images11.jpeg

zoxnetMay 15, 20101min1184
လူတစ်ဦးထံတွင် လူတစ်ဦး သန္ဒေတည်၏။ နောက်ရက် အနည်းငယ်အကြာ … အမျိုးသမီးတစ်ဦးထံတွင် အမျိုးသားတစ်ဦး သန္ဒေတည်ပြန်၏။ ထိုသန္ဒေသား နှစ်ဦးသည် လိုအပ်သော နေ့လစေ့သော အခါ ကလေးသူငယ်များ အဖြစ် ဖွားမြင်ကြ၏။ သန့်ပြန့်သော လေကို ရှုရှိုက်ကြ၏။ ရရှိထားသော ဝေစုအလိုက် မိခင်နို့ရည်ကို သောက်သုံးကြ၏။ (နို့မှုန့်လည်း သောက်ချင် သောက်ကြပေမည်။) တဖန် လောက အလှကို လေးဘက်ထောက် ကြည့်ကြ၏။ ကြမ်းပြင်ကို လျှောတိုက်ရင်း အသစ်များကို စူးစမ်း၏။ မကြာခင် ထိုသူနှစ်ဦးသည် ကမာ္ဘ့လူသားများ နည်းတူ လျှောက်လှမ်းမှုကို စတင်လေ့ကျင့်၏။ သူတို့၏ ပတ်ဝန်းကျင်သည် ရုပ်ရှင်ကားများအတိုင်း သစ်ရွက်ကြွေပါ၏။ မိုးများရွာချပါ၏။ နှင်းပွင့်များ ကျလာပါ၏။ ထိုကဲ့သို့ပင် သစ်ရွက်များ၊ မိုးများ၊ နှင်းပွင့်နှင်းမှုန်များ ကြွေပါ၏။ ရွာချပါ၏။ […]

s261e.jpg

zoxnetMay 3, 20101min1426
ကျွန်တော် ဘလော့ဂ်တွေလျှောက်လည်ရင်းနဲ့ ကိုနွယ်ရိုးရဲ့ဘလော့ဂ် ကို ရောက်သွားပါတယ်။ အဲဒီမှာ (ဘာလည်းအချစ်စစ်ဆိုတာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို ဖတ်လိုက်ရပါတယ်။ ကိုနွယ်ရိုးက ပို့စ်အဆုံးမှာ မေးခွန်းလေးတွေကို မေးထားပါတယ်။ ကျွန်တော်ကလည်း အချစ်နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံဆိုတော့ အခုဒီမှာပြန်ဖြေလိုက်ပါတယ်။ ကျွန်တော့်ခံယူချက်ပါ။ တိုက်ဆိုင်သူရှိသလို ကွဲလွဲသူတွေလည်းရှိမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ခံယူချက်ကို တင်ပြခွင့်ရတဲ့အတွက် ကိုနွယ်ရိုးကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အမေးအဖြေ တွေကို အောက်မှာဖတ်ရှုကြည့်ပါဦး။ ကျွန်တော့်မှာမေးခွန်းတွေရှိလာပါတယ် .. ၁)အချစ်တစ်ခု စစ်မစစ်ဆိုတာ ဘာနဲ့တိုင်းတာမလည်း ….. (ကျွန်တော့်နဲ့ရင်းနှီးတဲ့အစ်မကြီး တစ်ယောက်ကတော့ ခံစားချက်နဲ့တိုင်းတာတယ်တဲ့) ၂) လူတစ်ယောက်ဟာ အချစ်စစ်ကိုဘယ်နှစ်ခါလောက်တွေ့နိုင်လည်း …. ၃) အချစ်စစ်ဟာ ဘယ်လိုအခြေနေနဲ့ ဘယ်သူတွေဆီကနေရနိုင်လည်း …. ၄) အချစ်စစ်ကိုကြိုးစားလုပ်ယူ၍ ရနိုင်လား ….. ၅) […]

11.jpeg

zoxnetMay 3, 20101min752
ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ ကြားလိုက်ရတဲ့ သတင်းတစ်ခုပါ။ သတင်းကြားပြီးတော့ စိတ်မကောင်းတော့ ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုက ဒူဘိုင်းနိုင်ငံအတွက် အလုပ်ရမယ်ဆိုပြီး လူတော်တော်များများကို ငွေတော်တော်များများ လိမ်ပြေးသွားတာပဲ။ တော်တော်များများ ခံလိုက်ရပါတယ်။ သူ့ဆီမှာ အလုပ်အပ်ထားတဲ့ လူတွေဆီက တစ်ယောက်ကို စရံငွေ (6) သိန်းဆီယူပြီး အပျောက်ရိုက်သွားတာပါ။ လူ (60) လောက်ခံလိုက်ရတယ်လို့ ကြားပါတယ်။ သူလုပ်သွားတဲ့ပုံစံကလည်း အတွေ့အကြုံမရှိတဲ့သူတွေအတွက် ဟုတ်မလိုလိုတော့ ထင်စရာပါ။ ဘာလို့လဲဆိုတော့ အလုပ်တင်ထားတဲ့သူတွေ အားလုံးကိုဗီဇာကျပြီဆိုပြီး ဗီဇာစာရွက်တွေထုတ်ပေးပါတယ်။ စရံငွေကိုယူပြီး မကြာခင်ဟိုဘက်က လေယာဉ်လတ်မှတ် ပို့ပေးမယ်၊ တစ်ရက် နှစ်ရက်စောင့်ပါဆိုပြီး ပထမစောင့်ခိုင်းပါတယ်။ လူတွေကလည်း ဗီဇာတောင်လက်ထဲ ရောက်နေပြီဆိုတော့ လတ်မှတ်အတွက် ဝမ်းပန်းတသာနဲ့ပဲ စောင့်တာပေါ့။ ဒီလိုနဲ့ပဲ တစ်ရက်၊ နှစ်ရက် ကနေ သုံးရက်၊လေးရက် ဒီလိုနဲ့ပဲ […]

