kaiDecember 23, 20152min1054
နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတော့မည့် အချိန်ကိုရောက်လို့လာပါပြီ။ဒီလိုအချိန်မျိုးမှာ Thanksgiving (ကျင်းပပြီးစီးခဲ့ပြီ)။Christmas, New Year ဆိုတဲ့ အရေးကြီးတဲ့ holiday တွေကအားလုံးရဲ့စိတ်ထဲမှာကိန်းအောင်းနေပြီး၊ နှုတ်ဖျားမှာလည်းရောက်နေတတ်ပါသည်။ဒီတော့ဖော်ပြပါ Holiday သုံးမျိုးစလုံးနဲ့ ဆက်စပ်နေတဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။ ဦးစွာပထမ turkey ကလာတဲ့ idiom လေးတွေကို ဖော်ပြလိုပါတယ်။Thanksgiving ဆိုတာ turkey မပါရင်မပြီးသလို turkey ဆိုတဲ့ဝေါဟာရလေးနဲ့ဆက်စပ်နေတဲ့ Idiom လေးတွေကို သိထားမှလည်း ယခုလိုအချိန်အခါမျိုးမှာ American တွေနဲ့စကားပြောတဲ့အခါအစဉ်ပြေမှာပါ။”to be a turkey ” ဆိုလို့ English လို “to be weird or funny ” တဲ့။”မြန်မာလိုတော့နည်းနည်းပေါကြောင်ကြောင်နိုင်တယ်” လို့ဆိုလိုပါတယ်။ ဒီတော့ တစုံတယောက်က ပေါတောတောလုပ်နေရင်၊ ကိုးယိုးကားယားလုပ်နေရင် “Don’t be […]


alinsettDecember 19, 20151min39614
                              ရန်ကုန်မြို့လယ် ၄၃လမ်း(အလယ်)ထဲကနေ…ကျနော် နေ့တိုင်း ဖြတ်လျှောက်ပါတယ်။ အမေစုကိုယ်တိုင် ဦးစီးဦးဆောင်လုပ်လိုက်တဲ့ ”အမှိုက်ကောက်ပွဲတော်”ကျင်းပအပြီး နောက်နေ့ကျတော့…. အရင်တုန်းက ဘာစာမှ ကပ်မထားတဲ့  အဲ့ဒီလမ်း နံရံထက်မှာ … ဗီနိုင်းထုတ်ပြီး ကပ်ထားတဲ့ စာတန်းတွေ….ခပ်စိပ်စိပ်လေး တွေ့လိုက်ရတယ်။ အမှိုက်ကောက်ပွဲတော်ကို နေ့စဉ်….အချိန်နဲ့အမျှ ဆင်နွှဲချင်သေးတယ်ဆိုတဲ့ သဘောလားမသိ…။ အမှိုက်ဆိုတာ ကောက်သင့် / ရှင်းသင့်တယ်လို့… တွေးမိစေတဲ့ သတိပေးချက်မျိုး …စာကပ်ပြီး နှိုးဆော်တာ ကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်နည်းတွေးလို့ရတာက…. အခုချိန်ထိ…. အဲ့ဒီလို စာကပ်ပြီး အမှိုက်မပစ်ရလို့… ပြောနေရသေးတယ်ဆိုကတည်းက….အခုချိန်ထိ အမှိုက်တွေ စည်းကမ်းမဲ့စွာ […]


ဦးေက်ာက္ခဲNovember 19, 20151min31218
မပြုံး ကျောက်စ်ရဲ့ဝေဒနာဟောင်းကို တူးလေပြီ… …………. ပြန်သတိမရချင်တဲ့ ဘဝတကွေ့မှာ ကျောက်စ် အိပ်စရာအိမ်ယာမဲ့ဖူးတယ်ခင်ဗျ ။ ဟိုသည်ကြုံရာအိပ်ရင်း နောက်ဆုံးတော့ အဲသည့်ခေတ်က နာမည်ကြီး ဗွီဒီယိုတိပ်ခွေအငှါးဆိုင်တစ်ဆိုင်ရဲ့ အခွေကူးခန်းမှာ ညဘက်ဆိုအခွေပွါးရင်း မှိန်းရတာပေါ့ဗျာ ။ ကြုံလို့ပြောရရင် အဲသည့်အချိန်တုန်းက အခွေဖြန့်သူတွေထဲမှာ အခု အနဂ္ဂတို့အဖေ အဆိုတော်ကြီး (ဦး)မင်းမင်းလတ် ဆီကအခွေတွေက ကွာလတီလည်းအလွန်ကောင်းပြီး အောက်မှာ အင်္ဂလိပ်စာတန်းထိုးလည်းပါပါတယ် ။ နောက်ပြီး ဇာတ်လမ်းကောင်းတာတွေလည်းများတာမို့ အင်္ဂလိပ်စာဝေါဟာရနဲ့ လေယူလေသိမ်းအတုခိုးရအောင် သူ့ဆီက ဗွီဒီယိုတွေဆို ခွေကူးနေရင် မအိပ်ပဲထိုင်ကြည့်တာပါပဲ… ။ . . တနေ့သား … ညဘက်… နှင်းဆီကုန်းဘိုးဘွားရိပ်သာမျက်စောင်းထိုးက သူတို့အိမ်မှာအခွေသွားယူတော့ ၊ အခွေတွေလည်းထုတ်ပေးရင်း ထိုးမုန့်လည်းကျွေးရင်းက “ကောင်လေးရေ Sally Field (Forrest Gump မှာလည်း […]


zaw winNovember 10, 20151min2193
ကျေပါတယ် မအေးစိန်ရယ် ကျေပါတယ် ကိုသိန်းဖေရယ် အမုန်းတွေ သင်ပုန်းချေပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ် အားလုံးဟာ တို့နိုင်ငံသားတွေမို့ နိုင်ငံကောင်းဖို့ လုပ်ကြကွယ် မင်းသုတ 06း30 A.M 10.11.2015


zaw winNovember 2, 20151min1563
စတိတ်ရှိုး ပရိသတ်က တောင်းဆိုတယ် မင်းအလှည့်ပြီးရင် ဆင်းပါကွယ် နောက်လူအလှည့် ကျန်သေးတယ် မင်းဆိုတာလည်း ကောင်းပါတယ် သူဆိုတာလည်း ကောင်းပါတယ် ဒါပေမဲ့လည်း အလှည့်ဆိုတာပေးရတယ် စိတ်မဆိုးနဲ့ ကောင်လေးရယ် မင်းသုတ 06း33 A.M 2.11.2015


zaw winOctober 27, 20151min2012
ဒေါင်းထီး ဆောင်းပြီး မောင်းတီး လှူမယ် လာကြဟေ့ သူငယ်ချင်းတို့ရေ မြန်မာပြည်တဝန်း ချမ်းသာရမယ် ကိုယ်စိတ်နှလုံး ရွှင်ပြုံးစေဖို့ ဒို့တတွေ ညီညွတ်ကြမယ်။ မင်းသုတ 09း50 A.M 26.10.2015


zaw winOctober 23, 20151min2093
မိဘတွေ အတ္တကြီးရင် သားသမီးတွေ စိတ်ဆင်းရဲတယ် ဒုက္ခရောက်တယ် ပျက်စီးတယ် အောင်မြင်မှု နည်းပါးတယ်။ မိဘတွေ သင့်မြတ်ချင်ခင်ရင် သားသမီးတွေ ပျော်တယ် စိတ်ချမ်းသာတယ် တိုးတက်အောင်မြင်နိုင်တယ်။ အပျိုလူပျိုဘဝမှာ မိဘတွေ နံပါတ်တစ်၊ ညားခါစလင်မယားဘဝမှာ ယောက်ျား မိန်းမ နံပါတ်တစ် သားသမီးတွေရလာရင် သားသမီးနံပါတ် တစ် မိမိယောက်ျား မိမိမယား နံပါတ် နှစ် မိဘတွေ နံပါတ် သုံး သူငယ်ချင်း၊ ညီအကို၊ မောင်နှမ နံပါတ် လေး အမှန်တရားတွေ သိဖို့လိုတယ်။ မင်းသုတ


