Water-lilies.jpg

zoxnetApril 30, 20101min1064
အဒ်မင် လူကြီးမင်းများခင်ဗျား။ ဆိုဒ်ဘာအပြင်ကျွံထွက်နေတာ ထည့်ထားတဲ့ widget တွေကို ပြန်ချိန်ပါတဲ့ ခင်ဗျာ။ ဇော်ဂျီနဲ့ စာရိုက်ရင် spacebar ပုတ်ပုတ်ပေးပါ။ Widget width ကို ဆိုဒ်ဘား width ထက်မကျော်စေအောင် ပြင်ကြည့်ပါ။ ဒါတွေဟာ wp မှ မဟုတ်ပါဘူး ပလက်ဖောင်းတိုင်းမှာ တွေ့ရမယ့် ပြသနာတွေပါ။ စာရိုက်ရင် စပေ့ဘား ပုတ်ပေးဖို့မမ်ဘာတွေကို ပြောပေးလိုက်ပါ။ စာလုံးတွေကို ချားချားမပေးရင် ဖြစ်မှာပဲ ခင်ဗျ။ သုံးထားတဲ့ ပလပ်အင်တွေကို မလိုတာ ဖြုတ်လိုက်ပါ။ ဘန်နာ တစ်ခုလောက် ကျွန်တော် ဖန်တီးချင်ပါတယ်။ ခွင့်ပြုမယ်ဆိုရင် ဝမ်းသာမှာပါ ခင်ဗျာ။

qa.jpg

zoxnetApril 30, 20101min751
အလုပ်ကိစ္စတစ်ခုကြောင့် ကျွန်တော် Kingdom of Saudi Arabia(K.S.A) နိုင်ငံကို သွားခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ (K.S.A) သံရုံးမရှိသေးတော့ ကျွန်တော်တို့ (K.S.A) ဗီဇာကို Thai နိုင်ငံ Bangkok မြို့မှာသွားယူရပါတယ်။ ခရီးစဉ်အစအဆုံးကို ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုကို အပ်လိုက်တာပါ။ အေးဂျင့်ရဲ့ ပိုင်ရှင်နဲ့ကလည်း နဂိုကတည်းက ခင်မင်မှုရှိနေတာကတစ်ကြောင်း၊ သူကလဲ (K.S.A) ကိုသွားဖို့ကိစ္စရှိနေတယ်ဆိုတော့ အဖော်လဲရတယ်ဆိုပြီး အပ်ဖြစ်သွားတာပါ။ သူကပဲ Thailand Visa ကိစ္စ၊ (K.S.A) ဗီဇာကိုစ္စ၊ ရန်ကုန်- ထိုင်း -(K.S.A) အသွားအပြန်လေယာဉ်လတ်မှတ်ကိစ္စ အားလုံးကို တာဝန်ယူထားပါတယ်။ (စားစရိတ်၊ နေထို်င်စရိတ်မပါ။) ရန်ကုန်ကနေ ထိုင်းကိုကျွန်တော်တို့ Thai Air Asia စီးသွားပါတယ်။ လေယာဉ်ပေါ်မှာစားဖို့ ဒံပေါက်ထုတ်လေးတွေကို ကိုယ်စီကိုယ်စီ […]

Untitled-3-2.jpg

zoxnetApril 30, 20101min1165
မြန်မာ့တွင်းထွက် ကျောက်မျက်စစ်စစ်တွေနဲ့ ဖန်တီးထားတဲ့ ပန်းချီကားတွေကို ထူးချွန်တဲ့ အနုပညာလက်ရာရှင်တွေနဲ့ ဖန်တီးပေးနေပါတယ်။ ဒီဇိုင်းစုံ၊ လက်ရာစုံကို ဒီမှာ လေ့လာနိုင်သလို မိမိစိတ်ကြိုက် ဒီဇိုင်းပေး အော်ဒါပေးမယ် ဆိုရင်လည်း လက်ခံပြုလုပ်ပေးပါတယ်။ နိုင်ငံအရပ်ရပ်ကို အရောက်ပို့ ဝန်ဆောင်မှုလည်း ပေးပါတယ် ခင်ဗျာ။ မှာယူချင်တယ် ဆိုရင် ဒီလင့်က် အတိုင်း သွားရောက် လေ့လာမှာယူနိုင်ပါတယ် ခင်ဗျာ။

