politicalviewJuly 20, 20101min540
ယခုနှစ်အတွင်း လွန်ခဲ့သည့်ဇွန်လတွင် နှစ်ပေါင်း ၁၃ဝ အတွင်း၌ ကမ္ဘာ့ရာသီဥတု အပူနွေးဆုံး စံချိန်တင်ခဲ့သည့်လဟု အမေရိကန်အစိုးရရာသီဥတုမှတ်တမ်းပြုစုရေးဌာနမှ အစီရင်ခံ တင်ပြထားပါသည်။ ဤစံချိန်အား ကမ္ဘာ့မြေပြင်အပူရှိန်နှင့် သမုဒ္ဒရာရေပြင်အပူရှိန် နှစ်ခုစလုံးကို ပျမ်းမျ၍ တိုင်းသာခဲ့ခြင်းဖြစ်သည်။ ယင်းကမ္ဘာ့ရာသီဥတုအပူချိန်တိုင်းသာမှုအား လွန်ခဲ့သည့် ၁၈၈ဝ ခုနှစ်မှ စတင်၍ မှတ်တမ်း ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ၂၀၁ဝ ခုနှစ်သည် အပူပြင်းဆုံးနှစ်ဟု National Oceanic and Atmospheric Administration (NOAA) မှ လွန်ခဲ့သည့် ကျာသပတေးနေ့ (ဇူလိုင် ၁၅ ရက်) က ထုတ်ပြန်ခဲ့သည်။ ပျမ်းမျအပူရှိန်ထက် ပို၍ ပူပြင်းသည့်ဒေသများမှာ ကမ္ဘာတဝန်းလုံးနီးပါးဖြစ်ပြီး၊ ပီရူးနိုင်၊ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များနှင့် အရှတိုက် အရှေ့ဘက် ပိုင်းနှင့် အနောက်ဘက်ပိုင်းဒေသများ အစရှိသည့်နေရာဒေသများတွင် ပိုမိုလွန်ကဲစွာ […]


politicalviewJuly 20, 20101min951
“စကားတလုံး၊ ပြက်လုံးတကွက်ကပင်လျှင် စစ်ပွဲများနှင့်၊ လှုပ်ရှားမှုများစွာထက် လူ၏ သဘောထားကို ဖော်ဆောင်တတ်သည်” (ပလေတို) (၁) ‘တက္ကသိုလ် ဥပဒေသော်လည်း ပြင်ဆင်ပြီး ဖြစ်ရမည်။ အောင်ဆန်းသော်လည်း ပြုတ်ရမည်’ (အောင်ဆန်း) ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တတိယအကြိမ် မြန်မာနိုုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန်ဖရင့် ပုသိမ်မြို့၊ ၁၉၃၈ ခုနှစ်။ ပထမ ကျောင်းသားသပိတ်နှင့် ဒုတိယ ကျောင်းသားသပိတ်ကြီးများ ပေါ်ပေါက်ခဲ့ကြရသည့် အဓိက အကြောင်းအရင်းက၊ ကိုလိုနီ ပညာရေးစနစ် သို့မဟုတ် ဗြိတိသျှတို့ ရေးဆွဲထားသည့် ‘တက္ကသိုလ်ဥပဒေ’ ပင် ဖြစ်၏။ ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗြိတိသျှအာဏာပိုင်များသည် ကျွန်သက်ရှည်မည့် ပညာရေးစနစ်အား သွတ်သွင်းရန် ‘တက္ကသိုလ်ဥပဒေ’ တရပ်အား ဆန့်ကျင်ကန့်ကွက်နေခဲ့ကြသည့် ကြားမှပင်ပြဋ္ဌာန်းလိုက်သည်။ ရန်ကုန်နှင့် ယုဒသန် […]


politicalviewJuly 20, 20101min690
“နာမည်ကျော်” ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဖျက်သိမ်းလိုက်ပြီး အသင်းပိုင်ပစ္စည်းများ အားလုံးကို  ကြံ့ဖွံ့ပါတီသို့ လွှဲအပ်နေကြောင်း အသင်း ပြောခွင့်ရပုဂ္ဂိုလ်ဟု ဆိုသူ သူရ ဦးမြင့်ဦးက ဘီဘီစီ မြန်မာဌာနကို ပြောသည်။ ထိုအသင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အသင်းဝင်ပေါင်း သန်း ၂ဝ ကျော် ရှိသည် ဆိုသော အသင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် နှင့် ကြာသပတေးနေ့က ဆက်သွယ် မေးမြန်း ထုတ်လွှင့်ချက် အသံဖိုင်ကို မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် ကူးယူ ရေးသား ဖော်ပြလိုက်သည်။ မေး  –  ကြံ့ခိုင်ဖွံ့ဖြိုးရေး  အသင်းကို ဖျက်မယ် ဆိုပြီး ပြောနေလို့။ အဲဒါ ဟုတ်ပါသလား။ ဖြေ – ကျနော်တို့ အသင်းက ဖျက်သိမ်းခွင့် […]


