ကို တဘက်သတ် ထည့်ရေးလိုက်လျှင် အတော် လိုက်ရှင်းနေရဦးမည်။ ရပ်ကွက် ကထိန်တုန်းက သီချင်းဆိုတဲ့ ကောင်မလေးတွေ သူဆုတော်ငွေတက်ချထားတာကို သူနဲ့ကောင်မလေးနှစ်ယောက်ထဲ ပါသည့် ပုံဖြတ်ပြီး ဘာ ဘာ ညာ ညာ […]


ကထူးဆန္းMarch 30, 20121min1709
Challenge Changing တဲ့ ။ Channel 5 plus ကနေ တင်ဆက်နေတဲ့ ပရိုဂရမ် ပါ ။ တင်ကြိုပြင်ဆင်ပြီးမှ ရိုက်တာလား ။ တကယ်လားတော့ မသိပါဘူး ။ shopping mall ထဲဝင်လာတဲ့ မြန်မာ လို ရိုးရိုးယဉ်ယဉ် ဝတ်ထားတဲ့ သူကို ဒီလိုပြင်လိုက်ပါလားလို့ ဆိုပြီး တင်ဆက်နေတဲ့ ပရိုဂရမ်ပါ။ ပထမဆုံးတစ်ခါ ကြည့်ဖြစ်လိုက်တော့ အံ့ဩသွားခဲ့ပါသည် ။ ကင်မရာ မရှိခဲ့ လို့ ရိုက်မပြနိုင်ခဲ့ပါဘူး ။ ဒီတစ်ခါ ဖွင့်လိုက်တော့ အစမမှီလိုက်ပါ ။ အဝတ်အစားရွေးတာ မမီလိုက်ပါဘူး။ ဖိနပ်ရွေးတာကနေ စလို့မီလိုက်ပါသည်. ဒါကတော့ မပြင်ဆင်ရသေးဘူးပေါ့နော် … အဝတ် အစားတော့ ရွေးပြီးသွားပါပြီ ။ မမှီလိုက်လို့ […]


ကထူးဆန္းMarch 28, 20121min16213
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀ဝ အောက် ရရှိသူများအား ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည် Wednesday, 28 March 2012 11:26 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။ ဝင်ငွေခွန်ဆိုင်ရာများကို […]


ကထူးဆန္းMarch 25, 20121min36524
http://www.facebook.com/thevoiceweekly http://www.facebook.com/notes/the-voice-weekly/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3-%E1%82%94%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD/410800058946830 ရန်ကုန် ၊ မတ် ၂၅ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြိတ်ကျွန်းစု ဒေသ သို့ စည်းရုံးရေးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် Air Mandalay လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ၆ နာရီ၁ဝမိနစ် ခန့်တွင် ရန်ကုန် လေဆိပ် သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါသွားသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အပြန် ခရီးစဉ်၌ လေယာဉ်ပေါ်တွင် လေးကြိမ်ခန့်အန်ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ xxxxxxxxxxxxxxx ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂ရ ၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်က ကြေညာချက်ထုတ်ပြန်သည်။ […]


ကထူးဆန္းMarch 25, 20121min27523
ကထူးဆန်း အသစ်စက်စက် ဝတ်စကုပ်ကိုဝတ်လိုက်သည်။ သူကြီး ဦးခိုင် ပို့လိုက်သော မနေ့ ကမှ ရရှိသည့် CJ ကဒ်ပြားကို ပလပ်စတစ်လောင်း ပြီးလည်ပင်း မှာ အနီရောင် ကြိူးဖြင့် ခန့်ခန့်ကြီး ချိတ်ဆွဲလိုက်သည်။ ပြီး ကင်မရာအိတ် နှစ်ခုထပ်ကာ ချိတ်ဆွဲလိုက်သည်။ အိတ်သာ ချိတ်ဆွဲထားခြင်းဖြစ်ပြီး တစ်ကယ့်တစ်ကယ်တော့ အထဲမှာ ဘာမှ မရှိ။ အများမြင်လျင်လက်ထဲမှာလည်း ကင်မရာတစ်လုံး လည်ပင်းမှာလည်း နှစ်လုံးနှင့် အထင်ကြီး စရာဖြစ်အောင် လုပ်နေခြင်းသက်သက်သာ။ အပြာရောင် ဝတ်စကုပ်နောက်ကျောတွင် အဖြူရောင် CJ ကို နောက်ကျော အပြည့်နီးပါးရေးထားသည်။ သူ့နောက်ကျော သူမမြင်ရသောကြောင့် မှန်ရှေ့ ပြောင်းပြန်ရပ်ပြီး ခေါင်းငဲ့ကြည့်ရတာလဲ ဇက်နာသည့် အထိပင်။ နောက်ဆုံး ဇက်နာတော့မှ အခန်းထဲမှထွက်၏။ CNN သတင်းများတွင် တွေ့တွေ့နေသော […]


