zaylayJuly 18, 20101min3781
သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မသိပါဘူးသိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကိုတချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။ မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊ မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တဝါတွေကိုဖန်ဆင်းတယ်လို့ ဆိုပါတယ်။ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်သိဝ က ဖျက်ဆီးပါတယ်။ ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊ ပါဠိဘာသာ နဲ့တော့ သရဿတီ အများခေါ်ကြတာက သူရဿတီ၊ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊သိဝရဲ့ကြင်ယာတော်က ပဗ္ဗတီ အဲဒီလို […]


zaylayJuly 18, 20101min883
(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ….။ (၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣန္ဒြေတို့ ရင့်ကျက်သောအခါ…။ တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။ အာသယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တို့ကို ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်ပါသည်။ တရားနာသူတို့၏ ဣန္ဒြေအနုအရင့်၊ အလိုအဇ္ဈာသယကိုကြည့်၍ ဟောသောကြောင့်လည်း ဘုရားရှင်လက်ထက်က တစ်ထိုင်တည်း တရားနာကာ တရားထူးရသွားကြသူ များရခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဝိပဿနာ ဘာဝနာဆိုသည်မှာ မနောကံအမှုသာ ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်နှင့် တပည့်သားသာဝကတို့ တရားဟောသောအခါ တရားရမည့်သူသည် သူတော်ကောင်းတရားကို နာကြားရင်းကပင် နှလုံးသွင်းမှန်စွာဖြင့် ဝိပဿနာဘာဝနာကို ပွားများပြီး ဖြစ်သောကြောင့်လည်း တစ်ထိုင်တည်း တရားထူးရသွားကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဉာဏ်ရင့်ကျက်ပြီး အကြိုက်နှင့် ကိုက်ညီသွားသောအခါ တရားနာရင်းပင် ဝိပဿနာရှုကာ တရားထူးရတတ်သည်။ နာရုံသက်သက်ဖြင့်တော့ […]


zaylayJuly 18, 20101min500
မိခင်မေတ္တာ ရွာတရွာမှ အရွယ်သေးငယ်သည့် မုဆိုးမကလေးသည် သားကို ပညာတတ်စေလိုလှသဖြင့် ပုသိမ်မြို့ပေါ်သို့ တက်ပြီး သားကို ကျောင်းထားသည်။ သား-ကျောင်းနေနိုင်ရေးအတွက် ကျောင်းနှင့် မဝေးလှသော တန်းလျားတခုမှ အခန်းကလေးတခန်းကို ငှါးနေကာ သူ့တွင် ဈေးတောင်းခေါင်းတင်ပြီး ငွေရှာရသည်။ ဟင်းရွက်တောင်းကို ခေါင်းတင်၍ ရှာသော မိန်းမတယောက်၏ ဝင်ငွေမှာ စစ်စစ်ပေါက်ပေါက်တွက်လျှင် တနေ့ သုံးကျပ်ပင် မရှိနိုင်ပါ။ သို့သော် မုဆိုးမကလေးက သူသာ အစားဆင်းရဲခံပြီး သားဖြစ်သူ မငြိုငြင်ရအောင် သူများနဲ့တန်းတူဖြစ်အောင် ထားသည်။ သို့နှင့် သားသည် ၁၀-တန်းသို့ရောက်လာလေသည်။ လူပျိုကြီးဖားဖားလည်း ဖြစ်လာလေပြီ။ ထိုအချိန်တွင် မိခင်မုဆိုးမကလေးက ပိုပြီးအလုပ်လုပ်သည်။ ပိုပြီးကြိုးစားသည်။ ကျောင်းနှင့်ပတ်သက်သော စရိတ်အမျိုးမျိုးအပြင် အဝတ်အစားအတွက်ပါ သားလူပျိုလူရွယ်ကလေး မျက်နှာမငယ်ရအောင် အလဲလဲအလှယ်လှယ် ဝတ်နိုင်အောင် ဖုတ်ပူမီးတိုက်ရှာသည်။ တနေ့တွင် သားဖြစ်သူသည် […]