FORPOST-2.jpg

zoxnetMay 3, 20101min1093
ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ ကျွန်တော့်အထင် […]

images2.jpeg

zoxnetMay 2, 20101min984
အမှောင်ခွင်း၍ အလင်းရောက်ခြင်းအား လူတိုင်းလိုလို နှစ်သက်ကြပါ၏။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သားများ ဖြစ်ပါသည်။ မိုးရာသီမှ လွဲ၍ မှောင်လိုက်၊ လင်းလိုက် ဘဝကိုသာ ကြုံတွေ့လာခဲ့ရသော ကျွန်တော်တို့ အဖို့ အလင်းကိုသာ အာသာငမ်းငမ်း ပုံမှန်ရယူ လိုချင်ကြပါသည်။ သို့ပေမင့် ကျွန်တော်တို့သည် ထိုအလင်းကို အလှည့်ကျ ဖြင့်သာ ညအချိန်တွင် ရရှိနေကြရပါသည်။ မိမိတို့ အလှည့်ကျမှသာ ရေတင်ရပါသည်။ မီးပူတိုက် ရပါသည်။ ရုပ်ရှင် ဇာတ်လမ်း ကြည့်ရပါသည်။ ထိုအလှည့်ကျမှသာ ထမင်းပွဲ ပြင်ရပါသည်။ အိပ်ရေးဝဝ အိပ်ရပါသည်။ ပြန်လည် အောက်မေ့ သတိရစေချင်ပါ၏။ ရုတ်တရက် အော်လိုက်သော ကလေးများ၏ အသံဖြစ်ပါသည်။ မီးပျက်ရာမှ ရုတ်တရက် မီးပြန်လာချိန် ဝမ်းသာအားရ အော်ကြသော ကလေးများ၏ အသံဖြစ်ပါသည်။ ဖယောင်းတိုင် […]

4.jpeg

zoxnetMay 1, 20101min1355
ကျွန်တော့်ဘဝမှာ ကလေးဘဝကနေ၊ လူပျိုဘဝအထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး ကျွန်တော် အိမ်နဲ့ခွဲခွာရတဲ့ အချိန်ဟာ ကျွန်တော်ရဲ့ လူပျိုမသိုးတသိုး အချိန်ပါ။ ကျွန်တော့် ပညာရေး ကိစ္စနဲ့ Middle East ကို ထွက်ခွာလာခဲ့ရတာပါ။ ကလေးဆန်တယ် လို့ပဲ ပြောပြော၊ ရေခြားမြေခြားကို ရောက်ရောက်ချင်း နေ့မှာပဲ၊ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ ထွက်လာခဲ့ရပါတယ်။ အဲ.. အရှေ့မှာ လူပျိုမသိုး၊ တသိုး အချိန်လို့ ဘာလို့ပြောရတာလဲ ဆိုတော့ အဲဒီအချိန်လေးမှာ ကျွန်တော့် ချစ်သူလေးနဲ့ ပျော်လို့ကောင်းနေတဲ့ အချိ်န်မို့လို့ပါ။ (နောင်အခါ ကျွန်တော့်ဇနီးလေး ဖြစ်လာမယ့် သူပေါ့) အဲလို အချိန်မျိုးမှာ ကျွန်တော် ချစ်သူလေးကိုရော၊ အိမ်ကိုရော ခွဲခွာခဲ့ရတာပါ။ ကျွန်တော်က ဆွေမျိုး သိပ်ခင်တတ်တဲ့သူ မဟုတ်တော့ home […]