ကထူးဆန္းMarch 24, 20121min13710
၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၁ အထိ ဆီးဂိမ်းပြိုင်ပွဲကို နေပြည်တော်၊ရန်ကုန်၊မန္တလေး ၊ငွေဆောင်တို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ တစ်နှစ် ကျော်ကျော်သာ ကျန်တော့သည်။ အားကစားကွင်းများဆောက်ရမည် ။ အားကစား ရွာများဆောက်ရမည်။ ဖွင့်ပွဲ ပိတ်ပွဲတွေကို အင်ဒိုနီးရှားထက် သာ အောင် လုပ်ပြမည်ဟုလည်း လေကျယ်လာခဲ့ သောကြောင့် ၎င်းတို့ထက်သာလွန်အောင် လုပ်ရတော့မည် ။ အားကစား သမားများ ကိုလည်း ရှာဖွေ လေ့ကျင့်မွေးထုတ်ပေးရဦးမည်။ လုပ်ရမှာတွေ အပုံ အပင်။ ဘတ်ဂျတ်တွေ လည်း အဖြတ်ခံရသော်လည်း ဘယ်လောက်တောင် သုံးစွဲ ဦးမည်မသိ။ အားကစား ဝန်ကြီးဌာန မှ ဦးဆောင် ဆောင်ရွက်ရပေမည်။ အားကစားဝန်ကြီးဌာန မနားမနေ အလုပ်လုပ်မှဖြစ်ပေမည်။ မြန်မာ နိုင်ငံသည် CNN ၏ […]


ကထူးဆန္းMarch 23, 20122min959
သူငယ်ချင်း ကိုပေရေ . မင်းတို့မိသားစု သင်္ကြန် မြန်မာပြည်ပြန်လာ လည်မယ်။ ငပလီမှာ သွားနေချင်တယ် ဆိုလို့ ဝမ်းသာပါတယ်ကွာ။ သင်္ကြန် package လေးတွေ မင်းစုံစမ်းပေးပါဆိုတာနဲ့ ငါလည်း ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ် ဆိုတာ မေ့ပြီ အင်တာမဲ ကြီးကနေဘဲ ခေတ်မီမီ ဝင်ရှာလိုက်တယ် သူငယ်ချင်းရေ။ မင်းကြည့်လို့ ရအောင်လည်း ဒီမှာလိပ်စာလေး တင်ပေးလိုက်တယ်ကွာ။ ဒီလိပ်စာကတော့ ငပလီက ဟိုတယ်တွေကို တည်းသွားတဲ့ ခရီးသည်များက ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးဆိုတာတွေ ရေးထားတာပေါ့ကွာ. http://www.tripadvisor.com/Hotels-g612368-Ngapali-Hotels.html သူငယ်ချင်းရေ ။ အဲ့ဒီ့မှာ စိတ်ဝင်စားစရာ တစ်ခု သွားတွေ့တယ်။Travelers’ Choice® 2012 Winner ဆိုတာလေး ။ ဒါကတော့ မင်းကိုငါပြောပြဘူးတဲ့ နိုင်ငံခြားကနေ တရားဝင် […]


ကထူးဆန္းMarch 21, 20121min22725
ဦးဇော်မောင်၏ ဝဝ ပြည့်ပြည့် ဖိုးဝရုပ် မျက်နှာကြီး ဖြီးနေသည်မှာ မြင်သူများ သတိထားမိစရာဖြစ်နေသည်။ သူ့တပည့်မ လေး ပွင့်ဖြူ ပင်လျှင် သူ့ဆရာဘာကြောင့် ဒိလောက် ပြုံးဖြီး ဖြီး ဖြစ်နေပါလိမ့်ဟု စဉ်းစားမရဖြစ်နေသည်။ မဆူမဟောက် သဘောကောင်းသော ဆရာဖြစ်သော်လည်း ခါတိုင်းဆို ဒီလောက်တော့ မဖြီး။ တည်တည် တန့်တန့် နေတတ်သော ဆရာပြုံးဖြီးဖြီး ဖြစ်နေ၍ သိချင်နေသည်။ ချဲထီများပေါက်နေလို့လား။ သို့သော် သူ့ဆရာ လောင်းကစား အသေမုန်းသူမို့ ဒါလည်း မဖြစ်နိုင်။ သူဌေး ဦးအောင်မင်း ကများ ရာထူးတိုးပေးလိုက်လို့လား။ ဒါလည်းမဖြစ်နိုင်။ ဒီရုံးမှာ ဆရာက အကြီးဆုံး။ အထွေထွေမန်နေဂျာ ရာထူးယူထားသူမို့ ထပ်တိုးစရာ အကြောင်းမရှိ။ လခများတိုးပေးလိုက်လို့လား ။ ဒါလည်း ကပ်စေးနဲ သူဌေးမို့ ဖြစ်နိုင်ခြေ […]


