ムラカミMay 4, 20122min29519
                          စာရေးပျင်းနေလို့ပါဗျာ … နောက်များမှ စာများများရေးတင်ပါဦးမည်.. (ဂယ်က ပုံတင်ရတာနဲ့တင် ခြေကုန်လက်ပမ်းကျသွားလို့…)   တော်သေးဘီ   ခင်တဲ့ ဂီ  


PareByokeMay 4, 201219min800
ရွာသားများ ရှုစားခံစားနိုင်ဘို့ နိုင်ငံတကာ က တံဆိပ်ခေါင်းများကို ဆက်လက်ပြီး တင်ဆက်လိုက်တာပါ၊ MICRONESIA   ရောင်စုံချည်မျဉ်တွေနဲ့ထိုးပြီး လက်မှုပညာကို ဖော်ထုတ်တဲ့ နဂါးပန်းချီ တံဆိပ်ခေါင်းဟာ တမူထူးခြားတာ၊ Lunar New Year stamps : Micronesia LUNAR NEW YEAR OF THE DRAGON EMBROIDERED STAMP 1v: $8.00 stamps Year of the Dragon stamps : Micronesia YEAR OF DRAGON S/S stamps NEVIS Year of the Dragon stamps : Nevis YEAR OF DRAGON […]


PareByokeApril 29, 201236min1272
    နိုင်ငံအသီးသီးက နဂါးနှစ် အတွက် ပုံနှိပ် ထုတ်ဝေ တဲ့ တံဆိပ်ခေါင်းတွေကိုဆက်လက်ပြီး ရှာဖွေတင်ပြတာပါ၊   ဒီဆိုင် ပုံစံ အမျိုးမျိုး၊  ရောင်စုံအမျိုးမျိုး နဲ့ လှပခန့်ညား ရှုမငြီး နိုင်ပါပေတယ်၊ ကလေး လူကြီးမ ရွေး ပညာဗဟုသုတ တိုးနိုင်ပြီး  တံဆိပ်ခေါင်း စုတဲ့ ဝါသနာအိုးများအတွက်လဲ လင့်ခ link နေရာ ပါဖော်ပြထားတယ်        Bhutan  Bhutan 2012 China New Year of the Dragon S/S Zodiac Animal | eBay          Postcards of UNESCO […]


winterkoeApril 24, 20121min31824
စင်္ကာပူတွင် နေထိုင်သော မြန်မာအလွန်ဆန်လှသူ မြန်မာအမျိုးသမီးချောလေးတဦးမှ အဝတ်အစားဝတ်ဆင်မှုနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မြန်မာအမျိုးသမီးများအား မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြရန် ဆုံးမထားပါတယ်။ သူမလေးအနေနဲ့ မယဉ်ကျေးဘူးလို့ယူဆထားတဲ့ မြန်မာအမျိုးသမီးတွေကို အခုချိန်ကစပြီး ယဉ်ယဉ်ကျေးကျေးဝတ်ဖို့ဆုံးမထားတဲ့ Youtube က  ဆုံးမဩဝါဒဗီဒီယိုမိန့်ခွန်းကို တုံ့ပြန်ထားတဲ့ Video Clip တခုထွက်လာအပြီးမှာ အခြေအနေမကောင်းလို့ သူမလေးအနေနဲ့ သူမရဲ့မူရင်းဗီဒီယိုကိုပြန်ဖျက်လိုက်အပြီးမှာ အဲဒါကိုပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးပါ။ အပျင်းပြေကြည့်ရှုနိုင်ပါတယ်။ (သူမလေးရဲ့မူရင်းဗီဒီယိုကတော ပိုင်ရှင်ဖြစ်တဲ့သူမလေးက ဖျက်လိုက်တယ်လို့ဆိုပါတယ်) http://www.youtube.com/watch?feature=player_embedded&v=4ymeJwFIfGY   ဖြစ်ချင်တော့ မိန်းကလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုလေးမှာ စင်္ကာပူက Sentosa Beach ကိုရောက်နေတဲ့ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှုလေးလဲပါပါတယ်။ မိန်းကလေးက အင်္ဂလိပ်လိုတွေပြောထားပါသေးတယ်။ အဲဒီအပိုင်းကတော့ Climax ပါပဲ။ ကြည့်လိုက်ရင်ရှင်းသွားမှာပါ။ အဲဒီ Response Video Clip ထွက်လာအပြီးမှာ မိန်းကလေးရဲ့ မူရင်းဆုံးမစာရော၊ Youtube Account,  […]


ဘောင်ခတ်ကြည့်မှန် စက်ဝိုင်း (သို့) လေးထောင့်နှစ်ခု ဆက်ထားခြင်း တစ်လွှာခြားစေတဲ့ ကြားခံပစ္စည်း ဆုံချက်မှန်စေမည့် အမှန်တရားဘက်တော်သား မှန်ဘီလူးတစ်စုံ အထူ၊အပါး ဆိုဒ်ပေါင်းစုံး သုံးနိုင် အရောင်အဆင်းကလည်း အမျိုးမျိုးရှိ ကာလာမပါတာကတော့ လူကြိုက်များ လူ့စိတ်မျက်လုံး ဖုံးဝှက်ထားဖို့အတွက် အမည်းရောင် နေကာကိုသုံး အသင့်တော်ဆုံး အရာသာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


“လူတွေကကွာ… အေးအေးကို မနေနိုင်ကြဘူး ငါတို့ အလုပ်မလုပ်တာဘဲ အပြစ်တင်နေကြတယ်” ညမီးရောင်အောက်မှာ အသက်ဝင်နေတဲ့ လက်ဘက်ရည်ဆိုင်ရှိ စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာတာပါ။ ထိုစကားကို စတင်ပြောသူကတော့ မောင်မျိုး။ သူ့စကားကို ဘေးမှာ ထိုင်နေတဲ့ လေးယောက်အနက် သုံးယောက်ကတော့ အသီးသီး ခေါင်းညိတ်ထောက်ခံကြတယ်။ မညိတ်ခံနိုင်ရိုးလား။ အဲ့ဒီ ခေါင်းညိတ်နေတဲ့ သုံးယောက်က ပုလင်းတူဘူးဆို့ ဘဝတူ ၁၀၉\၁၁ဝ တွေပဲဟာ။ ဒီတော့ ခေါင်းညိတ်ထောက်ခံကြတာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့ အုပ်စုထဲမှာ ခေါင်းမညိတ်ဘဲ ကျန်တာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ နေမင်း ခေါင်းမညိတ်တာကို ကျန်တဲ့လေးယောက်စလုံးက သိပ်မကြည်ကြဘူး။ အာလုံးရဲ့စိတ်ထဲမှာတော့ နေမင်းကို သစ္စာဖောက်လို့ ဝိုင်းပြောနေမလားပဲ။ အဲ့ဒါကို နေမင်းက မသိတာမဟုတ် သိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို […]


ရွှေရည်စိမ် ပဉ္စလက်လှည့်ကွက်ထဲ အစစ်ဆိုပြီး တပ်မက်ခဲ့သူပါ… နိဂုံးမှာ ခါးသက်သက်လေး လမ်းခွဲတော့ ရင်ဘတ်မှာ ပျားတုပ်တာထက် ပိုနာတယ်… မင်းရဲ့ မာယာအသွယ်သွယ်အောက် ပုရိသ…ငါ ကုတ္တိလိင်လက်နက်ကြောင့် ခြုံခိုတိုက်ခိုက်သမျှ လည်စင်းခံရတယ်…. ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ နဖူးတွေ့ ဒူးတွေ့ ငါမယူတော့ဘူး ငြင်းပယ် ဒါပေမဲ့…..မလွဲရှောင်သာ အဖြစ် တရွေ့ရွေ့တက်လာတဲ့ ခံစားချက်က ဒဏ်ရာ ဖြစ်တည်မှု ဝေဒနာက အနာပွား အဟောင်းထပ် အသစ်ဘွဲ့ ကင်ပွန်းတပ်ဓားဆိုး ရင်ဘတ်ကို လက်သရမ်း ဝင်မွှေသောအခါ ပွင့်ထွက်လာတဲ့ နှလုံးအိမ်က မြေဇာပင် ပိုင်းစပြတ်လွင့်စင် အနားပဲ့ အသားစ ဟတ်တပ်ကွဲလို့ မတ်ရတ်လဲခဲ့တာ…ငါ ဟေး……..လောကကြီး ခင်ဗျား ပြုံးဖြီးဖြီး ရွဲ့ကြည့်မနေပါနဲ့… အချိန်မှန်ညရဲ့ ငြီးတွားသံရှည်ကို ခင်ဗျား….ကျောက်ချနားချိန်၌ ဥဩဆွဲသံရှည်အောက် သင်္ဘောနစ်သံ ကြားရမယ်…..။ ။


အဆိပ်ခတ်လို့ အသက်ပိုပြင်းတဲ့ ငါ့အချစ် ၃၁ဘုံရှည်လျား သံသရာခေါ်တဲ့အသံ နားစည်ဝထင်ရှား သူဖန်ဆင်းပေးခဲ့တယ်…. အချစ်ဦး၊ ပန်း၊ ကြယ်၊ ဒိုင်ယာရီ၊ ဆုံရပ် လမ်းသွယ်၊ ဥယျာဉ်၊ ပန်းခြံ၊ သံသယ ခွဲခွာ၊ အလွမ်း၊ မျက်ရည်၊ အရှုံး စသည်ဖြင့်…. နှုတ်တိုက်ရွတ်ဖတ် စာအံနေမိတဲ့ကျောင်းသား စုပ်တသပ်သပ် ဖုတ်သွင်းတဲ့အသက်နဲ့ လူမှုရေးဆိုပြီး အသက်မဲ့ ဆက်ဆံခြင်းတွေ ပတ်ဝန်းကျင်၌ မဲ့ရွဲ့ပြတဲ့ တီးတိုးဝေဖန်သံတွေ ရွှေရည်မတူလို့ ပယ်ချလိုက်တဲ့ ငါ့ခံစားချက်တွေ သူဌေးဖြစ် တွက်ချက်ပြတဲ့ နင့်သီအိုရီတွေ ဘာ…..တွေ…ညာတွေ…“—-” တွေပေါင်းများစွာ “ငါ” + “သူ” = ပြဿဒါးဆိုပြီး နင်စွပ်စွဲ ယတိပြတ် သူဖြတ်တောက်ခဲ့တော့….. အထီးကျန်ရက်တွေထဲ……….ငါ့အလွမ်း ည…..ညဆို ထမင်းလုံး တစ္ဆေခြောက်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်)


nigimi77April 18, 20121min67955
        ကံကောင်း ထောက်မစွာ ကျွန်တော် မသေခဲ့သဖြင့် သည် စာ ကို ယခု ရေးနိုင်သည် ။ ရန်ကုန်မှ လာသည့် ကျွန်တော်၏ ဝန်ထမ်းများလည်း ထိုအချိန်က ဘာမှ မတတ်နိုင်ခဲ့ပါ ။ ကျွန်တော်အား ဝိုင်းဝန်းရိုက်နှက်နေသည်ကို အံကြိတ်ပြီး ရပ်ကြည့်နေခဲ့ရသည် ။ ဒီဒေသရဲ  ့ ဓလေ့ ဆိုတာကြီးကို သိရှိထားသော  အဖွဲ  ့ဝင် တစ်ယောက်က  မည်သူကိုမှ ဝင် မကူညီရန် တားခဲ့သည် ။ ထိုသူကို ကျွန်တော် ကျေးဇူးတင်သည် ။ ကျွန်တော့်ကို ဝိုင်းရိုက်လို ့ သေရင် ကျွန်တော် တယောက်ထဲ သေမည် ဖြစ်သည်။ ကျွန်တော့်ကို ဝင်ကူညီလျင်  ထိုသူအားလုံး […]


nigimi77April 18, 20121min16815
နှစ်ဆန်း  ၁ ရက်နေ ့   မင်္ဂလာရှိသော  အခါသမယ ဖြစ်သည်။  ဒီနေ ့ မနက်ခင်း စောစောထပြီး ဘုရားဖူးကြဖို ့ တိုင်ပင်ထားခဲ့သည် ။  သွားခါနီးမှ  မေလ်းပို  ့စရာ ကိစ္စ တခု ပေါ်လာသောကြောင့် အဖွဲ  ့အား အရင်သွားနှင့်ရန်ပြောပြီး  လုပ်စရာရှိသည်ကို ဆက်လုပ်နေခဲ့သည် ။ မိနစ် ၃ဝ လောက် အကြာမှာ အားလုံးပြီးစီးသွားတာကြောင့်  အဖွဲ ့အား ဖုန်းခေါ်လိုက်သော အခါ ဘုရားဖူး ကားတန်းမှာ များပြားလွန်းလှ သဖြင့်  ကျွန်တော်တို ့ အဖွဲ  ့၏ ကားမှာ  Camp သို ့ ပြန်လာ မခေါ်နိုင်သောကြောင့် ရွာလမ်းမ အတိုင်း လမ်းလျှောက်ပြီး ကားရပ်ထားရာ […]

CPI-2011-Map-600x424.jpg

winterkoeApril 18, 20123min33670
မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။ မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။ အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။ နိုင်ငံပေါင်း […]


စာမျက်နှာထက်မှာ ခံစားချက် ပေါက်ကွဲကဗျာတစ်ပုဒ် ခင်ဗျား…တောကြိုက်ပဲ ရေးနေတုန်းပဲလား။ ထွင်လော့…ကဗျာ ခုထွင်လော့…ကဗျာ ခုချက်ချင်းထွင်လော့…ကဗျာ ကျွန်တော် အသစ်တွေ မျှော်နေရတာကြာပြီ။ (ဖြစ်+ပျက်)နမိတ်ပုံများ (ရှိ+မဲ့)အသံများ (ပညတ်+ပရမတ်)ပါဒများ (ပျောက်+ထင်ရှား)သင်္ကေတများ (စောင့်ထိန်း+ဖောက်ဖျက်)စည်းဘောင်များ (ရိုး+ဆန်း)စကားလုံးများ (မှန်+မှား)ဝါကျများ (သွင်း+ထုတ်)ပုဒ်ဖြတ်များ တစ်ခုခုတော့ ခင်ဗျား…လှုပ်လိုက်ပါ။ ဤနိုင်ငံ ကဗျာစက်ရုံမှ မွဲပြာပုဆိုးတွေ ရိုးအီနေလို့… ပါကင်လှတဲ့ ကဗျာအသစ်ပဲ မြင်ချင်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်) (လွတ်ထွက်သွားတဲ့ အတွေးတွေမို့ ကဗျာမှာ မာန်ပါသွားနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်) သင်္ချာပုံသေနည်းကို ကဗျာစာသားထည့်ပြီး တချို့ဟာတွေ ထွင်ထားကြောင်း ဝန်ခံအပ်ပါတယ်။