zaylayJuly 18, 20101min1171
ဘာသာရေး ပြဿနာ ( ၁ ) ( ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည် ) ( မေး ) ( ကိုးနဝင်းအဓိဋ္ဌာန်နှင့် အရက် ) အရှင်ဘုရား တပည့်တော် ကိုးနဝင်းအဓိဋ္ဌာန် ဝင်ပါသည်ဘုရား၊ အရက်ကိုလည်း ဖြတ်ပြီး ဘုရားမှာလှူပါသည်၊ လှူပြီးမှ ပြန်သောက်လျှင် အပြစ်ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။ ( မောင်သက်-ကျောက်တန်း ) ( ဖြေ ) ဘုရားဂုဏ်တော်များကို ဘယ်လိုပဲပွားပွား ဘယ်လိုပဲ အဓိဋ္ဌာန်ဝင်ဝင် ဂုဏ်တော်များကို ပွားဖြစ် နှလုံးသွင်းဖြစ်ခြင်းသည် အလွန်ကောင်းပါသည်။ အရက်ကိုဖြတ်၍ ဘုရားထံ အပြီးအပိုင် ပေးလှူလိုက်သည်ဆိုသည်မှာ အရက်ဖြတ်ဖြစ်အောင် အချို့ဘုန်းကြီးများက-မင်း သောက်နေတဲ့ အရက်ကို လှူပါ-ဟု အလှူခံသဖြင့် အချို့လှူဒါန်းကြသည်၊ ထိုအခါ အကောင်းဘက်ကို […]


zaylayJuly 18, 20101min1184
ဟိုလွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့ ချစ်ကို ရန်ကုန်ကိုပြန်သွားတော့ စိုင်းထီဆို်င် နဲ့ ခင်မောင်တိုးတို့ ၂ ယောက်ရဲ့ အချစ်လုပွဲသတင်းလေး တစ်ခုကြားခဲ့ရတယ်ဗျ အာဇာနည်က ခင်တိုးရဲ့ တပည့် အဖြစ်တွဲနေချိန်ပေါ့ ရပ်ကွက်တခုက မိန်းမချောလေး တစ်ယောက်ကို စို်င်းထီးဆိုင် နဲ့ ခင်မောင်တိုး အပြိုင်တိတ်တိတ်ကလေး ပိုးခဲ့ကြတယ် နာမည်ကြီးအဆိုတော်တွေဆိုတော့ ကောင်မလေးက ဘယ်သူ့ကို ရွေးရမှန်းမသိဖြစ်နေချိန် ဦးရာလူ နိုင်သွားတယ်ဗျ ဖြစ်ပုံက ဒီလို တနေ့ ခင်မောင်တိုး ရင်ဂို ထွန်းအိန္ဒြာဗို တို့အဖွဲ့ ဂျပန်ကို သီချင်းဆိုသွားဖို့တစ်ရက် အလိုမှာ ထီးဆိုင်က တောင်ကြီးကို သွားတယ် အမှန်က တစ်ကယ်မသွားဘူး တစ်ဖက်လှည့်ပြီး ကောင်မလေးဆီကို သွားတာဗျ ဒါကို ခင်မောင်တိုးက ပိုင်ပြီးဆိုပြီး ဂျပန်သွားခါနီး အာဇာနည်ကို အဖေါ်ခေါ်ပြီး ညပိုင်း […]


zaylayJuly 18, 20101min530
Bunny ဖြိုးရေ မင်္ဂလာပါရှင်။ ဟုတ်ကဲ့။ Sweet ကတော့ MYMC Online Radio Station က Interviewer ပါ။ အခု Bunny ရဲ့ အကြောင်းကို စိတ်ဝင်စားနေတဲ့ ပရိသတ်တွေအောင် Bunny ရဲ့ Personal မေးခွန်းလေးတွေကို Sweetတို့ နည်းနည်းမေးကြည့်မယ်နော်။ ဟုတ်ကဲ့ပါ။ ပထမဦးဆုံးအနေနဲ့ ဒီ Bunny ဖြိုး ဆိုတဲ့ Nick လေး ဘယ်လိုရွေးဖြစ်သွားတယ်ဆိုတာကနေ စလိုက်မယ်နော်။ Bunny ဖြိုး ဆိုတဲ့ Nick က ကျွန်တော် အရင်မေးခွန်းတွေမှာလည်း ဖြေဘူးပါတယ်။ Bunny ဆိုတဲ့ဟာလေးက ကျွန်တော်ရဲ့ ယုန်ပေါ့။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ယုန်လို့ ဒီလိုပဲပြောတယ်။ အဲဒီကနေ ကျွန်တော် Bunny ကိုယူတယ်။ […]


zaylayJuly 18, 20101min610
password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။ လုပ်ပုံလုပ်နည်း ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့ ဥပမာ နောက်ဆုံး လော့အင်ဝင်ခဲ့တ ဲ့ရက်စွဲ၊ အကောင့် စဖွင့်ခဲ့တ ဲ့ ရက်စွဲ၊ အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊ Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။ အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ […]


