kaiFebruary 27, 20196min17401
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


kaiSeptember 28, 20183min7851
ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ […]


သင့်အေးရိပ်September 11, 20181min528610
2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ မှတ်တမ်း ချန်ခဲ့ပါကြောင်း         ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။ စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ […]


သင့်အေးရိပ်September 2, 20181min562415
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


Mon LayMay 30, 20182min5152
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Min Paing Myat ThuMay 30, 20182min8315
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


zaw winMay 26, 20181min3713
မိုးရွာနေရင် လသာတယ်လို့မှတ်ထားလိုက် ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ အေးချမ်းသွားလိမ့်မယ်။ နေပူနေရင် နှင်းကျနေတယ်လို့ မှတ်ထားလိုက် သောကစိတ်တွေ ငြိမ်းအေးသွားလိမ့်မယ်။ အရာရာကိုသည်းခံပြီး ရင်ဆိုင်ကျော်လွှားလိုက် မင်းဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းသုတ 25.5.2018 18:15 P.M


Mon LayMay 9, 20181min59223
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


kaiApril 30, 20182min1892
ယခုလမှာ နှစ်သစ်ကူးနဲ့လည်းကြုံနေတော့ ဒုက္ခရောက်နေချိန်မှာ ကယ်တင်နိုင်မယ့် Structure လေးတွေကို လေ့လာကြရအောင်။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ အမှားအယွင်း တစ်ခုခုလုပ်မိပြီဆိုပါစို့။ ဒုက္ခတွေ့ပြီပေါ့၊ ကဲ ဒီဒုက္ခကို ဘယ်လို ကျော်လွှားရမလဲလို့ စဉ်းစားတဲ့အခါ – have, make, Get ဆိုတဲ့ ဝေါဟာရလေးသုံးခုကို သတိရလိုက်ပါ။ အောက်ဖော်ပြပါ Structure လေးကိုလည်း သတိရလိုက်ပါလေ။ Subject + have / make /+object + base from ဥပမာ- The boss made me do this the boss had me do it ကောင်းတော့ မကောင်းဘူးပေါ့ ။ ဒါပေမယ့် […]


Mon LayApril 25, 20181min1110
ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင် ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။ (၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း (၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း (၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း) (၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း (၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို […]


kaiMarch 30, 20182min2062
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


zaw winFebruary 16, 20181min3732
ဘဝမှာ မပြည့်စုံခဲ့တာတွေ အဆင်မပြေခဲ့တာတွေ စိတ်ဆင်းရဲခဲ့တာတွေ ဖိအားတွေရဲ့ဒဏ်တွေ အောင်မြင်မှု လွဲချော် ရှုံးနိမ့်ခဲ့တာတွေ မပြေလည်တာတွေ တွေးတွေးပြီး မင်းရဲ့ ဖြစ်ချင်ခဲ့တဲ့စိတ်ချမ်းသာမှုတွေ ငါတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ငါ့မှာ မပြည့်စုံပေမဲ့ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါတတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးမယ်။ မင်းသုတ 09:15 AM 11.2.2018