3.jpeg

zoxnetMay 1, 20101min1180
အဲဒီ Plugin လေးကို ကျွန်တော် ကိုသင်္ကြန်ရဲ့ mmwordpress မှာ စတွေ့တာပါ။ သုံးရတာတော်တော် အဆင်ပြေပါတယ်။ ကျွန်တော်တို့ wordpress မှာ ပို့စ်ခေါက်ဖို့အတွက် Insert More Tag ဆိုတဲ့ button လေးကတော့ ပါလာပြီးသားဖြစ်ပါတယ်။ အထူးတလည်တော့ plugin သုံးဖို့တော့ မလိုဘူးပေါ့။ ဒါပေမယ့် ကျွန်တော်အခုပြောတဲ့ Plugin လေးက အဲဒီ Button လေးထက် စွမ်းဆောင်ရည် ပိုမြင့်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံလို အင်တာနက် ကော်နက်ရှင်နှေးတဲ့နေရာတွေမှာ အဲဒီ ပို့စ်ခေါက်တဲ့ Insert More Tag ကို သုံးမယ်ဆိုရင် ခေါက်ထားတာ ပေါ်လာဖို့ အချိန်ထပ်ပေးရပါတယ်။ စောင့်ရပါတယ်။ ဒါပေမယ့် ဒီ Plugin လေးကတော့ နှိပ်တာနဲ့ ဘတ် […]

2.jpeg

zoxnetMay 1, 20101min1105
လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆို်င်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။ ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။ […]

1.jpeg

zoxnetMay 1, 20101min1105
ရမက်သည် အရိပ်နှင့်တူပါ၏။ သူ၏ အနောက်သို့ လိုက်လေလေ၊ မိမိနှင့် ဝေးရာသို့ ပြေးလေလေ ဖြစ်၏။ သူ့အား ကျောခိုင်းလိုက်ပါမူ၊ အနောက်မှ ထပ်ခြပ်မကွာ လိုက်လာလေတော့၏။ ကျွန်ုပ်၏ ရမက်အား ကျွန်ုပ် ကျောခိုင်းလိုက်ချင်ပါသည်။ သို့သော် ယခုသည် ညအချိန်ဖြစ်နေပါ၏။ မီးလည်း ပျက်နေပါသည်။ ကျွန်ုပ်၏ အဖြစ်သည် အလွန် ဂွကျနေလေတော့၏။

images.jpeg

zoxnetMay 1, 20101min1456
သူတို့သည် ပီတိစားသူများ ဖြစ်ကြပါ၏။ ဘဝသင်တန်းကြေးကို ရက်ရက်ရောရာ ပေးသွင်းနေသူများ ဖြစ်ကြပါ၏။ ကိုယ်ကျိုးမဖက် ခရီးထွက်နေသူများ ဖြစ်ကြပါ၏။ တိမ်မြုပ်နေသော မြန်မာ့အဖိုးတန် ရတနာများကို ပြန်လည် ဖော်ထုတ်နေသူများ ဖြစ်ကြပါ၏။ ကလေးသူငယ်များကို လမ်းကောင်း ပြသူများ ဖြစ်ကြပါ၏။ ချွေးဖြင့် ပေးဆပ်နေသူများ ဖြစ်ကြပါ၏။ စေတနာ့ ဝန်ထမ်း၊ ဝါသနာ့ ဝန်ထမ်းများ ဖြစ်ကြပါ၏။ သူတို့သည် MyanmarStoryTellerGroup ဖြစ်ပါသည်။ ပုံပြင်ပြောသူ မြန်မာများ ဖြစ်ပါသည်။ Save our folk tales Save our nation သည် သူတို့၏ ဆောင်ပုဒ် ဖြစ်ပါသည်။ နီယွန်မီးသီးများအောက် ပျောက်ကွယ်လုနီး ဖြစ်နေသော မြန်မာ့ရိုးရာ ပုံပြင်များကို ပြန်လည် ဖော်ထုတ်ကာ မြန်မာ့ ကလေးသူငယ် များကြား […]

3682294152.jpg

zoxnetApril 30, 20101min650
Metro station (၇) ခုကို ဒီနေ့ မွန်းလွဲ ၂ နာရီမှာ ဒူဘိုင်းက Emirates, Airport Terminal 1, Al Karama, Emirates Towers, Dubai Internet City, Marina နဲ့ Ibn Battuta မှာ ဖွင့်လှစ် လိုက်ပါတယ်။ ယနေ့ထုတ် Gulf news မှာ ဒီလိုရေးထားပါတယ်။ (The trains will run with frequency of six minutes during peak hours and eight minutes frequency during off-peak time. The Metro has lifted […]

images7.jpeg

zoxnetApril 30, 20101min1779
မြန်မာတွေ အတွက် အဆင်ပြေစရာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ SymbianMyanmar v3.0 ပဲ ဖြစ်ပါတယ်။ SymbianMyanmar v3.0 က Nokia (နိုကီယာ) Touch screen phone တွေပေါ်မှာ မြန်မာစာကို ပထမဆုံး အလုပ်လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။Keyboard System အပါအဝင် မြန်မာစာလုံးများကို လိုအပ်တဲ့နေရာတွေမှာ အပြည့်အဝ အသုံးချနိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုနိုင်တာတွေကတော့ … This keyboard is far superior to Nokia ones. A single key can have up to 5 characters (you get extra chars by […]

images6.jpeg

zoxnetApril 30, 20101min1235
ငါ မြက် ဖြစ်ချိန် နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊ မုန်တိုင်းမှာ မင်းတို့ စပါးတွေ သက်စိုးရှည်ပါစေ………………။