ムラカミMarch 3, 20131min27620
ကျနော်တို့ဟာ ကန္တာရထဲမှာ လမ်းပျောက်နေပါတယ် အတိအကျပြောရရင် Reno မြို့ ကိုမရောက်ခင် အိုင် ၃ဝ အကွာမှာပေါ့ အဲ့သည့်ကို လမ်းညွှန်ပေးနိုင်ဖို့ ဖုန်းခေါ်တော့ ဖုန်းနံပ့တ်ရဲ့နောက်ဆုံး ဂဏန်း လေးလုံးဟာ (ဂဏန်းတွေရဲ့ သက်ဆိုင်ရာ စာလုံးဟာ ) F.U.C.K ဖြစ်နေတာကို သတိပြုမိအောင် ပြုမိလိုက်ပါသေးရဲ့ သည်လိုနဲ့ ကျနော်တို့ မြို့ထဲရောက်တော့ လမ်းအမှတ် 69 ကိုလိုက်ရှာပါတယ် အဲ့သည့်ရောက်တော့ ဟောသည့် ဆိုင်းဘုတ်က ကျနော်တို့ကို အဆင်သင့် ဆီးကြိုနေပါတော့တယ်ဗျာ Best Whorehouse in the West ပါတဲ့ သေခြာတာကတော့ သည်နေရာမှာ ကျနော်တို့ ဇာတ်လမ်းလေး တစ်ပုဒ်ကို နားထောင်ရဖို့ရှိတာပါပဲ ဒါဟာ Nevada State မှာ တရားဝင် ဖွင့်လှစ်တဲ့ ဆောင်ကြာမြိုင်ပေါင်း […]


zaw winMarch 3, 20131min621
• သစ္စာမရှိ ကတိမတည် လူ့ရွာတွင် ဘယ်ခါသုံးမရ။ • ရပ်နေသူနဲ့ သွားနေသူ ဘယ်သူပိုသာသလဲ။ • သူများဆီကရဖို့ထက် ကိုယ့်ဆီကမပါဖို့ အရေးကြီးတယ်။ • မတရား မနိုင်ချင်နဲ့ အရှုံးကြီးရှုံးလိမ့်မယ်။ • တိုက်စစ်ဆင်မယ်ဆိုရင် ခံစစ်လုံအောင်ပိတ်ပါ။ • အခက်ခဲဆုံးပြဿနာ အလွယ်ဆုံးမှစ၍ ဖြေရှင်းပါ။ • သူတပါးကို ကဲ့ရဲ့ချင်ရင် ကိုယ့်အလှည့်ပြန်ခံရမှာကို သတိရပါ။ • ပြဿနာဖြစ်လာလျှင် စုပေါင်းဖြေရှင်းပါ။ တကိုယ်ကောင်းဆန်စွာ ရုန်းမထွက်ပါနဲ့။ • ဘာလုပ်လုပ် စေတနာထား၍လုပ်ပါ၊ အောင်မြင်အကျိုးပေးပါလိမ့်မည်။ • သူများဒုက္ခရောက်တော့ဝမ်းသာ ကိုယ်ဒုက္ခရောက်တော့ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ • မိမိအတွင်းစိတ်မှာ သူတပါးအပေါ် မနာလိုဖြစ်နေရင် မိမိဘဝမှာ အခွင့်အရေးတွေ တစတစ ဆုံးရှုံးလာတယ်။ • ကိုယ်က သူတပါးအပေါ် လူ-ငွေ-လုပ်ပိုင်ခွင့် […]


Mလုလင္February 26, 20131min32922
“~~ ဒီနေ့ .. သောကြာနေ့ … သူ့စီ ဖုန်းဆက်ရမယ့်နေ့ … မနက်ဖြန် စနေ နေ့ … ဒန် တန့် တန် … ဒန်တန့်တန် ~~~” “~~~~~ မင်း နဲ့ ဒို့ နဲ့ ချစ်တာ .. တလောက လုံး သိချင် သိစမ်း .. ဒန် တန့်တန် … ဒန်တန့်တန် ~~~~~” ဒီနေ့ ညနေပိုင်း ချစ်သူလေး နဲ့ ချိန်းတွေ့ ပါမယ် … ဖူဆန် ပွဲ ဆိုပြီး လစ်ထွက် လာမယ့် ချစ်သူ လေးရေ …. ကျုပ်ခုရောက်နေပြီ …. ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကြီးများတောင် […]


Mလုလင္February 25, 20131min26818
မေမေ! ဒါ သမီးပြောပြော နေတဲ့ . . ကိုစိုးမိုး ဆိုတာ ပေါ့။ အစ်ကို .. ဒါ ရွှေစင့် မေမေ လေ …      အန်တီက ရွှေစင် နဲ့ တော်တော် ဆင်ပါတယ်။ ရွှေစင် ဆိုတာ ကျွန်တော့ ရဲ့ ချစ်လှစွာသော ဖယောင်းတိုင် လေးပါ။ ဝါဝါဝင်းဝင်း .. အိအိစိုစို .. ရှမ်းတရုတ်မ လေးပေါ့။ သူ့ အမေ ကလဲ သူနဲ့ တပုံစံ တည်းပဲ . . . . ဒါပေမယ့် ဘာကြောင့်မှန်း မသိ . . မျက်နှာထားက တော်တော် တင်းပါတယ်။ သမီးတော် ရဲ့ အဝှာ […]


KyaemonFebruary 23, 201333min1349
  Emailတခုဆီကရပြီး၊ရွာသူရွာသားအတွက် ထပ်မံတိုးချဲ့လိုက်တာပါ၊ ======= ရုရှားနိုင်ငံသား ဓာတ်ပုံဆရာဆရာမ ၉ ဦးပါဝင်တဲ့အဖွဲ့ AirPanoရဲ့လက်ရာတွေပါ၊   ၎င်းအဖွဲ့ကကောင်းကင်ကနေမြင်ကွင်းကျယ် ၃၆ဝ ဒီဂရီ ပတ်ချာလည်/ဝိုင်းဝိုင်းလည်အောင်   ကင်မရာနဲ့ရိုက်ကြတာ၊   မြင်တဲ့အတိုင်း ဓာတ်ပုံတွေဟာ သပ်ပါယ်စရာကောင်းတာပါ၊    တမူထူးခြားပြီးဂုဏ်ကြက်သရေဆောင်ကြတဲ့အပြင်   ခန့်ညားထယ်ဝါလှတာပါ၊            အောက်နားမှာ ကွန်မန့်ကိုကူးထားတာပါ၊                       ဓာတ်ပုံဆရာတွေStanislav Sedov and Dmitriy Moiseenko Photography by Stanislav Sedov and Dmitriy Moiseenko        ရွှေတိဂုံအကြောင်းကိုတော်တော်လေ့လာပြီးမှရေးထားတာ၊ အနည်းငယ်လွဲမှားတာရှိကောင်းရှိနိုင်သော်လည်း၊အများအားဖြင့်အမှန်တွေပါ၊ Shwedagon Pagoda, […]


asiamastersFebruary 21, 20131min1746
(၁၀)တန်းအောင်ပြီးရင် မိမိတို့ရဲ့ သားသမီးတွေကို ဘာလုပ်ခိုင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတဲ့မိဘများ၊ သားသမီးများ မြန်မာနိုင်ငံမှာများစွာရှိပါတယ်။ ၁၉၆ဝ ခုနှစ်တွေလောက်ကစပြီး အမြစ်တွယ်လာတဲ့ ပုံသဏ္ဌန်ကတော့ Professional လိုင်းတွေဆိုရင် ဆရာဝန်အမျိုးမျိုး၊ အင်ဂျင်နီယာအမျိုးမျိုး၊ စစ်ဗိုလ်အမျိုးမျိုး၊ သင်္ဘောသာအမျိုးမျိုးလောက်ပဲ အလုပ်လို့သတ်မှတ်လာကြတာများပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံဟာ Burmese way to socialism လို့ဆိုတဲ့ အယူဝါဒကို စွဲကိုင်ထားတာကတစ်ကြောင်း၊ နိုင်ငံတကာနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာကတစ်ကြောင်း၊ မြန်မာလူမျိးအများစုရဲ့ ဇရိုက်ဖြစ်တဲ့ မြို့လယ်လူစုလူဝေးတွေနဲ့ဝေးရာမှာနေလိုပြီး၊ စောစောစီးစီးအနားလူ့ဘဝမှ အနားယူတတ်တဲ့အကြောင်း၊ လူ့ဘဝမှာ မိမိနဲ့ မိသားစု အေးအေးဆေးဆေးနေရရင်ပြီးရောဆိုတဲ့ အယူအဆ၊ လူသားအားလုံး ဆင်းရဲသူမရှိစေရ၊ ချမ်းသာသူမရှိစေရ၊ ပြည့်တံဆာမရှိစေရဆိုတဲ့အတွေးအခေါ်၊ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ သင်္ဘောသားဖြစ်မှ၊ စစ်ဗိုလ်ဖြစ်မှ ဂုဏ်ရှိတယ်ဆိုတဲ့မိဘတွေရဲ့ အယူအဆတွေပေါ်မူတည်ပြီး ပေါ်ထွက်လာခဲ့တဲ့ လူ့အသိုင်းအဝိုင်းပုံစံတစ်ခုသာဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ လုပ်ငန်းမှန်သမျှကို […]


Mr. MarGaFebruary 19, 20131min32440
ယဉ်ကျေးမှု အမွေ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။ ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတိုင်းကလဲ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ အဲဒီလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားတဲ့အခါမှာ (Wikipedia အရ) သုံးမျိုးခွဲလို့ ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် (ဘုရားပုထိုး၊ ဂူ၊ ကျောင်းတွေ၊ ဝတ်စားဆင်ယင်မှုပုံစံ စတာတွေပေါ့) စိတ်ပိုင်းဆိုင်ရာ အမွေအနှစ် (စာပေ၊ ဂီတ စတဲ့ အနုပညာတွေ၊ နေ့စဉ်ဘဝမှာ သုံးစွဲနေတဲ့ ဘာသာစကား စတာတွေပေါ့) နောက်တစ်ခုက သဘာဝအမွေအနှစ် (သူကတော့ နည်းနည်း ကျယ်ပြန့်လာတယ်၊ ဘေးမဲ့တောတွေ၊ နိုင်ငံအတွင်းက သက်ရှိမျိုးစိတ်တွေ၊ သဘာဝအရ ထူးခြားဆန်းကျယ်တဲ့ နေရာတွေ ပါလာတယ်) ဆိုပြီးတော့ပါ။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းရာမှာလဲ […]


ဇီဇီFebruary 15, 20132min51177
ပွေ့ဖက်ခြင်းနဲ့ ပတ်သက်လို့ပြောမယ်ဆိုရင်တော့ အနည်းငယ် ငြင်းဆိုဖွယ် အကြောင်းအရာများ ရှိတတ်ပါရဲ့။ အရင်ကတော့ လူကြီးသူမများ ပြောလေ့ရှိတတ်တာ မောင်နှမချင်းကို ပူးပူးကပ်ကပ်မနေရ၊ ဆိတ်ကွယ်ရာ မနေရ စသည်ဖြင့်ပေါ့လေ။ အသက်ငယ်တုန်းကလည်း ဆိုလိုရင်း ကို နားမလည်၊ (ဟီးဟီး) ခု နားလည်တော့လည်း လက်မခံနိုင်။ ကိုယ့် အဖိုးအထိ ဒီလို အယူအဆပါလာမို့ မောင်နှမတွေက အဖိုးကို ပြန်မပြောရင်သာ နေမယ်။ အင်မတန် တပူးတွဲတွဲနေတာကလား။ အဖြစ်က ဒီလိုလေ။ အဖိုးတို့ဘက်က ဗုဒ္ဓဘာသာကိုးကွယ်သော မျိုးရိုးဖြစ်ပြီး အင်မတန်ရှေးရိုးဆန်သော၊ ဘောင်ထဲမှ အမှားမခံသော၊ လူများဖြစ်ပြီး အဖွားတို့ဘက်က ခရစ်ယာန် ဘာသာကိုးကွယ်သူ မျိုးရိုးပါ။ အင်မတန်ဆိုရှယ်ကျသော၊ လွတ်လပ်သော အတွေးအခေါ်ရှိတဲ့ သူတွေပါ။ သူတို့နှစ်ယောက် မျက်စိလည်လမ်းမှား ဖူးစာပါခဲ့တော့ ကိုယ်တို့ အမေတွေ အဒေါ်တွေက […]


Mr. MarGaFebruary 14, 20133min42220
အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ   သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ် ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။ အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။ သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ် ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။ စိတ်ဝင်စားတာနဲ့ပဲ […]


kpFebruary 10, 20131min610
စီးပွား/ကူးသန်းအငှားယာဉ်လုပ်ငန်းမှ အငှားယာဉ်များကို ရောင်းချပေးရာတွင် အငှားယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့မရောက်ရှိဘဲ အလုပ်လက်မဲ့ဘဝရောက်ရှိမည့် ယာဉ်မောင်း (၁၂)ဦး ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၂၈)နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ (၁၀) ကော်လံ (၀၂) ပါ ရန်ကုန် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စီးပွား/ကူးသန်းအငှားလုပ်ငန်းမှ အငှားယာဉ်များကို မကြာမီရောင်းချပေးမည် ဆိုသည့်သတင်းနှင့် ၎င်းနောက်ဆက်တွဲတွင် အလုပ်လက်မဲ့ဘဝသို့ရောက်ရှိတော့မည့် ယာဉ်မောင်းများ အကြောင်းကို အောက်ပါအတိုင်းဖတ်နိုင်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (အငှားယာဉ်လုပ်ငန်း) မှအငှားယာဉ်မောင်းများအားမိမိတို့ မောင်းနှင်သော အငှားယာဉ်(taxi) များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယာဉ်မောင်းများဖွဲ့စည်းထားသော သာရေးနာရေး ကော်မတီ အဖွဲ့ဝင် များကိုပြောကြားသည်။ (၂၁-၄-၂၀၁၂) မှစပြီး ဌာနနှင့်အငှားယာဉ်မောင်းများကြား မပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံတော်သမ္မတကြီးက အငှားယာဉ်မောင်းများသည်လည်း ပြည်သူထဲက ပြည်သူတွေဖြစ်သည့်အတွက် ယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့ရောက်ရှိပြီးအားလုံးအဆင်ပြေစေရန် […]


Mr. MarGaJanuary 29, 20131min25327
နှစ်ကျ ဖြစ်ရတဲ့ အတွေ့အကြုံများ မန်းလေးဂဇက်က ရွာသူားအားလုံး မင်္ဂလာပါ ကျွန်တော်ကတော့ ဒီရွာထဲက သိကြားမင်း ဦးမာဃရဲ့ သားတော်မောင်ပါဗျ အဟိ ဒီနေ့ ဘိုးတော်က သူ့အကောင့်ကို မပိတ်ပဲ ထွက်သွားလို့ ခပ်တည်တည် အခွင့်အရေးရတုန်း ဝင် ပွားတာပါဗျာ ကျွန်တော့်ကိုတော့ နည်းနည်း သိကြမယ် ထင်တာပဲ လွန်ခဲ့တဲ့ နှစ်လလောက်က ဖခမည်းတော်ကြီး ရှက်လွန်းလို့ပါ ဆိုပြီးတော့ ရွာထဲမှာ ဖွ သွားတဲ့ သားတော်မောင်ပါ။ မသိသေးရင် ဒီမှာ ဖတ်ကြည့်ကြပါဗျ တော်သေးတာပေါ့နော် ရှက်လွန်လွန်းလို့သာ မရှက်ရင် တိုင်းသိပြည်သိတောင် ဖြစ်သွားမလား မသိဘူး အဲဒီတုန်းက ကျွန်တော်လဲ အတော် ခေါင်းကျိမ်းသွားတယ်။ တစ်ပတ်လောက် အဆူခံလိုက်ရတာ။ ခင်ဗျားတို့ မသိလို့ဗျ သူက ဆူရင် အခန်းဆက်နဲ့ဆူတာ (မရှိတုန်း […]


Mr. MarGaJanuary 25, 20131min35033
ပြင်ဖို့တော့ ကောင်းနေပြီ   ဟိုတစ်ရက်ကပေါ့ဗျာ ဦးမာဃ လူ့ပြည်မှာ လုပ်စရာရှိတာလေးတွေ လုပ်ရင်းနဲ့ လမ်းကြုံလို့ ဘုရားကြီးကို ရောက်သွားတယ်။ ဟုတ်ပါတယ် မန်းလေးက မဟာမြတ်မုနိပါ။ မရောက်တာလဲ နည်းနည်းကြာလို့ နောက်ပြီးတော့ တာဝန်အရ လိုတာလေးတွေလဲ ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုပြီးတော့ ဝင်သွားတာ။ လမ်းကလဲ ကြုံနေတာကိုး ဘုရားရောက်တယ်ဆိုတော့လဲ အများစုလို ပန်းလေး ရေချမ်းလေးကပ် ပုတီးလေးစိပ် ပေါ့လေ။ ပြောသာပြောတာ သိကြားမင်းဆိုတော့ အဲဒါတွေ လုပ်တယ်ဆိုတာ ခပ်ရှားရှားရယ်။ ဒီအတိုင်း ဘုရားဝတ်ပြု လေ့လာကြည့်ရှု စစ်ဆေးပြီး ပြန်တာပါပဲ။ ပန်းရေချမ်းတွေတော့ ကပ်လေ့ကပ်ထ မရှိဘူးရယ်။ ဦးမာဃကသာ မကပ်တာလေ ကျန်တဲ့ ဘုရားဖူးတွေက ကပ်ကြတော့ ဘုရား အာရုံခံတန်ဆောင်း မရောက်ခင်၊ ကားဆိုင်ကယ် အပ်တဲ့နေရာတွေကစပြီးတော့ ပန်းသည်တွေ၊ တခြား […]