black chawFebruary 25, 20161min37526
ဝင်းဦး အတု ပေါ်ခဲ့ဖူးတယ်။ ကောလိပ်ဂျင်နေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ မြတ်လေး အတု ပေါ်ခဲ့ဖူးတယ်။ ကျော်ဟိန်း အတု ပေါ်ခဲ့ဖူးတယ်။ ရာဇာနေဝင်း အတု ပေါ်ခဲ့ဖူးတယ်။ ကိုယ်ပိုင်စတိုင် ရှိသော မင်းသားတွေသည် တုပခြင်းကို ခံကြရပါတယ် ခင်ဗျာ။ အတုတွေ ထဲမှာတော့ ကျော်ဟိန်းအတု မြို့တော်ချစ်ဖွယ်ကို အတော် ကြိုက်ခဲ့ဖူးတယ်။ အင်းမ ကျောင်းကြီးပွဲတော်မှာ ကြည့်ဖူးတယ်။ ကျော်ဟိန်း ကို အရမ်းကြိုက်နေချိန်မှာ ကျော်ဟိန်း ပို့စ် တွေနဲ့ ဟာသတွေ လုပ် လုပ်သွားတာ အရမ်းမိုက်တယ်လို့ ခံစားရပါတယ်။ အောင်မယ် သီချင်းဆိုတာတောင် ကျော်ဟိန်းသီချင်းကို ကျော်ဟိန်း နဲ့ အတော်တူအောင် ဆိုနိုင်သော ချစ်ဖွယ်ပါဗျာ။ ကျော်ဟိန်း ပို့စ်တွေပါ ပေါင်းထည့်လိုက်တော့ ချစ်ဖွယ်သီချင်းဆိုရင် လက်ခုတ်သံတွေ လက်ခေါက်မှုတ်သံတွေ […]


kaiFebruary 23, 20161min1433
ဖေဖော်ဝါရီလကို ချစ်သူများရဲ့လလို့သတ်မှတ်ထားလို့ရမယ်ထင်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် valentine ကို ယခုဆို ကမ္ဘာတဝှမ်းလုံးနီးနီးကျင်းပကြပါတယ်။ ဒီတော့ ဒီလအတွက် ‘ မေတ္တာ ‘ နဲ့ပတ်သက်တဲ့ တနည်းအားဖြင့် ‘အချစ်’ နဲ့ပတ်သက်တဲ့ English expressions တွေကိုလေ့လာကြရအောင်။ နာမည်ကျော်စာရေးဆရာကြီးShakespeare ကတော့ “Love is blind ” လို့ဆိုတယ်။ အော်အချစ်မှာ မျက်စေ့မရှိဘူးပေါ့ ။ ဒီတော့လည်း ကိုယ့်ချစ်သူရဲ့အပြစ်အနာ အဆာလေးတွေကို မမြင်နိုင်တာ မထူးဆန်းလှဘူးပေါ့ ။ ဘေးလူက “အော် အမဲရိုးနှယ် ဟင်းအိုးမှအားမနာ” လို့ထင်ကောင်းထင်နေလိမ့်မယ်။ ကိုယ့်စိတ်ထဲမှာတော့ ချစ်သူဟာ အပြစ်အနာစာကင်းမဲ့နေမှာပဲ။”My Love is perfect ” ပေါ့နော်။ ပညာရှင်တယောက်က ပြောသေးတယ် ။ “It’s better […]


black chawFebruary 9, 20166min58022
ကျွန်တော် မကြာခဏ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်က ဦးကုလား မဟာရာဇဝင်ကြီး ပါ။ သမိုင်းဇာတ်လမ်းတွေ ကို ဖတ်ရင်း စိတ်ကူးထဲကလည်း ရုပ်ရှင်ရိုက်နေမိပါတယ်။ အင်း…ဒီနေရာလေးကတော့ ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းမှာပဲ ဆိုတာမျိုးပေါ့ဗျာ။ အင်းဝ ဘုရင် သတိုးမင်းဖျား ခေတ်က ရုပ်ရှင်ရိုက်လို့ ကောင်းမယ့် ဇာတ်မျိုးဗျ။ မင်းစဖြစ်ဖြစ်ချင်း ထောင်ထားခြားနားတဲ့ သူတွေကို လှည့်ပတ် နှိမ်နင်း ရတယ်လို့ ဆိုပါတယ်။ ခြားနားသူ တစ်ယောက် ဖြစ်တဲ့ ဘယကျော်သူ ကို ဖမ်းမိတော့ ဘယကျော်သူကို သူကိုယ်တိုင် သတ်ပြီး အလောင်းကြီး ရဲ့ ရင်ဘတ်ပေါ်မှာ စားတော်ပွဲတည်၍ စားတော်ခေါ်ပါသတဲ့။ အဲဒါကို မြင်တော့ မှူးမတ်ဗိုလ်ပါတွေ အလွန်ကြောက်ရွံ့ကုန်ကြသတဲ့။ ဒါက ဇာတ်ရဲ့ နိဒါဏ်းပေါ့။ ရုပ်ရှင်ရိုက်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။ ဆင်တွေ မြင်းတွေ […]


alinsettFebruary 2, 20164min35316
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]


ဇီဇီJanuary 29, 20162min178747
အဟွတ်။ အဟွတ် အဟမ်း အဟမ်းးး :k:   :k:           မြန်မာစာရယ်လို့ ပြောမယ်ဆို အရမ်းသိတဲ့ထဲ တော့ ကိုယ် မပါပါဘူးးး။  :mrgreenn: ဒါမဲ့ ခုလောလောဆယ် ဟို အက္ခရာတွေကို ဖြုတ်သင့်မဖြုတ်သင့် ငြင်းနေကြလို့ သူ့ အမြင် ကိုယ့် အမြင်ကို ပြောလို့ရအောင် တင်လိုက်တယ်။ ကိုယ့်သဘောဆိုရင်တော့ ဖြုတ်ဖြုတ်, ဆက်သင်သင် သူငယ်တန်း တစ်တန်းထဲ ဖြုတ်မှာတော့ သဘောမတွေ့။ ဖြုတ်လို့ရော ဘာထူးခြားမတုန်းး။ မဖြုတ်လို့ရော ဘာပိုတတ်မတုန်း တော့ မသိဘူးပေါ့နော့။ ကိုယ်တုန်း ကတော့ ၅ တန်းလောက်ထိ ဋ ဌ ဍ (၃) ကောင်ကို ရေးဖို့ ဖတ်ဖို့ […]


