နွေဦးMarch 28, 20123min1186
ခေတ်တွေပြောင်းသွာပြီး ပိုက်ဆံတွေ တန်ဖိုး ကြီးလာတော့ အရင်ရှိခဲ့တဲ့ အကြွေစေ့ တွေက ဘယ်ချောင်ကြို ဘယ်ချောင်ကြား ရောက်ကုန် ပြီမသိတော့ဘူးပေါ့။ နိုင်ငံတကာက သုံးနေကြပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဒီလောက် အသေးအမွှားပိုက်ဆံလောက်ကို ဘယ်ဂရုစိုက်သုံး နေကြမလဲ..သူဋ္ဌေးတွေလေ..။ ဒါ့ကြောင့် မေ့မသွားအောင် အကြွေစေ့လေးတွေ တင်ပေးလိုက်ပါတယ် ..။ တမတ် ငါးမူး ခေါ်ကြပေမဲ့ အိန္ဒိယ နိုင်ငံက သုံးတဲ့ ပိုက်ဆံပါ ကိုလိုနီခေတ် တလျှောက်ဗမာပြည်မှာ သုံးခဲ့ကြတယ်။ တပဲ တမူး တမတ် ငါးမူး ဆိုပြီးခေါ်ကြပေမဲ့ ၂ ပဲ = ၁ မူး ။ ၂ မူး = တမတ် ။ ၂မတ် = ငါးမူး (အမှန်က ၄ မူး […]


myanmarcitizenMarch 27, 20121min1668
အိမ်ရှေ့မှ တယ်လီဖုန်းမြည်သံက ကျွန်တော့်၏ မနက်ခင်းကို လှုပ်နိုးလိုက်သည်။ အိပ်ယာမှထပြီး ဖုန်းကိုကိုင်လိုက်သည် ကျွန်တော်တို့နယ်မှအသိ ဦးဇင်းတစ်ပါးဖုန်း။ ရန်ကုန်ခုမှရောက်၍ ဖုန်းဆက်ခြင်းဖြစ်ကြောင်း ဒီနေ့ပင် Mandalay ဆက်တက်မည်ဖြစ်ကြောင်း၊ laptop တစ်လုံး လိုချင်သဖြင့် သင့်တော်မည့်အမျိုးအစားအား လိုက်ဝယ်ပေးစေလိုကြောင်း နှင့် အလာပ သလာပ စကားများပြောပြီးတွင် ကျွန်တော်က တပ်မတော်နေ့ ဖြစ်သဖြင့် ရုံးသို့ သွားမည် မသွားမည်မှာ မသေချာကြောင်းပြောရာ ဦးဇင်းမှ “တပ်မတော်နေ့ မဟုတ်ပါဘူးကွ … တော်လှန်ရေးနေ့ပါဟ” ဟုပြန်ပြောလေသည်။ သည်လိုနှင့် စပ်မိစပ်ရာ အကြောင်းများ ထိုဦးဇင်းနှင့် ပြောအပြီးတွင် ကျွန်တော်၏စိတ်အစဉ်ကို “တပ်မတော်နေ့ မဟုတ်ပါဘူးကွ … တော်လှန်ရေးနေ့ပါဟ” ဟုဆိုသော ဦးဇင်း၏စကားသံက လွန်ခဲ့သော အတိတ်ကာလ ၆ရ နှစ်ဆီသို့တရိတ်ရိတ်ယူဆောင်သွားလေတော့ သည်။ “တော်လှန်ရေးနေ့” တိတိကျကျဆိုရရင် […]


black chawMarch 26, 20121min26918
မနက်ဖြန်မှာ ကျရောက်မယ့် လက်ရှိအခေါ်အဝေါ် တပ်မတော်နေ့၊ သမိုင်းထဲမှာတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့မို့ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပို့စ်လေးတစ်ခုပါဗျာ။ တပ်မတော်စတင်တည်ထောင်တဲ့နေ့က မတ်လ ၂ရ ရက်နေ့ မဟုတ်တာတော့ မှတ်မိနေပါတယ်။ ရေးတေးတေးပါပဲ။ သိကြ မှတ်မိကြတဲ့လူတွေ ပြောကြဆိုကြဖို့ပါဗျာ။ နောက်တစ်ခုက ကျွန်တော် သခင်ဗဟိန်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်ဝင်စားမိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ် ဆိုကတည်းက ဒီလူကြီးဟာ နှယ်နှယ်ရရမဟုတ်တာ သေချာပါတယ်။ တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။ ဆိုတာကို ကြည့်ခြင်းအားဖြင့် […]