politicalviewJuly 12, 20101min780
ရုပ်ရှင်သရုပ်ဆောင်ထိုက်ထိုက်မိုးဦးနှင့်အင်တာဘူး မေး။ ။မထိုက်..နေကောင်းပါစ။ ဖြေ။ ။မကောင်းဘူးတော့။ဟိုတလောကမှဗို က်ပြုတ်သွားတာတော်ရေ။ မေး။ ။အော်..ဝမ်းသာပါတယ်ရှင်။မထိုက်……ပါပါရာဇီတယောက်ကိုပါးဆွဲချလိုက်တယ်ဆို…။ ဖြေ။ ။ဟုတ်တယ်ရှင့်။သူကကျုပ်ကိုဘယ်လောက်လဲတဲ့။ကျုပ်လဲရှောင်လင်၄နှစ် , ဝူတန်းရနှစ်အားရယ် ,ဂျက်မတို့တတ်အပ်တဲ့ပညာနဲ့ လေဟုန်ဆန်ပြီး ပါးဆွဲရိုက်လိုက်တာလေ။ ပြီးတော့မှကျွန်မကအသက်မေးတာပါရှင်ဆိုမှ….ကျုပ်လဲလည်ပင်းညှစ်ဆံပင်ဆောင့်ဆွဲပြီးတောင်းပန်လိုက်တယ်ရှင့်။ မေး။ ။ကောင်းတာပေါ့ရှင့်.ကျေအေးသွားတာပေါ့နော။ ဖြေ။ ။ဟုတ်တယ်။ခုတောင်ရုံးတရုံးမှာနဖူးဆောင့်ပြီးတိုင်တယ်ဆိုလားဘဲ။ မေး။ ။ဦးတိုက်တယ် လုပ်ပါရှင်။ခုပေါ့နော်…ရုပ်ရှင်လောကမှာပေါ်ပူလာဖြစ်နေတာဘယ်သူ တွေလဲရှင့်။ ဖြေ။ ။ကျွန်မကြားတာတော့ဆောင်းဟေကိုရယ်..တီဇာဝက်ကျော်ရယ်..အေးမြတ်ချိုရယ်ထင်တာဘဲရှင့်။ မေး။ ။ဟုတ်လား။ဘာကြောင့်လဲရှင့်။ ဖြေ။ ။အော်…ဆောင်းဟေကရင်လူးဆေးကြေညာတယ်။ တီဇာဝက်ကျော်ကရေကူးဝတ်စုံကြေညာတယ်။  အေးမြတ်ကပေါက်စီရောင်းတယ်လေ။show ပွဲတွေမှာ။ မေး။ ။ခုပေါ့နော်။အဆိုတော်တွေထဲမှာဘယ်သူနာမည်ကြီးနေတာလဲရှင့်။ ဖြေ။ ။ကတ္တရာကျော်သိန်းပါရှင့်။ ဟဲဟဲ..နာမည်နဲ့အသားရောင်ကဟပ်နေတာရယ်။ဂါဝန်ရှည်ရှည်ကြီး တွေ ဝတ်တာရယ်။ english သီချင်း တွေကော်ပီရိုက်တာရယ်ကြောင့်ပါရှင့်။သူ့ show ကရတနာ့ဂူမယ်ဝဏ္ဏနတ်ပွဲနဲ့တောင်မှားတယ်ရှင့်။ဟဲ.သူ့မျက်နှာကြည့်ရတာလေ။ မေး။ ။ခု .. အဆိုတော်..ဂျုတ်ဂျက်…..မိုက်မိုက်ရိုင်းရိုင်းတွေမဆိုတော့ဘူးဆိုတာ။ ဖြေ။ ။ဟုတ်။သူပြောတယ်။မဆိုတော့ဘူးတဲ့။ထိုင်ဘဲဆဲတော့မယ်တဲ့ရှင့်။ မေး။ ။ ဟိုတလောကသီချင်းမူပိုင်ခွင့်ဆိုတာ… ဖြေ။ […]


