pitiApril 18, 20111min15913
တန်ခိုးကြီး ဘုရားတွေမှာတော့ လေလံဈေးမြင့်တယ်ဆိုပြီး ကား၊ ဆိုင်ကယ်/စက်ဘီးအပ်နှံခွင့်အပါအဝင် အရပ်ရပ် ကောက်ခံတဲ့နှုန်းထားတွေက စီးပွားရေး ဆန်လွန်းလှပါတယ်


mnoeApril 17, 20111min109
အားလုံး မင်္ဂလာပါရှင် … မင်္ဂလာရှိသော ဒီမြန်မာနှစ်သစ်ကူးမှစ၍ Mandalay Gazette အဖွဲ့သားများမှစပြီး မြန်မာသူ မြန်မာသား အားလုံး၊ ကမာ္ဘသူ ကမာ္ဘသားအားလုံး၊ ဘေးအန္တရာယ်တွေကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ကောင်းကျိူးလိုအင်ဆန္ဒလေးများ ပြည့်ဝကြပါစေလို။့ ဒီနေ့ ဘုရားမှာ တိုးဝှေ့ ရိုက်ခဲ့တဲ့  ပုံလေးတစ်ချိူ့ ဝေမျှလိုက်ပါတယ်။ မနက် ၆နာရီမှာကို ဘုရားဖူးတွေ တိုးမပေါက်ဖြစ်နေခဲ


ဆူးApril 15, 20111min17931
အိမ်မှာ နေတဲ့ လူတွေ သင်္ကြန်တွင်း ဖီလင်ကို ရေးကြပါ။ ခံစားချက်တွေ မျှဝေ ရအောင်။ ဆူး တော့ အိမ်မှာ နေရတာ ကွန်ပြူတာ ရှေ့မှာ ထိုင်တာ များလို့ မျက်စိညောင်းတယ်။ ရာသီဥတု ပူလွန်းတယ်။ အလုပ် နားနေရတာတော့ တမျိုးကောင်းတယ် မဆိုးဘူး။  

ghost.jpg

လူတိုင်း ယုံသော်ရှိ မယုံသော်ရှိ သရဲဆိုတာ ကြားဖူးမှာပါ။ အပျော်သဘောနဲ့ ဖြစ်ဖြစ်၊ တကယ်ယုံလို့ ဖြစ်ဖြစ်၊ ဗဟုသုတဖြစ်ဖြစ် ကိုယ်တိုင်လည်းပြော၊ သူများပြောတာလည်း ကြားဖူးပါတယ်။ ခလေးဘဝမှာတုန်းက သရဲကြောက်လို့ တယောက်ထဲ အိမ်သာမသွားရဲ၊ ညအိပ်ရင် ခြေဆန့်မအိပ်ရဲ၊ တယောက်ထဲ မနေရဲ စသဖြင့် ဖြစ်လေ့ရှိပါတယ်။ မူလတန်းကျောင်းသားဘဝ ကြားဖူးတဲ့သရဲတွေက ကျောပေါက်ကြီး၊ ခေါင်းပြတ်သရဲ တို့ပါ။ သူတို့နဲ့တွေ့သူဆိုရင် မြောင်းကြီးလား၊ မြောင်းသေးလား အမေးခံရပြီး အသေးဆိုရင် နောက်ကို အလိုက်ခံရ ပါသတဲ့။ ဒီတော့ဖြေတဲ့အခါ အရွေးမမှားဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ကမေးရမှာလား၊ သရဲက မေးမှာလား၊ အသေးလား၊ အကြီးလား သေချာအောင် အတန်းထဲ လိုက်မေးတော့မှ ပိုရှုပ်ကုန်ပါတယ်။ ဒီကြားထဲ ဖြေပြီးရင် ပြန်ပြင်မရဘူးလို့ ခြောက်သူရှိလို့ ပိုကြောက်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းက […]

Railway-track.jpg

http://www.yinthinnei.blogspot.com/ မှာတင်ပေးထားတဲ့ သဲအင်းဂူ ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော ငရဲခန်း တရားတော် အသံဖိုင်နဲ့ကို နာကြည့်စေလိုပါသည်။ ဘုန်းကြီးများ ပရဟိတလုပ်ငန်းများ ထဲထဲဝင်ဝင် လုပ်သင့်မသင့်ကို တလောက ရွာထဲမှာ အချင်းချင်း အမြင်ဖလှယ်ရင်းက ဆက်စပ်နေတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုများ အကြောင်းကို တွေးမိပါတယ်။ ပြည်ပသာသနာပြု ဘုန်းကြီးများအတွက် ဘဏ္ဍာရေးအပိုင်း မြင်တာလေးကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး မလို့ပါ။ နိုင်ငံခြား တိုင်းပြည်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဟာ ပြည်တွင်းကကျောင်းတွေနဲ့ ကွဲပြားတာ အတော်များ ပါလိမ့်မယ်။ ကျောင်းတည်နေပုံကအစ လူအများနဲ့ ဆက်ဆံရေးအဆုံး အဆင်ပြေသလို လုပ်ရတာမို့ ယေဘူယျခြုံကြည့်ရင် မြန်မာပြည်မှာလို မပြည့်စုံဘူး ပြောနိုင်ပါတယ်။ ကောင်းတာလည်း အများကြီး ရှိပါတယ်။ မြန်မာအနေများတဲ့မြို့မှာ ဘုန်းကြီးကျောင်းတကျောင်း အခြေကျရင် ရေ၊ မီး၊ ပစ္စည်းလေးပါး ရှားမယ် မထင်ပါဘူး။ […]


ဆူးApril 5, 20111min1348
ဟောင်ဟောင်လို့ အမည်ရတဲ့ ကလေးမလေး မှာ မွေးရာပါ အမြီးပါနေတာ တွေ့ရှိခဲ့ပါတယ်။ အဖေ ဖြစ်သူကတော့ မြင်မြင်ချင်းမှာ အလွန် ထိန်လန့် သွားခဲ့ပြီး ဒီအမြီးကို ဖြတ်ချင်ခဲ့ပါတယ်။ ဆရာဝန်ကြီးတွေက မွေးကင်းစ အရွယ်မှာ အားနည်းနေတဲ့ အတွက် ခွဲစိတ်ဖြတ်တောက်ဖို့ မပြုလုပ်သေးဖို့ တားမြစ်ကြပါတယ်။ ဒီလိုနဲ့ကလေး ရဲ့ အမြီး အနေအထားကို ကြည့်ရင်း တနေ့ တခြား သေးသွားပါစေလို့ ဆုတောင်းခဲ့ပေမဲ့ မသေးဘဲ တနေ့ တခြား တုတ်ခိုင် ကြီးမားတာ ၂ဆ ဖြစ်လာပြီး ၅လက်မ ရှည်လျားအထိရှိခဲ့ပါတယ်။ ကလေး ၄လ အရွယ်မှာ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်လိုက်ကြပါပြီ။ http://thailandtimes.asia/thailand-news/culture-story4/


ဆူးApril 5, 20111min1079
Crowds converged on temples in India to see a baby born with a “tail” in 2001. Many believed the boy was a reincarnated Hindu god. The boy, at one-year old when this report came out in early 2002, was named Balaji, another name for the monkey-faced god Lord Hanuman. The Indian baby’s “tail” was 10 […]


Zaw WonnaApril 4, 20111min1023
ပန်းမြောင်ရွာမှာနေတဲ့ မထွေးဆိုတဲ့ ချင်းအမျိုးသမီးကြီးရဲ့ မျက်နှာပေါ်က ဆေးမင်ကြောင်တွေပါ။ မထွေးဟာ အခု အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက် ငယ်စဉ်တုန်းက ထိုးထားခဲ့တာပါ။ အခုဆိုရင် သူတို့ရွာမှာ မျက်နှာဆေးမင်ကြောင် ထိုးထားတဲ့သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိပါတော့တယ်။  ဒဏ္ဍါရီတွေအရ  ချင်းအမျိုးသမီးတွေရဲ့ မျက်နှာမှာ ဆေးမင်ကြောင် ထိုးတာဟာ မြန်မာဘုရင်တွေရဲ့ မယားအဖြစ် သိမ်းပိုက်မှုကနေ ကာကွယ်ဖို့ ရုပ်ဆိုးအောင် လုပ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းကတော့ ချင်းအမျိုးသမီးတွေ အနေနဲ့ မျက်နှာမှာ ဆေးမင်ကြောင်ထိုးတာဟာ သူတို့ရဲ့ အမျိုးသမီး ပီသမှုနဲ့ စွဲဆောင်မှု ရှိတယ်လို့ ယူဆခဲ့ကြပါတယ်တဲ့။ အခြားရွာတစ်ရွာက မစိန်ဆိုတဲ့ အသက် ၆ဝ အရွယ် ချင်းအမျိုးသမီးကြီး ပြောပြချက်အရ သူမ အသက် ရ […]


nigimi77March 31, 20111min1625
“တုတ်(ဒုတ်) သွားရှာစမ်း…..” ကျွန်တော့်တို ့ ညီအကို တွေ မိမိ အရိုက်ခံရမည့် ဒုတ်အား မိမိကိုယ်တိုင် ခြံပတ်ပြီး ရှာကြသည်။ ကျိုးလွယ်မည့် ဒုတ်တော့ မရှာလိုက်နှင့် သူကိုယ်တိုင် အကောင်းဆုံး လက်ရွေးစဉ် ရှာဖွေဝယ်ယူ ထားသည့် ရေစိမ်ထားသော ကြက်ဥကြိမ်လုံးနှင့် ညားပေလိမ့်မည်။ ထို ့ကြောင့် မျက်ရည်စက်လက်နှင့်ပင် မိမိတင်ပါး၊ ပေါင်၊ ခြေသလုံးတို ့နှင့် သင့်လျော်မည့် ဝါးခြမ်းပြားအား လိုက်ရှာပြီး အဖေ့လက်သို ့ မိမိနှင့် တကွ ဒုတ်ကိုပါ ထိုးအပ်လိုက်ပြီးသည်နှင့် ရိုက်ဖို ့ရွယ်ရုံရှိသေးသည် မျက်လုံးထဲ ပြာခနဲ မိုက်ခနဲ၊ မိမိ၏ ကလေး သဘာဝ ဆော့ကစားချင် ခဲ့သော စိတ်အား အပြစ်တင်မိခြင်းနှင့် အတူ ပြန်လည်နောင်တရနေမိသည်။ အမေ၏ ကျောင်းစိမ်းထမီ […]

confidence.jpg

လွန်ခဲ့တဲ့ ၁နှစ်ခွဲအတွင်း ကျနော် ၁၅လနီးပါး အသတ်လွတ် စားဖြစ်တယ်။ တိတိကျကျ ပြောရရင်တော့ ဆက်တိုက် ၁၃လနဲ့တပတ်၊ သူ့မတိုင်ခင် ၂လမှာ ၃ရက်-၆ရက်အထိ တပတ်တရက် တိုးတိုးစမ်းကြည့်တယ်။ ကိုယ့်ခံနိုင်ရည်စွမ်းကို စမ်းချင်နေတုန်း သက်သတ်လွတ် ရက်ပိုင်းစားသူ အဖော်ကောင်းနဲ့တွေ့လို့ လမ်းကြုံစီး လိုက်ရင်းက အရင်က မစားဘူးပဲနဲ့ အချိန်တိုအတွင်း အပြောင်းအလဲတခုကို စမ်းသပ်မိတယ်။ စိတ်အစွဲအလန်း သိပ်မထားပေမဲ့ ဒီလိုစားနိုင်ဖို့ သာမန်ထက်ထူးကဲတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဝါယမအား စိုက်ရတာတော့ သိတယ်။ ရွာသားအချို့ ပြောသလို သက်သတ်လွတ်ကို အပြု၊ အပျက် နှစ်ခုစလုံးနဲ့ ဝေဖန်ဖူးတယ်။ ဒေဝဒတ်၊ ဟိန္ဒူဝါဒ၊ ဘိုးတော်လမ်းစဉ် ဆိုတာ စိမ်းနေတဲ့ စကားလုံးများ မဟုတ်ပါ။ ယခုဆိုရင် အာရှတိုက်သာမက တကမာ္ဘလုံး အထူးသဖြင့် အနောက်ကမာ္ဘမှာ […]


Mg OggaMarch 27, 20111min56
  မြန်မာရိုးရာ သင်္ကြန်ကို ရူထောင့်ပေါင်းဆုံက ချည်းကပ်ကြဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ က စကားဝိုင်းလေးတစ်ခု လုပ်ပြီး ဆွေးနွေးခဲ့တာကို ပြန်တင်ပြလိုက်ပါတယ်။ ပါဝင်ဆွေးနွေးကြသူများမှာ ဆရာဘိုဘိုလွင်၊ဆရာသုမောင်စိုး၊ဆရာအောင်မျိုးဝင်း၊သိန်းစိုး၊အောင်အောင်၊ညိုမီ၊မိလေးနွယ်၊ပပဖြိုး၊ စုမြတ်ရတနာ၊ဥဂ္ဂါ ဘို – သင်္ကြန်ဆိုတာ သက္ကတဘာသာစကားကလာတာလို့ ပြောလို့ရတယ် သင်္ကြန ္တဆိုတဲ့ စကားလုံးကဆင်းသက်လာတာပဲ အဓိပ္ပါယ်ကတော့ ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း ကူးပြာင်းခြင်းလို့ ကြားဖူးတာပဲ ဥ – ဟုတ်တယ် သင်္ကြန် အယူအဆ ဆိုတာလဲ အိနိ္ဒယဘယ်က လာတယ်လို့ထင်တယ် ညို – အင်း ဟုတ်တယ်နော် သု – အင်း သင်္ကြန်က မြန်မာပြည်ကို ဘယ်အချိန်တည်းက စရှိတာလဲပြောပြပါအုံး ဥ – ပုဂံစော


zoeMarch 27, 201110min1122
Taipei International Flora Expo post ကိုအခု ပို့စ နဲ့ အဆုံးသတ် ပါ မယ် ။ ပုံတွေ မရှိတော့လို့ ။    🙂  🙂     Pavilion of Dreams ကိုတော့နောက်ကြုံမှပဲ တင် ရပါတော့ မယ် ။  ဒီ Pavilionက popular အဖြစ်ဆုံးရုံဖြစ်တယ် ။ သူငယ်ချင်း ရဲအမျိုး နယ်က လာတာ သူ့အိမ် တည်း မ နက်  ၄နာရီ ထတန်းစီ ၆နာရီ တိုကင်ရ ည၆နာရီ ပွဲ ဆိုတော့  ။ သူငယ်ချင်းက တိုကင်ယူပေးမယ်လို့တော့ ပြောပါတယ် ။ ဒါပေမဲ့ ဒုတ်ခမပေးချင် […]