alinsettJuly 29, 20147min113144
  ဟိုတလောက… အန်တီ သဲ…တစ်ယောက်… ပိုစ့်တင်ရင်.. စာလုံးကို..အရောင်ခြယ်တာတို ့…စာသားအကြိီးအသေးလုပ်တာတို ့..  မလုပ်တတ်သေးဘူးဆိုလို ့… တခြားသူတွေလည်း (သိပြီးတတ်ပြီးသူတွေကအကြောင်းမဟုတ်.).မသိသေးသူတွေများ ရှိဦးမလား..တွေးမိလို ့… ဒါလေး…တင်ပြရပါကြောင်းးး အရင်က…  အံဇရာအတုံးတို ့… လမ်းညွှန် တင်ပြထားတာ ရှိပေမယ့်…. အခု  ဖုန်းနဲ ့..ဝင်လုပ်တဲ့..လက်ရှိ ပုံစံ နဲ ့.. ပြန်တင်ပြလိုက်တာ ဖြစ်ပါကြောင်းးး အသုံးဝင်မလားလို ့….       ———————- www.mandalaygazett.com ထဲ..  ဝင်လိုက်ရင်.. ပထမဆုံးမြင်ရမှာက..ဒီလိုကြီးဖြစ်နေမယ်..ဆိုရင်… H0me စာမျက်နှာရဲ့..အောက်ဆုံးနားထိ..သွားပြီး….   ———————————————————————————————————————————    Desktop ဆိုတာလေးကို..ကလစ်ပြီး..ခဏစောင့်လိုက်တာနဲ့.. ကွန်ပူတာမှာ မြင်ရသလို… ဟောသလို…. ——————————————————————————————————————————— ကွန်ပူတာမြင်ကွင်းလို..မြင်ရပြီဆိုရင်တော့.. Add new ကို  ရွေးရတာ […]


ကုိ ထြဋ္July 28, 20141min32910
ကဲ..ကဲ… ငြင်းကြမယ်.. ခုန်ကြမယ်ပေါ့… ဟီး.. ထပ်တင်ပြီနော်…   Experience Is The Best Teacher… အတွေ့အကြုံသည် အကောင်းဆုံး ဆရာဖြစ်သည်… ( Life Is As U Take It… )   When Fortune Smiles, Embrace Her… အခွင့်ကောင်းပေါ်လာရင် ဖက်ထားပါ… မလွတ်စေနှင့်…   The Longer The Belt, The Shorter The Life… ခါးပတ်ရှည်လာလေလေ ( ပိုဝ လာလေလေ) အသက်ပို တိုလေလေ…   The Sweetest Grapes Hang The Highest… အချိုဆုံး စပျစ်သီးသည် […]


alinsettJuly 25, 20142min35416
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


ကုိ ထြဋ္July 25, 20142min32218
အမှန်က အဘိုးပြောသော ပုံပြင်များထက်.. အဘိုးရဲ့ လက်ရာ ဓာတ်ပုံများ ဖြစ်ရမှာပါ.. ဒါပေမဲ့ ဓာတ်ပုံက တခါတရံပဲ တင်ပေးမှာမို့.. Tag မပြောင်းတော့တာ… အဘိုးက နေ့တိုင်း ဘုရားတခုမဟုတ် တခုသွားဖူးနေကြ… သွားတိုင်းလဲ အမှတ်တရ ဓာတ်ပုံရိုက်ပြီး FB ကို တင်တယ်.. အသွားများတာက ရွှေတိဂုံဘုရားပေါ့… နေ့တိုင်းနီးပါးရောက်တော့ ဓာတ်ပုံလဲ ရိုက်တော့ … ဆန်းတာလေးတွေ ရှုထောင့် ကောင်းကောင်းလေးတွေ စဉ်းစားမိ.. ရိုက်ဖြစ်လာကြတာ… အဲဒီထဲက ကျွန်တော် သဘောကျတာလေးတွေကို တင်ပေးတာ.. အဘိုးက အေးချမ်းတယ်.. နေ့တိုင်း ပို့စ်တင်တယ်.. ဓမ္မပဒ တွေတင်တယ်… ဘုရားလဲ နေ့တိုင်းသွားတယ်.. FB လဲ နေ့တိုင်းသုံးတယ်.. ဖိုင်ဘာလိုင်းဆိုတော့ ကော်နက်ရှင်လဲ မဆိုးဘူး… ကျွန်တော်တောင် အသက်ကြီးလာရင် အဲလောက် […]


alinsettJuly 24, 20141min43731
အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့… ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။ ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။ ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့.. လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။ တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။ ဘယ်လောက်ထိမြန်သလဲဆိုရင်.. ေလဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။ မောင်သူရတို ့လို… မြန်မာပြည်တွင်းက.. ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။ တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး… (အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့… ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။ ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။ […]