politicalviewJuly 6, 20101min1695
ဒီရက်တွေစိတ်ပျက်မိတယ် ဘာလို့လဲဆိုတော့ ပထမဦးဆုံး အချက် အခု ဒီက ဂျာနယ်တွေသူတော်များများ မြန်မာ့အလင်း သာသာ ကြေးမုံသတင်းစာ သာသာ ဖြစ်လာတယ်။ အစိုးရ ရဲ့ ဆင်ဆာတွေကြောင့် policy အရမ်းဆန်လာတယ်။ နောက်တစ်ချက်က NDF ကလူတွေကို ခမောက် logo သုံး ပြီး NLD ယောင်ယောင် လုပ်လာတယ်။ ကိုယ်ပိုင် ဖန်တီးမှု တောင် မရှိတဲ့ အဲဒီ့လို ပါတီ မျိုး က လူထုကို ဦးဆောင်မယ်တဲ့လား။ နောက်တစ်ချက်က ၈၈ မျိုးဆက်ပါတီကလည်း နံမည် ကတော့ လူတွေကိုဆွဲဆောင်ထားပြီး  အစိုးရ ဖန်တီး ထားတဲ့ ပါတီ မှန်းတဖြေးဖြေး ရုပ်လုံးပေါ်လာတယ်။ ဘီလူးဆိုတာ မင်းသားယောင်ကြာကြာဆောင်လို့တော့မရဘူး။ ဒီရက်ပိုင်း တွေဗမာပြည်က နိုင်ငံ့ရေးအခြေအနေတွေက အဆိုးရွားဆုံးရောက်ရှိလာတယ်။ […]


politicalviewMay 26, 20101min520
“ဒစ်ဂျစ်တယ် အိတ်ချိန်းဆိုတာ  သူ့ရဲ့ စနစ်အကုန်လုံးကို ကွန်ပျူတာထဲ ထည့်ပြီး ကိုယ်က ခိုင်းရုံပဲ။ အရင်တုန်းကလို အိတ်ချိန်းခုံမှာ ထိုင်ပြီး လူက လုပ်ပေးစရာ မလိုတော့ဘူး။  မီးပျက်တာကြာရင် ပြဿနာရှိတော့ သူ့ကို ၂၄ နာရီ မီးပေးဖို့ လိုတယ် ” ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။ ရန်ကုန်မြို့တွင် တနေ့လျှင်  ကြိုးဖုန်း လိုင်း ၄၀ဝ မှ ၇၀ဝ ခန့် အထိ လိုင်းကျပ်ခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသည်။ ဒီဂျစ်တယ် အိတ်ချိန်းခုံများသည် လူတရပ်ခန့် မြင့်ပြီး အိတ်ချိန်းတခုံရှိ ဆားကစ်တကတ်တွင် ဖုန်းလိုင်း ၈ လိုင်းခန့်ရှိကြောင်း သိရသည်။ ဖုန်းလိုင်း ၈ လိုင်း ပါ ဝင်သည့် ဆားကစ်ကတ်ပေါင်းများစွာ တပ်ဆင်ထားသည့်  […]


politicalviewMay 25, 20101min690
911 တုန်းက ဘင်လာဒင် attack လုပ်ခဲ့တယ်။ အခု မနေ့ က ဘယ်သူ attack လုပ်ခဲ့တာလဲ။ တေဇ လား သန်းရွေ ရဲ့ အမျိုးထဲကလား။ အားလုံးပြီးရင်တော့သိရမှာဘဲ။ ဘယ်သူ ဟာ မင်္ဂလာဈေး မြေကွက်ရဲ့ ပိုင်ရှင်သစ်ဖြစ်လာမှာလဲ။ အဲ ဒီ့မှာ အဖြေကိုတွေ့နိုင်မယ်။


politicalviewMay 24, 20101min1045
မင်္ဂလာဈေးဟာ ကျွန်တော်တို့နိုင်ငံ့အတွက်တော့ world trade center နီးပါလောက်ကိုကြီးမားပါတယ်။ အဲဒီ ဈေးရဲ့ လည်ပတ်မှုဟာ တနေ့တနေ့ သန်းပေါင်းမနဲဘူးဆိုတာအားလုံးအသိပါဘဲ။ ကျွန်တော်နိုင်ငံ့အတွက် ဒီနေ့ May 24 ရက်နေ့ဟာ 9/11 ပါဘဲ။ အလွန်ကိုဝမ်းနည်းမိပါတယ်။


politicalviewMay 15, 20101min861
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။ “ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD […]