KyaemonOctober 24, 20113min1528
Myanmar to hold grand religious function to mark 2600th anniversary Shwedagon Pagoda http://news.xinhuanet.com/english2010/culture/2011-10/24/c_131209315.htm YANGON, Oct. 24 (Xinhua) — Myanmar is making preparation to hold grand religious function to mark the 2600th anniversary of the world’s famous Shwedagon Pagoda in Yangon, the official daily New Light of Myanmar reported Monday. Renovation work on the Shwedagon pagoda […]


ရွှေအိမ်စည်October 18, 20111min22212
လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။   အဲဒါကကိုယ်ကျင့်တရားရယ် အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။                                                                                ဗိုလ်ချုပ်အောင်ဆန်း     ကျမနေထိုင်ရာသင်္ဃန်းကျွန်းကနေ …ဒိနေ ့ကိုကိုနဲ ့ကျမရုပ်ရှင်ကြည်ရန် ့မြို ့ထဲ ကိုသွားဘို ့ချိန်းဆိုမိကြပါတယ်.. ကိုကိုကတခါတလေ..သွားတာအဌားကားနဲ ့သွားရန်ပြောပေမဲ ့။အချိန်ကလေည်းစောနေသေးတာကြောင့်38လိုင်းကားပဲ စိးရန်ကိုကိုကိုပြောပြီး စီးခဲ ့ကြပါတယ်။ဟုတ်တယ်ကျမတို ့မှာနောင်ရေးကလည်းရှိသေးတယ်..အစစအရာရာချွေတာကြရမယ်လေ။ ကိုကိုကတော့..မိ သဘောဆို တဲ ့အကြည့်နဲ ့လာခဲ ့ကြပါတယ်။ ကျမတို ့ကားပေါ်မှာနေရာမရခဲကြပေမယ့်သိပ်အကြပ်ကြိီး မဟုတ်တဲ့ ့အတွက်အဆင်ပြေနေခဲ ့ပါတယ်။ သုဝဏလမ်းဆုံအရောက်မှာ..ကျမတို ့နံဘေးကဆင်းသွားကြတာမို ့ကိုကိုနဲ ့ကျမနေရာထိုင်ခုံရခဲ ့ပါတယ်။ကျမကပြူတင်းပေါက်ဘက်ဝင်ထိုင်ပြီး ကိုကိုကလျှောက်လမ်းဘက်ကပါ။ ဘော်လုံးအပွဲ အပြိးဆင်းလာတဲ ့သူတွေနဲ ့မလို ့ကားပေါ်မှာလူတော်တော်များလာခဲ ့ပါတယ်။ ကားပေါ်ကိုလူငယ်တသိုက်..နောက်ပြောင်အော်ဟစ်ဆဲဆိုနေတဲ ့လူငယ်၅ ယောက်လည်းတက်လာပါတယ်။ အော်ဟစ်နောက်ပြောင်ဆဲ […]


ကြောင်လတ်October 13, 20111min29310
ရွှေအိမ်စည်ပြောတဲ့ မြန်မာစကားပုံဆိုက်ထဲသွားကြည့်ဖြစ်လိုက်ပါတယ်။ကျွန်တော်မသိသေးတဲ့ စကားပုံတော်တော်များများတွေ့ရတယ်။ ဒါတောင်အကုန်မကြည့်ရသေးဘူး။ မသိသေးတဲ့ဆင်စကားပုံ(၂)ခုတွေ့ရပေမဲ့ ဆင်စကားပုံတော်တော်များများမရှိသေးပါဘူး။ မြန်မာတွေဟာဆင်ကိုတော်တော်အလေးထားပါတယ်။ရာဇဝင်မှာ ငါးစီးရှင် ကျော်စွာတို့၊ တစ်စီးရှင် ကျော်စွာတို့ကို ကြားဖူးပါတယ်၊ဆင်ဖြူတော်ပိုင်တဲ့အရေအတွက်ကိုဖော်ညွှန်းတာပါ။ ဆင်ကိုအလေးထားသလို တိရိစ ္ဆာန်တွေနဲ့ခိုင်းနှိုင်းတဲ့စကားပုံတွေထဲမှာ ဆင်စကားပုံဟာ အများဆုံးလို့ထင်ပါတယ်။ ကျွန်တော်သိသလောက်မှတ်မိသလောက်ဆင်စကားပုံတွေပါ။ လိုတာလေးတွေ ထပ်ဖြည့်ထည့်ပေးကြပါ။ (၁)    ဆင်လဲဆင်အထွာနဲ့၊ဆိတ်လည်းဆိတ်အထွာနဲ့၊ (၂)    ဆင်ပြောင်ကြီးအမြီးကျမှတစ်၊ (၃)    ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ၊ (၄)    ဆင်မယဉ်သာလမ်းလျှောက်သလို (၅)    ဆင်ကန်းတောတိုး (၆)    ဆင်ဝေ့ရန်ရှောင် (၇)    ဆင်ပါးစပ်နှမ်းပက် (၈)    ဆင်ကြည်စားရာ၊ ဆိတ်မခံသာ (၉)    ဆင်သေကိုဆိတ်ရေနဲ့ဖုံး (၁၀) ဆင်ဖြူတော်မှီပြီးကြံစုပ် (၁၁) ဆင်ခေါင်းခွေးမချီနိုင် (၁၂) ဆင်–ခွေးမျှော် (၁၃) အမြင်မတော်ဆင်တော်နဲ့ခလောက် (၁၄) ဆင်သွားတော့လမ်းဖြစ် […]


ရွှေအိမ်စည်October 11, 20111min31619
တူရာသီ( သို ့မဟုတ်)သီတင်းကျွတ်ကာလတွင်ဆီးမီးထွန်းညှိပူးဆော်ခြင်း ပဝါရဏာ ပွဲ ဖိတ်မံတက ပြုခြင်း၊ ပူဆော်ကန်တော့ခြင်းဟာမြန်မာလူူမျိုးတို ့ရဲ ့ချစ်စရာယဉ်ကျေးမှုထုံးထမ်းဓလေ ့တစ်ခုပါ။ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဗုဒ္ဓဧ။်အဘိဓမာတရားတော်ဟောကြားပြီးမြောက်သောနေ ့ကိုပူဆော်တဲ ့အနေနဲ ့မီးထွန်းပူဆော်ကန်တောကြတယ်။ မြတ်စွာဘုရားတာဝတိ ံသာနတ်ပြည်ကလူပြည်ကိုရွှေဇောင်းတန်း ငွေဇောင်းတန်း ပတ္တမြားဇောင်းတန်းမှဆင်းတယ်လို ့ဘဲငယ်စဉ်ကသိခဲ ့ပါတယ်..။   နောက်ပိုင်းအသက်ရွယ်က..ဘာကြောင့်အချင်းချင်းကန်တော့ရတာလည်းသိချင်လာမိပြန်ပါတယ်။ သီးတင်းကျွတ်လပြည့်နေမှာ..လူရယ်တင်မဟုတ်သံဃာများလည်းကန်တော့ကြရပါတယ်။   သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။ ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ရဟန်းငယ်များက ရဟန်းြ့ီးများကိုကန်တော့ကြရတယ်..။ မိမိတွင်အပစ်ကြီးငယ်ရှိပါကခွတ်လွှတ်ပါရန်တောင်းပန်ကြရတယ်။ နယ်ပယ် […]


Ma MaOctober 9, 20112min25526
သံဝေဇနိယ ၄ ဌာနမှာ တွေ့ခဲ့ရတဲ့ နိုင်ငံအစုံက ဝတ်ပြုနည်း အစုံတွေကို မှတ်တမ်းတင်လာခဲ့တာတွေပါ။ ဘုရားပရဝဏ် တံတိုင်းဘေးနားမှာ ရွတ်ဖတ်ပူဇော်နေတဲ့ပုံပေါ့။ လက်တစ်ဖက်က စိပ်ပုတီး စိပ်နေသလို နောက်လက်တစ်ဖက်က ကြွေစေ့လေးတွေကို ကြွေပန်းကန်ပြားထဲ ထည့်လိုက် ပြန်စုကောက်လိုက်နဲ့ သူ့နည်းနဲ့သူ ပူဇော်နေတာလေ။ ဒါကတော့ တိဗက်ပူဇော်နည်းပေ့ါ။ အရှေ့ကတစ်ယောက်ကတော့ ကောင်းကင်ကသိုင်းလား၊ နေကသိုင်းလား ရှု့နေပုံပဲ။ အနောက်က တစ်ယောက်ကတော့ ထိုင်အရိယာပုတ်နဲ့ တရားရှုမှတ်နေတယ် ထင်ပါတယ်။ ဒါကတော့ လုမ္မိနီမှာ တွေ့ခဲ့တာ။ သူ့နည်းကလည်း တစ်မျိုး။ လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက်၊ ဘေးကို ဆန့်ထုတ်လိုက် လုပ်နေတာ ပုံစံကို စုံနေတာပဲ။ ဒါကတော့ ဝေဝေသတိပေးလို့ ထပ်တင်လိုက်တဲ့ သီရိလင်္ကာစတိုင် ခြေထောက်ဆင်းပြီး ဝတ်ပြုနေပုံဖြစ်ပါတယ်။ အတွင်းက ဓာတ်တော်တိုက်စေတီမှာ လူပြည့်နေလို့ အပြင်ဖက်ကနေ […]


Ma MaOctober 6, 20111min31422
နေ့စဉ်အလုပ်ခွင်ကနေ အလျဉ်းသင့်လို့ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ဖြစ်သွားတယ်။ ခရီးသွားတယ်ဆိုတာနဲ့ လူလည်း နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားသလို (မမျှော်လင့်ပဲ) ခံစားလိုက်ရတယ်။ ဘုရားဖူးဆိုပေမယ့် ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဆိုသလို ဈေးဝယ်ရတာကလည်း စိတ်အပန်းဖြေခြင်း အနုပညာလို့တောင် တင်စားချင်ပါတယ်။ အလုပ်က ကြာကြာထွက်လို့ မရတာမို့ ဗုဒ္ဓဂါယာကို တစ်ပတ်တည်းနဲ့ နေရာစုံအောင်လည်း ရောက်ချင်တာဖြစ်လို့ ပင်လည်း ပင်ပန်းခဲ့ပါတယ်။ ကျမတို့သွားတဲ့အချိန်မှာ ဘုရားဖူးခရီးစဉ်တွေ မစသေးတာမို့ ကလကတ္တားလေယာဉ်စီးပြီး ဂါယာကို တညလုံး ကားစီးသွားရပါတယ်။ ကလကတ္တားနဲ့ ဂါယာကို ကားစီးချိန် ၁ဝ နာရီ ကြာပါတယ်။ ဂိုက် (စကားပြန်) က မြန်မာပြည်မှာမွေးလို့ မြန်မာလို ကောင်းကောင်းပြောပြနိုင်တော့ ဒေသန ္တရဗဟုသုတတွေလည်း အများကြီး ရလာခဲ့တယ်။ ပြောပြရမယ်ဆိုရင် အိန္ဒိယက ကားလမ်းတွေ ကောင်းတယ်လို့ ကြားဖူးပေမယ့်………. […]


we R oneOctober 5, 20112min1979
ပြီးခဲ့တဲ့ ၄ လပိုင်းတုန်း က ရွာပြန်တုန်း ရွာဘုရားပွဲ မှာ ရိုက်ထားတာ ပါ။ ကျင်ရဲ့ အဓိပ္ပာယ် ကိုတော့ သေချာ မသိပါ ။ ရခိုင့်ရိုးရာ အားကစား တစ်မျိုးလို့ပဲ သိထားပါတယ်။ သေသေချာချာ သိချင်ရင်တော့ အင်တာနက် မှာ ရှာကြည့်နိုင်ပါတယ်။         အောက်ပါလင့်ခ် တွင် ကျင်၏ အဓိပ္ပာယ် ကိုု ကြည့်ရှုနိုင်ပါသည်။ http://kyaukphrunet.blogspot.com/2011/01/blog-post_2129.html ကျေးဇူးတင်ပါသည်။ we R one


လင်းဝေOctober 4, 20111min21015
ဆေးဆိုးပန်းရိုက် သီတင်းကျွတ်ကို မုန်းတယ် – တဲ့။ ရေးတဲ့ သူက ဖြန့်ပေးပါဆိုလို့ ဖြန့်ပေးလိုက်ပါတယ်။ ကူးပြီးတင်တာမဟုတ်ပါ။ ပြန့်အောင်ဖြန့်ပေးပါသည်ပေါ့….။ သီတင်းကျွတ်လေပြီ … ဗုဒ္ဓ ဘုရားရှင်ကား အာဖဂန် နစ္စတန် တောင်ကုန်းပေါ်က ဆင်းလာတာကို မှောင်နေလို့ တပည့် သာဝကတွေက မီးထွန်းပူဇော်တာက စပြီး သီတင်းကျွတ် ဖြစ်လာသည်လို့ … ကျွန်တော့် ဆရာ လေယာဉ်ပျံ အင်ဂျင်နီယာမှူးကြီး ဦးဦးသာရွှေ ( ရခိုင်) က ပြောဘူး လေ သည် ။ ဟုတ်ချင်ဟုတ်မည် ။ မဟုတ်ချင်မဟုတ် ။ ဗုဒ္ဓဘာသာစာပေ အလိုအရတော့ တာဝတိ ံသာနတ်ပြည်က ပြန်ကြွအလာ လူသားတွေက မီးပူဇော် ကြရာက စခဲ့တာပေါ့ ……… ထားတော့ ။ […]


၂။ နတ်မင်းကြီး(၉)ပါးနှင့် နတ်စစ်သည် (၂၈) ပါး နတ်မင်းကြီး (၉)ပါး ၁။ ဣန္ဒနတ် (သိကြားမင်း) ၂။  သောမနတ် ၃။ ဝရုဏနတ် ၄။ ဘာရဒွါဇနတ် ၅။  ပဇာပတိနတ် ၆။  စန္ဒာနနတ် ၇။ ကာမသေဋ္ဌနတ် ၈။ ကိန္ဒုဃဏ္ဍုနတ် ၉။ နိဃဏ္ဍုနတ်  တို့ဖြစ်ကြပါတယ်။   မှတ်ချက်။         ။  ၁၂၁၉    ခု၊ ပြာသိုလပြည့်ကျော်(၈)ရက်။ 1859 ခု January လ(1)ရက် ဗုဒ္ဓဟူးနေ့ မှာ ရတနာပုံ မြို့ရဲ့ ထောင့်လေးထောင့်မှာ အုတ်ဂူတည်ပြီး နတ်ရုပ်များထည့်သွင်းခဲ့ပါတယ်။ – ပဇာပတိနတ်ရုပ် – စန္ဒာနနတ်ရုပ် – ကိန္ဒုဃဏ္ဍုနတ်ရုပ် တို့ကို  သွန်းလုပ်ထည့်သွင်းထားခဲ့ခြင်းဖြစ်ပါတယ်။    မြို့စောင့်နတ်များ အဖြစ် နတ်လိပ်ပြာ […]


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒီ်ကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒီ်ဘဝကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။ နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘဝပျက်ကာ ပြည့်တန်ဆာဘဝတွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။ […]


Moe ZSeptember 25, 20111min18814
မနေ့က Boss ကစီစဉ်ပေးလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားပွဲတစ်ခုလုပ်ဖြစ်ခဲ့တယ်။ မိုးစက်တို့ဝိုင်းမှာ အားလုံးက လက်မထပ်ရသေးသူ(single)တွေချည်းပဲစုမိကြတယ် (ကြော်ငြာဝင်တာမဟုတ်ပါ  🙂  ဆွေးနွေးကြတဲ့ခေါင်းစဉ်နဲ့ သက်ဆိုင်လို့ပါ)။အမေရိကန်နိုင်ငံသား အမျိုးသမီး ၁ယောက်၊ အမျိုးသား၂ယောက်၊ ဖိလစ်ပိုင်သူ ၂ယောက်၊ ပြင်သစ်သူ ၁ယောက်၊ မိုးစက်နဲ့ နောက်သူငယ်ချင်းတစ်ယောက် အားလုံး ၈ယောက်ပေါ့။ မိုးစက်တို့အတူတူ အလုပ်လုပ်ခဲ့ကြတာ၂နှစ်လောက်ရှိပြီဆိုတော့ အားလုံးရင်းရင်းနှီးနှီးနဲ့ တစ်ယောက်အကြောင်းလဲ တစ်ယောက်သိနေကြပါပြီ။ အလုပ်ချိန်မှာစကားသိပ်မပြောဖြစ်ကြတော့ အခွင့်အရေးရတုန်း စားရင်းသောက်ရင်းနဲ့ ပြောကြတဲ့စကားတွေ ရေပက်မဝင်ဘူး။ ဟိုပြောဒီပြောနဲ့ နောက်ဆုံး ခေါင်းစဉ်တစ်ခုအောက်ရောက်သွားတယ်။ အမေရိကန်သူကစပြောတာ different culture of love ကို ဘယ်လိုမြင်သလဲတဲ့ (သူကမြန်မာ tour guide တစ်ယောက်နဲ့တွဲနေတယ် 🙂  )။ အရင်ဆုံး ဖိလစ်ပိုင်သူ တစ်ယောက်က စဖြေတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူးတဲ့။ ဘာသာလည်းမတူ […]


phone_kyawSeptember 19, 20111min43833
သူများတွေ ဘယ်နေရာကိုလှူကြသလဲ ဩစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့…မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို ့ ့ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ ့ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ ့အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့…ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ ့ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ ့အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို ့ရအောင်လုပ်ပေးတယ်။ တချို ့သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ ့ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို ့တွေက သူတို ့မြို ့တွေမှာ အပန်းဖြေစရာ […]