Minn ZinDecember 16, 20111min883
“ကျွန်တော်နဲ့ ဒါနပါရမီ” ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ပါရမီသုံးတန်ကို ရရင်ရသလိုဖြည့်ကျင့်သွားရမယ်ဆိုတာ တရားတော်တွေထဲမှာ နာဖူးသလို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ကျွန်တော်လဲ ကြိုးစားဖြည့်တင်းနေပါတယ်။ တစ်ခါတစ်လေမှာလဲ ပါတ်ဝန်းကျင်ကြောင့်ရော ကိုယ့်ရဲ့ ပျင်းတဲ့ စိတ်ကြောင့်ပါ မလုပ်တော့ပဲရပ်လိုက်မိတာတွေရှိတယ်။ အကြောင်းတိုက်ဆိုင်လို့ အဆင်ပြေရင်တော့ လှူလိုက် ဥပုတ်စောင့်လိုက် တရားထိုင်လိုက် လုပ်ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော် သိပ်မလုပ်ဖြစ်တဲ့ မဖြည့်တင်းဖြစ်တဲ့ပါရမီကတော့ ဒါနပါရမီပဲဗျ။ ကပ်စေးနဲလို့တော့မဟုတ်ဖူး…. အရမ်းတွေးလွန်းလို့.. ဥပမာ လမ်းဘေးမှာ ပိုက်ဆံတောင်းနေတဲ့သူတွေ့တယ်… အကောင်းကြီး လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ကျွန်တော် မပေးဘူး…. ရေသာခိုတဲ့သူတွေမို့လို့ အရက်မူးမူးနဲ့တောင်းနေတဲ့သူတွေကိုလည်း မပေးဘူး.. အဆိပ်ပင်ရေလောင်းသလိုဖြစ်မှာစိုးလို့ ကလေးတွေကိုလဲမပေးဘူး.. ပိုက်ဆံဆိုတာ အလွယ်ရတယ် ထင်သွားမှာစိုးလို့ ဂျိုင်းထောက် တစ်ဖက်နဲ့ ကျန်တာတွေက အကုန်ကောင်းနေရင်လဲ မပေးဘူး… ခြေထောက် နှစ်ဖက်လုံးမရှိပဲနဲ့ ထီရောင်းနေတဲ့သူတွေ […]


Minn ZinSeptember 14, 20111min755
ထိုနည်းတူ မိုးရာသီတွင်လည်းရေအားလျှပ်စစ်ထုတ်ယူမှုကြောင့် ပုံမှန်ရေထုထည် စီးနှုန်းထက် လျှော့နည်းသွားမည်ဖြစ်ရာ သဘာဝရေကြီးကွင်း၊ ရေနက်ကွင်း ဧရိယာ များလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ဆုံရာ သဘာဝ ရေနက်ကွင်းများ၊ ငဝန်မြစ်အနောက်ခြမ်းရေနက် ကွင်းများ စသည့်ဧရိယာများတွင် သဘာဝရေမရောက်တော့သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုး နိုင်ခြင်း မရှိတော့၍အလုပ်လက်မဲ့ဖြစ်ကြပေတော့မည်။ သို့သော်မြစ်ဆုံတမံကြောင့် မိုးရာသီရေကြီးမှုအမြင့် လျော့နည်းသွားသဖြင့် မြစ်ဝကျွန်းပေါ်ရေဘေး ကာကွယ် ရေးတာတမံများအတွက် အသက်ရှုပေါက်ချောင်သွားနိုင်၏။ ဒါပေမယ့် သိပ်စိတ်ချ ၍တော့မဖြစ်သေး။ မိုးရွာခြင်း၊ရေကြီးခြင်း စသည်တို့မှာ ကျဘမ်းကိန်းစဉ် (Random Phenomena) များဖြစ်ကြ၏။ စာရင်းအင်းပညာ (Statistics) ဖြင့် တွက်ချက်၍ သဘာဝရေကြီးခြင်းကိုခန့်မှန်းနိုင်၏။ ယခုဤသို့မ ဟုတ်နိုင်တော့။ သဘာဝရေကြီး ခြင်းမဟုတ်၊ လူကလုပ်သည့် (Man-made) ရေကြီးခြင်းဖြစ်ရာ ခန့်မှန်းရန် ခက်ခဲသွား၏။ ရေကြီးပါက ဆည်အကျိုးမခံဘဲ […]


Minn ZinSeptember 13, 20111min1272
ရေနှင့်ပတ်သတ်၍ ဖွံဖြိုးရေးကဏ္ဍများကို စဉ်းစားရာတွင်၊ Integrated Water Resources Management (IWRM) ဟုခေါ်သော “ရေအရင်းအမြစ် စီမံမှု နှင့် ဆက်စပ်နေသော ကဏ္ဍ အားလုံးကို တစုတရုံးတည်း ပေါင်းစပ် စဉ်းစားပေးခြင်း” ဖြင့်၊ နောင်သားစဉ်မြေးဆက် အဒွန့်ရှည်ခံစားနိုင်သည့်လုပ်ငန်းမျိုး ဖြစ်သင့်ပေသည်။ ကဏ္ဍ တစ်ခုတည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြားကဏ္ဍ များရှိပါက ထိခိုက်မှု မပြုလုပ်မိအောင် ပေါင်းစပ်စဉ်းစားတွေးခေါ်ခြင်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းတွင် လုပ်ငန်း (၈)ခုပါဝင်ပြီး စုစုပေါင်း လျှပ်စစ်ထုတ်လုပ် မှုအင်အား ၁၈၄၉၉ MW ဖြစ်ရာ၊ လျှပ်စစ်ဦးစားပေးစီမံကိန်း (Power Oriented) ဖြစ်ပါသည်။ တိုးတက်နေသော ခေတ်ကြီးတွင် ဆောင်ရွက်နေသော ဘက်စုံစီမံကိန်း (Multi-purpose project) မျိုးမဟုတ်သည်ကိုတွေ့ရှိရပါသည်။ အဖိုးတန်သော ဘက်စုံစီမံကိန်းကြီးများတွင် လျှပ်စစ်သာမက၊ […]


Minn ZinSeptember 13, 20111min20613
 မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားနေကြတဲ့ ဧရာဝတီမြစ်ရဲ့အစ မြစ်ဆုံပေါ်မှာ ပထွေးတရုတ်တွေရဲ့ကောင်းကျိုးအတွက် မည်သည့် ကန့်ကွက်မှုများရှိသည်ဖြစ်စေ လုပ်ဆောင်သွားမည်ဆိုတဲ့ ဇော်မင်း ရဲ့စကားသံကြောင့် ကျွန်တော်၏မိတ်ဆွေ ဆည်မြောင်းမှ အငြိမ်းစားယူထားတဲ့  အရာရှိကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်တွေပါ။ ပြည်သူအများသိစေရန် ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ်တွင် တင်ပေးရန် အကူအညီတောင်းတော့ အားရဝမ်းသာစွာနဲ့ တင်ပေးလိုက်ပါတယ်။ “ကြိုးစင်ပေါ်က ဧရာဝတီ”           ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာ အစမှ ပင်လယ်တွင်း စီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊ မည်သည့်နိုင်ငံကမှ အကြောင်းမဲ့လာရောက်ချယ် လှည်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစ်စင်းဖြစ်ပါသည်။ လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများ စီးဆင်းမှု ကိုလိုက်၍ အညာနှင့် အကြေ ဆက်စပ်ဖွံ့ဖြိုးစည်ပင် လာခဲ့သည်ဖြစ်ရာ၊ ဧရာဝတီ မြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံစသည့် […]


Minn ZinNovember 19, 20101min420
အင်း… ရဝတတွေမကောင်းကြောင်းအခုတစ်လော တော်တော်ကြားနေရတယ်… ရဝတ တွေအားလုံးက ဒီလိုပါပဲ… ကျွန်တော့်ဇာတိမြို့မှာ ကျွန်တော်နေတဲ့ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီးက မုဒိန်းမှုနဲ့ ထောင်ကထွက်လာတဲ့သူ… စဉ်းစားသာကြည့်တော့ အရပ်ကတို့ရေ… ဘယ်မှာများလူစိတ်ရှိပါ့မလဲလို့… ပြီးတော့ ဘွဲ့ရပညာတက်တွေမဟုတ်ကြပါဘူး… ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိပဲ.. အထက်ကခိုင်းတာလုပ်.. ဆက်ကြေးကောက်.. ဒီနေရာလေးရထားတာကို အဟုတ်ကြီးမှတ်နေတဲ့ သူတွေများပါတယ်… အမေစုကိုလွှတ်ပေးတယ်ဆိုတာလည်း… သူတို့တွေက ချွေးသိပ်တဲ့သဘောလို့ထင်တယ်…. ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့  နို်င်ငံတကာအစိုးရတွေနဲ့ မြန်မာပြည်သူတွေ ပူညံပူညံဖြစ်နေတဲ့အချိန်မှာ  အမေစုဘက်ကိုအာရုံပြောင်းသွားအောင်လုပ်လိုက်တာပါ… ပြီးတော့သူတို့က ရွေးကောက်ပွဲရလဒ်နဲ့ ပါတီတွေကိုသွေးခွဲထားတယ်လေ.. ဥပမာ.. NDF ကိုတစ်ချို့နေရာမှာ အနိုင်ပေးပြီး တစ်ချို့နေရာမှာရှုံးထားတော့ ရှုံးတဲ့သူက ပူညံပူညံလုပ်ပေမယ့်… နိုင်တဲ့သူကတော့ နှုတ်ပိတ်နေတာပေါ့.. တကယ်လို့ ဒီရလဒ်ကိုမကျေနပ်လို့ လက်မှတ်မထိုးဘူးဆိုရင် နိုင်တဲ့သူရော ရှုံးတဲ့သူရော အားလုံးမထိုးသင့်ပါဘူး… လူညီရင်ရပါတယ်… အမေစုလုံခြုံရေးအတွက်ကတော့ စိုးရိမ်နေရတုန်းပါပဲ… ကျွန်တော့်အမြင်ကိုပြောမယ်နော်… အမေစုပြည်သူတွေကြားထဲကို […]


Minn ZinAugust 30, 20101min721
တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပင် နေရာဒေသအလိုက် ကိုယ့်အမှတ်အသားနှင့်ကိုယ် ပေးထားသော နာမည်များရှိလေသည်။ ကျွန်တော်သည်နေ့စဉ်နှင့်အမျှ ဘတ်စ်ကားစီးကာ သွားလာနေရသောကြောင့် ဘတ်စကားပေါ်မှ ကြားသိရသမျှ သူတို့၏နာမည်ပေးပုံများကို တင်ပြလိုက်ရပေသည်။ ရန်ကုန်တွင် ဘတ်စ်ကားစီးနေသော်လည်း သတိမထားမိသောသူများ ရန်ကုန်သို့လာရန်ရှိသော အခြားသောမြို့များမှ သူငယ်ချင်းများအတွက်လည်း ဗဟုသုတရရန်အလို့ငှာတင် ပြပေးလိုက်ရပါတယ် ခင်ဗျာ။ သို့သော် ကျွန်တော်အများဆုံးသွားဖြစ်သော ရွှေပြည်သာ တစ်ကြောမှ လိုင်းကားများကိုသာ အဓိကရေးပေးသွားမှာပါ။ ကျွန်တော်ရန်ကုန်ကိုရောက်စက ၂၀၀ရ ခုနှစ်ပေါ့။ မှတ်မှတ်ရရ ရှိစေတဲ့ ပထမဆုံး ဘတ်စ်ကားကတော့ “ရွှေအင်းဝ” လို့ခေါ်တဲ့ ရွှေပြည်သာနဲ့ ဆူးလေ နဲ့ကိုအဓိကပြေးဆွဲပေးနေတဲ့ကားလိုင်းပါ။ ကျွန်တော်အများဆုံးသွားဖြစ်တာကလဲ ရွှေပြည်သာဖြစ်တဲ့အတွက် “ရွှေအင်းဝ” ဆိုတဲ့ကားဟာ ကျွန်တော့်အတွက်တော့ မိတ်ဆွေကောင်းတစ်ယောက်လိုပင်။ ရွှေပြည်သာသို့ပြေးဆွဲနေသော ၄၅ မထသကားများ ရှိသော်လည်း နှေးသည် ဟုဆိုကာ ရွှေအင်းဝ ကိုပဲအစဉ်တစိုက်စီးနင်းခဲ့လေသည်။ […]


