”ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ” —————————————— အခုတလော လက်ညှိုးတွေ ခေတ်စားနေတယ် ကြားလို့. . .တဲ့။ ဇာတ်တော်သမိုင်းထဲက ဟိုလူကြီးတောင်မှ ဓါးသွေးနေပြီ။ လက်ညှိုးတွေကလည်း ဖြတ်မယ့်ဓါးကိုတောင် ထိုးကာထိုးကာနဲ့ ဟားတိုက်ရယ်မလို့တဲ့. . . လှောင်ပြောင်ရယ်သွမ်းနည်း တစ်သန်းမကကိုလည်း ပြုစုနေကြလေရဲ့။ မှန်တွေကပဲ ပြနိုင်စွမ်းလျော့နည်းနေတာလား? ခြေထောက်တွေကပဲ မှန်ရှေ့ဆီမှာ ရပ်ဖို့ရာ မသွားရဲတာလား? အဲ့ဒီလိုနဲ့. . . ရေရာစွာ မခွဲခြားတတ်နိုင်ခင်မှာပဲ ဒီပုစ္ဆာရဲ့အဖြေဟာ . . . မှင်နီအတားခံလိုက်ရလေရဲ့။ လေပြေတွေ ရှဲခနဲ ပြေးထွက် ပျောက်ကွယ်… မုန်တိုင်းတွေသာ ရှူးရှူးရှဲရှဲ ဝင်လာတယ်။ ”ကိုယ်ဟာ မုန်တိုင်းဆန်စွာ […]