kaiApril 28, 20172min2315
အရင်လက Conditional Clause လေးတွေအကြေင်း အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ စကားပြောသည့်အခါဖြစ်စေ၊ စာရေးသည့်အခါ၌ဖြစ်စေ တော်တော်လေးအသုံးဝင်တဲ့ Adjective Clause လေးတွေ အကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။ Adjective Clause ဆိုတော့ adjective တွေရဲ့ ဝသီအတိုင်း Noun ကို အထူးပြုမှာဖြစ်ပါတယ်။ ဝါကျတစ်ခုမှာ adj clause ကို နှစ်နေရာမှာ တွေ့ရှိနိုင်ပါတယ်။ ပထမဆုံး နေရာကတော့ subject ကတ္တားရဲ့ အနောက်ဘက်မှာကပ်လျက်တွေ့ရတတ်ပါတယ်။ ဥပမာ – “The man who works for my dad lives in San Jose” The man = subject Who works for […]


kaiJanuary 25, 20172min1972
ယခုလိုနှစ်ဆန်းကာလမှာ New Year Resolutions တွေလုပ်တတ်ကြတာ လူတိုင်းလိုလိုပါဘဲ။ ဒါပေမယ့် တချို့လူများကသာ ဒီ New Year Resolution လေးတွေကို တိတိကျကျလိုက်နာပြီပိုမိုတိုးတက်အောင်မြင်သွားကြတယ်။ အများစုကတော့ ဒီ New Year Resolutions လေးတွေကို ခေတ္တခဏသာလိုက်နာနိုင်ပြီး လပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း နဂိုမူလဘဝကိုပြန်ရောက်သွားကြတယ်။ တိုးတက်အောင်မြင်ဖို့ဝေလာဝေး၊ ဆုတ်ယုတ်ပျက်စီးသွားတာမျိုးတောင် ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလည်းဟုဆိုရင် Future Perfect tense ကို နားလည်းမလည်၊ သုံးလည်းမသုံးတတ်ကြလို့ပါဘဲ။ Future Perfect tense ကို ကောင်းကောင်းသုံးတတ်သူများကတော့ အောင်မြင်မှုသရဖူဆောင်းပြီး လောကအလယ်မှာ တင့်တယ်နေကြတယ်။ အောက်ပါဝါကျနှစ်ခုကို ယှဉ်ကြည့်လိုက်ပါ။ “I will lose fifty pounds and become healthy.” “I’ll have […]


kaiDecember 27, 20162min1502
၂၀၁၆ နှစ်ဟောင်းကို နှုတ်ဆက်လို့ ၂၀၁ရ နှစ်သစ်ကိုကြိုဆိုနေကြတဲ့ ခုလိုချိန်ခါမျိုးမှာ အနာဂတ်ကို မျှော်မှန်းပြီးကြည့်တတ်ကြတာ လူ့သဘာဝပါ။ ဒီတော့အနာဂတ်မှာလုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို English လို ဘယ်လိုများဖေါ်ရပြရမည်းလို့ မေးသင့်ပါတယ်။ စင်စစ်အနာဂတ်ကို English လို(၄)မျိုးဖော်ပြနိုင်ပါတယ်။ ဒီလမှာတော့ (၃)မျိုးကိုသာဦးစားပေးပြီးဖော်ပြပေးပါမယ်။ ဦးစွာပထမအနာဂတ်ကို simple future tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ သူ့ရဲ့ form လေးက လွယ်ပါတယ်။ ကြိယာ base form ရဲ့ရှေ့မှာ will လေးထည့်ပေးလိုက်ရုံပါဘဲ။ ဒီတော့ “I will visit Burma in the summer.” “I will buy a home in September.” “I will get a new […]


Mon LayDecember 19, 20161min2000
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayDecember 14, 20162min951
သင်ဟာ စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက် ဆိုရင်Dublin မြို့က TrinityCollege စာကြည့်တိုက်ကို သွားရောက် လည်ပတ်သင့်ပါတယ်။ မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ် ၃၀ဝ သက်တမ်းရှိတဲ့ Trinity College စာကြည့်တိုက်ကြီးဟာ ၁၇၁၂ ခုနှစ်ကနေ ၁၇၃၂ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီး ရဲ့ အကြီးကျယ်ဆုံး နေရာထဲက တစ်ခုကတော့ ၂၁၃ပေရှည်တဲ့ အပြောင်မြောက်ဆုံး ဗိသုကာပညာ နဲ့ဆောက်လုပ်ထားတဲ့ The Long Room လို့ခေါ်တဲ့ အခန်းဘဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၀၀၀၀ဝ ထက် သာလွန်ပြီး သိမ်းဆည်းနိုင်ဖို့ အတွက် ၁၈၅ဝ ခုနှစ်တွေ မှာ The Long Room ကို ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ […]


kaiDecember 2, 20164min2156
အရင်လတွေက Simple present, present progressive, present perfect, present perfect progressive တွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Simple past tense ကို လေ့လာကြရအောင်။ simple past မှာ “be” ကြိယာတခုတည်း၌သာ “အနည်း singular-was နှင့် အများ plural-were ဆိုပြီး form နှစ်ခု ရှိပါတယ်။ကျန်တဲ့ ကြိယာအားလုံးမှာ simple past ၌ form တမျိုးသာ ရှိပါတယ်။ ကျန်တဲ့ကြိယာအားလုံးမှာ simple past ဟာ simple present ထက်အများကြီးပိုလွယ်တာပေါ့။ ဒါပေမယ့် simple past tense ကို လေ့လာလိုသူတိုင်းသတိထားဖို့က irregular verbs […]


kaiSeptember 23, 20162min870
အရင်လက Simple Present အကြောင်းကိုတော်တော်စုံစုံလင်လင် ဖော်ပြခဲ့ပြီးပါပြီ။ Simple Present Tense ကိုယခုလောလောဆယ် ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေအတွက် သုံးလို့မရ တာ သတိပြုမိကြပါလိမ့်မယ်။ ဒီတော့ယခုလောလောဆယ်ပစ္စုပန်မှာ ဖြစ်ပျက်နေတဲ့ကိစ္စလေးတွေကို ဘာTense သုံးပြီးဖော်ပြရမှာလဲလို့ မေးစရာဖြစ်လာပါတယ်။ အဖြေကတော့ Present Progressive ပါဘဲ။ တချိန်က present continuous လို့လည်းလူသိများခဲ့ပါတယ်။ present progressive မှာ Form သုံးမျိုးရှိပါတယ်။ am + ving ဥပမာ- “I am playing soccer right now.” is + ving ဥပမာ- “He is taking three classes this  semester.” are+ving  ဥပမာ […]


zaw winAugust 31, 20161min1741
မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ ရတက်မအေးနိုင်တဲ့ အမေအို တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့ ယုံကြည်နေတဲ့ အမေအို၊ ဇရာလည်း ထောက်လာပြီ အသံလည်း ပျော့လာပြီ တခါတခါ စကားမှား အရင်လို မသွက်လက်တော့၊ သားတို့ရယ် အမေ့ကိုချစ်ရင် အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ လေမှာပျောက်သလို မပျောက်စေချင် သားတို့ရဲ့သားစဉ်မြေးဆက် အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက် ကြိုးစားကြစေချင်။ (၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။) မင်းသုတ 17:30 P.M 31.8.2016


kaiAugust 24, 20162min1504
Articles လေးတွေကအကြောင်းပြောစရာအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းဖတ်ရတာများလာရင် ငြီးငွေ့သွားမှာကို စိုးရသေးတယ် မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာလေ့လာလိုသူ မြန်မာတိုင်း ကိုဒုက္ခပေးတတ်တဲ့ tense လေးတွေအကြောင်း ဒီလပြောင်းပြီး လေ့လာကြရအောင်။ ဦးစွာပထမ simple present tense အကြောင်းပြောကြရအောင်။ တကယ်တော့ ဒီ simple present tense ဟာလွယ်လည်းမလွယ်လှဘူး။ ပစ္စုပ္ပန်အချိန် နှင့်လည်းလားလားမျှမဆိုင်ဘူး။ ဒါပေမဲ့ နာမည်လေးကြောင့်မှားယွင်းစွာ သုံးစွဲမိသူတွေအများကြီး။ simple present tense လို့ခေါ်ပေမဲ့ present ပစ္စုပ္ပန်အချိန်နှင့်လုံးဝမဆိုင်တာကို အရင်ဆုံးသတိပြုမိဖို့လိုပါတယ်။ ဖိုးဝကြီးလို့ခေါ်ပေမဲ့ ပိန်ချုံး ချိနဲ့နေတဲ့ လူတယောက်လိုပေါ့။ simple present tense ကို မှန်မှန်ကန်ကန်လေးသုံးတတ်အောင် ဘယ်လိုအခြေအနေမျိုးမှာ သုံးရမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ပထမဆုံးမှတ်ထားဖို့ကတော့ Simple present tense ကို […]


kaiJuly 23, 20162min1404
အရင်လက ဇယားလေးကိုပြန်ကြည့်လိုက်ရင် Pronoun (၂)မျိုးတိုးလာတာကို တွေ့ရလိမ့်မယ်။ ပထမတစ်ခုကတော့ Reflexive Pronoun လေးတွေပေါ့။ ဘာကိစ္စမဆို မိမိကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးမဟုတ်လား ။ ဒီတော့ myself, yourself,ourselves, himself စတဲ့ pronounလေးတွေကိုဘဲ သုံရပါတယ်။ ဥပမာ-ချစ်သူခင်ပွန်းအတွက် ကိုယ်ကိုတိုင်ညစာချက်ပေးထားတယ်ဆိုပါစို့- “I cooked dinner myself”ပေါ့။ တချို့များမိဘနဲ့နေတုန်းက တော့ ထမင်းဟင်းချက်ဖို့မပြောနဲ့ မီးဖိုချောင်ဘယ်မှာရှိလည်းတောင်မသိဘူး။ အဲခင်ပွန်းနဲ့လည်းကြရော ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်း စသည်ဖြင့်ဟင်းမျိုးစုံကိုကိုယ်တိုင်ချက်ရမှ ကိုယ်တိုင်ခူးခတ်ကျွေး ရမှ စိတ်ချမ်းသာတယ်ဆိုဘဲ။ ” I cooked the curry myself. I made the dessert myself. I prepared everything myself” စသည်ဖြင့်ပေါ့လေ။ […]


zaw winJuly 18, 20161min1843
အချိန်တွေ မဖြုန်းနဲ့ကွယ် အောင်ဆန်းလို တော်စေချင်တယ် ၂ဝ နဲ့ ၃ဝ ကြား အရွယ် ကမ္ဘာကို သူကိုင်လှုပ်တယ် လူငယ်တွေ စံထားလောက်တယ် ကြိုးစားကြပါကွယ်။ မင်းသုတ 19း00 P.M 16.7.2016


kaiJune 22, 20162min2685
Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person […]