zaylayJuly 18, 20101min700
ဒီလိုကွဲ့၊ အခုခေတ်လူတွေသုံးနေတဲ့ အရှေ့အနောက်တောင်မြောက်ဆိုတာတွေဟာ ဟိုးရှေးရှေးတုန်းက မရှိကြသေးဘူး။ အခုပြောပြမယ့်အကြောင်းက လူတွေဟာ အရှေ့၊ အနောက်ဆိုတာ ကိုဘဲ သိသေးတဲ့အချိန် ပေါ့ကွယ်။ အဲဒီလို ဟိုးရှေးရှေးတချိန်တုန်းက ကမ္ဘာပေါ်မှာ လူဝံ၊ဝက်ဝံ၊မြောက်ဝံနဲ့တောင်ဝံ ဆိုတာရှိကြတယ်တဲ့။ အခုပြောမယ့်ဝံကောင်တွေထဲက တောင်ဝံဆိုတာ အခုတော့ မျိုးသုန်းပျောက်ကွယ်သွားရှာပြီပေါ့ကွယ်။ အဲဒီလို ဝံလေးမျိုးဟာ ကမ္ဘာ့အနှံအပြားမှာ ရှင်သန်နေထိုင်ကြတယ်တဲ့။ တောင်ဝံဆိုတဲ့ကောင်ဟာ တောင်တွေပေါ်မှာနေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ အသွင်အပြင်ရှိပြီး အမွှေးရောင်ကလဲ ငွေရောင်ဖြူဖြုလွှလွှလေးတွေ နဲ့အရမ်းလှပသတဲ့။ သူတို့တွေဟာ လှပတဲ့အသွင်အပြင်ရှိတာကြောင့် မြောက်ဝံလို မလှမပကောင်တွေဟာ အမြဲရန်ပြုတိုက်ခိုက်ကြတာကြောင့် မြောက်ဝံနဲ့တောင်ဝံဆိုတာ တကယ့်ရန်ဘက်ဖြစ်ခဲ့ကြတယ်တဲ့။ တချိန်မှာတော့ အရမ်းအရုပ်ဆိုးလှတဲ့ မြောက်ဝံတကောင်နဲ့ အရမ်းလှပတဲ့ တောင်ဝံမလေးတကောင်ဟာ တဦးကိုတဦး ချစ်ကြိုက်သွားကြတယ်တဲ့။ ဒါနဲ့ပြောဖို့မေ့သွားလို့ နော်၊ အဲဒီအချိန်တုန်းက မြောက်ဝံရော တောင်ဝံရော အခြားသတ္တဝါတွေအားလုံး ဟာ လူတွေနဲ့စကား ပြောနိုင်ကြတယ်ဆိုတာလေ။ […]


zaylayJuly 18, 20101min541
photo မင်္ဂလာပါ မဝိုင်းစုရေ .. ညီမကတော့ MYMC က Poe Poe ပဲဖြစ်ပါတယ် အစ်မရဲ့နာမည်အရင်းနဲ့ မွေးနေ့လေးကို ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး အစ်မနာမည်က ဝိုင်းစုခိုင်သိန်းပေါ့နော် နာမည်အရင်းကလည်း ဝိုင်းစုခိုင်သိန်း အနုပညာနာမည်ကလည်း ဝိုင်းစုခိုင်သိန်းပဲ အစ်မက ၁၂ လပိုင်း ၂၄ ရက်နေ့မှာမွေးတာ ဟုတ်ကဲ့… အစ်မအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပုံလေးနဲ့ အချိန်လေးကိုပြောပြပေးပါဦး အင်း.. အစ်မက ၂၀၀၄ နှစ်ကုန်ပိုင်းလောက်မှ အစ်မကကိုဆောင်းဦးရဲ့ အားလုံးရင်ထဲမှာ VCD စရိုက်တယ် ရိုက်ပြီးတော့ Video ကားတွေရိုက်တယ်ပေါ့နော် အဲဒီ ၂၀၀၄ နှစ်ကုန်ပိုင်းလောက်က စပြီးဝင်လာတာ ဟုတ်ကဲ့ အဲဒီတော့ အနုပညာသက်တမ်းက ဘယ်လောက်ရှိပြီလဲ မသိဘူးရှင် အခုက ၂၀၀၉ ဆိုတော့ ငါးနှစ်လောက်ပေါ့ ငါးနှစ်နီးနီးလောက်ရှိမှာပေါ့ ဪဟုတ်ကဲ့ရှင့် … […]


zaylayJuly 18, 20101min681
1. Mfb ရဲ့ address bar မှာ https://addons.mozilla.org/en-us/firefox/addon/1320 2. Enter 3. G.mail manager 0.5.5 box ပေါ်လာမည်။ Add to firefox ကို click ပေးပါ။ 4. Software Installation Box ပေါ်လာရင် Install Now ကို click ပေးပါ။ 5. Mfb ကို Reset လုပ်ခိုင်းတဲ့ box ပေါ်လာရင် restart firebox ကို click ပေးပါ။ 6. Click ပေးပြီးရင် Mfb ဟာခဏပျောက်ပြီးပြန်ပေါ်လာပါမည်။ 7. Mfb ပြန်ပေါ်လာရင် G.mail Manager 0.5.5. အောက်က […]