San Hla GyiMarch 22, 20121min18213
ဒီဆိုက်ဒ်ထဲက ပို့စ်တစ်ခုမှာ အနော်ရထာနှင့် အလောင်းမင်းတရားကြီးအကြောင်း ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ရေးရာမှာ ဖြစ်ရန်မှန်တွေနဲ့ လွဲနေတာတွေ့လို့ ဝင်ရေးတာ ဖြစ်ပါတယ်။ အမှားပါရင် ပညာရှိပီပီ ထောက်ပြပါ။ အမှန်ဆိုတာ သေချာရင် ရိုသေစွာ နာယူဖို့ အသင့်ပါ။ ပို့စ်တစ်ခုထဲမှာ ယိုးဒယားတွေ ယောက်ျားတန်ဆာကို ကိုးကွယ်တာဟာ ဦးအောင်ဇေယျကြောင့်လို့ ရေးထားတာ တွေ့ရပါတယ်။ မြန်မာတွေ ကိုယ့်ဘုရင်အကြောင်းကို အမှတ်မှားနေတာလေးတွေ ဝင်ပြောချင်တယ်ဗျာ။ တကယ်တော့ ယိုးဒယားတွေဟာ ဗုဒ္ဓဘာသာဝင် မဖြစ်ခင်တုန်းက ဟိန္ဒူဝါဒကို အကြီးအကျယ် ကိုးကွယ်ခဲ့ပါတယ်။ အခုလည်း သူတို့ ယဉ်ကျေးမှုထဲမှာ ဟိန္ဒူဝါဒက အကြီးအကျယ် လွှမ်းမိုးဆဲပါ။ သူတို့ရဲ့ ဒီဖိုတန်ဆာ၊ မတန်ဆာကို ကိုးကွယ်မှုဟာ ဟိန္ဒူဝါဒက ပါလာတာပါ။ အလောင်းမင်းတရားကြီးနှင့် ဘာမှ မဆိုင်ပါဘူး။ ပြီးတော့ သမိုင်းအမှန်အရ အလောင်းမင်းတရားကြီးဟာ […]


alinsettMarch 18, 20121min40317
ကျွန်တော်…ချစ်သော…အမေ… ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။ ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။ မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။ အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။ ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။ ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။ ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။ အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက […]


viparMarch 14, 20121min976
လူစည်ကားရာ ပုဂ္ဂလိကဆေး ခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် တက္ကစီကားမောင်း သူသေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) […]


မိုခ်ိဳMarch 14, 20121min20918
ကျမ မန်းဂေဇတ်ကို နေ့တိုင်း ဝင်ဖက်ဖြစ်တာ တော်တော်ကြာပါပြီ။ ၂၀၁၀ ကတည်းကပါ။ ရွာသူားတွေ ကို လည်း ကျမဘက်က ရင်းနှီးနေပါပြီ။  post ရေးတင်ချင်ပေမယ် မြန်မာစာရိုက်တာ နှေးလို့မတင်ဖြစ်ပါဘူး။ အင်္ဂလိပ်လို မြန်လားဆိုတော့လည်း မမြန်ပါဘူး။ ကို ကြီးမိုက်ရဲ့ ၈၈အရေးအခင်း စတင်ဖြစ်ပေါ်လာ တဲ့ အကြောင်း link  ပေးထားတဲ့ post ကိုဖတ်ပြီး အရမ်းရေးချင်လို ့ကြီုးစားပြီး  ရေးလိုက်ပါတယ်။ ၈၈ အရေးအခင်းဖြစ်တော့ကျမက ၅တန်းကျောင်းသူဆိုတော့ တော်တော်တော့သိနေပါပြီ။  အဲဒီတုန်းက စစ်တွေမှာနေတာပါ။ ဆန္ဒပြတဲ့ လူအုပ်ကြီးလာရင် ကျမတို့ခလေးအုပ်စုတွေနဲ့ အမျိုးသမီးတွေက ထွက်ကြည့်ပြီး လက်ခုပ်တွေတီးကြ၊ ရေတွေ တိုက်ကြနဲ့ပေါ့။ လူကြီးတွေ ရေဒီယို  နားထောင်ရင်လည်း စိတ်ဝင်တစား လိုက်နားထောင်ပေါ့။ လူကြီးတွေပြောတဲ့ တကယ်လား  ကောလဟာလလား မသိတဲ့သတင်းမျိုးစုံကိုလည်း […]


viparMarch 12, 20121min20118
သာကေတမှာလူတစ်ယောက်ကို လူအများ ဓါးနဲ့ ဝိုင်းခုတ်သလို။2010 ဒီဇင်ဘာ 3ရက်ည11 နာရီကျော် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အာရှတော်ဝင်ရှေ့မှာလည်း တိုက်စီမောင်းသော ယဉ်မောင်းလေးအား လူအများ ဝိုင်းပြီးမသေမချင်းရိုက်နှက်လို့ သေဆုံးခဲ့ရပါတယ်။လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်း ဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။ယခုလိုလူတစ်ယောက်အားမသေမချင်း ရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး 2012 ဖေဖဝါရီ 24ရက်နေ့တွင်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ် ။ဝိုင်းရိုက်နှက်တဲ့ လူ၄ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ် စီချမှတ်ပေမဲ့ ၊ လူတစ်ယောက်လုံးကို မသေမချင်း ဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို ထောင်ဒဏ် ၁နှစ် ၃လသာ အမိန့်ချခဲ့ သောတရားသူကြီး ဦးဟုတ်ရီအား အလွန်အမင်းပင်ချီးကြူးအပ်ပါသည်။ ထိုထောင်ဒဏ်၁နှစ်နဲ့ ၃လသာကျခံရသောတရားခံ၂ယောက်မှာငွေကြေးပြည့်စုံသူများဖြစ်ကျပါတယ်။တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်ခဲ့ ပေမဲ့ […]