dubai.jpg

zoxnetApril 30, 20101min1053
ယူအေအီးမှာဖြစ်သွားတဲ့ လူသတ်မှုတစ်ခုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံက ဒီသတင်းကိုကြားတဲ့သူတိုင်း အဖြေမှန်ပေါ်လာဖို့ ဆုတောင်းနေကြပါတယ်။ နားစွင့်နေမိကြပါတယ်။ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့် လူငယ်တော်တော်များများလည်း စိုးရိမ်စိတ်တွေ ပိုလာကြပါတယ်။ ကျွန်တော်တို့ဟာ ဒီယူအေအီးကို Visit Visa နဲ့လာခဲ့ကြတဲ့သူတွေပါ။ ကိုယ့်နို်င်ငံမှာလည်း လုပ်ငန်းကိုင်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှုမရှိတော့ သူများနိုင်ငံကိုပဲ အားကိုးပြီးမျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါ။ ဒီကိုရောက်ပြီး အလုပ်အကိုင်တွေကို စုံစမ်းတယ်။ ကိုယ်နဲ့အပ်စပ်မဲ့ ကိုယ့်ပညာနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်တွေကို ရှာဖွေကြပါတယ်။ ဒီလိုနဲ့ ရက် (30) မပြည့်ခင်မှာ ကျွန်တော်တို့ ကိုယ်စီကိုယ်စီ အလုပ်ရခဲ့ကြပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုအလို်က် အမြင့်မားဆုံးလစာကို ရရှိကြပါတယ်။ အလုပ်ကိုလည်း အချိန်အကန့်အသတ်နဲ့ပဲ လုပ်ကိုင်ကြရပါတယ်။ ကျွန်တော်ဟာ ဒီနိုင်ငံကိုမရောက်ခင်တုန်းက နိုင်ငံ (6) နိုင်ငံလောက်ကို တခြားအလုပ်ကိစ္စနဲ့ သွားလာဖူးပါတယ်။ […]

skyview.jpg

zoxnetApril 30, 20101min1659
အခုလို OVERSEA EMPLOYER တွေအတွက် အလုပ်တွေကျပ်တည်းနေချိန်မှာ တော်တော်များများက UAE ကိုအာရုံစိုက်နေကြပါတယ်။ မြန်မာလုပ်သားတော်တော်များများ အသွားအများဆုံးဖြစ်တဲ့ မလေးရှား၊ စကာင်္ပူစတဲ့နိုင်ငံတွေမှာ လုပ်သားဦးရေမထင်မှတ်လောက်အောင် လျှော့ချပြီးတဲ့နောက် ယူအေအီးဘက်ကိုသာ သွားရောက်အလုပ်လုပ်ဖို့ အားထားလာကြပါတယ်။ ရေနံကိုဗဟိုပြုပြီး ကြွယ်ဝချမ်းသာလာတဲ့ ယူအေအီးဟာ တခြားနိုင်ငံတွေလောက် စီးပွားရေးဆုံးရှုံးမှုမဖြစ်ပေမဲ့ နံမည်ကြီးစက်ရုံကြီးတွေကတော့ လုပ်သား 50000 နီးပါးလျှော့ချလိုက်တယ်လို့ ကြားသိရပါတယ်။ လက်ရှိအခြေအနေမှာတော့ ဟိုတယ် နဲ့ စားသောက်ဆိုင်တွေကတော့ တခြားလုပ်ငန်းတွေလောက် များများစားစားထိခိုက်မှုမရှိပဲ အခုအချိန်ထိလုပ်သားတွေ ခေါ်ယူနေတာကို တွေ့ရှိရပါတယ်။ ဘာပဲပြောပြော တခြားအလုပ်အကိုင်တွေထက်စာရင် HOTEL LIFE က Salary အပြင် Tips, Service Charges တို့ကအပိုဝင်ငွေအဖြစ်ရှိလေတော့ လုပ်ကိုင်ရတဲ့နေရာမှာ ပိုကို်က်ပါတယ်။ ဒါပေမယ့် တချို့တချို့တွေလို ဗိသုကာပညာရှင်တွေ၊ Software Engineering, Network […]

Pink_Hell_Monkey_by_VampireHungerSt.jpg

zoxnetApril 28, 20101min922
ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀ဝ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း […]

PinkSnow1.jpg

zoxnetApril 28, 20101min1763
wp-flake plugin ဆိုတာ ဘလော့ဂ် စာမျက်နှာမှာ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအဝင် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake plugin ရယူဖို့ အတွက်ရော၊ အသုံးပြုဖို့အတွက်ပါ အင်မတန် လွယ်ပါတယ်။ ကျွန်တော်တို့ wordpress login ဝင်ပြီး Dashboard မှာရှိနေတဲ့ Plugins ရဲ့အောက်က Add New ကို ကလစ်နှိပ်လို်က်ပါ။ အဲဒီမှာ plugin search box ကျလာရင် wp-flake ကို ရိုက်ထည့်လိုက်ပါ။ plugins တွေ တန်းစီပြီး ကျလာတာကို […]