kaiJanuary 24, 20161min60522
မြန်မာနိုင်ငံမှာ မြန်မာစာကို နိုင်ငံခြားဘာသာတရပ်အနေနဲ့ သင်ကြားရေးကိစ္စဆွေးနွေးနေကြတယ်လို့ ကြားရပါတယ်။မြန်မာဂေဇက်မှာလဲ အမေရိကားမှာ မြန်မာစာသင်ကြားသူဆရာတစ်ဦးနဲ့ မြန်မာဂေဇက်အယ်ဒီတာတို့ ဆွေးနွေးခန်းကို မကြာခင်ကပင်ဖတ်လိုက်ရပါတယ်။ ကျနော်ဟာ မြန်မာနိုင်ငံမှာတုန်းကလဲ နိုင်ငံ ခြားသားကိုမြန်မာစာသင်ကြားပေးဖူးပါတယ်။ အမေရိကားရောက်မှလဲ အမေရိကန်များကို မြန်မာစာသင်ကြားပေးဖူးပါတယ်။ ဒါ့အပြင် မြန်မာစာသင်ရိုးအဖွဲ့မှာလဲ အလုပ် လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့် မြန်မာစာခေတ်မှီတဲ့သင်ကြားနည်းကို အသေအချာသင်သိသလားဆိုရင် မသိဘူးလို့ဘဲ ဝန်ခံရပါမယ်။ခုရေးမှာက အတွေ့အကြုံကိုရေး မှာပါ။ ကျနော်မကြာခင်ကပဲ မြန်မာပြည်ကို အလည်အပတ်ပြန်သွားခဲ့တော့ မိုးမခရဲ့အစီအစဉ်နဲ့ မြန်မာစာပေဆွေးနွေးပွဲတရပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။မြန်မာစာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဇော်မြင့် (ဇော်ဇော်အောင်)နဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့လဲ ပါဝင်ကြပါတယ်။ မြန်မာစာသင်ကြားရေးခေတ်မီဖို့လိုအပ်ကြောင်းဆွေးနွေးဖြစ်ပါ တယ်။မြန်မာစာသင်ကြားရာမှာ အခြေခံပညာမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် အဓိကအားဖြင့်တော့ စကားပြေပြန်တာနဲ့ ရှေးရိုးစနစ်အတိုင်း ဂုဏ်၊ရသ၊အလင်္ကာ နည်းနဲ့ဝေဖန်တာလောက်ပဲရှိပါတယ်။အထူးသဖြင့် ဘာသာစကားလေ့လာရေးမှာ ခေတ်နောက်ကျကျန်နေရစ်ပါတယ်။ မြန်မာဘာသာစကားကိုရော၊ တိုင်းရင်းသား ဘာသာစကားကိုရော ဘာသာသိပ္ပံနည်းကျလေ့လာရေးနဲ့ သင်ကြားရေးမလုပ်နိုင်သေးပါဘူး။ မြန်မာစာသင်ကြားရေးခေတ်မမီတာဟာ […]


sorrowJanuary 20, 20161min38413
ရူတင်လေးလဲခနနားတုန်း… ပျင်းပျင်းနဲ့ မင်းသားဆောရိုး… ယူကျုစ့်ကြည့်လိုက်မိတယ်..တကယ်တော့ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ဘဝက အများပြည်သူပရိသတ်ပိုင်တာကလား ….နားရတယ်မရှိပါဘူး … အငိငိငိ …ခုလဲကြည့်လေ … ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ..နိုင်ငံခြားရှိုးပွဲကတွေကလဲ သေအောင်ခေါ်တဲ့အပြင်…ပိုင်ထားတဲ့ခရီးသွားကုန်ပဏီဆယ့်ရှစ်လုံးထဲက ခရီးစဉ်တွေချရေးပြရအောင်ကလဲ …သူကြီးပိုက်ဆံတောင်းမှာကြောက်ရနဲ့ … လိုရင်းကိုပြန်ကောက်ရရင် …မန်းဂေဇက်ထဲက အနှစ်နှစ်အလလ အားပေးလာတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ကျွန်တော်မင်းသားဆောရိုး…ကြည့်မိတဲ့ Documentary လေးတခုကြည့်စေချင်တဲ့စေတနာပါ  ။ ******************************************** ဇွန်လ ၁၉၈၁ .. ရုတ်တရက်ကြီးဆိုသလို ..ဘက္ကဒက်မြို့ ကောင်းကင်ယံမှာ ဂျက်တိုက်လေယဉ်ရှစ်စီး ပေါ်ထွက်လာပါတယ် ။ အချိန်ကတော့ အီရက်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဘုန်းမီးနေလ တဟုန်းဟုန်းတောက်နေချိန်….. ဒီအဖြစ်အပျက်က ကမ္ဘာမှာဖြစ်ဖူးခဲ့သမျှ လုပ်ကြံသတ်ဖြတ်မှု..စီးနင်းတိုက်ခိုက်မှုတွေ စစ်ဖက်ဆိုင်ရာရုတ်တရက်တိုက်ခိုက်မှုတွေထဲက လုပ်ရဲကိုင်ရဲအရှိဆုံးတစ်ခုပါ ။ တိုက်လေယဉ်တွေက ရုတ်တရက် အီရတ်ကောင်းကင်ယံကနေ သူတို့ရဲ့ပစ်မှတ်တွေဆီ ထိုးဆင်းလာခဲ့ပါပြီ ။ အတောင်ပံတွေရဲ့တဖက်တချက်မှာ […]


