အိမ်မက်ရဲ့မနက်ဖန် ……………………… ကောင်းကင်ယံမှာပျံဝဲနေတဲ့ ငှက်တစ်ကောင်………. အဖော်ကင်းစွာပျံသန်းခဲ့ရပြီ..။ နက်ရှိင်းစွာတင်ကျန်ရစ်တဲ့ ရိုးမတောင်……….. ခြောက်ခြားမှုတွေရင်ဆိုင်ခဲ့ရပြီ..။ နင်……….. လမ်းခွဲသွားတဲ့   ငါ လွမ်းတေးတွေသီဆိုနေဆဲ နက်ရှိင်းစွာချစ်ခဲ့တဲ့ငါ့နှလုံးသား တုန်လှုပ်နေဆဲပါ…။ ခုတော့……….. အတိတ်မဟုတ်တဲ့ပစ္စုပ္ပုန်မှာ မျှော်လင့်ချက်တွေစောင့်မျှော်ရင်း အိပ်မောကျခဲ့ရလေပြီ……။


ဘဝရဲ့စာမျက်နှာ ……………….. စိတ်ရဲ့စေလိုရာ ကောင်ကင်သစ်တဲ့ ဘာမှတော့နားမလည်ဘူး တကယ်တော့ ထင်တောင်မထင်ဘူး ချစ်သူတဲ့ ဟုတ်နိုးနိုးနဲ့ ဖြစ်ပေါ်နေတဲ့ဝေဒနာ ငါကိုယ်တိုင်မသိ မင်းရောသိလား ငါသိတာတော့ အချိန်နဲ ့သေခြင်းပဲ တရွေ့နဲ ့ကုန်ဆုံး သေခြင်းရဲ့နိဂုံးတွေ မင်းရော..ငါရော.. နီးနေပြီဆိုတာ…. …………………………


အာဇာနည်နေ့ဒို့မမေ့ …………………………. အာဇာနည်စိတ်ဓာတ် အာဇာနည်ရဲ့သွေး အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု သမိုင်းရဲ့စာမျက်နှာတွေမှာ နီရဲနေတဲ့သွေးစက်တွေ စိုရွဲနေတဲ့ချွေးစက်တွေ ရောပြွမ်းလို့နေခဲ့ပြီ…..။ သမိုင်းကနေတကျော့ပြန် နီရဲနေတဲ့သွေးစက် စိုရွဲနေတဲ့ချွေးစက် ငါကိုယ်တိုင်ချေဖျက်ရမှာလား မင်းရောချေဖျက်မှာတဲ့လား ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် သမိုင်းတစ်ခေတ်ရဲ့အာဇာနည် ပုံဖော်မည်…….. ဂုဏ်ဆောင်မည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။ ဇွဲမာန်(အင်းဝ)   Go to this link  and leave ur comments > https://myanmargazette.net/138871/creative-writing/my-dear-diary


အာဇာနည်နေ့ဒို့မမေ့ …………………………. အာဇာနည်စိတ်ဓာတ် အာဇာနည်ရဲ့သွေး အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု သမိုင်းရဲ့စာမျက်နှာတွေမှာ နီရဲနေတဲ့သွေးစက်တွေ စိုရွဲနေတဲ့ချွေးစက်တွေ ရောပြွမ်းလို့နေခဲ့ပြီ…..။ သမိုင်းကနေတကျော့ပြန် နီရဲနေတဲ့သွေးစက် စိုရွဲနေတဲ့ချွေးစက် ငါကိုယ်တိုင်ချေဖျက်ရမှာလား မင်းရောချေဖျက်မှာတဲ့လား ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် သမိုင်းတစ်ခေတ်ရဲ့အာဇာနည် ပုံဖော်မည်…….. ဂုဏ်ဆောင်မည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။                                   ဇွဲမာန်(အင်းဝ)