Pink-iSkin-keyboard-cover.jpg

zoxnetApril 28, 20101min642
ဒီနေ့တော့ ကျွန်တော့်ဆရာသမား မောင်သားဖြိုးနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ပါတယ်။ ရန်ကုန်အချိန် ည တစ်နာရီ လောက်မှာပါ။ မအိပ်သေးပဲ ဘာတွေအလုပ်ရှုပ်နေတယ် မသိပါဘူး။ ကျွန်တော် မေးကြည့်တော့ အနုပညာလုပ်ငန်းတွေ တိုးချဲ့နေတယ်ဆိုတယ်လို့ ကျွန်တော့်ကိုတော့ ပြောပါတယ်။ ကျွန်တော်လည်း ညကြီးအချိန်မတော် အားကိုးစရာ လက်ဦးဆရာ ကိုတွေ့တော့ ကျွန်တော့်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ဆရာကလည်း ချက်ခြင်းဆိုသလို ကျွန်တော့်ကို ကူညီလိုက်ပါတယ်။ (ဆရာဆိုတာ အဲ့ဒါဗျ။) ကျွန်တော် ဖြစ်တဲ့ ပြသနာက ဒီလိုပါ။ ဒီနိုင်ငံမှာ ကျွန်တော် အင်တာနက်ကို ဆိုင်ဘာတွေမှာ သုံးဖြစ်တာများပါတယ်။ အဲဒီတော့ နိုင်ငံရပ်ခြားဆိုင်တွေမှာ မြန်မာဖောင့်တ် အသုံးပြုဖို့ အခက်အခဲရှိလာပါတယ်။ ကိုယ်အသုံးမပြုခင်မှာ ဇော်ဂျီဖောင့် ကို အရင် အင်တာနက်ကရှာပြီး ဒေါင်းလုဒ်လုပ်ရပါတယ်။ အဲဒီလို ဒေါင်းလုဒ်လုပ်တဲ့ အခါမှာ […]

11.jpeg

zoxnetApril 28, 20101min751
အခု ကျွန်တော် WordPress plugin တစ်ခုကို လက်တို့ချင်ပါတယ်။ သိပြီးတဲ့သူတွေက မသိသေးတဲ့ သူတွေထက်တော့ များလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီ plugin လေးက သုံးရတာ အရမ်းအဆင်ပြေလို့ မသိသေးသူတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ နံမည်ကတော့ one click plugin လို့ ခေါ်ပါတယ် ခင်ဗျာ။ သူ့ရဲ့ အကျိုးပြုပုံ ကတော့ ကျွန်တော်တို့ရဲ့ WordPress တွေမှာ Theme အသစ်တင် တာတို့၊ Plugin အသစ်တင်တာတို့ ပြုလုပ်တဲ့ အခါမှာ မိမိတို့ ရဲ့ Root Directory အထိသွားစရာ မလိုပဲ WordPress – Dashboard ထဲမှာတင် အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ.. […]

images5.jpeg

zoxnetApril 28, 20101min791
မနေ့က ကျွန်တော်နဲ့ ကျွန်တော်တို့ ဝိုင်းတော်သား မောင်ဥဂ္ဂါ တို့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တွေ့တိုင်း များသောအားဖြင့် MMG ဖိုရမ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ မောင်ဥဂ္ဂါကတော့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်း မမောနိုင်၊ မပန်းနိုင် ပြောသလို ကျွန်တော်ကလည်း ကျွန်တော်နှစ်သက်တဲ့ WordPress အကြောင်းနဲ့ ကျွန်တော်ဝါသနာပါတဲ့ WordPress theme ကလိပုံတွေ အကြောင်းကို ရေနွေးကြမ်း သောက်သောက်ပြီး ပြောပါတယ်။ (မောလို့ပါ)။ အဲဒီလို ပြောကြရင်း သူ့စကားတွေဘက် ကျွန်တော် ပါသွားလိုက်၊ ကျွန်တော့် စကားဘက် သူပါလာလိုက်နဲ့ နောက်ဆုံး WordPress theme တွေ အကြောင်းမှာ ကျွန်တော်တို့ ၂ ယောက် ခြေချင်းလိမ် နေကြပါတယ်။ အဲဒီအခါမှာ မောင်ဥဂ္ဂါ က […]