မပြောဘူး …. ပြောစရာတွေေ့တာ့ မနေနိုင် ပြောတယ်ဆိုတာထက် လက်ညောင်းခံရေသည် ဆိုလျှင် ပိုမှန်မည်ထင်သည်။။ မြန်မာပြည်ကြီးတော့ တိုးတက်နေပါပြီ ကျေးလက်ဒေသ မီးလင်းရေး ကျေးရွာခြင်းဆက်လမ်းတွေ ယင်လုံ အိမ်သာစီမံချက်တွေ အမြန်သွားနိုင်တဲ့ လမ်းမကြီးတွေ ရန်ကုန်မှာဆိုုလျှင်တော့ အံ့ဩဘနန်း ဂုံကျော်တံတားကြီးတွေ ….. အဲဒါကြီးတွေကြည့်ပြီး…တိုးတက်နေဘီဆိုဘဲ…… ကြုံးကြုံးပြီသာ *&^%$#@ လိုက်ခြင်တော့သည်။။။။။။ ကျုပ်တို့ တကယ်တိုးတက်ခဲ့ပါသလား ??? လက်ရှိအချိန်မှာရော တိုးတက်နေပါသလား?????? လက်ရှိအချိန်ထိ အုပ်ချုပ်သူများသည် ကျုပ်တိုအားရီစရာဟာသများ ပျားရည်ဝမ်းချ အလုပ်များလုပ်ပြဆဲဖြစ်လေသည် တစ်နေ့ကဖတ်လိုက်ရသည် လျှပ်စစ်ရထားစတင်ပြေးဆွဲခြင်းဆိုပဲ မပြောခြင် ခွေးတစ်ခုန် သာသာဝေးသော လမ်းအား စတင်ဖွင့်လှစ်လေ၏ ဟန်ပြသက်သက်သာ ဘယ်စီးပွားရေးဘယ်လူမှုရေး ဘယ်အကျိုးစီးပွားကို မည်မျှ ထောက်အကူပြုသောလမ်းကြောင်းဖြစ်သနည်း စဉ်းစားမရ ။။။။။။။။ ပြည်သူ့ဘဏ္ဍာ ကုန်ကျစေမည့် လုပ်ရပ် ပြည်သူလဲမထူး တိုင်းပြည်လဲမထူး တစ်ဖက်ကတွေးသော် […]


“ဂေါ်ရန်ဂျီကျွန်းအလှ နှင့် ပင်လယ်ကမ်းခြေ နှစ်ခုအလှကို ခံစားနိုင်မည့် ခရီးစဉ်” ? တစ်ဦးလျှင် ၆၀,၀၀ဝ ကျပ် ( ၅ ဦး နှင့် အထက်၊ ၁ဝ ဦး နှင့်အထက်များ အတွက် Special Discount) ? ဇန်နဝါရီလ ၁၅ ရက်နေ့ မဟာမြိင်မှတ်တိုင်မှ စတင်ထွက်ခွာ ပြီး ဇန်နဝါရီလ ၁ရ ရက်နေ့ မနက် ပြန်ရောက်ပါမည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီရှင်…. အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉ – ၂၆ ၄၅ ၈၈၁၅၅, ဝ၉ ၂၆၂၄၄ ၉၁၀၆, ဝ၉- ၄၄၈၀ဝ ၈၁၁ဝ တို့ကို ဆကိသွယ် မေးမြန်းစုံစမ်းနိုင်ပါ တယ်ရှင်… ခရီးစဉ်တွင်း […]