“လမ်းမလေး” ……………………………………………………………………………………………………………… လေထုဟာတိုက်ခက်ဖို့အားအင်သစ်တွေစုနေတယ်၊မကြာခင်ကောင်းကင်က အပြာရောင်သန်းတော့မှာလေ။ အိမ်ခေါင်မိုးပေါ်ကခိုကလေးကဘာတွေများညည်းတွားမှုတွေကအတူတူပဲလား၊ ဘယ်သူမျာသာပါလိမ့်သူ့အကြောင်းနှင့်သူညည်းတွားမှုတွေနဲ့လမ်းမလေးပေါ်လျှောက်သွားနေလေရဲ့။မနက်ဖြန်တော့မညည်းတွားတော့ဘူးနိူင်ငံခြားကအမေ ပြန်လာမှာလေ။ဒါပေမယ့်…………….လမ်းမလေးကတော့ညည်းတွားလေရဲ့၊  ဂုဏ်ပြိုင်မှုတွေကြားရတော့မှလေ။မနှစ်ကလဲဒီလိုပါပဲအိမ်မက်တွေနဲ့အကောင်ထည်ဖော်ခဲ့တာအခုတော့မဖြစ်တော့ပါဘူး။ လေစိမ်းတွေတိုက်မှာလမ်းမလေးကြောက်နေရတယ်ဖုန်မှုန့်တွေပါလာခဲ့မှာစိုးလို့တဲ့။ လမ်းမလေးက”ပဲပြုတ်………..ပဲပြုတ်”လို့အော်နေတဲ့အဒေါ်ကြီးကိုတော့ချီးကျူးသားအချိန်မှန်မှန်ဘဝကိုရုန်းကန်နေလို့တဲ့၊ဖြစ်ချင်တော့မနေ့ကအိပ်ယာထ နောက်ကျခဲ့တယ်။ဆွမ်းခံကိုယ်တော်လေးတောင်ကြွလာနေပြီ။ဪ………..မေ့နေတယ်၊ ဒေါ်ပုမဆီအကြွေးတောင်းရအုံးမှာ”တခါတလေမေ့နေတဲ့အရာတွေကကိုယ့်ကိုနစ်နာစေ တယ်။အော……….ကလေးတစ်ယောက်ငိုနေပြန်ပြီ၊လမ်းမလေးမေးကြည့်မိတယ်          ”ဘာလို့လဲ”လို့လက်ထဲမှာကိုင်ခဲ့တဲ့”ဒိန်ခဲလေး”လွတ်ကျသွားလို့တဲ့။ ဪ…………..တခါတခါဒီလိုဒိန်ခဲတွေလွတ်ကျလို့ဆိုပြီးငိုနေတဲ့သူတွေလမ်းမလေးပေါ်မှာတွေ့နေရတယ်။ဟော……..ရှေ့မှာအုပ်အုပ်ကြွက်ကြွက်နဲ့လမ်းမလေးပေါ်မှာဘာတွေဖြစ် နေပါလိမ့်။ထင်ပါတယ်၊နီရဲတဲ့သွေးရေစက်တွေနဲ့လမ်းမလေးကိုအရောင်ဆိုးချင်နေတာ၊ သူ့ကိုသူအလှတရားကိုမြတ်နိုးသူလို့ထင်နေတာလေ။ဒီလိုပဲကိုယ့်ကိုအထင်ကြီးသူတွေကလမ်းမလေးကိုနီရဲတဲ့သွေရေစက်တွေနဲ့အရောင်ဆိုးသွားခဲ့တယ်။ ဒါပေမယ့်………….အရာမထင်ခဲ့ပါဘူး။  လမ်းမလေးကတော့ပြောပါတယ်ကိုယ့်ကိုသိပ်အထင်မကြီးပါနဲ့လို့။ လမ်းမလေးဟာအကြောင်းပြချက်များတဲ့လူတွေရယ်၊ကိုယ့်ကိုအထင်ကြီးပြီးတဇွတ်ထိုးလုပ်တက်တဲ့လူတွေရယ်၊မာနကြီးတစ်ခွဲသားနဲ့လူတဖတ်သားကိုမစာနာတဲ့လူတွေရယ်၊သွေးနထင်ရောက်ပြီးဖော်ကြွားမော်ကြွားလုပ်တက်တဲ့လူတွေရယ်လမ်းမလေးကကြည့်လို့မရဘူး။လူပေါင်းစုံ၊ဖွဲ့စည်းပေါင်းစုံနေထိုင်တဲ့လမ်းမလေးဆိုပေမယ့်လမ်းမလေးဘေးကငါးသည်ကိုတော့ကြောက်နေမိပါရဲ့၊ရှိသမျှငါးတွေကိုခေါင်းဖျက်လိုက်လို့တဲ့လေ။ “အင်း……….တခါတလေဒီလိုခေါင်းပုံဖျက်နေကြတဲ့သူတွေဒီလမ်းမလေးပေါ်မှာအများသာဆိုပါလား။အဲ………ဟိုရှေ့ကသွားနေတဲ့လူကြီးကဘာတွေများရွတ်နေလည်းမသိ၊ပွစိပွစိနဲ့ မန္တာန်တွေများရွတ်နေသလား၊ ဟော……………သူ့ရှေ့ကလူတစ်ယောက်ကိုပြောနေပြီ။ ဒါပေမယ့်လေထိုလူကနားမထောင်ဘူးဗျ၊ပြောနေသောလူကြီးကိုတောင်သနားစရာပုံရိပ်  လေးနဲ့ကြည့်ကြည့်သွားသေးဘာလို့ပါလိမ့်၊အလိုလေးအားလုံးလိုပါဘဲလမ်းမလေးမနေနိူင် တော့ဘူးမေးကြည့်မိတယ်။“ကိုလူကြီးကရူးနေလို့ဆိုပါလား”တခါတခါဒီလမ်းမလေးပေါ်မှာသမီးပျိုလေးကိုရိသဲ့သဲ့လိုက်ပြောကြတဲ့သူတွေရောရူးနေကြတာလား၊ ဟုတ်မယ်မထင်ပါဘူး။သူတို့ကိုကြည့်ကြတဲ့အကြည့်တွေကဒေါသအခိုးရိပ်တွေနဲ့ လမ်းမလေးတောင်ကြောက်နေမိတယ်အပြင်မထွက်ရဲဘူးလေ။တော်ကြာရိသဲ့သဲ့ပြောခံ နေရအုံးမယ်။ခုတောင်မနေ့ကမအေးကြည်မနှင့်မဂွတ်ထော်တိုရန်ပွဲလေးကစကားသံတွေ ကြားမိသေး၊ ပြောကြအော်ကြတာခုနှစ်အိမ်ကြားရှစ်အိမ်ကြားတောင်ကြားမိတယ်ထင်ပါရဲ့၊ကြားရတဲ့ စကားတွေကလည်းကျော်မကောင်းကြားမကောင်းပါပဲ။ တခါတခါဒီလိုလမ်းမလေးပေါ်မှာကျော်မကောင်းကြားမကောင်းတဲ့အသံတွေကြားနေကြရတာမဟုတ်ပါလား။ လမ်းမလေးအသံတွေတိတ်ဆိတ်လို့အိပ်မယ်ကြံရွယ်တုန်းဖြတ်လျှောက်လာတဲ့ထီလှည်းကအသံချဲ့စက်တွေအကုန်ဖွင့်နေလေရဲ့။ ကိုကျော်ကြီးကတော့သူကြိုက်တဲ့သီချင်းဆိုပြီးပျော်ရွှင်စွားနားထောင်နေတယ်လေ။ ကိုအေးချမ်းတစ်ယောက်တော့ထီလှည်းကိုမေတ္တာပို့သနေလေရဲ့။နာမည်နဲ့လိုက်အောင် အေးအေးချမ်းချမ်းနေတက်သူလေ။ ဒါကြောင့်ထီလှည်းကိုမေတ္တာပိုတာဖြစ်မှာပေါ့။ အင်း……….။အခက်သားဒီလိုပဲလမ်းမလေးပေါ်မှာအမြင်မတူမှုတွေနဲ့ဘဝကိုရှင်သန်နေကြတာလေ။ဒါတောင်ဘကြီးမုန်းလိုလူကြီးမပါသေးဘူး။ ဘကြီးမုန်းကိုတော့လမ်းမလေးဝဲ/ယာအားလုံးချစ်ကြတယ်လေ။ ဒါကြောင့်ထင်တယ်ဘကြီးမုန်းဆူတာဘယ်သူမှမပြောကြဘူး။ကိုအေးချမ်းတစ်ယောက် တောင်သဘောကျနေတယ်။လမ်းမလေးလဲသဘောကျတယ်လေ။ နံနက်လင်းပြီဆိုလျှင်ဖြင့်ဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကလမ်းမလေးဝဲ/ယာကိုပျံ့နှံ့စေခဲ့သည်။ ရုံးသွားတက်သူ၊မနက်ခင်းအလုပ်ရှိသူ၊ဈေးရောင်းတွေကအစဘကြီးမုန်းရဲ့ဘုရားရှိခိုးသံကိုပိုပြီးဂရုစိုက်ကြတယ်လေ။ ဟုတ်တာပေါ့………။ဘကြီးမုန်းကအချိန်မှန်မှန်ဘုရားရှိခိုးတာကိုးဘယ်နိူးစက်မှမလို ဘကြီးမုန်းဘုရားရှိခိုးသံကြားရင်လင်းပြီဆိုတာအားလုံးသိကြတယ်လေ။ အဲ…………ကလေးအမေတွေကတောင်ကလေးနိူးရင်ရိုးရိုးမနိူးဘူး။ “ဟဲ့…..ကလေးတွေထကြတော့လေ၊ဘကြီးမုန်းတောင်ဘုရားရှိခိုးနေပြီ”တဲ့။ ဒါတင်ဘဲလားဆိုတော့မကသေးဘူး၊တိရစ္ဆာန်ဖြစ်တဲ့ခွေးကလေးတွေကိုလည်းဘကြီးမုန်းကိုချစ်ကြတယ်ထင်တယ်။ ဘာလို့လဲဆိုတော့ဘကြီးမုန်းဘုရားရှိခိုးပြီးရင်ကြေးစည်ထုပြီး အမျှဝေတယ်လေ။ဘကြီးမုန်းကြေးစည်ထုတာနဲ့အားလုံးတက်ညီလက်ညီနဲ့ခွေးကလေး တွေက”အူ”ကြတာပေါ့။ ဪ………သူတို့လေးတွေလဲဘကြီးမုန်းကိုချစ်ကြပါတာပါလား။ ဖြစ်နိူင်ပါတယ်။အချိန်မှန်သော(သို့)အချိန်မှန်မှန်လုပ်ဆောင်တက်သောသူကိုအားလုံးက လေးစားကြည်ညိုချစ်ခင်ကြတာမဟုတ်ပါလား။ […]


ပြန်လာခဲ့ပါ…….မောင် …………………………… တကယ်ဆိုရင်တို့နှစ်ယောက်ရဲ့ဝေကွာမှုက ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့မထင်မိဘူး မျှော်နေသူငါ့ရင်ခွင်မှာတော့…………… လွမ်းဆွေးမှုတွေကနှိပ်စက်နေခဲ့ပြီလေ၊ နင်ပြန်လာမယ်ပြန်မလာဘူးဆိုတာ မမြင်ရတဲ့ကံကြမ္မာကိုငါမတိုင်ချင်ပါဘူး “ဖြစ်နိုင်မယ်ဆိုရင်”ဆိုတဲ့အတိုင်းတာတစ်ခုကိုတော့ ငါ  တောင်းတနေမိတာအမှန်ပါ…..။ ယုံကြည်ချင်းကိုလက်ခံမိသူငါ့အတွက်တော့ နင်ဟာငါ့အတွက်…………… ကာရန်မဲ့ကဗျာတစ်ပုဒ်လိုပါပဲ အနားသက်မညီတဲ့အလွမ်းတွေကို ငါ့နှလုံးသားတစ်နေရာမှာ တိတ်ဆိတ်ခြင်းတွေနဲ့အဖော်ပြုနေရပြီ….။ “အကယ်၍”သာဆိုတဲ့တောင်းတသံကို နင်………..ကြားခဲ့ရမယ်ဆိုရင်………။              ။   ဇွဲမာန်(အင်းဝ)


အလွမ်းသမားရဲ့စောင်းကြိုးခက်သံ ………………… ကောင်မလေးရယ်…… မထင်မှတ်ဘဲတွေ့ဆုံမှုက ခွဲခွာမှုရဲ့အဆုံးသက်မှာ လွမ်းတေးတွေသီဆိုခဲ့မယ်ဆိုတာ သိခဲရင်……….. ကောင်မလေးရယ်… တိတ်ဆိတ်တဲ့ချစ်ခြင်းတွေက ခိုင်မြဲတဲ့သံယောဇဉ်အမျှင်စတွေအဖြစ် ဝတ်ရည်ဖွဲ့နေခဲ့တယ်ဆိုတာ သိခဲ့ရင်………….. ကောင်မလေးရယ်…….. တွေ့ဆုံမှု့တွေက အမှတ်တမဲ့ဆိုပေမဲ့ ‘အမှတ်တရ’ဖြစ်သွားခဲ့မယ်ဆိုတာ သိခဲ့ရင်……….. ခုတော့…………. ကာရံမညီတဲ့တေးသွားတွေနဲ့ ကွဲအက်နေသောဒဏ်ချက်တစ်ခုကို ငါဘယ်လိုဖြေသိမ့်ပေးရမလဲ………။


ချစ်ခြင်းရဲ့နောက်ကွယ်မှာ ………………………….. ရစ်နှောင်ဖွဲ့အခိုးငွေ့တွေက ငါ့ကိုများဆက်သွယ်နေသလားမသိ ဟန်မူယာအသွင်အပြင်တွေရဲ့ လောင်းရိပ်အောက်ကနေထွက်ခါဖို့ ငါ့ကိုငါမဝံ့မရဲဖြစ်နေခဲ့ရပြီ…။ စူရှတဲ့မျက်ဝန်းတစ်စုံက ချည်နှောင်ခြင်းသံယောဇဉ်အမျှင်စတွေနဲ့ ငါ့နှလုံးသားကိုရစ်နှောင်ဖွဲ့နေခဲ့ပြီပေါ့…။ ဖြစ်နိုင်မယ်ဆိုရင်…………. ရုန်းထွက်ဖို့ခက်ခဲနေတဲ့ ရစ်နှောင်ဖွဲ့သံယောဇဉ်အမျှင်စတွေကို ငါကိုယ်တိုင်တည်ဆောက်ချင်ပါသေးတယ် ခုတော့……………….. အနားသက်မညီတဲ့မော်ကွန်းတွေကြောင့် မတူညီသောလမ်းကြောင်းပေါ်ရဲ့ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာရပ်ကြရင်း………………..။                                ။ ဇွဲမာန်(အင်းဝ)


နွေ ……………. ဖြေးညင်းစွာတိုက်ခက်လာသော လေပြေကလေးကြောင့် ဝါကြင်ကြင်အရောင်သန်းနေတဲ့ သစ်ရွက်ကလေးကြွေလွင့်သွားခဲ့ သာယာညိမ့်ညောင်းတဲ့ ဥဩငှက်တို့ရဲ့အော်မြည်သံ လွမ်းမောစရာအဖြစ်ထင်ကျန်ရစ်စေခဲ့၊ ပူပြင်းနေသောနေမင်းရဲ့စွမ်းအင်တွေကြောင့် ခြောက်သွေ့သောသစ်ရွက်တို့ရဲ့ ရယ်မောသံတွေကြားနေရပြန်ပြီ ဪ……….နွေ…ဆိုတာ ရွဲနစ်နေတဲ့ချွေးတွေနဲ့အတူ လွမ်းမောစရာကဗျာတစ်ပုဒ်အဖြစ် ကျန်ရစ်စေခဲ့ပါလား……………..။   ဇွဲမာန်(အင်းဝ)


“လာခဲ့ပါတော့……လေပြေရယ်”   …………………………………….. ပူလောင်တဲ့နွေရဲ့ပုံဖော်မှု ခြောက်သွေ့သောရွက်ဟောင်းတွေကြားမှာ နုညံ့တဲ့ရွက်သစ်တွေက တောင်းဆိုမှုတစ်ခုပြုလုပ်ဖို့ စည်းရုံးမှုတွေပြုလုပ်နေခဲ့ပြီ…။ မကြာခင်ကြွေလွင့်ရမည့် ရွက်ဟောင်းတို့ရဲ့စီးချင်းသံကလည်း တားဆီးမှုအသံတွေအပြည့်ပါလေရဲ့…။ မကြာခင်ကျရောက်မည့်………. ဆန့်ကျင်ဘက်စီးချင်းတို့ရဲ့အဓိကတိုက်ပွဲက ပွဲကြည့်သူပရိတ်သက်ရဲ့နှလုံးသားကို ဖမ်းယူညို့စားစေနိုင်ခဲ့ပြီ…။ အဆုံးသက်နိုင်ပွဲရဲ့ရလဒ်က ဘယ်သူများဖြစ်နေမလဲ… (သို့မဟုတ်) နုညံ့တဲ့ရွက်သစ်တို့ရဲ့တောင်းဆိုမှု ကြမ်းတမ်းခြင်းကင်းမဲ့စွာ လေပြေကလေးများရောက်လေမလား ကြွေလွင့်ခြင်းရွက်ဟောင်းတို့ရဲ့တားဆီမှုအဖြစ် စီးချင်းသံတွေကကျယ်လောင်နေမလား ရင်တထိတ်တထိတ်နားထောင်ခဲ့ရတဲ့ ပွဲကြည့်ပရိတ်သက်တို့ရဲ့နှလုံးသား ခုတော့……………………. အေးချမ်းခြင်းနဲ့အနားယူခဲ့ရပြီ..။ နုညံ့တဲ့သစ်ရွက်ကလေးတို့တောင်းဆိုမှုအဖြစ် လေပြေကလေးကညင်သာစွာ တိုက်ခက်နေပြီလေ…..။   (အမေစုကိုဂုဏ်ပြုလျှက်)  


သူရဲကောင်းတို့ရေးဆွဲသောနေ့ရက်များ ……………………………………………. နာရီရဲ့စီးချက်တွေကတဂျက်ဂျက်နဲ့ ပိုင်ရှင်မဲ့တီးချက်အလား လောကကြီးကိုတနည်းတဖုံစိုပြေစေဖို့ ခံစားချက်တီးလုံးပမာတီးခက်နေလေရဲ့ အလားတူခံစားချက်တွေက ဘက်ပြိုင်လောကရဲ့တစိတ်တဒေသ ပြည်မြန်မာအလှတရားတွေကို ကိုပိုင်”လွတ်လပ်ခြင်း”အဖြစ်ထုဆစ်စေဖို့ သမိုင်းရဲ့မိခင်တစ်ယောက်၏အားထုတ်မှု့က “ကမ္ဘာမြေကိုတုန်လှုပ်စေနိုင်ခဲ့တယ်” “ပြည်မြန်မာကိုပြောင်းလဲစေနိုင်ခဲ့တယ်” “ကမ္ဘာမှာမြန်မာလို့ဝင့်ကြွားစေနိုင်ခဲ့တယ်” ရဲစွမ်းသတ္တိအားထုတ်မှုက……………. အံ့မခမ်းတုန်လှုပ်စေနိုင်ပြီး ရာဇဝင်သမိုင်းမှာနေ့ပေါင်းများစွာရေးထိုးနိုင်ခဲ့ပြီ…။ အဲဒီနေ့တွေက………………………… ………………………………………….. ……………………………………………။           ။   လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ


ညီမလေးအတွက်………. နှလုံးသားကပြောသောစကားလေးများ(5) …………………………………………..   ညီမလေးရေ……. တခါတလေကြရင်မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားမပြောချင်တော့ဘူးဖြစ်နေတက်တယ်..။ တခါတလေကြရင်အဲဒီလိုနေရတာ အထီးကျန်တယ်လို့ထင်နေမိပြန်တယ်။ ဒါဟာလူ့ဘဝလို့ပြောရပေမဲ့ အဲဒီလူ့ဘဝကြီးကိုကြောက်နေမိပြီညီမလေး…။ လူတွေဟာ မလိုတစ်မျိုး လိုတစ်မျိုးပါပဲ။ အမြဲလိုုလိုအလစ်ချောင်းနေကြတဲ့သူတွေချည်းပါပဲလားလို့အောက် မေ့မိပါတယ်ညီမလေးရယ်။ ခုအကိုပြောပြနေတာတွေဟာညီမလေးလဲအဲဒီလိုကြုံတွေ့လာရင် ခံနိုင်ရည်ရှိအောင်လို့ပြောပြနေတာပါ။ အကိုကတော့တနေ့တနေ့ဆိုသလိုပါပဲတွေ့နေရတာ စိတ်ပျက်မိတာအမှန်ဖြစ်ပေမဲ့မတော်လှန်ရဲဘူးညီမလေးရယ်။  ဘာလိုလဲဆိုတော့ သဘာဝကိုဆန့်ကျင်ရင်ကိုယ်ပဲနစ်နာမှာမို့လို့ပါ။ ဒါကြောင့် ကြုံတွေ့ လာတဲ့လောကဓံလှိုင်းကိုရင်ဆိုင်ပြီးသီးခံနေယုံပါပဲ။ ဒါပေမဲ့…..အရှုံးပေးတာတော့မဟုတ်ဘူးနော်။ လူတစ်ယောက်ဟာလမ်းမှာကျနေတဲ့ တစ်ထောင်တန်ကိုမကောက်ပဲကျော်လွန်ခြင်းဟာရှေ့မှာတွေ့နေတဲ့ ငါးထောင်တန်ကိုကောက်ခြင်လို့ဆိုတာမှတ်သားထားပေးနော်….။   လောကဓံကိုရင်ဆိုင်နိုင်ပါစေ…….။     မေတ္တာဖြင့် …………… ကိုကို         ညီမလေးရေ…… `ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်`ဆိုတဲ့စကားပုံကို ညီမလေးကြားဖူးမှာပေါ့။  အဲဒီစကားပုံဟာ ဘာရည်ရွယ်တာလဲ ဆိုရင် ကိုယ့်အတွက်ကြောင့် ဆရာ မိဘ ဆွေမျိုး ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းသင်း မထိခိုက်စေနဲ့လို့ပြောတာပါ။ ကိုယ်က […]


ညီမလေးအတွက်………. နှလုံးသားကပြောသောစကားလေးများ(4) …………………………………………..   ညီမလေးရေ……….. အကိုတို့မောင်နှမတွေဟာအမြဲတမ်းလည်းဆုံဆည်းရမှာမဟုတ်သလို၊ အမြဲတမ်းလည်းခွဲနေရလိမ့်မယ်လို့အကိုမထင်ဘူး။ ဒါပေမဲ့… ဆုံးဆည်းတဲ့အခိုက်တန့်လေးမှာပျော်ပျော်ရွှင်ရွှင်လေးနေကြတာပေါ့ညီမလေး။ တကယ်တော့ တို့မောင်နှမတတွေဟာ ဘယ်ဘဝကရေစက်ပါခဲ့လို့ ဒီလူ့ဘဝကြီးထဲမှာဆုံခဲရတာမသိဘူးနော်။ ကံကြမ္မာကဆန်းကြယ်သလို၊ ဘဝကလည်းဆန်းကြယ်တယ်နော်။ လူဆိုတဲ့အသွင်သာတူပြီး အသွင်ပြင်အားလုံးကွဲပြားနေတယ်နော်။ ဒါပေမဲ့ ညီမလေး အကိုကျေနပ်ပါတယ်။ညီမလေးလည်းကျေနပ်မိမယ်လို့ထင်ပါတယ်။ ခုလိုချစ်ချစ်ခင်ခင်ရှိကြတာကိုပျော်စရာတစ်ခုပေါ့။ နေ့တွေ နေ့တွေမှာမနက်ခင်း(မွေးဖွားခြင်း)အစ ခွဲခွာခြင်းအဆုံးတွေရှိကြတယ်လို့သတ်မှတ်ထားပေးနော်။ နောင်တချိန်မှာညီမလေးအချစ်ဆုံးလူနဲ့ခွဲရတဲအခါမထိခိုက်စေဖို့ပေါ့။     ညီမလေးလောကနိယာမကိုနားလည်နိုင်ပါစေ….။     မေတ္တာဖြင့် …………… ကိုကို       ညီမလေးရေ……… `ဘဝဆိုတာ တိုက်ပွဲ´တဲ့ ငယ်ငယ်လေးကတည်းကတိုက်လာတဲ့ဒီတိုက်ပွဲ ယ္ခုအချိန်ထိပါပဲနော်။ ငယ်ငယ်ကတိုက်လာတဲ့ တိုက်ပွဲကိုကျော်လာခဲ့ပြီးမှ အလယ်လောက်ရောက်နေတဲ့ဒီတိုက်ပွဲမှာကျရှုံးနေမယ်ဆိုရင် အရှုံးပေးရာဖြစ်နေမယ်။ ဘယ်တော့မှဘဝကိုအရှုံးမပေးရဘူးဘဝမှာ လည်းကျရင်ပြန်ထနိုင်ရမယ်တဲ့၊ လဲကျပြီးပြန်မထတဲ့သူသည်သာရှက်စရာပဲတဲ့။ ဘယ်လိုပဲပြန်ထပြန်ထပြန်ထဖို့ပါပဲ..။ လဲကျပြီးပြန်မထတဲ့သူသည်ဟာအရာရာကို အရှုံးနဲ ့ပဲရင်ဆိုင်ရတတ်တယ်..ညီမလေး။ ကြိုးစားပါညီမလေးရယ်..မျှော်လင့်ချက်ရောင်နီတွေဟာ ရှေ ့လက်တစ်ကမ်းမှာ […]