forblog-3.jpg

zoxnetApril 27, 20101min1325
ကျွန်တော် ဘလော့ဂ်ဘက်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပို့စ်လေးကို ရေးခဲ့ပြီးပါပြီ။ ဒီပို့စ်လေးကို ဖတ်မိပြီး ဘလော့ဂ်ဂင်းဘက်ကို စိတ်ပါဝင်စားသူ ရှိသလို၊ ဖာသိဖာသာ နေသွားတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညံ့ဖျင်းချက်ကတော့ ဘလော့ဂ်ဘက်ကို လာဖု့ိသာခေါ်တဲ့ ပို့စ်ကိုရေးပြီး ဘယ်လိုဘလော့ဂ်ကို ဖန်တီးရမယ် ဆိုတာကိုတော့ ညွှန်ပြဖို့ မေ့ခဲ့မိပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ်ဂင်း ကို စိတ်ဝင်စားမယ့် သူငယ်ချင်းတွေအတွက် လမ်းညွှန်မှုလေးတွေ ပေးချင်ပါတယ်။ ကျွန်တော် ဘလော့ဂ်ကို စစချင်း byethost မှာ လုပ်ခဲ့တာပါ။ ကိုသင်္ကြန်ရဲ့ အီးဗုက်ထဲက အတိုင်းပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ byethost က hosting နဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ စိတ်မချရတာတွေ ရှိလာပါတယ်။ ခဏခဏ hosting ပြုတ်ကျပါတယ်။ ကျွန်တော်ရဲ့ […]

1.jpeg

zoxnetApril 27, 20101min2294
အက်ဒီတာ သို့ပေးစာဆိုတဲ့ ကတဂိုရီလေးတွေ့လိုက်တာနဲ့ ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ ကျွန်တော် ဆန္ဒရှိတာလေးတွေကို တင်ပြချင်ယုံ သက်သက်ပါ။ ဆုံးဖြတ်ချက် ချတာကတော့ အက်ဒီတာ လူကြီးမင်းတို့နဲ့ပဲ သက်ဆိုင်ပါတယ် ခင်ဗျာ။ ကျွန်တော်ဟာ Word press နဲ့ ဘလော့ဂ် ဖန်တီးရေးဆွဲ နေတဲ့ သူတစ်ယောက်ပါ။ နှစ်အနည်းငယ်သာ ရှိပါသေးတယ်ခင်ဗျာ။ ကျွန်တော် ဘလော့ဂ်တွေ လိုက်လည်ရင်း လူကြီးမင်းတို့ရဲ့ ဒီ မန ္တလေးဂေဇက် ဒေါ့တ်ကောမ် ကို တွေ့လိုက်ရပါတယ်။ ဝင်လေ့လာရင်း ထူးခြားမှု အမျိုးမျိုးကို ထပ်မံတွေ့ရှိရပါတယ်။ (အဓိက ကတော့ ပိုက်၊ ပိုက် ပေးတာပါ။ အဟဲ) အဲ..ကျွန်တော့်အတွက် ဝမ်းသာစရာ နောက်တစ်ခုက တော့ ဒီဆိုဒ်ကြီးကို ကျွန်တော် အရမ်းနှစ်သက်တဲ့ Word press […]

images4.jpeg

zoxnetApril 27, 20101min1566
ကျွန်တော်လည်း ဒီအကြောင်းတွေကို ခဏခဏ မပြောချင် တော့ပါဘူးဗျာ။ အားအားရှိ အရည်မရ အဖတ်မရ ဂျီတော့ခ် ထိုင်ထိုင် ပြောနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ကိုယ်နဲ့မှ မဆိုင်တာ၊ မင်းဟာမင်း အေးအေး ဆေးဆေး နေပါလားလို့ ပြောမယ် ဆိုလည်း ခံရမှာပဲ။ ကျွန်တော့်ကို ကလည်း မနေတတ်တာ။ အခု ဒီပို့စ်ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့်ဘေး ကပ်ရပ်မှာ ကျူနေတာလား၊ အကျူခံနေတာလား မသိရတဲ့ ကောင်မလေး တစ်ယောက်တောင် လောလောလတ်လတ် ရှိနေသေးတယ်။ ကျွန်တော် အပါအဝင် ကျွန်တော့်မိတ်ဆွေ ဘလော့ဂါ ညီအစ်ကို၊ မောင်နှမ တော်တော်များများ လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးပြီးခဲ့ကြပါပြီ။ ဒါတွေကို သူတို့ မဖတ်မိလို့လား။ မဖတ်ချင်တာလား။ […]