Minn ZinAugust 24, 20101min481
မန္တလေးဂဇက်တွင် ကျောက်ဆည်မြို့မှ စိုးရိမ်စရာအခြေအနေဆိုသော Post ကိုဖတ်လိုက်ရတော့… ကျွန်တော့်အမြင်လေးတွေကိုလဲ တင်ပြချင်လာမိသည်။ Comment ဝင်ရေးလျှင် ရှည်မည်စိုးသောကြောင့် အခုလို post အသစ်တင်လိုက်ရခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရည်၏ ၈ဝ % နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည် ဆိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်လောက်ကတော့ မှန်ပါလိမ့်မည်။ ယခုအခါတွင်မူ ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်းလျော့နည်းလာနိုင်သည်။ အဆွယ်ကောင်းသဖြင့် ဘာသာကူးပြောင်းသူ များလာခြင်း၊ ဘာသာခြားနှင့်လက်ထပ်၍ ဘာသာပြောင်းသွားခြင်း (အဖြစ်အများဆုံး တစ်ခုပါ)၊ တခြား ဘာသာဝင် လူဦးရည် တိုးတက်လာခြင်း၊ အရေးအကြီးဆုံးအချက်မှာ စီးပွားရေးလုပ်ငန်းအကြီးစားများကို ဘာသာခြားများ ပိုင်ဆိုင်နေ ခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းအကြီးစားများမရှိဘူးလားဟု မေးစရာပင်။ ရှိပါသည်။ သို့သော်.. ထိုသူများသည်.. မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာ၊ သာသနာတိုးတက်ရေးအတွက် […]


Minn ZinAugust 14, 20101min753
ယနေ့နံနက် ရွှေပြည်သာမြို့နယ်တွင် သက်ဆိုက်ရာ ရက်ကွက်ကောင်စီဝင်များမှ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲ မဲပေးရန် လူစာရင်းလိုက်လံကောက်ခံနေကြောင်းသိရှိရပါသည်။ ထိုသို့ကောက်ခံရာတွင် လူစာရင်းကိုသာကောက်ခံခြင်းဖြစ်ပြီး ကိုယ်တိုင်မဲပေးနိုင်မှုရှိမရှိ နှင့်ပတ်သတ်၍ ရေရာသေချာစွာ ပြောကြားသွားခြင်းမရှိပေ။ ရွှေပြည်သာမြို့နယ်နေ ပြည်သူတစ်ယောက်ပြောပြချက်မှာ… “ဒီကနေ့မနက် အိမ်တွေကို လူစာရင်းလိုက်ကောက်တယ်… အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မဲထည့်ရမယ် လို့ပြောတယ်… ပြီးတော့ မဲထည့်ပြိးရင်သူတို့လာအကြောင်းကြားမယ်တဲ့… ကြည့်ရတာ သူတို့ဖာသာ ထည့်ပြီးမှ အကြောင်းကြားမယ်ထင်တယ်..” ဟုပြောကြားသွားပါသည်။ စာဖတ်သူများစဉ်းစားကြည့်ပါ… ရွေးကောက်ပွဲတွင် မဲထည့်ခြင်းသည် ပြည်သူတို့၏ဆန္ဒကိုကောက်ခံခြင်းဖြစ်သည်။ ပြည်သူများ စိတ်ကြိုက်ရွေးချယ်သော အစိုးရကို တင်မြှောက်ခြင်းဖြစ်သည်။ ၎င်းတို့ သဘောဆန္ဒနှင့် ထည့်ချင်ရာထည့်ပြီးမှ ပြည်သူတွေကိ မဲ ထည့်ပြီးကြောင်း အကြောင်းကြားခြင်းသည် လုံးဝ မဖြစ်သင့်သော ကိစ္စဖြစ်သည်။ ကျန်မြို့နယ်ရှိသတင်းများကိုလည်း တက်နိုင်သလောက် တင်ပြပေးကြပါရန် လေးစားစွာပြောကြားအပ်ပါသည်။