ရွာသူရွာသားများခင်ဗျား… ဒီနေ့(၁၃-၃-၂၀၁၂)ဟာ မြန်မာပြည်မှာ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တာ၂၄ နှစ်မြောက်နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ လူငယ် လူလတ် ပိုင်းတွေဟာ ဒီအရေး တော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ မကြုံခဲ့ကြရပါဘူး…ဒီအရေးတော်ပုံကြီးစတင်ဖြစ်ပွါး ခဲ့ပုံအသေးစိတ်ကိုလည်း မသိခဲ့ကြရပါဘူး… ခုလိုအင်တာနက်တွေ မီဒီရာတွေလည်း ခေတ်မစား သေးတော့ ပိုဆိုးတာပေါ့ဗျာ..ဒါကြောင့်လည်းဒီစာမူလေးကို တင်ဘို့စေတနာပေါ်ပေါက်လာလို့…ကြိုးစားပြီးတင်လိုက်တာပါ။ စာရေးသူကိုကျွန်တော်သေသေချာချာမသိပါ… ဖိုင်နိမ်းအရဆိုရင်တော့..ABSDFက ကိုတင်စိုးဆိုသူဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်းကျွန်တော်ကြုံခဲ့ သိခဲ့သလောက်အမှန်တွေလို့ ယူဆလို့ နှောင်းလူများသိရှိရန်နဲ့ မှတ်တမ်းအဖြစ်သိမ်းနိုင်ရန် ရည်ရွယ်ပြီးတင်လိုက်တာပါ။ http://www.khtnetpc.webs.com/လင့်ကတဆင့်ရထားတာပါ။ နောက်တစ်ခုကတော့ ဒီနေ့ခေတ်ပြည်သူ့သဘောထားအမှန်လေးပါ.. ပြည်သူ့သဘောထား တရုတ်အားကိုးပုဆိန်ရိုး သူခိုးအဖေခေါ်သူများအားဆန့်ကျင်ကြ။ နိုင်ငံတော်ဒီမိုကရေစီရရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးကို နှောင့် ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။ လွှတ်တော်တွင်း လွှတ်တော်ပ မှ အဖျက်သမား ဖွတ်ကြီးများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။ လူထုခေါင်းဆောင် အမေစုကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ။ NLD ကို […]


MandalayTharMarch 11, 20121min35723
ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။ အကြောင်းက… အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ […]


ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ.. တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ… ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ.. လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ… ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…   ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်… သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့ ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ် ကနေတွက်ရင် နှစ်ပေါင်း..၁၀ရ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…   နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့.. ပိတ်ရက်အတွက် ကြီးမိုက်ရဲ့ လက်ဆောင်ပါဗျာ.. အားလုံးကိုလေးစားခင်မင်တဲ့.. ကြီးမိုက်။  


black chawMarch 8, 20121min17714
မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။ စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ […]


asiamastersMarch 7, 20121min942
  လွတ်လပ်ရေးနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက နဲနဲထူခြားတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ တစ်ကြိမ်မဟုတ်ပါဘူး။ နှစ်ကြိမ်ဖြစ်ပါတယ်။ ပထမလွတ်လပ်ရေးက ဂျပန်တွေ ပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်ခေတ်ထဲမှာပေးခဲ့တာပါ။ အဲဒီလွတ်လပ်ရေးကို လက်ခံယူခဲ့ တာကတော့ အဓိပဓိဒေါက်တာဘမော်ဖြစ်ပါတယ်။ နောက်လွတ်လပ်ရေးကတော့ အားလုံး သိကြတဲ့အတိုင်း အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်တွေက စစ်ရှုံးသွားတော့ မျက်နှာ ကြီးရာ ဟင်းဖတ်ပါဆိုသလို အင်္ဂလိပ်တွေပေးတဲ့လွတ်လပ်ရေးကိုပဲ လူတွေကမှတ်မိကြပါတော့တယ်။ လွတ်လပ်ရေးနေ့အခန်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ သမ္မတ အိမ်တော်မှာ ကျင်းပပါတယ်။ သမ္မတ အိမ်တော်ဆိုတာက အခုပြည်လမ်းပေါ်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော် အဆောက်အဦ ရဲ့ အနောက်ဘက်နားမှာရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီရယ်စတိုင် အဆောက်အဦကြီး ပါပဲ။ အလွန်ခန့်ညားပါတယ်။ ၁၉၈ဝ ကျော်လောက်မှ ဖျက်လိုက်တာပါ။ သရဲအတော်ခြောက် တယ်လို့တော့နာမည်ကြီးပါတယ်။ အထဲမှာတော့ အထက်တန်းစားအရာရှိကြီးတွေ […]