alinsettJuly 24, 20141min37631
အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့… ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။ ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။ ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့.. လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။ တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။ ဘယ်လောက်ထိမြန်သလဲဆိုရင်.. ေလဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။ မောင်သူရတို ့လို… မြန်မာပြည်တွင်းက.. ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။ တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး… (အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့… ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။ ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။ […]


alinsettJuly 22, 20141min25120
တော်တော်များနေပြီ…။ ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။ တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။ တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။ အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။ လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။ အဟောင်းတွေ များနေတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။ ”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။ ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။ ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။ အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…? အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။ ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။ အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။ တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။ ကျွန်တော်တို […]


U Pyaung GyeJuly 21, 20141min1215
ဆရာမ မစန္ဒာ ပြောပါတယ် ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်းက ကျောင်းသူတစ်ဦးကို ဂျပန်စစ်သား တစ်ယောက်က လိုက်ဆွဲတယ်၊ ကျောင်းသူလေးက ကျောင်းဝန်းထဲဝင်ပြေးတော့ ဂျပန်က နောက်ကလိုက်တယ်၊ ကျောင်းဝန်းထဲဝင်လာတဲ့ဂျပန်ရဲ့ ရင်ဘတ်ကို ဖိနပ် တစ်ဖက်လာပြီးထိမှန်တယ်၊ ဂျပန်က သူကို ဖိနပ်နဲ့ပစ်တဲ့ကျောင်းသားကို ထုတ်ပေးဘို့အော်တယ်၊ ကျောင်းသားတွေအားလုံး ထွက်လာပြီး ဝိုင်းလာတဲ့ အတွက် ဂျပန် သူ့စခန်းပြန်သွားတယ်။ ခဏအကြာ ဂျပန်စစ်ဗိုလ်ဦးစီးတဲ့ ဂျပန်စစ်သားတွေတင်လာတဲ့ စစ်ကားတစ်စီး ကျောင်းထဲဝင်လာပြီး ဖိနပ်နဲ့ပစ်တဲ့ကျောင်းသား ထုတ်ပေးဘို့ ဂျပန်စစ်ဗိုလ်က ပြောတယ်၊ ကျောင်းအုပ်ကြီး ဦးရာဇတ်က ညနေကျောင်းဆင်းချိန်မှာ ဖိနပ်မပါဘဲထွက်လာတဲ့ ကျောင်းသားကို ဖမ်းပါလို့ ချွေးသိပ်ပြီး ပြန်လွှတ် လိုက်တယ်။ ဂျပန်စစ်သားတွေ ကျောင်းဆင်းချိန်ထိစောင့်ကြတယ်။ ကျောင်းဆင်းတော့ ထွက်လာတဲ့ ကျောင်းသား အားလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး။ […]


“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်” လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊ အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။ ဲသူ့မိန့်ခွန်း တစ်ခုထဲကလို […]


ရရင်စားချင်တယ်ပဲ ပြောတာနော်… စားချင်တယ် ဝယ်ပေးလို့ ပြောတာ မဟုတ်… ဘယ်လောက် သိမ်မွေ့လိုက်လဲ… ” ဟဲ့ အောင်ဆန်း နင် ဘုရင်ဖြစ်ပြီဆို ” ” ဟုတ်တယ်အမ၊ ကျနော့သမီး အမမြေးလေး ကြည့်စမ်းပါ့ ” ” အခုလာရင်းမှာ အမဆီက ကျနော့သမီးလေး ခမဲပေးသလိုလို နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ။ ” ” ဟယ် အောင်ဆန်း တိုင်းပြည်မှာ နင်ဘုရင်ဆို သမီးလေး နားဆွဲလိုတာများ ငါ့ဆီမှာ လာတောင်းနေရသလား ” ” ကဲ ကြည်ရေ အထုပ်တွေသယ် ဘူတာဆင်းကြမယ် ပြန်ကြစို့ ” ဘာမှ ထပ်မမန့်တော့ဘူးဗျ… ကယ်ဆမ်ကွေကာပဲ သောက်ကြပါစို့… 🙂 နောင်လာနောင်သားတွေ အတွက်ပါ… အဲဒါ ဘယ်သူကြီးလဲလို့ […]


ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]


alinsettJuly 13, 20142min25620
အပြင်မှာ နေ့ခင်းလား…. ညနေလား…. ဒါမှမဟုတ် ညလား…. ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။   တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။ ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . . တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . . ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။ ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . . ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်…. ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။ အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။ […]


alinsettJuly 8, 20141min39031
ရင်တော့ အနာသား ။ ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။ အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။ လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . . အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . . သွား ငှားဖတ်ခဲ့တာပါ ။ စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။ မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. […]


kotun winlattJuly 2, 20144min1313
မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။ မနေ့က ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့ ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။ သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင် သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့ မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု […]


မြန်မာနိုင်ငံ (၁၃၀ဝ – ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (LuZein) ၁၃၀ဝ ပုဂံနိုင်ငံပျက် ၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင် ၁၃၁၂ ပင်းယမြို့တည် ၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့် ၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက် ၁၃၆၅ အဝမြို့တည် ၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည် ၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း ၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း ၁၃၉ဝ – ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ […]


ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးခြေရာများ စုဖုရားလေး၊ စုဖုရားလတ်၊ သီပေါမင်းတို့ရဲ့ ရှားပါးဓာတ်ပုံတစ်ပုံပါ… Credit: The Express Times


alinsettJune 10, 20142min29413
ကျွန်တော်ဗျာ…. ခင်ဗျားကို..လွမ်းရတာ..အလွမ်းနဲ ့ နေရတာ.. မဝသေးဘူးဗျ… ခင်ဗျားရဲ ့လက်က  ရေးချလိုက်သမျှကို.. ဖတ်ပြီး..ခံစား လွမ်းဆွတ်မိနေတာ… ခင်ဗျားနဲ ့…တစ်ခါတုန်းက… လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ.. အတူထိုင်ပြီး..စကားနည်းနည်းပြောခွင့်ရခဲ့တာလေးကို… သတိရလွန်းလို ့… အဲဒီတုန်းက..ခင်ဗျားရဲ ့ လက်ကလေးတွေကို ..ကျွန်တော်..စိုက်ကြည့်မိခဲ့တယ်.. အဲဒီတုန်းက.. ကျွန်တော့်လက်ကိုလည်း..ကျွန်တော် ပြန်ကြည့်မိတယ်.. ။ ကျွန်တော့်လက်နဲ ့…ခင်ဗျားလိ ု…လူရဲ ့..လက်…ဘယ်တော့မှ မတူနိုင်ပါဘူး… ဒါကို..သိသွားတာကတော့… အဲဒီတုန်းက….ခင်ဗျားရေးနေတဲ ့.. ကဗျာတွေကို.. ဖတ်ပြီး.. ခင်ဗျားပြောနေတဲ ့..အနုပညာအကြောင်းတွေကို… နားထောင်ပြီးကတည်းကပဲ….. ဒါပေမယ့်…. ခင်ဗျားလိုလူတစ်ယောက်..ကျွန်တော့်ဘဝထဲက..ခပ်စောစော ထွက်မသွားသင့်ဘူး…..လို ့တော့…. မကြာခဏ တွေးမိတယ်… ။ ကျွန်တော်ဗျာ… ခင်ဗျားကို… ကြောက်ခမန်းလိလိအလွမ်းနဲ ့…တမ်းတနေမိတယ်… ကျွန်တော်… ကျွန်တော်…. ကျွန်တော်ဗျာ…..         […]


alinsettJune 5, 20143min18315
ရွာထဲမှာ.. … ချစ်တတ်တဲ့သူတွေရှိသလို… လွမ်းတတ်တဲ ့ ကျနော်လည်း.. ရှိပါတယ်.. ။ ကျနော့်အလွမ်းတွေကတော့.. …အစုံအစုံပေါ့… အဲဒီ အလွမ်းတကာအလွမ်းတွေထဲမှာ…. ကျနော်ချစ်သော ကဗျာတွေကို ဖန်တီးရေးသား..ချန်ထားရစ်ခဲ့သူကြီး… ဆရာတာရာမင်းဝေ  ကို လွမ်းတဲ ့ …အလွမ်း… အခု..လွမ်းနေတယ်.. ။ လွမ်းနေတော့လည်း..သူ ရေးခဲ့တာလေးတွေ ပြန်ဖတ်.. ဖတ်ရင်းနဲ ့ ထပ်လွမ်း…. အလွမ်းဟာ..တဖြည်းဖြည်း..ထုထည်ကြီးမား… ရင်ထဲမှာ..ဆို ့နင် ့…ကြေကွဲ…. သူ ့နာမည်သာ..အခါခါ..အော်ဟစ်…. သူသာရှိသေးရင်…ဆိုတဲ ့အတွေးနဲ ့… သွေးရူးသွေးတန်း…သူ ့ကို လိုအပ်… သူ ့ကဗျာတွေ.. သူ ့စာတွေ… သူဖန်တီးမယ့် အနုပညာတွေ… ထပ် ခံစားချင်သေးတယ်..လို ့….. ပဲ့တင်ထပ်မျှ…အော်ဟစ်နေမိတဲ ့… ကျနော့် ရင်ထဲက…အသံကို… သူကြားနိုင်မလား….. ကြားနိုင်ပါ့မလား… […]