kaiOctober 23, 20152min1774
အမေရိကနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအများစုသည် အမေရိကန်များနှစ်သက်သော အားကစားနည်းများကို စိတ်မဝင်စားကြပါ။မြန်မာပီပီဘောလုံး ကန်တာလောက်သာ စိတ်ဝင်စားသူများပါသည်။အမေရိကများနှစ်သက်သည့် baseball , football , basketball နှင့် ice hockey စသည့်အားကစားနည်းများကိုုကြိုက်ဖို့မလိုပါ။သို့သော်ထိုအားကစားနည်းများနှင့်ပတ်သက်သည့် ဝေါဟာရများကိုတော့ သိထားဖို့ သုံးတတ်အောင်လေ့လာထားဖို့တော့လိုပါသည်။သို့မှသာ အများ နည်းတူပြောနိုင်ဆိုနိုင်ရေးနိုင်ကြမည်ဖြစ်ပါသည်။ ဥပမာအားဖြင့်နာမည်ကြီး three strikes and you are out ဥပဒေကိုအားလုံးကြားဖူးကြပါလိမ့်မည်။ ထိုစကားစု လေးကိုနားလည်ရန် baseball အကြောင်းအနည်းအပါးတော့ သိထားဖို့လိုပါသည်။ ရာဇဝတ်မှုသုံးကြိမ်တိုင်တိုင်ကျူးလွန်မိသူများကို ထောင်တစ်သက်တစ်ကျွန်း ထိပင် ချပစ်နိုင်သည့် ဥပဒေဖြစ်ပါသည်။ တခါတရံတတိယအကြိမ် ကျူးလွန်မိသည့်ပြစ်မှုမှာ လွန်စွာသေးငယ်သော်လည်း ထိုပုဂ္ဂိုလ်ကို ကြီးမားသောထောင်ဒဏ်ပေး နိုင်သောကြောင့် အဆိုပါဥပဒေကို ရာဇဝတ်သားများအထူးကြောက်ကြပါသည်။ မည်သည့်ကိစ္စ၌မဆို နှစ်ကြိမ်တိတိဘေးမဲ့ပေးထားပြီး တတိယအကြိမ်၌ အပြစ်ပေး မည်ဆိုလျှင် သုံး၍ရပါသည်။ ဥပမာ- ခလေးငယ်တစ်ယောက်သည် […]


padonmarOctober 16, 20151min41812
မှော်ပီဆရာသိန်းကြီးရဲ့ ဗျိုင်းနားမင်္ဂလာ စာတမ်း ပြန်ပုံနှိပ်ထုတ်ဝေတာဖတ်ရပါတယ်။မင်းလောင်းရွေးတော့ အဖေက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မယ်၊မင်္ဂလာဗျိုင်းနားပါစေ။ သားက သူသာမင်းဖြစ်ရင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်မယ်တဲ့။ ဗျိုင်းက သားခေါင်းပေါ် နားလိုက်တာ တိုင်းပြည်ကြီးလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကရော။ အဲဒါ ဘာ့ကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေ ကုသိုလ်ကံ မကောင်းလို့ပါတဲ့။ (ဒီနေရာမှာ ကုသိုလ်ကံဆိုတာကို ရှေးရိုးစွဲ ယူနေကျ အပေါ်ယံ လူအများမြင်ကောင်းရုံ လှူတာ ၊ဥပုသ်စောင့်တာ၊တရားအားထုတ်တာပဲ မယူဘဲ အတွင်းစိတ်ထားကောင်းများ ရှိတာမှ ကုသိုလ်ကံလို့ ယူစေချင်ပါတယ်)စည်းကမ်းမရှိ၊ ကိုယ်ချင်းစာစိတ်မရှိ၊လုံ့လဝီရိယမရှိ၊ဉာဏ်အမြော်အမြင်မရှိရင်တော့ မင်းကျင့်တရားနားမလည်တဲ့ သားပေါ်ပဲ ဗျိုင်းနားသွားပါလိမ့်မယ်။