ကထူးဆန္းMarch 21, 20121min22822
ပထမနေ့။ ဟဲ့ ဟဲ့ ရေမလောင်းခင် အရင်သေချာတိုက်ဦးလေ .. မတိုက်ဘဲ ရေလောင်းလိုက်ရင်ဘယ်လာပြောင်မှာလဲ။ မောင်သောင်းရယ် နင့် ပုလင်းတွေ ခွက်တွေ သေသေသပ်သပ်ထားပါ ပြောတာလည်း ဘယ်နှစ်ခါရှိပြီလဲ။ ဧည့်သည်တွေ ဝင်လာလို့တွေ့ရင် မီးဖိုချောင်ကလည်း ညစ်ပါတ်နေတာဘဲဆိုပြီး အပြောခံရဦးမယ်။ ပြောသွားရင်တော်သေး။ တော်ကြာနေ အင်တာနက်တက်ရေးမှ ငါ့ဆိုင်နံမည် အကြီးအကျယ်ပျက်နေပါ့မယ်အေ.. အောင်မလေး ကြည့်စမ်းပါဦး အသားတွေလာရင် တစ်ခါချက်စာလေးတွေ သေသေချာချာ ပလပ်စတစ်နဲ့ ့ထည့်ထုပ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ဆိုတာ။ ပြီးလွယ်စီးလွယ်ထိုးထည့်ထားတယ်။ လာစမ်းလာစမ်း အကြော်ဆရာ။ ဒါနောက်ဆုံးဖြစ်ပါစေ။ နောက်တစ်ခါဆိုရင် နင်တော့ မလွယ်ဘူး။ အခုခုတ် ပြီးပြန်လုပ်။ ဒေါ်မိုးသီ ၏ အသံကား မရပ်မနား အဆက်မပြတ်ထွက်နေသည်။သူနောက်ဖေး မီးဖိုဝင်ပြီဆိုလျှင် ကြားနေကျအသံဖြစ်သည်။ ဒေါ်မိုးသီ က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနှင့် လုပ်ချင်သလောက် […]


ကထူးဆန္းMarch 20, 20121min16717
ဂျာကြီးလည်းဟုတ် ၊ စာရင်းကိုင်လည်းဟုတ်၊တောက်တိုမယ်ရလည်းဟုတ်သည့် ကိုခင်အောင် ကောင်တာမှာထိုင်ရင်း ဒီမနက်ရောင်းရငွေကို ခန်းမှန်းကြည့်လိုက်သည်။ အတိအကျ ဘယ်လောက်ရလည်း ရေတွက်ကြည့်ချင်သော်လည်း မ ရေ ရဲ ။ရေလိုက်ရင် ထပ်မဝင်တော့ ဟု ပြောသံကြားဘူးသည်။ အင်း အလွန်ဆုံးရှိမှ ခြောက်သောင်းလောက်သာ ရှိဦးမည်။ ဒါဆို ဒီနေ့လည်းရောင်း မကောင်းသည့် နေ့တစ်နေ့ဖြစ်လာ ဦးမည်ဟုတွေးလိုက်မိသည်။ ဒီလို မနက်ခင်းမှာ အနည်းဆုံး တစ်သိန်းဘိုးလောက်ရောင်းထားမှ နေ့လည်ပိုင်းနှင့်ညပိုင်း ရောင်းအားထပ်ပေါင်း နှစ်သိန်းလောက်ဖြစ်မှ ပိုင်ရှင် ဦးမျိုးကြီးကို မျက်နှာလုပ်၍ ရမည်ဖြစ်သည်။ ဒီပုံအတိုင်းဆုံးမလွယ်။ ကိုခင်အောင် တို့ဆိုင်လေးမှာ တာမွေ သမိန်ဗရမ်းလမ်းမကြီးနှင့် လမ်းသွယ်လေးထောင့် တွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်ဖြစ်သည်။ ရပ်ကွက်မှာ လူဦးရေ သိမ်မထူထပ်။ လမ်းထဲမှာ ဆောက်နေသော ကန်ထရိုက်တိုက်မှာလည်း ပြီးသွားပြီဖြစ်၍ သူ့ဆိုင်လာသောက်နေကျ အလုပ်သမား […]


ကထူးဆန္းMarch 19, 20121min1216
ဖဒို မန်းငြိမ်းမောင် ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ပြီး နေပြည်တော်ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့လို့ နေပြည်တော်သို့ သွားရောက်နေကြောင်း The Voice Weekly face book နဲ့ Eleven Media Group face book မှာ ဖတ်ရပါသည်။ မည်သို့ပင်လုပ်ခဲ့စေကာမူ ပြန်လည် လွှတ်ပေးလိုက်သည့် အတွက် ဝမ်းမြောက်စရာ ဖြစ်ပါသည်။ ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ by The Voice Weekly on Sunday, March 18, 2012 at 11:24pm · နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ […]