nigimi77February 12, 20121min29610
ဆန္ဒကို လှည့်ဖြားခြင်းဟာ မိုက်မဲရာကြတယ် ။ ဆန္ဒကို ရှောင်လွဲပေးဖို ့အတွက်ကို နည်းလမ်း ရှာဖွေခြင်းဟာ လူသားဆန် လိမ့်မယ် ။ ဘယ်သူတွေက ဆန္ဒကို လှည့်ဖြားအောင်မြင်ခဲ့လို ့ လူ ့အဖွဲ ့အစည်းကို တည်ဆောက်နိုင်ခဲ့ကြသလဲ ။ ဆန္ဒကို မှန်ကန်တဲ့ လူသားဆန်တဲ့ နည်းလမ်း နဲ ့ ရှောင်လွဲပေးခြင်းသာလျင် အောင်မြင်တဲ့ လူ ့ အဖွဲ ့အစည်း ဖြစ်တယ် ။ ================================= ဒီနေ ့ရဲ ့ ဖြစ်စဉ် အမှန်ကို လက်တွေ ့သိဖို ့ကြိုးစားကြည့်ပါ ။ မြန်မာနိုင်ငံရဲ ့ လက်ရှိ အနေအထားမှာ အလွန်ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ လိုင်းကားတွေကို စီးနင်းရင်း အလုပ်အသွားအပြန် လုပ်နေကြတာ […]


nigimi77February 12, 20121min992
မဟုတ်တရုတ် လုပ်ရင် ဝီစီမှုတ်မယ် ဆိုတဲ့ ဗော်လန်တီယာများ ၊ လိင် ခွဲခြားမှု အခွင့်ကောင်း ယူလိုသူ အမျိုးသမီးများ ။ လူ ့သဘာဝ ပါတ်ဝန်းကျင်အား ငြိုးနွမ်း အရုပ်ဆိုးစေသော မယောင်ရာ ဆီလူး လူထင်ပေါ် များ ။ သို ့ …………………… ။ ================================================ သူတောင်းစား အစာဝရင် ………. ဆိုတဲ့ စကားက ရှိခဲ့တယ် ။ ခေတ်ကာလတွေက ပြောင်းခဲ့ပြီ ။ သူတောင်းစား မဟုတ်လည်းပဲ……အစာ မဝခဲ့ရင်လည်းပဲ……. အတွေ ့ အထိကို လွန်ဆန်နိုင်တဲ့ လူသားရှိခဲ့ရင်… ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်လို ့ပဲ ယူဆရမယ် ။ အတွေ ့အထိ ဆိုရာမှာ ……… ၁ […]


PareByokeFebruary 9, 201225min881
       နှစ်သစ်ချိန်ခါ စင်ကာပူမြို့မှာ  နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ “ချင်ဂေး ပွဲတော်” သို့အလည်သွားကြရအောင်           စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လွန်း က Sampan သမ်မန် လှေ ကလေးနဲ့ စီးလာတာ   Chingay Parade 2012 opens in a blaze of glory http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_762703.html The lights dimmed, a gong sounded, and the Chingay Parade 2012 opened with a blaze of torchbearers, fire pots […]


PareByokeFebruary 9, 201226min910
  —————-     နှစ်သစ်ချိန်ခါ စင်ကာပူမြို့မှာနှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပတဲ့ “ချင်ဂေး ပွဲတော်” သို့အလည်သွားကြရအောင်                 “ချင်ဂေး” ပွဲတော် ဟာ ၁၉၀၅ ခုနှစ် တွင် မလေးရှားနိုင်ငံ ပီနန် မြို့မှာ စတင်ကျင်းပ ခဲ့တယ်၊ ကွမ်ရင်မယ်တော် ရဲ့မွေးနေ့အထိမ်းအမှတ် အတွက်ပူဇော်ပွဲ ဖြစ်တယ်၊   ၁၉၆ဝ လောက်မှာဆိုရင် ထိုမြို့မှတဆင့်မလေးရားတနိုင်ငံလုံးသို့ပြန့်နှံ့သွားခဲ့တယ်၊ နောက်ပြီးတော့ တရုပ်နှစ်သစ်ကူး နဲ့ဆက်နွယ်သွားတော့တယ်၊     စင်ကာပူ မှာ ၁၉၇၃ ခု နှစ်က စတင် ကျင်းပ တာ က ၁၉၇၂ ခု ယခင်နှစ်မှာ  မီးလောင် […]


ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကျွန်ုပ် အကြမ်းအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ထိုအရာများမှာ (၁) သူများက သတ်မှတ်ပေးသော ရွေးချယ်မှု (၂) သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်မှု နှင့် (၃) ကိုယ်ကိုယ်တိုင် ရွေးချယ်မှုတို့ပင် ဖြစ်သည်။ ပထမအချက်ဖြစ်သော သူများက သတ်မှတ်ပေးသော ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် ယခုခေတ် လူငယ်များ အများအားဖြင့် အကျုံးဝင်ပေသည်။ အဘယ်ကြောင့်ဆိုသော မိဘများသည် သူတို့၏ သားသမီးများအား အောင်မြင်စေလိုစိတ်ဖြင့် ရွေးချယ်မှုများကို ကြိုတင်သတ်မှတ်ပေးတတ်သည်။ ထိုအခါ လူငယ်များမှာ ကိုယ့်ဝါသနာက ဘာမှန်းမသိ မိဘလမ်းကြောင်းပေးရာကိုသာ လျှောက်ကြရပေတော့သည်။ သာဓကပြရလျှင် ဆယ်တန်းစာမေးပွဲတော် အမှတ်အကောင်းဆုံးဖြင့်အောင်သော ကျောင်းသူကျောင်းသားများအား ဆရာဝန်လိုင်းချည်းဘဲ သွပ်သွင်းစေခြင်းဖြင့်လည်းကောင်း၊ အသင့်အတင့်အမှတ်နဲ့ အောင်သောသူမားများအား နိုင်ငံခြားထွက် အလုပ် လုပ်ခိုင်းစေခြင်းဖြင့်လည်းကောင်း တွေ့နိုင်ပေသည်။ ထို့ကြောင့်ပင် ဆရာဝန်များနဲ့ […]


အလိုက်သင့် ရေမျောကမ်းတင်ဘဝမှာ စုန်ရေ ဆန်ရေလည်း ကြုံခဲ့ဖူးတာပဲ ဒုက္ခိတကျွန်တော် မွေးရာပါ ခြေထောက်မဲ့ ခြေတစ်လှမ်းစလို့ ကမ္ဘာလည်း မပတ်ဖူးပါ… လိပ်ပြာတွေ ပန်းပွင့်ပေါ် အရေခွံပြောင်းသလို အန္တရာယ်ခေါ်သံအောက် လူတွေလည်း အသက်ရှူနည်း ကွာခြားတာချည်း… လူမမည်ဘဝတည်းက နေကွယ်ခဲ့ဖူးသူ လထွက်ဖော်ရတာကိုပဲ အရောင်မှိန်မှာ စိုးရိမ်မိ လောကဓံလား လောကဒဏ်လား မကြာခဏ စာလုံးပေါင်း မှားဖတ်သူ ဖျက်ရာ၊ ပြင်ရာများတဲ့ ဒဿနတွေထဲ ကျွန်တော့် ဦးနှောက်ဆဲလ်လည်း သေရုံမှလွဲ၍ ။ ။ စေပိုင်ထွဋ်(ပုသိမ်) (၂၀၁၂ မတ်လ၊ ပြုံးစရာမဂ္ဂဇင်း ဖူးသစ်ကဗျာမှ)


အွန်လိုင်းမှာ လူတွေကို အကူအညီပေးဖို့ ကျွန်တော် အကောင့်တစ်ခု ဆောက်ထားတာ ကြာပြီ။ အခုထက်ထိ အကောင်အထည် မဖော်ရသေးဘူး။ အင်း..ဒီတော့ ဒီအကောင့်ကို ဖွင့်လိုက်အုံးမှပဲ။ “ဂျောက်………ဂျက်”(ရက်ပ်ပါ အဆိုတော် မဟုတ်ပါ ခလုတ်နှိပ်နေခြင်းသာ) သိပ်မကြာခင်မှာပဲ ကျွန်တော့ အကောင့်နာမည်လေး ပေါ်လာတယ်။ parmoutkhaghuyulaypan (မြန်မာလို=ပါမောက္ခဂုရုလေပန်း) ဆိုသော နာမည်လေးပေါ့။ နဂို အကောင့်မှာ ကြေညာထားလို့ အပ်ထားသူကလည်း မနည်း။ အာလုံးကို လက်ခံပြီး လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ရန် စီစဉ်လိုက်တယ်။ အဲ..အရင်ဆုံး custom message မှာ စာအရင် စတင်အုံးမှပဲ။ ကဲ…ရေးလိုက်ပြီ။ ***(သင် ဘာပြဿနာပဲဖြစ်ဖြစ် ဂုရုလေပန်းနှင့် ဆွေးနွေးလိုက်ပါက မီးထိသောရေလို ငြိမ်းသွားစေရမည်)*** အဟဲ… စာတင်ပြီးတော့လည်း သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ အပူများနေသော လူဘုံ၌ […]


zoeFebruary 7, 20129min1635
(Lantern Festival) Lantern_Festival  မီးပုံးပွဲတော်   ကို  တရုပ် ရှေးဘုရင် လက်ထက် နှစ်ပေါင်း   ၂၀၀ဝ ကျော် မှစတင် ပြီး နှစ်စဉ် တရုပ်  ပြက္ခဒိန် နှစ် ဆန်း ၁၅ရက် မှာ ကျင်းပ ပါတယ် ။   ရှေးအခါက မီးပုန်းချိတ်ဆွဲ ပြီး  လာတ်လာဘ တိုးတက် စေရန် ၊ ကံကောင်း စေရန်  ၊  တိုင်းပြည် အေးချမ်း သာယာ စေရန် အထိမ်းအမှတ်  နဲ့ ကျင်းပပါ  တယ်  ။ မီးပုံးပွဲတော် ကိုထိုင်ဝမ် အမြို့မြို့ အနယ်နယ်မှာ ကျင်းပပါတယ်။ (Taipei Lantern Festival) introduction.html  ်ထိုင်ပေ    ် မီးပုံးပွဲတော်  […]


“မ”ရယ်…. လက်ပူမိတဲ့ ဝေဒနာညည့်ဆိုး ဒဏ်ရာဖြင့် ပဲ့ကြွေအလွမ်းတွေကို ဘယ်ရာသီက ချော့သိပ်ပေးမှာလဲ။ လူတစ်ကိုယ်စာ အငွေ့ပျံမတတ် ပြုစားရက်လွန်းတဲ့…“မ”ရယ် လွမ်းအပူမီး ရင်သို့ထိုးဖောက် အလျှံတငြီးငြီး ထတောက်နိုင်လွန်းတယ်။ “မ”ကြောင့် သမုဒယ အချစ်ဖွဲကဗျာတွေ စာအုပ်လေးထဲ သောင်ထွန်းခဲ့ဖူးတာ “မ”ကြောင့် ညတိုင်းမက်တဲ့ ပန်းအိမ်မက် သိင်္ဂါရရနံ့ မွွှေးပျံ့သင်းခဲ့တာ “မ”ကြောင့် အနုပညာ မှော်ဝင်လက် ်စာပန်းချီ ဈာန်လမိုင်းကပ်တာ ခုတော့…အားလုံး အဆုံးမှာ အရှုံးပဲ စံချိန်တင်ခဲ့တော့မှာလား။ ထားခဲ့ပါတော့…“မ” ကျွန်တော့်ဘဝ… လက်ရှိအချိန်က မိုးမှောင်ကျလွန်းလို့ ကြယ်ဖမ်းမထွက်နိုင်ဘူး ကုန်းပေါ်ရောက်လွန်းလို့ ငါးလည်း မမျှားနိုင်ဘူး မှန်အရိပ်ကို အတည့်ကြည့်ချင်မိသမျှ ဒီကောင့်အတွက်… တမာလို သင်ခန်းစာ ခါးသက်အလွမ်း ကဗျာလည်းနွမ်းလို့… ကြိတ်မှိတ်ဝါးရင် မျိုချလိုက်တာ ကောင်းပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


    သူ ဒီနေ့တော့ ပိုက်ဆံ မရရအောင် ရှာမှ ဖြစ်မယ်။ သားလေးရဲ့ ကျန်မာရေးကလည်း အရင်လို ဆေးမြီတိုနဲ့ ပြေလည်မသွား။ တစ်နေ့တစ်ခြား ပိုလို့ ဆိုးလာတယ်။ သူ မနက်က သားလေး နဖူးကို စမ်းကြည့်တော့ မီးခဲကိုင်ထားရသလို ခံစားမိတယ်။ သူ့ရင်ထဲမှာလည်း နေလို့မကောင်း။ သူ့ စိတ်ထဲမှာ သားရဲ့အကြောင်းကို တွေးလိုက်တိုင်း အက်ဆစ်ပူကို မျိုချရသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေက မရိုးမရွနဲ့။ သူ့ဘဝမှာ ဇနီးဆုံးပါသွားကတည်းက သားလေးက တစ်ဦးတည်းသော မြတ်နိုးရတဲ့ ရတနာ။ ဒီသားလေးပဲ သူ ပုံအော ချစ်ခဲ့တာ။ ခုတော့ ဒီလူမမယ် သုံးနှစ်သာသာရှိတဲ့ ကလေးကို ရောဂါက ကြံဖန်ရှာဖြစ်ရတယ်လို့။ ဖြစ်နိုင်ရင် သူပဲ အစားထိုး ခံစားလိုက်ချင်တယ်။ သူသား […]


မော်ဒန်ကဗျာ ခံစားကြည့်ဖို့ ဆိုတာ ဝင်္ကဝုတ္တိကို အထူးသဖြင့် ပိုနားလည်ရမယ်။ သွယ်ဝိုက်ရေးထားတဲ့ စာသားတွေ ပြန်လည်ဖော်ထုတ် နိုင်ရမယ်။ ပြီးရင်တော့ စကားလုံးတွေ စီပြီတော့ အကျယ်ချဲ့ အဓိပ္ပာယ်ဖော်ကြတာပါပဲ။ ကဗျာရေးသူအချင်းချင်း ဆိုရင်တော့ ပိုနားလည်လွယ်ပါတယ်။ ခံစားချက်ချင်းတူရင်လည်း ကဗျာက ပိုဖတ်လို့ကောင်းတယ်။ ခက်ဆစ်တွေ ဖော်ထုတ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ ကဗျာကို အဓိပ္ပာယ် ရှင်းထုတ်နည်း နည်းနည်းပြောပြမယ်။ “သူ့ အတွက် ငါ့ အချစ် ရူးမိုက်တယ် တစ်ခုလပ် မဆန်ခဲ့လို့ပေါ့” ဤ စာသားရဲ့ အဓိပ္ပာယ်က တခုလပ်ဆိုတာက မရင်ကျက်ခြင်းရဲ့ အနက်ကိုရှင်းတာပါ။ ရိုးရိုးရှင်းရှင်း နားလည်ရမယ် ဆိုရင်တော့ အတွေ့အကြုံမရှိလို့ အချစ်မှာ ရှေ့နောက်မကြည့်ပဲ ချစ်တယ်ပေါ့ဗျာ။ နောက်တစ်ခုကတော့… “ပတ်လမ်းမှာတော့ ငါ့ဘဝဆူးကို ဖယောင်းဆူးလို့ မှတ်တယ်ကွ“ အဲ့ဒီမှာ […]