ဒုက္ခ ………….. ဒုက္ခဆိုသည် အပေါင်းအသင်းအလွန်များသူဖြစ်လေ၏ ထို့ကြောင့် ဒီငနဲသည်ကျွန်ုပ်အပေါ်၌လည်းကောင် သင့်အပေါ်၌ လည်းကောင်း တစ်ကြိမ်တစ်ခါ မျက်စိမှောက် ကြွရောက်ခဲ့ပြီဆိုပါလျှင် လူလွန်မသား ထိုငနွားကား တစ်ဦးတည်းမလာ အဖော်သဟာ ဆွေတစ်သောင်းနှင့် ကောင်းကောင်းထိုးနှက် နှိပ်စက်တတ်သော စိတ်ရင်းမှန်ရှိသည့်အားလျှော်စွာ ကြေလန်ကွဲမှောက် အသက်ပျောက် မတတ် ကျူးလွန် နှိပ်စက်တတ်သော သကောင့်သားတည်း။။။။။။။။ လူဟူသည်က ဒုက္ခအခက်အခဲနဲ့ တွေပလားဟေ့ ဆို အကုန်အခက်တွေ့ရလေတော့သည် လက်တွေ့ အနည်းငယ် ပြောရသော် လကုန်ရက် အသုံးခက်ငွေမလောက် အဲဒီအချိန်လောက်ဆိုလျှင် ပိုက်ဆံမရှိပါဘူးဆိုမ ဖိနပ်ကပြတ်ပြီ၊ ရံခါတွင် ဆံပင်လည်းရှည်လေသည် ၊တစ်ခါတရံတွင်ကား မီးခြစ်က ဂက်စ် ကုန်တတ်၏ တိုင်ဆိုင်မှုများရှိလေသော် သွားတိုက်ဆေးကုန်သဖြင့် ညှစ်လို့မှ မထွက် ဖြစ်တတ်၏ ဓိထက် ကံဆိုးလျှင်ကား သွားပွတ်တံတွင် အမွှေးဖွာ၍ အသစ်ဝယ်သုံးရမည့်အခြေအနေသို့ရောက်၏ ဖြစ်ခြင်တော့ […]


***ရေဘေးမီးဘေး  ပြည ်ဖ ျက ်ဘေးကား ဆယ ်ရေးတစ်ရေး ကယ်နိုင်သေး၏ အိုဘေးနာဘေး သေခြင်းဘေးဟု ဤဘေးသုံးပါး  လွန်ကြီးမားက သားနှင့် အမိ  ဖြစ်တုံဘိလည ်း မ ျက ်စိအောက ်တွင် ရင်ခွင်တင်လ ျှက ် သက ်ပင် ရေးပိုင် မကယ ်နိုင်ဘူး လက်မှိုင်ခ ျကာ နေရစွာရှင့်။။။။။။။။။     ယုတ်မာဆိုးကောင်း က ျင့်မကောင်းကို မှားကြောင်းတစ်စိ  သိလ ျှင် သိခြင်း စွန့်ပယ ်လ ျှင်းလော့  အတင်းယူစွဲ ဖားမြွေခဲသို့  အမြဲမှတ ်သို မစွန့်လိုက ဤကိုယ ်သုခ နောင်မရဘူး။။။။။။။။။   (မာဃဒေဝ)  


အမိုက်ခံပြီး ဦးဆောင်လုပ်ခဲ့တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးအားကစားပွဲ စစခြင်းပဲ ဆေးရုံပို့လိုက်ရတဲ့ ကလေးတွေအတွက်စိတ်မကောင်းပေမယ့် ယှဉ်ပြိုင်မှုအောင်ပွဲအတွက် ရရှိတဲ့ဆုသေးသေး ကို ဝမ်းသာအားရကြည်နူးနေတဲ့သူတို့ အပြုံးတွေအတွက် ပြသနာအမ ျိုး မ ျိုးခေါင်းခံ ရှင်းရ က ျိုး နပ်လေတော့၏။။။                                                                     […]