zaylayJuly 18, 20101min640
” တပ်မတော်ကြီးကို စိတ်နဲ ့တောင်မပြစ်မှားမိစေနဲ ့နော်…” ဘဘ ဦးအောင်ကြီးပြောခဲ ့တာပါ… ဒီအောက်က တပ်မတော်တွေတော ့မပါလောက်ပါဘူးနော်… အင်တာနက်ကတွေ ့တဲ ့ဓါတ်ပုံလေးတွေပါ… အာရှသားများမို ့အထင်မသေးစေချင်… မြင်ရုံလေး…မြင်နေယင်ကျေနပ်တယ်… ငါ ့သားများ စစ်ထဲဝင်ရင်လေ…သူ ့ကိုသာတွေ ့အောင်ရှာခဲ ့ပါကွယ်… 😀 ဒါမျိူးတော့ ကြောက်တယ်ကွယ်… ရုပ်ဖျက်ပေမယ် ့လည်း …နှုတ်ဆက်ချင်ပါတယ်…. ပစ်လိုက်စမ်းပါ…မြသီတာတို ့ရယ်… ကိုယ်ခံပညာ ….မယှဉ်သာ… အဆင် ့မြင် ့သိုင်း…တပ်တွေဝိုင်း….အားကျလို ့ဝိုင်းကြည် ့တာပါ… အဆိုးလေးမို ့ကွယ်….ပိုချစ်တယ်… အင်အားတောင် ့တင်းတဲ ့ တပ်မတော်… မိုင် ၂ဝ မှာ တိုင်မကွယ်နဲ ့….. လက်နက်ကြီးစာမိသွားမယ်နော်…. စိတ်အားစိုက်…ချိန်သားကိုက်ပြီး… ချီလေတဲ ့ချီလေ… သူတို ့လည်း […]


zaylayJuly 18, 20101min550
မစ္စတာbeanရထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့ ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်တယ်..မီးရထားကအရာရှိက သူ့ကိုခေါ်ဆူ တယ်.. `ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´ beanကဖြေတယ်.. `မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ ရထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ ဥဩတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်.. သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´ အဲဒါနဲ့ အရာရှိကပြောတယ်.. `သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´ beanပြန်ဖြေတယ်.. `ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´ (၁၉၇ဝခုနှစ်က တစ်ကွက်ကာတွန်းများဖြစ်ပါတယ်) ဆံပင်ညှပ်ခဲ့ပါ ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်.. `မေမေေ၇..သားကို ဆရာမက ဆံပင်ညှပ်ခဲ့ပါတဲ့´ `ဒီတော့ […]


zaylayJuly 18, 20101min390
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မကြခဏ မိန့်ကြားသော စကားတော်တခွန်းမှာ- မောဃံ ကာလံ န ခေပယေ။ မောဃံ ကာလံ-စားကာ အိပ်ကာ ပျော်ရွှင်ကာဖြင့် လိုရာမေးပြီး ခရီးမလှ အချည်းနှီးသောအချိန်ကာလကို။ န ခေပယေ-မကုန်မခန်း မကျွမ်းစေရာ-ဟု ဖြစ်ပါသည်။ အချည်းနှီးသော အချိန်ကာလ ဟူသည်မှာ ကိုယ့်ကိစ္စ ဆောင်ရွက်ရသော အချိန်မဟုတ်၊ သူများကိစ္စကိုသာ ဆောင်ရွက်ပေးရသော အချိ်န်ကို ဆိုလိုပါသည်။ ကိုယ့်ကိစ္စဟူသည်မှာ နေက်တဖန် မအို မနာ မသေ ပဋိသန္ဓေ မနေရအောင် ကျင့့်ကြံအားထုတ်ရမည့် ကိစ္စကို ဆိုလိုပါသည်။ ကိုယ့်ကိစ္စကိုယ် မဆောင်ရွက်မိသောကြောင့် ဒုက္ခရောက်နစ်မွန်းခဲ့ရပုံကို မိအေး လေးခါနာ-ပုံပြင်ဖြင့် မိုးညှင်းဆရာတော်ဘုရားကြီးက ရန်ကုန်မြို့ မိုင်တာကွင်း တရားပွဲတွင် ပထမဦးစွာ စတင် ဟောကြားခဲ့ပါသည်။ ထိုပုံပြင်ကိုပင် ဟံသာဝတီ ကမ္မာဋ္ဌာန်း […]