မြစပဲရိုးJuly 23, 20141min47047
ဒီ Research မှာ ၃၂ယောက် ဗော်လန်တီယာ လုပ်ပါတယ်။ (ကျွန်မ အပါအဝင်)။ ကကြီးမိုက် က ပွဲကြည့်သူ မို့ ပယ်ပါတယ်။ ၃၁ယောက် ကျန်ပါတယ်။ (အောက်ဆုံးမှာ ဖော်ပြပါ ပုံကို ကြည့်နိုင်ပါသည်)   ရ ယောက် က အငြိမ်ထိုင်မနေနိုင် ပါဘူးတဲ့။ အဲဒီ ထဲက ၃ ယောက် က ဓာတ်ခလုတ် ကို အာရုံရောက်ပါတယ်။   အငြိမ်ထိုင် နေနိုင်သူ ၂၄ ယောက် ရှိပါတယ်။ အဲဒီထဲ က ၄ ယောက် က ခလုတ်ကို နှိပ်ဖို့ အာရုံ ရှိနေပါတယ်။   ဒီတော့ စုစုပေါင်း ၃၁ယောက်ထဲ မှာ လူ ရနှစ်ယောက် […]


ကုိ ထြဋ္July 23, 20141min29113
ဒီတခါက အတည်ရေးတာပါ… Tag မှာကို အသေအချာရွေးထားပါတယ်… ခေါင်းစဉ်ကတော့ ” စကားပုံများ နှင့် ဆိုရိုးစကားများ ”   1  A Learned Man Can Be Appreciated Only By Another Learned Man… ပညာတတ်သူကို အခြားပညာတတ်သူတစ်ဦးကသာ တန်ဖိုးထားသည်။ ( သူတော်ချင်းချင်း သတင်းလွေ့လွေ့ )   2  A Fool And His Money Are Soon Parted… လူမိုက်နဲ့ ငွေ အတူမနေ။ 3  A Harsh Word Is More Painful Than A Blow… နှုတ်ကြောင့်သေ […]


zaw winJuly 23, 20141min1011
– မေ့လျော့နေတဲ့ ငါ့ရဲ့စိတ်တွေ နိုးကြားလာခဲ့ပြီ၊ – သတိမထားမိတဲ့ ငါ့ရဲ့အရည်အချင်းတွေ တဖြေးဖြေးနဲ့ သိလာရတယ်၊ – လေလွင့်နေတဲ့ ငါ့ရဲ့စိတ်တွေ ပြန်ပြီး ထိန်းချုပ်ရမယ်၊ – မျှော်လင့်ချက်မဲ့နေတဲ့ ငါ့ရဲ့အနာဂတ်တွေ ပုံဖော်ပေးရမယ်၊ – ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း အရည်အသွေးတွေကို ငါကိုယ်တိုင်ကြိုးစားမြှင့်တင်ပေးရမယ်။ မင်းသုတ 9:30 AM 23.7.2014


Paing LayJuly 22, 20141min1798
ဆိုရိုးစကားတစ်ခုရှိတယ် လက်သမားတစ်ယောက်ရဲ့ အိမ်တံခါးတွေဟာ အပျက်တွေချည်းပဲတဲ့။ ပန်းရန်ဆရာတစ်ယောက်ရဲ ဝန်ခံချက်ကတော့ ဟိုတယ်မှာ တစ်ခါမှ မတည်းခိုဖူးတဲ့အကြောင်း။ မိမိမှာ စေ့စပ်လက်စွပ် မရှိပါ လို့ ပန်းတိမ်ဆရာတစ်ယောက်က ထွက်ဆိုဖူးတယ်။ လယ်သမားကြီးတစ်ယောက် ဒေါ်လာဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရှာနေလေရဲ့။ ကိုယ့်ပုံတူကို ပြန်ဆွဲဖို့ တစ်သက်လုံး မေ့လျော့နေခဲ့တာ ပန်းချီဆရာတစ်ယောက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေမပါဘဲနဲ့တော့ ပန်းပုရုပ် တစ်ရုပ် ဖြစ်မလာနိုင်ဘူးလေ။    ။ မင်းလူ လွမ်းဖွယ်စံတိုးစာစုမှ(၂၀၀၂)


alinsettJuly 22, 20141min29920
တော်တော်များနေပြီ…။ ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။ တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။ တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။ အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။ လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။ အဟောင်းတွေ များနေတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။ ”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။ ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။ ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။ အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…? အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။ ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။ အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။ တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။ ကျွန်တော်တို […]


U Pyaung GyeJuly 21, 20141min1475
ဆရာမ မစန္ဒာ ပြောပါတယ် ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်းက ကျောင်းသူတစ်ဦးကို ဂျပန်စစ်သား တစ်ယောက်က လိုက်ဆွဲတယ်၊ ကျောင်းသူလေးက ကျောင်းဝန်းထဲဝင်ပြေးတော့ ဂျပန်က နောက်ကလိုက်တယ်၊ ကျောင်းဝန်းထဲဝင်လာတဲ့ဂျပန်ရဲ့ ရင်ဘတ်ကို ဖိနပ် တစ်ဖက်လာပြီးထိမှန်တယ်၊ ဂျပန်က သူကို ဖိနပ်နဲ့ပစ်တဲ့ကျောင်းသားကို ထုတ်ပေးဘို့အော်တယ်၊ ကျောင်းသားတွေအားလုံး ထွက်လာပြီး ဝိုင်းလာတဲ့ အတွက် ဂျပန် သူ့စခန်းပြန်သွားတယ်။ ခဏအကြာ ဂျပန်စစ်ဗိုလ်ဦးစီးတဲ့ ဂျပန်စစ်သားတွေတင်လာတဲ့ စစ်ကားတစ်စီး ကျောင်းထဲဝင်လာပြီး ဖိနပ်နဲ့ပစ်တဲ့ကျောင်းသား ထုတ်ပေးဘို့ ဂျပန်စစ်ဗိုလ်က ပြောတယ်၊ ကျောင်းအုပ်ကြီး ဦးရာဇတ်က ညနေကျောင်းဆင်းချိန်မှာ ဖိနပ်မပါဘဲထွက်လာတဲ့ ကျောင်းသားကို ဖမ်းပါလို့ ချွေးသိပ်ပြီး ပြန်လွှတ် လိုက်တယ်။ ဂျပန်စစ်သားတွေ ကျောင်းဆင်းချိန်ထိစောင့်ကြတယ်။ ကျောင်းဆင်းတော့ ထွက်လာတဲ့ ကျောင်းသား အားလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး။ […]


alinsettJuly 21, 20141min56144
မိန်းမတွေအကြောင်း ပြောမလို ့ ။ မကောင်းပြောမှာတော့..မဟုတ်ပါဘူူး ။ ကိုယ်တွေးမိတာလေး ဖတ်မိတာလေးတွေနဲ ့ ပတ်သတ်ပြီး သိချင်လာလို ့ပါ ။ ဟိုတုန်းကတည်းက…ဟာသလိုလို ဗဟုသုတလိုလို…သတ်မှတ်လေ့လာချက်လေးတစ်ခု ဖတ်ခဲ့ဖူးတယ် ။ သုတစွယ်စုံMagazine ထဲမှာဖတ်ခဲ့ရတာလေးပါ ။ ဘယ်ခုနှစ်ထုတ်လဲ…ဘယ်လထုတ်လဲဆိုတာတွေ တော့ ကျွန်တော့် ထုုံးစံအတိုင်း မမှတ်မိတော့ပါဘူး ။ ဆိုလိုချက်ဆီပဲ..သွားရအောင် ။ ”မိန်းမတွေဟာ…နာကျင်မှုဝေဒနာကို…တပ်မက်တဲ့စိတ်ခံစားချက် ရှိတယ် ။ ” ဆိုတဲ့အယူအဆပါ ။ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေနဲ ့…ဥပမာပေးပါတယ် ။ ကလေးမွေးဖွားရတဲ့ အမျိုးသမီးတွေရဲ ့ မွေးဖွားချိန်မှာ..ခံစားရတဲ ့ နာကျင်မှုက… ပြောပြဖို ့ ခက်ခဲလောက်အောင်ကို. . ပြင်းထန်မှာပါ အသက်နဲ ့ ထပ်ပြီး… မွေးဖွားရတာဆိုတော့… နာကျင်မှုဝေဒနာဟာ… အနှိုင်းမဲ့ပေါ့… […]


မြစပဲရိုးJuly 19, 20142min21414
“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်” လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊ အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။ ဲသူ့မိန့်ခွန်း တစ်ခုထဲကလို […]