.စာအုပ်အမှာစာရေးပေးသော ဆရာဦးဝင်းတင် အား ကျေးဇူးတင်ပါသည်။ အမှာစာ ဖတ်ပြီးလျှင် စာဖတ်ပရိသတ်ကြီး  စာအုပ်ကို စိတ်ဝင်စားကြလာလိမ့်မည်ဟု  ယုံကြည်ပါသည်။ ————————————————————————————— .စီစဉ်သူ၏အမှာ .ဤစာအုပ်ရေးသူ ဘက်တီမာမွတ်ဒီသည် စာရေးဆရာ မဟုတ်ပါ။ သို့သော် သူ၏ .ဤစာအုပ်သည် အုပ်ရေ သန်းပေါင်းများစွာ ရောင်းရသည်။ ဤအမည်ဖြင့်ပင် ရုပ်ရှင်ရိုက်တော့လည်း ဝက်ဝက်ကွဲအောင်မြင်သည်။ ကျွန်တော်သည် မူရင်းစာအုပ်ကိုလည်း ဖတ်ဖူးသည်။ သူ့ ရုပ်ရှင်ကားကိုလည်း ကြည့်ဖူးသည်။ နှစ်ခုလုံး အောင်မြင်သည်ဆိုသော်လည်း ရုပ်ရှင်က ဝတ္ထုကို မမီပါ။ ———– . ဤစာအုပ်ကို ဖတ်နေရင်း ကျွန်တော်သည် ဆရာအောင်သင်း၏ စကားတစ်ခွန်းကို သွားမှတ်မိသည်။ . မိန်းကလေးတွေဟာ ကိုယ်ယူမယ့် ယောက်ျားကို ရွေးတာ ထဘီရွေးတာလောက်တောင် အချိန်မယူဘူး။ ထဘီတစ်ထည်ဝယ်ဖို့အရေး ဈေးကို ခေါက်တုံ့ခေါက်ပြန် ပတ်ပြီး […]


kaiSeptember 23, 20151min1112
၂၀၁ဝ ခု၊ မေလ ၁ဝ ရက်နေ့က VOA မြန်မာပိုင်းမှာ ၁၅ နှစ်လုပ်ခဲ့လို့ ဂုဏ်ပြုပွဲ၊ ပြန်လည်ပြောကြားတဲ့ ကျေးဇူးတင်စကားထဲ ကျနော်ဟာ စာမဖတ်ပဲ မနေနိုင်လောက်အောင် အရူးအမူးဘဝကနေ စာရေးဆရာဖြစ်လာပုံ ထည့်ပြောခဲ့ပါတယ်။ တောရွာမှာ ဆင်းရဲနွမ်းပါးတဲ့ မိဘရဲ့ သားသမီး ၁၂ ယောက်ထဲ ပါဝင်တဲ့ ကျနော် ဒီလိုဖြစ်လိုရတာ စာဖတ်လို့ပါ။ လူတွေ စာဖတ်၊ စာရေးတတ်ကြဖို့ နှစ်ပေါင်းများစွာ တစတစနဲ့ကြိးပမ်းကြပြီးမှ ဖြစ်လာရတယ်။ စောစောတုန်းက အာဂုံဆောင် အလွတ်ကျက်ထားတာတွေ စာနဲ့ရေးလာနိုင်တော့ ပိုမိုတိကျ ကြာရှည်ခံလာပြီ။  စာဖတ်တတ်သူတိုင်း ဖတ်လာနိုင်ကြပြီ။ အာဂုံဆောင်ထားတာတွေသာမက တခြားရေးစရာများလည်း တွေးလာကြပြီ။ အဲဒီလောက်နဲ့ပဲ စာရေးစာဖတ်ခြင်းဟာ လူ့ယဉ်ကျေးမှု တိုးတက်ရေးမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာထင်ရှားနေပြီ မဟုတ်ပါလား။ လူတွေဟာ အစုအဝေးနဲ့ စနေလာကြကတည်းက […]